Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
■ ယူရိုပါလိဂ်ပွဲစဥ် ၁ ဒုတိယနေ့ ရလဒ်

လက်ဗ်စကီးဆိုဖီယာ ၀-၁ ဆာလ်ဇ်ဘာ့ဂ်
OFI ၂-၀ ဟော်ဖန်ဟင်မ်
ဘက်ဆစ်တက် ၄-၁ မာဆေးလ်
ဆဲလ်တစ် ၁-၃ ဖယ်ရန်ဗာရို့စ်
ခရစ္စတယ်ပဲလေ့စ် ၄-၀ လက်ချ်ပေါ့ဇ်နန်
ဂျူဗင်တပ်စ် ၅-၀ NEC
လီလီစတုမ်း ၁-၂ လော်ရန်ဆီ
ဆိုစီဒက် ၁-၂ ဘုန်းမောက်
ဗစ်တိုးရီးယားပါလ်ဇန် ၀-၃ ယူနီယံစိန့်ဂီလွိုင်ဆီ
မနေ့က ကစားခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွင် ဘရိုက်တန်အသင်းအား အိမ်ကွင်းတွင် ၂-၃ ဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲစဥ်ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကားရစ်က

"အသင်းရဲ့ ရလဒ်က ကျွန်တော့်အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ အသင်းအနိုင်ရတဲ့အခါ လူတွေက ကျွန်တော် အလုပ်ကောင်းကောင်းလုပ်နေတယ်လို့ ပြောကြပြီး အသင်းက အနိုင်မရဘူး ၊ ရလဒ်ကောင်းမရဘူးဆိုရင်လည်း အဲဒီအရာတွေကိုတာဝန်ခံဖို့က ကျွန်တော့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဒီတာဝန်ကနေ ထွက်ပြေးဖို့လည်း ဘယ်တော့မှ မကြိုးစားပါဘူး ” ဟုပွဲအပြီးအင်တာဗျူးတွင်ပြောကြားသွားခဲ့ပါသည်။
👍5
လက်ရှိအသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြများဖြစ်ပါတယ် ။ တော့တင်ဟမ် ၊ ဖူလ်ဟမ် ၊ မန်ယူ နဲ့ ပဲလေ့စ်အသင်းတွေသာ နည်းပြ အပြောင်းအလဲလုပ်ခဲ့မယ်ဆိုရင် ဒီနည်းပြတွေထဲက တယောက်ယောက် ဖြစ်လာဖို့ အလားအလာများပါတယ် ။ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ နည်းပြတွေလည်း ပါဝင်နေတာပါ ။ အက်ဒီဟောင်း ၊ ကွန်တီ ၊ အာနီစလော့တို့ကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့ရနိုင်မလား . . .
🔴 ရက်ကလစ်ဖ်က ဂလေဇာမိသားစုရဲ့ ယူနိုက်တက်ရှယ်ယာ ကို အပြီးဝယ်မလား?

မန်ချက်စတာယူနိုက်တက်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သတင်းထောက် ဘန် ဂျေကော့ဘ်စ်က ဆာဂျင် ရက်ကလစ်ဖ်ရဲ့ အခြေအနေကို သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ရက်ကလစ်ဖ်အနေနဲ့ အသင်းကို ကိုယ်တိုင် ထိန်းချုပ်နိုင်နေပြီး အားကစားပိုင်းဆိုင်ရာ နဲ့ နေ့စဉ်စီမံခန့်ခွဲမှုတွေမှာ အာဏာရှိနေသရွေ့ ဂလေဇာတွေရဲ့ ရှယ်ယာအားလုံးကို ဝယ်ယူဖို့ အလျင်စလို လိုအပ်တယ်လို့ မထင်ပါဘူး။

၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်တာနဲ့ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်တာကြားမှာ အားကစားပိုင်းနဲ့ နေ့စဉ်စီမံခန့်ခွဲမှုကို ကိုင်တွယ်နိုင်တဲ့အခြေအနေဆိုရင် သိပ်မကွာခြားပါဘူး။”

ဒါကြောင့် လက်ရှိအခြေအနေမှာ ရက်ကလစ်ဖ်က ဂလေဇာမိသားစုရဲ့ ရှယ်ယာအားလုံးကို အပြီးသတ် ဝယ်ယူမယ့် အစီအစဉ်ရှိတယ်လို့ ပြောလို့မရသေးပါဘူး။ဂလေဇာမိသားစုကလည်း တကယ်ကို စီမံခန့်ခွဲမှုအပိုင်းမှာ နောက်ဆုတ်ပေးနေတယ်လို့ ထင်ပါတယ်။

