Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨 အာဆင်နယ်ရဲ့ ဘရိုက်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့မှုအပေါ် ရီယို ဖာဒီနန်ရဲ့ ပြောကြားချက်

​🗣"ဒါဟာ ၃ နှစ်အတွင်း အာဆင်နယ်ရဲ့ ပထမဦးဆုံး ၃ ဂိုးပြတ် ရှုံးပွဲဖြစ်ပြီး၊ ငါတို့တွေ ထုတ်မပြောချင်ဘဲ ဖြစ်နေတဲ့ အမှန်တရားတစ်ခုကိုလည်း မီးမောင်းထိုးပြလိုက်တာပါ။ အဲဒါကတော့ ပွဲက သူတို့လက်ထဲက လွတ်ထွက်သွားတဲ့အခါ ဒီအာဆင်နယ်အသင်းဟာ သာမန်အသင်းတစ်သင်းလို ဖြစ်သွားတတ်တာပါပဲ။

​ဒီနေ့ပွဲမှာ အိုဒီဂတ် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဘောလုံးတွေ ခဏခဏ အဆုံးရှုံးခံခဲ့ရပြီး အာဆင်နယ် ကစားကွက်ကို ထိန်းကျောင်းမပေးနိုင်ခဲ့သလို ဘရိုက်တန်ကလည်း လွဲမှားတဲ့ ပေးပို့မှုတိုင်းကို အပြစ်ပေးသွားခဲ့ပါတယ်။

​ဆာကာလည်း ခြေစွမ်းမပြနိုင်ခဲ့သလို ဟာဗတ်ဇ်လည်း ပွဲပေါ် သက်ရောက်မှု မရှိခဲ့ပါဘူး။ အာဆင်နယ်ရဲ့ ထိပ်တန်းကစားသမားတွေဟာ အသင်းက သူတို့ကို လိုအပ်နေချိန်မှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ကြတာပါ။

​ပြီးတော့ အာတီတာကိုလည်း ငါ ကြည့်မိတယ်။ လူးဝစ်-စကယ်လီကို ဘာလို့ ပွဲထွက်မသုံးခဲ့တာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိပါတယ်။ အာဆင်နယ်ရဲ့ ကွင်းလယ်မှာ စွမ်းအင်နဲ့ အားမာန်တွေ လိုအပ်နေခဲ့တာဖြစ်ပြီး ဘရိုက်တန်ကတော့ အဘက်ဘက်ကနေ အသာစီးရအောင် ကစားသွားခဲ့ပါတယ်။

​ဘရူနို ဂီမာရေးစ်နဲ့ ဒက်ကလန် ရိုက်စ်လား။ ကစားအားရော ပြေးအားပါ အသာစီးယူခြင်း ခံလိုက်ရတာပါ။ ဘရိုက်တန်ဟာ အဲဒီကွင်းလယ်ကို သာမန်အဆင့်ပဲ ရှိတော့အောင် လုပ်ပစ်ခဲ့ပါတယ်။ ​ဒါ့အပြင် ဒေးဗစ် ရာယာလည်း ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဂိုးထက်မက ပထမဆုံးအကြိမ် ပေးလိုက်ရပြီ ဖြစ်ပါတယ်။

ဒါဟာ ဒီနေ့ပွဲ မတိုင်ခင်အထိ အာဆင်နယ်ရဲ့ ခံစစ် ဘယ်လောက်အထိ သက်တောင့်သက်သာ ရှိခဲ့သလဲဆိုတာကို ပြသနေတာဖြစ်ပေမဲ့ ဘရိုက်တန်ကတော့ အဲဒီ သက်တောင့်သက်သာရှိမှုကို အစိမ်းလိုက် ခွဲခြမ်းစိတ်ဖြာပစ်ခဲ့ပါတယ်။

​သုံးဂိုးတောင် ပေးလိုက်ရတယ်၊ ဘာမှ ပြန်မတုံ့ပြန်နိုင်ခဲ့ဘူး။ အာဆင်နယ်ဟာ ချန်ပီယံဆု စိန်ခေါ်သူ ဖြစ်တယ်ဆိုတဲ့ စကားတွေ အားလုံးကြားထဲကနေ ဒီညမှာတော့ သူတို့ဟာ သာမန် ဘောလုံးအသင်းတစ်သင်းလိုပဲ မြင်တွေ့ခဲ့ရပါတယ်။

