ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုမိုအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ နောက်ခံလူ ဂျာကိုဘို ရာမွန်ကို လာမည့် ၂၀၂၇နွေရာသီမှာ Buy-back clause ကိုအသုံးချ၍ ပြန်လည်ခေါ်ယူသွားရန် စီစဉ်နေပါသည်။ အထူးသဖြင့်ရီးရဲလ်အသင်းဟာ အသင်းရဲ့ ဝါရင့်နောက်ခံလူတစ်ဦးဖြစ်သည့် အန်တိုနီယို ရူဒီဂါရဲ့ စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ ရာမွန်ကို ရူဒီဂါရဲ့နေရာမှာအစားထိုးဖို့ ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
🚨 ဆံပင်ဆွဲခဲ့ရလို့ ဘာဘေးဒိုးစ်ကစားသမား ၂ ယောက် အနီကတ်ထိ
အန်ဂွီလာလက်ရွေးစင် အေဒန် စကစ်ပီယို ကတော့ ဘောလုံးလောကမှာ အထူးခြားဆုံးဆံပင်ပုံစံတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားသူပါ။
ဘာဘေးဒိုးစ်နဲ့ပွဲမှာ သူ့ဆံပင်ကို ပြိုင်ဘက်ကစားသမားတွေက ဆွဲခဲ့ကြပြီးနောက် ဘာဘေးဒိုးစ်ကစားသမား ၂ ယောက်စလုံး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

🤣4
🚨💣 ၂၀၁၂ တုန်းက မန်စီးတီးတို့ QPR ကို ၃-၂ နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ဖလား ရရှိသွားခဲ့တဲ့ပွဲက လုပ်ပွဲ စီစဉ်ထားတာဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။
မန်စီးတီးအသင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရသွားအောင် အဘူဒါဘီ ကုမ္ပဏီတစ်ခုကနေ QPR ကစားသမားတွေကို အရှုံးပေးဖို့ ငွေကြေးပေးပြီး ခိုင်းစေခဲ့တာလို့ သိရပါတယ်။
မိနစ် ၉၀+၂ မှာ ဂျက်ကို က မန်စီးတီးအတွက် ချေပဂိုး ဒုတိယဂိုး သွင်းပြီးတဲ့အခါ QPR ကစားသမားတွေက အချိန်ဆွဲတာမျိုး မလုပ်ဘဲ မန်စီးတီးဂိုးသမားဆီ ဘောလုံး တန်းပေးလိုက်တာလို့ ပြောကြပါတယ် 😳⚽️
ဒါကြောင့် မန်စီးတီးရဲ့ ချန်ပီယံဆုဟာ ဒရာမာဆန်ဆန် အနိုင်ရခဲ့တာ မဟုတ်ဘဲ လုပ်ပွဲလုပ်ခဲ့တာဆိုပြီး စွပ်စွဲချက်တွေ ထွက်နေတာပါ။

🔴 ဖက်ဒရီကို ချီယေဆာ ဇန်နဝါရီမှာ လီဗာပူးကနေ ထွက်ခွာဖို့ စဉ်းစားနေ
လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဖက်ဒရီကို ချီယေဆာ ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ TuttoJuve က ဖော်ပြထားပါတယ်။
အီတလီလက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ ရည်ရွယ်ထားတဲ့ ချီယေဆာဟာ ၂၀၂၇ မတ်လ နိုင်ငံတကာပွဲတွေမှာ အီတလီအသင်းနဲ့ ပြန်ပါဝင်နိုင်ဖို့ ပုံမှန်ပွဲကစားခွင့်ရရှိရေးကို အဓိကထားနေပါတယ်။
လီဗာပူးမှာ ဆက်နေပြီး ပွဲထွက်ခွင့်ရဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် ဇန်နဝါရီမှာ အသင်းပြောင်းပြီး ပုံမှန်ကစားခွင့်ရှာမလားဆိုတာကတော့ ချီယေဆာရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ဖလားမှာ ကိပ်ဗာဒီအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ အသက် ၄၀အရွယ် ဂိုးသမားဗိုဇင်ဟာသည် လက်ရှိကစားနေသည့်ချီလီကလပ် ကိုလိုကိုလိုအသင်းမှာ လက်စွမ်းပြကစားနိုင်ခြင်းမရှိသေးတာကြောင့် ယခုနှစ်ကုန်အထိ ကစားနိုင်တဲ့ပွဲတွေရဲ့ အနည်းဆုံး ၅၀% မှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ရင် ကိုလိုကိုလိုအသင်းဘက်က စာချုပ်ကို အခမဲ့ဖျက်သိမ်းနိုင်တဲ့ အခြေအနေရှိနေကြောင်း သိရှိရပါသည်။
ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကိပ်ဗာဒီအသင်းအတွက် ကစားခဲ့တဲ့ပွဲတွေမှာလည်း နိုင်ငံလက်ရွေးစင်အသင်းအတွက် လက်စွမ်းကောင်းပြသနိုင်ခြင်း မရှိသေးကြောင်းသိရှိရပါသည်။

