Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
EFL ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

👉🏻 EFL ဖလား အများဆုံး ပိုင်ဆိုင်ထားတဲ့ လီဗာပူးက ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

👉🏻 လက်ရှိချန်ပီယံ စီးတီးက နောဝှချ်ကို အနိုင်ရခဲ့ရင် ဘရိုက်တန်နဲ့ ကစားရမှာပါ။

👉🏻 အာဆင်နယ်က လွဲလို့ ကျန်တဲ့ ပရီးမီးယားလိဂ် (၈) သင်းက အချင်းချင်း ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။
🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 !

Omar Berrada နဲ့ Jason Wilcox တို့ဟာ JJ Gabriel ကို သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပြီး မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့ စည်းရုံးဖျောင်းဖျနိုင်ရန် ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်နေကြပါတယ်။

တစ်နည်းအားဖြင့် JJ Gabriel အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာကို ပြန်ပြင်ပြီး အသင်းမှာ ဆက်ရှိနေအောင် Berrada နဲ့ Wilcox တို့က ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ 🔴

JJ Gabriel ကို ဆက်နေဖို့ကြိုးပမ်းနေပေမယ့် အခြေအနေက အဆင်မပြေဖြစ်နေပါတယ်။

ဥရောပအသင်းကြီးတွေရဲ့ကမ်းလှမ်းမှုကို ခုချိန်ထိတော့ ယူနိုက်တက်က ငြင်းပယ်ထားတာဆိုပေမယ့် EU passport ရှိတဲ့ JJ ကြောင့် 16 နှစ်ပြည့်မယ့် October 6 ရက်နေ့ရောက်ရင်တော့ Pro စာချုပ်လည်းမချုပ်ထားလို့ တားပိုင်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။

Source: [via Simon Stone]
👍4
🚨 ဘရန်သ်ဝိတ်ကို ယူနိုက်တက် ပြန်ချိန်ရွယ်နေ

မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်နောက်ခံလူ ဂျာရက် ဘရန်သ်ဝိတ် ကို ပြန်လည်စိတ်ဝင်စားလာပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံလူကို ယူနိုက်တက်ဘက်က ဇန်နဝါရီအပြောင်းအရွှေ့မှာဖြစ်စေ၊ လာမယ့်နွေရာသီမှာဖြစ်စေ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပြီး အပြောင်းအရွှေ့အတွက် ကစားသမားတစ်ဦးကိုပါ အလိုက်ပေးထည့်သွင်းဖို့ စဉ်းစားနိုင်ပါတယ်။

ဒါပေမယ့် အဲဗာတန်ဘက်ကတော့ ရာသီမကုန်ခင် ဘရန်သ်ဝိတ်ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေဖွယ်ရှိပါတယ်။
👍1
🚨🔵 Chelsea မှ ထွက်ခွာပြီးနောက် Todd Boehly ၏ ပြောကြားချက် 👇👇👇

“ကျွန်တော်အနေနဲ့ Chelsea Football Club ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အသင်းရဲ့ တောက်ပတဲ့အနာဂတ်ကို အာမခံနိုင်ဖို့ ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်၊ နည်းပြများနဲ့ ကစားသမားများ၊ Chelsea ရှိ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ပိုင်းနဲ့ ဝန်ထမ်းများ၊ အပြင် အသင်းအပေါ် အမြဲတမ်း သစ္စာရှိစွာ အားပေးနေကြတဲ့ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Clearlake နဲ့ အသင်းပိုင်ရှင်အဖွဲ့ဝင်များအားလုံးနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရခဲ့တာကို တန်ဖိုးထားမိပါတယ်။ အသင်းရဲ့ လက်ရှိအောင်မြင်မှုနဲ့ ရေရှည်အောင်မြင်မှုအတွက် ကျွန်တော်တို့အတူတကွ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များနဲ့ ရင်းနှီးမြှုပ်နှံမှုများကိုလည်း တန်ဖိုးထားမိပါတယ်။