ဘရိုက်တန်ဟာ အာဆင်နယ်ကို အနိုင်ရရုံတင် မဟုတ်ပါဘူး။ သူတို့ကို အဆင့်မရှိတဲ့ အသင်းတစ်သင်းလိုမျိုး ဖြစ်သွားအောင် ကစားပြသွားခဲ့တာပါ။"
❤3
နိုင်ပွဲပျောက်ဆုံးနေပြီး ဖိအားတွေများနေတဲ့ ဒီဇာဘီကို ထုတ်ပယ်ရင် လျော်ကြေးငွေ ယူရိုသန်း ၆၀လောက်အထိ ပေးရမယ့် စပါး

နည်းပြကို ထုတ်ပါ ထုတ်ပါဆိုတော့

ထုတ်တာက ထုတ်လို့တော့ ရတာပေါ့ကွယ် ဒါပေမယ့် သူ့စာချုပ်က တစ်နှစ်ကို ဆယ်သန်းလေ။ သိန်းတစ်ရာပေါ့။ အဲ့သိန်းတစ်ရာက ငါးနှစ်။ နစ်နာကြေးဘာညာနဲ့ဆို ယူရိုသန်း၆၀ လောက်ပေးရမှာ။ အဲ့သန်း၆၀နဲ့ ဒွန်နာရူမာလို၊ မာတီးနက်ဇ်လို၊ အူနိုင်ဆီမြွန်လို ကမ္ဘာ့အဆင့် ဂိုးသမားတစ်ယောက် ဈေးများများပေးပြီး ဝယ်လိုက်တာပဲ ပိုအကျိုးရှိမယ်လို့ ထင်တာပဲ။
ပြင်သစ်လက်ရွေးစင်နည်းပြသစ် ဇီနဒင် ဇီဒန်းကတော့ အသင်းကို စည်းကမ်းတင်းကြပ်မှုတွေ စတင်ပြုလုပ်တော့မှာပါ ။ ဒီဒီယာ ဒက်ချမ့်စ်လက်ထက်တုန်းက အစဉ်အလာလိုဖြစ်နေတဲ့ ကစားသမားတွေရဲ့ ဖက်ရှင်တကျဝတ်စားမှုတွေကို ပြုလုပ်ဖို့ တားမြစ်သွားဖွယ်ရှိနေပါတယ် ။

ပြင်သစ်ကစားသမားတွေ နိုင်ငံအသင်းအတွက် ကစားဖို့ လာရောက်ချိန်မှာ အမျိုးမျိုးသော ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဝတ်ဆင်လာကြတာကို ဇီဒန်းလက်ထက်မှာ စတင်ပိတ်ပင်သွားဖို့ ရှိနေပါတယ် ။ ဒါတင်မကပါဘူး ၊ ဇီဒန်းဟာ အသင်းကို သူ့ရဲ့စိတ်ကူးထဲကအတိုင်း ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်ထားပြီး ကန်တီတို့လို ဝါရင့်ကစားသမားအများအပြားကို ချန်လှပ်သွားဖို့ ဆုံးဖြတ်ထားပါတယ် ။ ပြင်သစ်အသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်ကာလမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် တူရကီ ၊ အီတလီ ၊ ဘယ်လ်ဂျီအသင်း ( နှစ်ပွဲ ) တို့နဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်
ဒီ ၃ သင်းကိုနိုင်ရင် ပရီးမီးယားလိဂ်ဖလား ရပြီ
❤4
🚨ဘာကိုလာကို အချိန်ပေးရမယ်လို့ အီရာအိုလာ ပြော

လီဗာပူစလ်နည်းပြ အန်ဒိုနီ အီရာအိုလာက လီဗာပူးလ်ရဲ့ ပေါင် ၁၂၃ သန်းတန် ကစားသမားသစ် ဘရက်ဒလေ ဘာကိုလာ အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်နဲ့ အသားကျဖို့ အချိန်အနည်းငယ်လိုမယ်လို့ ပြောပါတယ်။

အီရာအိုလာက —“ဘရက်ဒလေက ပွဲတွေများများကစားလေလေ ပိုကောင်းလာလေလေ ဖြစ်မှာပါ။ ရာသီကြိုပွဲကစားထားတာမရှိဘဲ ပြောင်းရွှေ့လာတာဖြစ်ပေမယ့် အခြေအနေကောင်းပါတယ်။

တခြားလိဂ်ကနေ ရောက်လာတဲ့ ကစားသမားတိုင်းလိုပဲ ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်နဲ့ အသားကျဖို့ အချိန်အနည်းငယ် လိုပါမယ်။ ဒါပေမယ့် သူက အဆင့်မြင့်ပွဲတွေမှာ ကစားဖို့ အရမ်းရင်းနှီးပြီးသားဖြစ်လို့ လက်ရှိအခြေအနေကောင်းတယ်လို့ မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
🚨 🎙 ခရစ်စတီယာနို ရော်နယ်ဒိုက အာဒါ ဂူလာကို ယခုရာသီမှာ သူ့အတွက် အထင်ကြီးစရာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။

​🗣 မေးမြန်းသူ - "ဒီရာသီမှာ ဘယ်ကွင်းလယ်ကစားသမားက ခင်ဗျားကို အထင်ကြီးဆုံးဖြစ်စေခဲ့တာလဲ?"