❤2
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤2
■ စီရော်နယ်လ်ဒိုနဲ့ သီးသန့်စကားပြောသွားမယ်လို့ ပေါ်တူဂီနည်းပြ ပြောကြား
ပေါ်တူဂီအသင်းနည်းပြ ဂျော့ချ်ဂျေးဇူးက အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနဲ့ သီးသန့်စကားပြောဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
စီရော်နယ်လ်ဒို(၄၁ နှစ်)ဟာ နော်ဝေကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အရန်ခုံသာ ထိုင်ခဲ့ရပြီး လူစားဝင်ကစားခွင့်တောင် မရခဲ့ပါဘူး။
ဒါဟာ စီရော်နယ်လ်ဒိုအဖို့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝမှာ ယူရို-၂၀၀၈ ပြီးကတည်းက ပထမဆုံး ပြီးခဲ့တယ်။
၎င်းဟာ ပွဲပြီးဝီစီမှုတ်မှုတ်ချင်း အဝတ်အစားလဲခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။
ဗီဒီယိုပြကွက်တွေအရ စီရော်နယ်လ်ဒိုဟာ ဒေါသထွက်နေတဲ့ အမူအရာနဲ့ လမ်းလျှောက်ဝင်သွားတာကို တွေ့ရပါတယ်။
၎င်းဟာ အသင်းဖော်တွေနဲ့အတူ အဝေးကွင်းလိုက်ပါအားပေးတဲ့ ပေါ်တူဂီပရိသတ်တွေကိုလည်း သွားရောက်နှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
ဂျော့ချ်ဂျေးဇူးကတော့ စီရော်နယ်လ်ဒို ကွင်းထဲက စောစီးစွာ ထွက်ခွာသွားမှုကို သတိမထားမိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
၎င်းဟာ အသင်းခေါင်းဆောင် တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး စီရော်နယ်လ်ဒိုနဲ့ ဆွေးနွေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ လီဗာပူးအသင်းရဲ့ အသက် ၃၅နှစ်အရွယ် အသင်းခေါင်းဆောင် ဗာဂျယ်လ် ဗန်ဒိုက်ကို ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရပါသည်။
အေစီမီလတ်အသင်းဟာ ဗန်ဒိုက်ကိုခေါ်ယူရန် အလေးအနက်စိတ်ဝင်စားနေကြောင်း သိရှိရပြီး လီဗာပူးအသင်းကလည်း လက်ရှိအချိန်အထိ စာချုပ်သစ်ကမ်းလှမ်းလာခြင်းမရှိသေးသည့်အတွက် ရာသီကုန်တွင် အပြောင်းအရွှေ့ဖြစ်မြောက်လာဖွယ်ရှိနေပါသည်။