Clearlake ရဲ့ ဦးဆောင်မှုအောက်မှာ Chelsea ဟာ ဆက်လက်အောင်မြင်နိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
❤2
ကိုလံဘီယာအသင်းရဲ့ အသက် ၃၅နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်စ်ဟာ မနေ့ညကဘဲ ကိုလံဘီယာလက်ရွေးစင်အသင်းမှ အနားယူတော့မည်ဖြစ်ကြောင်းတရားဝင်ကြေငြာသွားခဲ့ပါသည်။
👍1
ဒီရာသီတွင် နိုင်ပွဲတစ်ပွဲမှမရရှိသေးဘဲ ရုန်းကန်နေရသည့် စီးရီးအေကလပ် ဘိုလော့နာအသင်းဟာ ဒီနွေရာသီမှခန့်အပ်ထားသည့် နည်းပြ ဒိုမီနီကို တက်ဒက်စကိုအား ထုတ်ပယ်၍ မွန်ဇာ ၊ အတ္တလန်တာနှင့် ဖီအိုရင်တီးနားအသင်းတ်ု့မှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးတဲ့ အသက် ၄၂နှစ်အရွယ် အီတလီလူမျိုးနည်းပြ ရာဖယ်လီ ပါလာဒီနိုအား အသင်းရဲ့နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
အဲဗာတန် အသင်းက ပေါင် ၂၅၀၀၀ နဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားတစ်ယောက်လို ဖန်တီးနေထိုင်ခွင့်ရမယ့် သီးသန့်အတွေ့အကြုံတစ်ခုကို ရောင်းချပေးနေပါတယ်။

ပါဝင်မယ့် အစီအစဉ်တွေကတော့ -

​အသင်းရဲ့ တရားဝင်ဟိုတယ်မှာ တည်းခိုခွင့်

​ဘောလုံးသမားတွေနဲ့အတူ အစားအသောက် အတူစားသောက်ခွင့်

​အသင်းနဲ့အတူ ခရီးသွားလာခွင့်

​ပွဲမတိုင်မီ တရားဝင်လေ့ကျင့်ရေးမှာ အတူလေ့ကျင့်ခွင့်

​နည်းပြရဲ့ နည်းဗျူဟာရှင်းလင်းပွဲ တက်ရောက်ခွင့်

​သွေးပူလေ့ကျင့်ခန်းဆင်းချိန် ကွင်းဘေးအနီးကပ်ဆုံးမှာ ရှိနေခွင့်

​ပွဲကစားချိန်အတွင်း အရန်ခုံတန်းမှာ ဝင်ထိုင်ခွင့်

​ကိုယ်ပိုင်အမည်ပါ ကစားသမားဝတ်စုံနဲ့ လက်မှတ်ထိုးထားတဲ့ ဂျာစီ ရရှိမယ့်အခွင့်အရေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။
❤3
ဒဏ်ရာကြောင့် စက်တင်ဘာလထဲမှာ ကစားမယ့် ဘရာဇီး လက်ရွေးစင်အသင်းလူစာရင်းမှ နှုတ်ထွက်ခဲ့တဲ့ 𝐉𝐨ã𝐨 𝐏𝐞𝐝𝐫𝐨
❤4
ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်အရွယ်ကြီးမြင့်လာပြီးဖြစ်သည့် အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာကို အစားထိုးဖို့အတွက် နယူးကာဆယ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့အငှားသွားရောက်ကစားနေတဲ့ အသက် ၂၄ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူး နစ်ခ် ဝေါလ်တီမိတ်ကို ခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်နေကြောင်းသိရှိရပါသည်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ခေါ်ယူရန် ကြိုးပမ်းထဲ့ဖူးသည့် နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် အဂ်လန် ကွင်းလယ်ကစားသမား မော်ဂန် ဂစ်ဘ်စ်-ဝှိုက် ကိုလာမည့် ၂၀၂၇ ခုနှစ်မှာ ကမ်းလှမ်းမှုအသစ်တစ်ခု ပြန်လည်ပြုလုပ်ရန်စဥ်းစားနေကြောင်းသိရှိရပါသည်။ သို့ပေမယ့် ဖောရက်စ်အသင်းဘက်ကတော့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းချဖို့ ရည်ရွယ်ချက်မရှိသလို စာချုပ်သစ်တစ်ကြိမ် ထပ်မံကမ်းလှမ်းဖို့လည်း စဉ်းစားနေကြောင်းသိရှိရပါသည်။
အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့အာဆင်နယ်အသင်းတို့အကြား ဆက်သွယ်မှုများအမြဲရှိနေကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းဟာ ရိုဒရီဂိုရဲ့ ACL ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာမှုကို စောင့်ကြည့်နေပြီး ရိုဒရီဂိုကလည်း ခရစ္စမတ်မတိုင်မီ ရီးရဲလ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်နေကြောင်းသိရှိရပါသည်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေဆဲ ဖြစ်ပေမယ့် အာဆင်နယ်အသင်းကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတင် မြောက်လန်ဒန်ကို ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိနေကြောင်းသိရှိရပါသည်။
Christopher Nkunku 🗣 " ချယ်လ်ဆီးမှာ ကျရှုံးခဲ့လို့ ကျွန်တော် ငြီးငြူနေတာ မဟုတ်ပါဘူး။ ကျွန်တော် ပိုကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့်...မာရက်စ်စကာက ကျွန်တော့်ကို တစ်နေရာတည်းမှာပဲ ကစားရမယ်လို့ မှာကြားခဲ့တာကြောင့်ပါ..."