​🗣 ခရစ်စတီယာနို ရော်နယ်ဒို - "အာဒါ ဂူလာပါ။ အဲဒီကောင်လေးက တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ အပိုပြောတာမဟုတ်ပါဘူး၊ သူဟာ အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ၅ ယောက်ထဲမှာ ပါဝင်နေပြီလို့ ပြောလို့ရပါတယ်။ သူ့ထက် သာတဲ့သူဆိုလို့ အနည်းငယ်ပဲ ရှိပါတော့မယ်။

​ကျွန်တော် အကြိုက်ဆုံးအရာကတော့ သူ ဘောလုံးရထားချိန်မှာ ပွဲကို ထိန်းချုပ်ပုံပါပဲ။ သူဟာ ဖန်တီးမှုပေးပို့မှုတွေကို မြင်နိုင်တယ်၊ ခံစစ်မှူးကို လိမ်ခေါက်ကျော်ဖြတ်နိုင်တယ်၊ ဖိအားပေးတာတွေကို ကြံ့ကြံ့ခံနိုင်ပြီး ဘာမှမဟုတ်တဲ့ အခြေအနေကနေ အခွင့်အရေးတစ်ခုဖြစ်အောင် ဖန်တီးနိုင်ပါတယ်။

​အာဒါက အခုခေတ် ဘောလုံးလောကမှာ မတွေ့ရတော့သလောက် ရှားပါးသွားပြီဖြစ်တဲ့ စစ်မှန်တဲ့ ဂန္ထဝင် နံပါတ် ၁၀ ကစားသမားမျိုးပါ။ သူက ကျွန်တော့်ကို အိုဇေးလ်၊ မာရာဒိုနာ၊ မက်ဆီ၊ တော့တီနဲ့ ဟွမ် မာတာ တို့လို ကစားသမားတွေကို သတိရစေပါတယ်။

​ဒါကြောင့်လည်း သူ့ကို ကြည့်ရတာ အရမ်း ပျော်ဖို့ကောင်းတာပါ။ သူဟာ ဗဟိုပြုပါဝင်တဲ့ အနုပညာဆန်တဲ့ ကျွမ်းကျင်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ ဆွဲဆောင်မှုတွေကို ခေတ်သစ် ဘောလုံးလောကထဲကို ပြန်လည်ယူဆောင်လာပေးနေပါတယ်။

​ကျွန်တော့်အမြင်မှာတော့ သူဟာ အခုအချိန်မှာတင် အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နေပါပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့လည်း ကျွန်တော် တကယ်ကို ယုံကြည်ပါတယ်။"
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အဓိကရှယ်ယာရှင် ဖြစ်တဲ့လူးဝစ်မိသားစုဟာ အသင်းထံကို နောက်ထပ် ပေါင်သန်း ၁၂၀ ထပ်မံရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုက်ကြောင်း သိရှိရပါသည်။

ဒီရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း လူးဝစ်မိသားစုဘက်က အသင်းအတွက် တတိယအကြိမ် ငွေကြေးထည့်ဝင်မှုဖြစ်ပြီး ၊ ယခုတစ်ကြိမ်ပမာဏကတော့ ယခင်အကြိမ်တွေထက် ပိုမိုများပြားတဲ့ ပမာဏတစ်ခုဖြစ်ကြောင်း သိရှ်ရပါသည်။
🚨🔴 လီဗာပူးလ်ဟာ ချဲလ်ဆီးတောင်ပံကစားသမား အက်စတီဗာအို ဝီလီယံရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လီဗာပူးလ်ဘက်ကလည်း ၂၀၂၇ နွေရာသီအပြောင်းအရွှေ့မှာ အက်စတီဗာအိုအတွက် ပေါင်သန်း ၁၀၀ ဝန်းကျင်အထိ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ ဒီရာသီ ဇာဘီအလွန်ဆိုလက်အောက် အက်စတီဗာအို ပွဲထွက်ခွင့်နည်းပါးနေတဲ့အခြေအနေကြောင့် ချဲလ်ဆီးက သူ့အတွက် စာချုပ်သစ်တစ်ရပ် ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ဆီနီဂေါဂန္ထဝင်ကစားသမားကြီး ဆာဒီယို မာနေးဟာ သူ့ရဲ့ မွေးရပ်မြေ ဘမ်ဘာလီမြို့မှာ ဒေါ်လာ သန်း ၂၀ နီးပါး တန်ကြေးရှိမယ့် အကြီးစား စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေး စီမံကိန်းကြီးတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုက်ပါတယ်။ လီဗာပူးဂိုးသွင်းရှင်ဟောင်း မာနေးရဲ့ ဒီစီမံကိန်းဟာ ဒေသတွင်း သရက်သီး စိုက်ပျိုးထုတ်လုပ်မှု အဆင့်မြှင့်တင်ရန်နှင့် ဒေသခံ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ဟက်တာ ၅၀၀ ကျယ်ဝန်းတဲ့ စိုက်ပျိုးရေးခြံ ပါဝင်မည်ဖြစ်ပြီး ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အရေးပေါင်း ၁,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ် ။

ဒီလိုကစားသမားမျိုးက ရှိတော့ရှိတယ် ၊ ရှားပါတယ် ။
❤6
‼️ကာရင် အက်ဒီယေမီကို ရောင်းထုတ်လိုက်တဲ့ ဒေါ့မွန်ရဲ့ နောင်တနှင့် မဟာဗျူဟာအမှား

ဒေါ့မွန်အသင်းဟာ တိုက်စစ်ကစားသမား ကာရင် အက်ဒီယေမီကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရောင်းထုတ်လိုက်ပြီးနောက်ပိုင်း ကြီးမားတဲ့ နောင်တနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ပြောင်းအရွှေ့ကြေး ယူရို ၂၂ သန်း (ပေါင်းဆုကြေး ယူရို ၇ သန်း) သာ ရရှိခဲ့တဲ့ ဒီအရောင်းအဝယ်ဟာ ကစားသမားရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ စျေးကွက်တန်ဖိုးအရ ဒေါ့မွန်အသင်း သမိုင်းမှာ နှစ်ပေါင်းများစွာ နာကျင်ရမယ့် မဟာဗျူဟာအမှားတစ်ခု ဖြစ်လာခဲ့ပါတယ်။

လူငယ်ရတနာတွေကို စျေးကြီးပေးရောင်းလေ့ရှိတဲ့ ဒေါ့မွန်လို အသင်းအတွက်တော့ အက်ဒီယေမီရဲ့ အပြောင်းအရွှေ့ဟာ ကလပ်ရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်ပိုင်းမှာ အကြီးမားဆုံး သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့ပါပြီ။
❤3
ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဂျပန်ကစားသမား ၁၀ ယောက် စံချိန်တင် ရောက်ရှိလာပါပြီ။

Kaoru Mitoma - ဘရိုက်တန်

Daichi Kamada - ခရစ္စတယ်ပဲလေ့စ်

တာကေဟီရို တိုမီယာဆု - ခရစ္စတယ် ပဲလေ့စ်

Wataru Endo - လီဗာပူး

Takai City - စပါး

Ao Tanaka - လိဒ်

တာဆုဟီရို ဆာကာမိုတို - ကော်ဗင်းထရီ

အသစ်

ဟီဒီမာဆာ မိုရီတာ - ဟားလ်

အသစ်

Daizen Maeda - Ipswich

အသစ်

Zion Suzuki - အက်စတွန်ဗီလာ
❤2
■ ပရီးမီးယားလိဂ်ရလဒ်

မန်စီးတီး ၅-၃ ဆန်းဒါးလန်း

ဘုန်းမောက် ၀-၁ လီဗာပူးလ်

လိဒ်စ် ၀-၀ ခရစ္စတယ်ပဲလေ့စ်
❤3
25/25 ✅

အကိုကြီးဟာလန်းကတော့ ကျွန်တော်ဘလိန်းတဲ့ပိုစ့် တင်ပြီးမှ ဂိုးစသွင်းခဲ့ပြီး သူရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်အသင်းတိုင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်လာပါပြီ 🔵🔥
❤2
🚨 ကွင်းထဲမှာ မမျှော်လင့်ဘဲ Pitch Roller နဲ့ ကြိတ်မိခဲ့တဲ့ အန်ဒရို့စ် တောင်းဆန်