ပုံထဲက လူက Rui Pinto လို့ခေါ်တယ် ။
Man City ရဲ့ confidential documents တွေကို Hack ခဲ့ပြီး လက်ရှိ 115 charges ကိစ္စကို ဖြစ်လာအောင် လမ်းစဖော်ပေးခဲ့တဲ့သူဖြစ်ပါတယ် ။
Football leak ဆိုတဲ့ Website ကိုထောင်ထားတဲ့ ပေါ်တူဂီသား Hacker ဖြစ်ပြီး သူက Website နာမည်အတိုင်း ဘောလုံးအသင်းတွေရဲ့ အတွင်းရေးတွေကို hack ရင်း ကလိတတ်တဲ့သူပါ ။
သူက များသောအားဖြင့် Portugal Club တွေကို ဒုက္ခပေးတာပါ ။ ဒါ့ကြောင့်ပဲ ထောင်နန်းစံရသေးတယ် ။ Benfica တို့ Porto တို့ တခြား Portugal Club တွေ ပေါင်းပြီးတရားစွဲလို့ရယ် ။ ဒါပေမယ့် ပြစ်ဒဏ်က ဆိုင်းငံ့နဲ့ပဲပြီးသွားတယ် ။
Man City case ကတော့ သူ့ရဲ့ Hack data တွေကို ကိုးကားပြီး Germany သတင်းစာ Der Spiegel က စဖွင့်ချလို့ UEFA တို့ FA တို့က စုံစမ်းစစ်ဆေးရေးစလုပ်ရတာပါ ။
ဆရာသမားရဲ့ ရှေ့နေ့က Man City case နဲ့ ပက်သက်လို့ လက်ရှိ general public က သိထားတာတွေဟာ အပေါ်ယံပဲရှိသေးတယ်ဆိုပြီးပြောဖူးတယ် ။ သူတို့မှာ ထပ်ပြီး ထုတ်ပြစရာတွေ အများကြီးရှိသေးတယ်လို့တော့ဆိုတယ် ။
လက်ရှိတော့ သူကိုက witness protection ပေးထားရပါတယ် ။ Death threats တွေ ရထားလို့ပါ။ ဒါမယ့် ဖြုံဟန်မတူပါဘူး ။
မနေ့က David Ornstein ဆီက leak ထွက်လာပြီးနောက် ဆရာသမားက Twitter မှာတက်အောင်ပွဲခံလိုက်သေးတယ် ။
Portugal ဖက်မှာ ခြေရှုပ်နေရာကနေ Man City ကို ဘယ်လိုစိတ်ကူးပေါက်လို့ထရိုက်တယ်ရယ်မသိပါဘူး။ လောလောဆယ် Man City အတွက်တော့ နံပါတ်တစ် ရန်သူတော်ဖြစ်နေပါတယ် ။

🤣1
🇦🇷 တချိန်က မက်ဆီကို ဘာစီလိုနာ မခေါ်ယူဖြစ်လုနီးပါး ဖြစ်ခဲ့
လီယွန်နယ် မက်ဆီဟာ ၂၀၀၀ ခုနှစ်မှာ အာဂျင်တီးနားကနေ ဘာစီလိုနာ လူငယ်အသင်းကို လာရောက်ပူးပေါင်းခဲ့ပါတယ်။
ဒါပေမယ့် မက်ဆီရဲ့ ဘာစီလိုနာရောက်လာမှုက လွယ်လွယ်ကူကူ ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ မက်ဆီမိသားစုဘက်က စပိန်ကို ပြောင်းရွှေ့ဖို့ စိုးရိမ်မှုတွေရှိခဲ့သလို၊ ဘာစီလိုနာဘက်ကလည်း မက်ဆီရဲ့ ဆေးကုသမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူရမယ့်ကိစ္စတွေကြောင့် အစပိုင်းမှာ တွန့်ဆုတ်ခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာ နည်းစနစ်ဒါရိုက်တာ ကာလက်စ် ရက်စ်ဆက်ခ် က မက်ဆီရဲ့ အရည်အချင်းကို ယုံကြည်သွားပြီး ဆွေးနွေးမှုတွေ မသေချာသေးချိန် လက်သုတ်ပဝါစာရွက်လေးပေါ်မှာ မက်ဆီကို ခေါ်ယူမယ်ဆိုတဲ့ ကတိစာချုပ်ကို ရေးသားခဲ့ပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ နာမည်ကြီးဇာတ်လမ်းအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။
အဲဒီစာရွက်လေးကတော့ နောက်ပိုင်းမှာ ဘောလုံးသမိုင်းထဲက အကျော်ကြားဆုံး အမှတ်တရပစ္စည်းတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီစာရွက်လေးသာ မရှိခဲ့ရင် မက်ဆီရဲ့ ဘောလုံးသမိုင်းက ဘယ်လိုဖြစ်သွားမလဲ?

PSG အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုထားရခြင်း မရှိသေးတဲ့အသက် ၁၅ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂျေဂျေ ဂါဘရီယယ် ကို ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။
လက်ရှိအချိန်တွင် PSGအသင်းဟာ ဂျေဂျေ ဂါဘရီယယ် ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ကစားသမားကသာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့ အသင့်ရှိနေကြောင်း သိရှိရပါသည်။

❤1