သူတို့အနေနဲ့ အခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကိုလည်း ရှာဖွေနေပြီး၊ သူတို့သတ်မှတ်ထားတဲ့ တန်ဖိုးကို ရရှိပြီလို့ ယုံကြည်တဲ့အချိန်မှာ အသင်းကနေ အပြီးတိုင် ထွက်ခွာဖို့ လမ်းကြောင်းတစ်ခုလည်း ရှိလာနိုင်ပါတယ်။

သူတို့က ယူနိုက်တက်ကွင်းထဲမှာ ဘယ်လိုပဲ စွမ်းဆောင်နေပါစေ၊ နောက်ဆုံးမှာတော့ သူတို့လိုချင်တဲ့ ဈေးနှုန်းကို ရရှိလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
အာဆင်နယ် ၊ ဘရိုက်တန်နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ သြစတီးယားကလပ် စတမ် ဂရက်ဇ်( Sturm Graz ) အသင်းရဲ့ အသက် ၁၇ နှစ်အရွယ် ဩစတြီးယားကွင်းလယ်ကစားသမား လူကာ ဝိုင်ဟန်ဒယ်အား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး စတမ် ဂရက်ဇ် (Sturm Graz) အသင်းကတော့ ၎င်းတို့ရဲ့ လူငယ်ကစားသမားအတွက်ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဝန်းကျင်ရရှိပါက လက်လွှတ်သွားဖွယ်ရှိနေကြောင်းသိရှိရပါသည်။
🚨🔴⚪️ ဂျေဂျေ ဂါဘရီယယ်လ် ကိစ္စနဲ့ ပတ်သက်ပြီး အာဆင်နယ်ကို မန်ချက်စတာ ယူနိုက်တက်တို့ စိတ်ဆိုးဒေါသထွက်နေပါတယ်။

​ဂျေဂျေ ဂါဘရီယယ်လ်က အသင်းမှာ မှတ်ပုံတင်ထားတာကို ပယ်ဖျက်ပေးဖို့ တရားဝင် တောင်းဆိုလိုက်ပြီးနောက် အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် ဘက်က အတော်လေး ဒေါသထွက်နေပါတယ်။

​အာဆင်နယ် ဘက်က ဒီလူငယ်ကစားသမားလေးကို ဟေးလ်အမ်းဒ် အကယ်ဒမီမှာ ကြုံတွေ့ရမယ့် အနာဂတ် မျှော်မှန်းချက်တွေကို စည်းရုံးသိမ်းသွင်းပြီး ချဉ်းကပ်နေခဲ့တာ အတော်ကြာပြီလို့ အသင်းအသိုင်းအဝိုင်းက ယူဆနေကြတာပါ။

​အာဆင်နယ် အကယ်ဒမီက ပေးစွမ်းနိုင်တဲ့ အခွင့်အလမ်းတွေကို ပြသဖို့အတွက် သူတို့ဟာ တစ်နှစ်နီးပါးခန့် ကြိုးပမ်းခဲ့ကြပါတယ်။ မာလီ ဆာမွန်၊ အီသန် နွာနယ်ရီ၊ မိုင်းလ်စ် လူးဝစ်-စကယ်လီ၊ မက်စ် ဒေါင်းမန်း တို့လို ကစားသမားလေးတွေ ထိပ်တန်းအဆင့်မှာ အခွင့်အရေး ရရှိနေပုံကို ပြသခဲ့တာပါ။

​သူတို့ရဲ့ မက်ဆေ့ချ်ကတော့ ရှင်းရှင်းလေးပါပဲ။
​အာဆင်နယ်မှာ အရည်အချင်း ရှိရင် အသက်အရွယ်ဆိုတာ အဟန့်အတား မဟုတ်ပါဘူး။

​ခုတော့ ဂျေဂျေ ဂါဘရီယယ်လ် က မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းဆိုလိုက်ပြီဖြစ်သလို မန်ယူကနေ ထွက်ခွာဖို့ တောင်းဆိုပြီးတာနဲ့ Instagram မှာ အာဆင်နယ်အသင်းကို ချက်ချင်း အကောင့် Follow လုပ်ခဲ့တာကြောင့် အာဆင်နယ်ကို ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေကို ပိုမို မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။ 👀