အင်္ဂလန်လက်ရွေးစင်ဟောင်း အန်ဒရို့စ် တောင်းဆန် ဟာ ထိုင်းပရိုလိဂ်ပွဲစဉ်မတိုင်ခင် Warm-up ပြုလုပ်နေစဉ် Pitch Roller နဲ့ ကြိတ်မိမှုဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် တောင်းဆန်ဟာ ဘောလုံးကို ထိန်းချုပ်ဖို့ ဆန့်ထုတ်လိုက်ချိန်မှာ Pitch Roller နဲ့ တိုက်မိပြီး လဲကျသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ စနေနေ့က Pattani Province Stadium မှာ ဖြစ်ပွားခဲ့တာပါ။

ကံကောင်းစွာနဲ့ ပြင်းထန်တဲ့ဒဏ်ရာ မရရှိခဲ့ဘဲ အန္တရာယ်ကြီးကြီးမားမားကနေ လွတ်မြောက်ခဲ့ပါတယ်။
🤯3
🔵 လာပေါ်တာ —နူးကမ့်ကွင်းကြီးအလုံးစုံပြီးရင် မက်ဆီကို ဂုဏ်ပြုမယ်

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ကတော့ နူးကမ့်ကွင်းသစ် ပြန်လည်တည်ဆောက်မှုအလုံးစုံပြီးစီးသွားတဲ့အချိန်မှာ အသင်းရဲ့ ဂန္ထဝင်ကစားသမား လီယွန်နယ် မက်ဆီ အတွက် အထူးဂုဏ်ပြုပွဲတစ်ခု ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

🗣 လာပေါ်တာ —“စပေါတီဖိုင် နူးကမ့် ကွင်းကြီးအလုံးစုံပြီးစီးသွားတဲ့အချိန်မှာ လီယို မက်ဆီအတွက် ဂုဏ်ပြုပွဲပြုလုပ်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။

ဒါဟာ အရမ်းလှပတဲ့ ဂုဏ်ပြုပွဲတစ်ခု ဖြစ်လာမှာပါ။ ကွင်းကို ၂၀၂၈ ခုနှစ်အစပိုင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မက်ဆီနဲ့ နူးကမ့်ကြားက သမိုင်းဝင်အမှတ်တရတွေကို ပြန်လည်မြင်တွေ့ရမယ့် အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ပါတယ်။
❤3
🚨 ဂရန်းနစ် ရှာခါ ကို ဆွစ်ဇာလန်မှာ စုံစမ်းစစ်ဆေးနေ

ဆွစ်ဇာလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဂရန်းနစ် ရှာခါ ကို ၂၀၂၁ ခုနှစ်က COVID-19 ကာကွယ်ဆေးထိုးထားကြောင်း ပြသတဲ့ လက်မှတ် အတု အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရရှေ့နေအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ COVID-19 ကူးစက်ခံခဲ့ရချိန် ရှာခါဟာ ကာကွယ်ဆေးမထိုးရသေးသူဖြစ်တာကြောင့် လက်ရွေးစင်ပွဲတွေကို လွဲချော်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူကိုယ်တိုင် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခု စုံစမ်းမှုမှာတော့ ရှာခါ တကယ်ပဲ ကာကွယ်ဆေးထိုးခဲ့တာလား၊ ဒါမှမဟုတ် မထိုးဘဲ ထိုးထားကြောင်း လက်မှတ်အတုရယူခဲ့တာလား ဆိုတာကို စစ်ဆေးနေတာဖြစ်ပါတယ်။ အဆိုပါလက်မှတ်ထုတ်ပေးခဲ့တဲ့ ဆရာဝန်ရဲ့ ဆေးခန်းကိုလည်း ၂၀၂၃ ခုနှစ်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး အထောက်အထားတွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ရှာခါဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နဲ့ နိုဝင်ဘာ ၁၁ ရက်တို့မှာ ကာကွယ်ဆေး ၂ ကြိမ် ထိုးခဲ့ကြောင်း ဆေးဘက် ဆိုင်ရာအထောက်အထားရှိတယ် လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူက ပြောထားပါတယ်။ လက်ရှိအချိန်မှာတော့ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ပြီး ရှာခါအပေါ် အပြစ်ရှိကြောင်း အတည်ပြုထားခြင်း မရှိသေးပါဘူး။
❤2
🏴󠁧󠁢󠁥󠁮󠁧󠁿 Premier League ပွဲစဥ် ၅ အပြီး

Table ရလဒ်များ
Please open Telegram to view this post
VIEW IN TELEGRAM