" တောင်ပံ ကစားသမားအဖြစ် ကစားရင် ကွင်းလယ်မှာနေပြီး တစ်ယောက်ချင်း တိုက်စစ်ဆင်ရပါမယ်။ ဒါက ကျွန်တော် လုပ်ဆောင်နိုင်တဲ့အရာ ဆိုပေမဲ့လည်း ပွဲတိုင်းတော့ မဟုတ်ပါဘူး။ အဓိက အချက်ကတော့ ကျွန်တော်က တစ်နေရာတည်းမှာ ရပ်ကစားရတာထက် နေရာမျိုးစုံကို ရွေ့လျားပြီး ကစားရတာကို ပိုသဘောကျခဲ့လို့ပါ..."
❤1
ခရစ္စတယ် ပဲလေ့စ်အသင်းသည် အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်သလို အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် အသက်၂၉နှစ်အရွယ် အဂ်လန် ဂိုးသမား ဒင်းဟန်ဒါဆင်အား ၂၀၃၀ခုနှစ်နွေရာသီ အထိ ၄နှစ်စာချုပ် ချုပ်ဆိုလိုက်နိုင်ပြီဖြစ်ကြောင်းတရားဝင်ကြေငြာသွားခဲ့ပါသည်။
👍3
🔥 အသက် ၃၉ နှစ်ရှိပြီ… ဒါပေမယ့် လီယွန်နယ် မက်ဆီကတော့ သမိုင်းတွေ ဆက်ရေးနေတုန်းပါပဲ!

အင်တာမိုင်ယာမီနဲ့ Cruz Azul တို့ ကစားတဲ့ ဖိုင်နယ်မှာ မက်ဆီက ဂိုးတစ်ဂိုးသွင်းယူခဲ့သလို Man of the Match ဆုကိုပါ ရရှိခဲ့ပါတယ်။ဒီဆုဖလားကတော့ အင်တာမိုင်ယာမီအတွက် မက်ဆီရဲ့ ၅ ကြိမ်မြောက် ဆုဖလား ဖြစ်လာပါတယ် ။

🏆 ၂၀၂၃ Leagues Cup
🏆 ၂၀၂၃/၂၄ Supporters’ Shield
🏆 MLS Eastern Conference Winner
🏆 ၂၀၂၄/၂၅ MLS Cup
🏆 ၂၀၂၆ Campeones Cup

ဒါတင်မကသေးပါဘူး…

အင်တာမိုင်ယာမီအတွက်အတွက် ၁၁၄ ပွဲမှာ ဂိုး ၁၀၀ ပြည့် သွင်းယူးပေးခဲ့ပြီး ကစားသမားဘဝ ဂိုး ၉၂၉ ဂိုး
ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။အသက် ၃၉ နှစ်မှာတောင် ဒီလိုစွမ်းဆောင်ရည်နဲ့ ဆုဖလားတွေ ဆက်လက်ရယူနေတဲ့ မက်ဆီကိုတော့…“အသက်က နံပါတ်တစ်ခုပါပဲ” ဆိုတာကို သက်သေပြနေတဲ့ ဂန္တဝင်ကစားသမား လို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။ မက်ဆီရဲ့ သမိုင်းက မပြီးသေးပါဘူး… ဆက်ရေးနေဆဲပါပဲ!
❤5
🚨 ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ ပို့စ်အောက်မှာ ရေးသားခဲ့တဲ့ ယားမားလ်ရဲ့ မှတ်ချက်အပေါ် ရက်ရှ်ဖို့ဒ်ရဲ့ တုံ့ပြန်မှု