တကယ်လို့ အာဆင်နယ် ဘက်က ကန့်လန့်ကာ နောက်ကွယ်မှာ ဒီလောက်အထိ အချိန်အကြာကြီး ကြိုးပမ်းခဲ့တာ မှန်ကန်တယ်ဆိုရင် ဒါဟာ ရိုးရိုး အပြောင်းအရွှေ့ တိုက်ပွဲတစ်ခု မဟုတ်တော့ပါဘူး။

​ဟေးလ်အမ်းဒ် အကယ်ဒမီဟာ အဓိက စည်းရုံးရေး လက်နက် ဖြစ်လာခဲ့တာပါ။ ယူနိုက်တက် ကတော့ သူတို့ရဲ့ အကယ်ဒမီ ကြယ်ပွင့်လေးကို ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။

​အာဆင်နယ် ကတော့ သူ့အတွက် တက်လမ်းကို ပြသပေးနေပါတယ်။ လူငယ်ကစားသမားလေး ကတော့ လန်ဒန်မြောက်ပိုင်းဆီကို ဦးတည်ကြည့်ရှုနေပုံ ရပါတယ်။ 🔴⚪️
👍2
ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အသက် ၁၉နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမား အက်စတီဗောင်း ဝီလီယံကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားရန် စောင့်ကြည့်နေပါသည်။ ဘာစီလိုနာ အားကစားဒါရိုက်တာဖြစ်သူ ဒေကိုဟာ နည်းပြ ဇာဘီ အလွန်ဆိုလက်ထက်မှာ ပွဲထွက်ခွင့်သိပ်မရသည့် အသက် ၁၉ နှစ်အရွယ် ကစားသမားရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ၂၀၂၇ ခုနှစ်အစောပိုင်းမှာ ကိုယ်စားလှယ်တွေမှတဆင့် ဘရားဇီးတောင်ပံကစားသမားထံ ဆက်သွယ်လာနိုင်ဖွယ်ရှိနေကြောင်း သိရှိရပါသည်။
မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟောင်း အန်သိုနီ မာရှယ်ဟာ လာလီဂါတန်းတက်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မာလာဂါအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ အသက် ၁၅နှစ်အရွယ် လူငယ်ကစားသမား JJ ဂါဘရီယယ်ကို ပြောင်းရွှေ့ကြေး အနည်းငယ်ဖြင့်ခေါ်ယူနိုင်ရန် ထိပ်ဆုံးကရေပန်းစားနေပါသည်။ အသက် ၁၅နှစ်အရွယ် လူငယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုသာ ရောက်ရှိလာပါက ရီးရဲလ်ကာစတီလာ အသင်းမှာအရင်ဆုံး ပါဝင်ကစားသွားရဖွယ်ရှိနေပါသည်။
❤1
တော့တင်ဟမ်အသင်းဟာ အဲဗာတန် နှင့်လာဇီယိုအသင်းတို့မှခေါ်ယူရန် စိတ်ဝင်စားနေသည့် အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး မော်ရို အီကာဒီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။
❤1
လိဒ်စ်ယူနိုက်တက်အသင်းဟာ ဖရန့်ဖတ်အသင်းကနေ တစ်ရာသီအငှားဖြင့်ခေါ်ယူထားတဲ့ ပြင်သစ်တောင်ပံကစားသမား ဂျင်းမတ်တီယို ဘာဟိုယာကို ပေါင် 19.7သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိနေပေမယ့်လည်း ထိုဆုံးဖြတ်ချက်ကို အလျင်စလို ဆုံးဖြတ်သွားမှာမဟုတ်ကြောင်းသိရှိရပါသည်။
ဂျိုဆေး မော်ရင်ဟိုက မိုက်ကယ် ကားရစ် ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျခဲ့မှုအပေါ် ပြောကြားခဲ့တဲ့ မှတ်ချက်😭🗣

​"မန်ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးပါပဲ။ ဘုတ်အဖွဲ့ဝင်တွေပြောတာကို နားမထောင်ရင် ထုတ်ပယ်ခံရမှာဖြစ်သလို၊ ဘုတ်အဖွဲ့ဝင်တွေကလည်း ခင်ဗျားပြောတာကို နားထောင်ချင်ကြမှာ မဟုတ်ပါဘူး။

ကားရစ်အနေနဲ့ ပင်ပန်းနေပြီလို့ ခံစားရရင် နုတ်ထွက်ပြီး စိတ်အေးချမ်းသာစွာ နားနေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူလိုအပ်နေတဲ့ အရာတွေကို သူတို့ ဂရုမစိုက်ကြဘူးလို့ ကျွန်တော် ခံစားရလို့ပါ။