​🎙 သတင်းထောက် - “ရက်ရှ်ဖို့ဒ်၊ မင်းရဲ့ ပို့စ်အောက်မှာ လာမင်း ယားမားလ် ရေးသွားတဲ့ ကွန်းမန့်ကို ငါတို့ တွေ့လိုက်ရတယ်။ မင်း မန်ချက်စတာယူနိုက်တက်မှာ ကစားသမားဘဝ ကို ဖျက်ဆီးနေတာ ဖြစ်တဲ့အတွက် ဘာစီလိုနာကို ပြန်လာသင့်တယ်လို့ ရေးထားတာပါ။ အဲဒီအပေါ် မင်း ဘာပြောချင်လဲ။”

​🗣 ရက်ရှ်ဖို့ဒ် (ပြုံးလျက်) “အမှန်အတိုင်း ပြောရရင် တော်တော် ရယ်ရပါတယ်။ ယားမားလ် အဲဒါ ရေးတုန်းက တစ်ခုခု ဖြစ်နေလို့ ထင်တယ်။ ငါ့ကို အသင်းကနေ တွန်းထုတ်ခဲ့တာ အဲဒီ ဘာစီလိုနာ ပါပဲ။

အကယ်၍ သူတို့ ငါ့ကို တကယ် လိုအပ်ခဲ့ရင် အခွင့်အရေး ရှိတုန်းကတည်းက ဆက်ထိန်းထားခဲ့သင့်တာပေါ့။”
👍6❤1
𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 က ဒီရာသီ ပြိုင်ပွဲပေါင်းစုံ (၇) ပွဲမှာ

⚽️ (၁၁) ဂိုးသွင်းပြီး

🅰️ (၃) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

ဘာစီလိုနာ အသင်းမှာ 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 တစ်ဦးတည်းသာ ကစားထားတဲ့ ပွဲအားလုံးကို ဂိုးသွင်းယူထားခြင်း (သို့) ဂိုးဖန်တီးမှု့ ပြုလုပ်ထားသူ ဖြစ်ပါတယ်။

အီလက်ချ် ⚽️⚽️🅰️

ဘီဘာအို ⚽️

ဗယ်လယ်ကာနို ⚽️⚽️

ဗလင်စီယာ ⚽️

ဖီယင်နု ⚽️⚽️ (ချန်ပီယံလိဂ်)

လီဗန်တေး 🅰️🅰️

ရေးဆင်း ⚽️⚽️⚽️

𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 🔥🔥🔥
❤4
ဒီတပတ်ပိတ်ရက် ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးရင် နိုင်ငံတကာပွဲစဉ်ကာလ ရောက်ရှိလာပါပြီ ။ အောက်တိုဘာ ၁၀ ရက်နေ့ကျော်မှ ကလပ်ပွဲတွေ ပြန်ရောက်လာတော့မှာပါ ။ အဲဒီအချိန်မှာ တော့တင်ဟမ်ဟော့စပါးကို ကိုင်တွယ်နေမယ့်နည်းပြက ရော်ဘတ်တို ဒီဇာဘီ ဖြစ်နေဦးမှာလား . . .

ဗီလာရော တော့တင်ဟမ်ပါ အခုရာသီမှာ အခြေအနေဆိုးနေကြတာပါ ။ ဒါပေမယ့် စပါးထက်စာရင် ဗီလာက နည်းနည်းတော်သေးသလို ဗီလာကို ယူရိုပါလိဂ်ရယူပေးထားတဲ့ အူနိုင်းအမ်မရီရဲ့ အနေအထားကလည်း ဒီဇာဘီထက် ပိုကောင်းပါတယ် ။ ဒီတပတ်ပိတ်ရက်မှာ သူတို့ ၂ သင်းကစားကြရမှာပါ ။ ဒီဇာဘီအတွက် မဖြစ်မနေ အနိုင်ရဖို့လိုအပ်နေပြီး အမ်မရီကတော့ သရေရလဒ်ဆိုရင်တောင် သူ့ကို အခွင့်အရေး ထပ်ပေးဖို့ အလားအလာရှိနိုင်ပါတယ် ။

အခုလိုဖြစ်နေတာတွေက ဒီဇာဘီကြောင့်လား ၊ တော့တင်ဟမ်ဟော့စပါးကြောင့်လားဆိုတာလည်း စဉ်းစားရ ခက်နေပါတယ် ။ စပါးအသင်း တကယ်ပဲ အသစ်ကပြန်စတင်ဖို့ လိုအပ်နေပြီလား
🚨 လုခ်ရှောရဲ့ ယူနိုက်တက်အနာဂတ် မသေချာတော့

လုခ်ရှောဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

လက်ရှိအချိန်အထိ ယူနိုက်တက်ဘက်က စာချုပ်သစ်အတွက် ဆွေးနွေးနေတဲ့ အရိပ်အယောင် မရှိသေးတာကြောင့်၊ သက်တမ်းတိုးစာချုပ် မချုပ်ဆိုဖြစ်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရမှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ ၂၀၁၄ ခုနှစ်ကတည်းက ယူနိုက်တက်မှာ ရှိနေခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လအထိ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ သက်တမ်းအရှည်ကြာဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ လုခ်ရှောရဲ့ အိုးလ်ထရက်ဖို့ဒ်အချိန်ကာလ အဆုံးသတ်တော့မလား။
😢3❤1
‎'ဟာလန်းကို အတုယူသင့်တဲ့ အမ်ဘာပေ'
‎
‎အားကစားစိတ်ဓါတ်ပြည့်ဝမှုနဲ့ပတ်သက်ပြီး အာလင်းဟာလန်းက ကိုင်လီယန်အမ်ဘာပေလို ခေတ်ပြိုင်ထိပ်တန်းကစားသမားတွေ စံနမူနာယူစရာပါ။
‎
‎ဘလွန်းဒီအောမျှော်လင့်ချက်အကြောင်း ဟာလန်းကို မီဒီယာတွေကမေးမြန်းကြရာ သူပြတ်ပြတ်သားသားပြန်ဖြေတာက "ကျွန်တော်အဲဒီထိုင်ခုံမှာ ထိုင်နေမှာမဟုတ်သလို အဲဆုက ကျွန်တော့်အတွက်မဖြစ်သင့်ပါဘူး"တဲ့။
‎
‎အဲဒီနောက်မှာသူဟာ လီယွန်နယ်မက်ဆီ၊ အမ်ဘာပေနဲ့တကွ တခြားကစားသမားတွေကို ကျေးဇူးတင်စကားပြောကြားသွားတယ်။ အဆိုပါကစားသမားတွေက သူ့ထက်ပိုကောင်းတဲ့ရာသီ ပိုင်ဆိုင်ထားသူတွေမို့ ဘလွန်းဒီအောဟာ ထိုသူတွေနဲ့သာပိုမိုထိုက်တန်ကြောင်း ချီးကျူးခဲ့တယ်။
‎
‎တစ်ဘက်မှာသူဟာ လူထဲကလူဖြစ်တဲ့ ကစားသမားတစ်ဦးပေမို့ ဘလွန်းဒီအောကို လိုချင်တဲ့အကြောင်းပါ ဝန်ခံသွားတယ်။ ဒီလိုဆိုပေမယ့်လည်း ဘလွန်းဒီအောဆုပေးပွဲရောက်တဲ့အခါ သူဟာဝတ်စုံပြည့်ဝတ်ဆင်ပြီး တက်ရောက်မှာဖြစ်သလို ကမ္ဘာ့အကောင်းဆုံးကစားသမားကို လက်ခုပ်တီးဂုဏ်ပြုဖို့လည်း ဝန်မလေးဘူးလို့ပြောပါတယ်။
‎
‎ဟာလန်းဟာ နှလုံးသားကြီးမြတ်ပြီး ခံယူချက်ကောင်းမွန်သူမို့ လူချစ်လူခင်ပေါများသလို ဘာလုပ်လုပ်တင့်တယ်နေရခြင်းဖြစ်ပါတယ်။
❤7