ရာသီမစခင်ကတည်းက သူ ကစားသမားတွေ လိုအပ်နေကြောင်း အင်တာဗျူးပေါင်းများစွာမှာ ပြောခဲ့ပေမဲ့ သူတို့ ကစားသမားကောင်း တစ်ယောက်မှ ခေါ်ယူပေးခဲ့ခြင်း မရှိပါဘူး"
❤4
လီဗာပူးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချယ်လ်ဆီးအသင်းနဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့မိုနာကိုအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ဆီနီဂေါကွင်းလယ်ကစားသမား လာမင်းကာမာရာကို လာမည့်ဇန်နဝါရီလအ ပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားရန်စဉ်းစားနေပါသည်။
❤1
ဇလာတန် အီဘရာဟီမိုဗစ်က မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိခြေစွမ်းအပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ကို မန်ချက်စတာယူနိုက်တက်ဆီ ပြန်ခေါ်လာတာဟာ အကောင်းဆုံးအကြံဉာဏ် မဟုတ်နိုင်ဘူးလို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ပါတယ်။ ဘာစီလိုနာကတောင် ယူရို ၃၀ သန်းလောက် မပေးနိုင်ခဲ့ဘူးဆိုရင်၊ ဒါက မန်ယူအတွက် သတိပေးချက်တစ်ခု ဖြစ်သင့်ပါတယ်။”

သူက အခုအချိန်အထိ ပွဲ ၆ ပွဲ ကစားထားပေမယ့် ဂိုးမသွင်းနိုင်သေးပါဘူး။ ပြီးတော့ သူက ပြေးလွှားနေတာကလွဲရင် အသင်းကို ဘယ်နေရာမှာ ဘယ်လိုကူညီပေးနေလဲဆိုတာ ကျွန်တော်တောင် စဉ်းစားမိပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိခြေစွမ်းက တကယ်ပဲ ဒီလောက်အထိ စိုးရိမ်စရာ ဖြစ်နေပြီလား?
❤4
🗣ဂရေဟမ် ပေါ်တာ - ဆွီဒင်အသင်းနည်းပြ

"ဒါလိုအဖြစ်အပျက်တွေဟာ ဘောလုံးသမားဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အခြေအနေတွေက ရုတ်တရက် ပြောင်းလဲလာတတ်ပြီး အဲဒီအခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ လိုအပ်လေ့ရှိပါတယ်။ ဗစ်တာ ယောကရက်ရှ်ဟာ ဘယ်လောက်ကောင်းမွန်တဲ့ ကစားသမားလဲ၊ ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဗစ်တာကို အသင်းမှာရှိစေချင်ပြီး သူကိုယ်တိုင်လည်း အဲဒီလိုပဲ ခံစားရမယ်လို့ ကျွန်တော်ထင်ပါတယ်ဓ

"တစ်ခါတလေမှာ ပတ်ဝန်းကျင်တစ် အခြေအနေ တစ်ခုနဲ့တစ်ခု ပြောင်းလဲသွားတာက ကစားသမားတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာကော ခြေစွမ်းကိုကော အထောက်အကူဖြစ်စေနိုင်ပါတယ်"

"ဗစ်တာကို ကျွန်တော်တို့နဲ့အတူ ပြန်လည်တွေ့ဆုံရဖို့နဲ့ သူ့အနေနဲ့ ဘောလုံးကစားရတာကို ပျော်ရွှင်ခံစားနိုင်အောင် ကူညီပေးနိုင်ဖို့ ကျွန်တော်တို့ အားလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပါတယ်" လို့ ဆွီဒင်လက်ရွေးစင်အသင်းနည်းပြ ဂရေဟမ် ပေါ်တာက လက်ရှိခြေစွမ်းနဲ့ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ အာဆင်နယ်တိုက်စစ်မှူး ဗစ်တာ ယောကရက်ရှ်ကို အားပေး စကားပြောသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဆွီဒင်တိုက်စစ်မှူး ယောကရက်ရှ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေနဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ နည်းပြ ဂရေဟမ်ပေါ်တာရဲ့ ဆွီဒင်အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ယခု International Beak တွေပြီးရင် အာဆင်နယ်မှာ လက်ရှိခြေစွမ်းမပြနိုင်နေတဲ့ ယောကရက်ရှ်တစ်ယောက် ဂရေဟမ် ပေါ်တာပြောသလို ခြေစွမ်းကောင်းတွေနဲ့ အမ်းမရိတ်ကို ပြန်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။