ဘာစီလိုနာအသင်းဟာ တော့တင်ဟမ်အသင်းရဲ့ အသက်၂၇နှစ်အရွယ်စပိန် ညာနောက်ခံလူ ပက်ဒရို ပေါ်ရိုကို လာမည််ဇန်နဝါရီအပြောင်းအရွှေ့တွင် အဓိကပစ်မှတ်အဖြစ် သတ်မှတ်၍ ခေါ်ယူသွားရန် ပြင်ဆင်နေပါသည်။ အထူးသဖြင့်နည်းပြ ဟန်ဆီ ဖလစ်ခ်က အသင်းရဲ့ညာဘက်ခြမ်းတိုက်စစ်ပိုင်းကို ပိုမိုအားကောင်းစေချင်တာကြောင့် ပေါ်ရိုကို ခေါ်ယူချင်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ အဆိုပါအပြောင်းအရွှေ့ဖြစ် မြောက်ဖိုအတွက် အသင်းရဲ့ပြင်သစ်နောက်ခံလူ ဂျူးလ် ကွန်ဒေးကို ယူရို ၇၀ သန်းဝန်းကျင်နဲ့ ရောင်းချသွားရန် စဉ်းစားနေကြောင်း သိရှိရပါသည်။
ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဇီနက်ဒင်း ဇီဒန်းက အသင်းရဲ့ ကွင်းလယ်ကစားသမား ရာယန်ချာကီနဲ့ပတ်သက်၍ “ကျွန်တော်ကစားသမားဘဝတုန်းက ရာယန် ချာကီ လိုကစားသမားမျိုးနဲ့ အတူကစားခွင့်ရခဲ့ရင် အရမ်းသဘောကျမိမှာပါ။ သူက မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ပေးပို့မှုတွေ လုပ်နိုင်သလို ဘောလုံးမရှိတဲ့အချိန်မှာလည်း ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ သူက တကယ့်ကို ဘောလုံးသမားကောင်းတစ်ယောက်ပါ " ဟု ဇီဒန်းက ချာကီနဲ့ပတ်သက်၍ ချီးကျူးပြောကြားသွားခဲ့ပါသည်။
❤5
မန်ချက်စတာစီးတီးအသင်း၏ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်မှုတွေမှာ အဓိကပါဝင်ပတ်သက်နေသည့် အရေးပါသူများ
ဂရေဟမ် ဝေါလေ့စ် (Graham Wallace)
ထိပ်တန်းအဆင့်စာရင်ကိုင်တဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ မန်စီးတီးအသင်းမှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ Football Leaks ကနေရရှိခဲ့တဲ့ အီးမေးလ်ထဲမှာ မန်စီးတီးအသင်းအနေနဲ့ စပွန်ဆာဝင်ငွေနှင့် ပိုင်ရှင်ထံမှ ရရှိသည့် ငွေကြေးတို့ကို သီးသန့်စာရင်းပြုစုဖို့ မှာကြားချက်တွေ ပါဝင်ခဲ့ပါတယ် ။
အန်းဒရူး ဝစ်ဒေါဆန် (Andrew Widdowson)
လက်ရှိတွင် မန်စီးတီး၏ ညီနောင်ကလပ် New York City FC ၌ CFO အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၅ မှ ၂၀၁၈ အထိ မန်စီးတီး၏ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး အဘူဒါဘီ စပွန်ဆာများထံမှ ရရှိသည့် ငွေကြေးများကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိအောင် လုပ်ဆောင်ဖို့ ဆိုင်မွန်ပီးယားစ်ထံ ရေးသားခဲ့တဲ့ အီးမေးလ်ပိုင်ရှင်ဖြစ်ပါတယ် ။
ဆိုင်မွန် ပီးယားစ် (Simon Pearce)
အဘူဒါဘီ တော်ဝင်မိသားစု၏ အဓိက ပြန်ကြားရေးနှင့် ဆက်ဆံရေး တာဝန်ခံတစ်ဦးဖြစ်ပြီး မန်စီးတီးအဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ် ။ သူဟာ ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်များတွင် အဓိက အထောက်အထား ဖြစ်လာသည့် အီးမေးလ်များစွာကို ရေးသားခဲ့သူပါ ။
ဖာရန် ဆိုရီယာနို (Ferran Soriano)
၂၀၁၂ ခုနှစ်တွင် မန်စီးတီး၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် စတင်တာဝန်ယူခဲ့သူ ဖြစ်ပါသည်။ ဘာစီလိုနာအသင်း၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်ပြီး မန်စီးတီးတွင် တာဝန်ယူစဉ်ကာလအတွင်း အသင်း၏ ဝင်ငွေကို ၃ ဆအထိ တိုးတက်စေခဲ့သလို ပရီးမီးယားလိဂ် ဖလား (၇) လုံး၊ ချန်ပီယံလိဂ် ဖလား (၁) လုံးအပါအဝင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်အောင် စီမံခန့်ခွဲနိုင်ခဲ့သူ ဖြစ်ပါသည်။
ခါဒွန်း အယ်လ် မူဘာရက် (Khaldoon Al Mubarak)
အဘူဒါဘီ တော်ဝင်မိသားစု၏ ယုံကြည်စိတ်ချရဆုံး အကြံပေးတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစ၍ မန်စီးတီးအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူပါ ။ UEFA ကို ဒေါ်လာ သန်း ၃၀ အကုန်အကျခံကာ ကမ္ဘာ့အကောင်းဆုံး ရှေ့နေ ၅၀ ဖြင့် ၁၀ နှစ်ကြာအောင် တရားရင်ဆိုင်သွားမည်ဟု ပြောကြားခဲ့သည့် အီးမေးလ်ပိုင်ရှင်ဖြစ်ပါတယ် ။
ဂျောဂျီ ချူမီလာ (Jorge Chumillas)
City Football Group ၏ CFO ဟောင်းဖြစ်ပြီး ၂၀၁၃ မှ ၂၀၁၆ အထိ မန်စီးတီး၌ တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။ အသင်းရဲ့အဓိက စပွန်ဆာဖြစ်သည့် Etihad ထံမှ လာရမယ့် ငွေကြေးအများစုဟာ အမှန်တကယ်တော့ မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆော် ထံမှ ရရှိလာခြင်းဖြစ်ကြောင်း အီးမေးလ်ပေးပို့ခဲ့သူဖြစ်ပါတယ် ။ သူ့ရဲ့ အီးလ်မေးပေါက်ကြားမှုဟာ မန်စီးတီးအတွက် ကြီးမားတဲ့ စွဲချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ် ။
ရောဘတ်တို မန်ချီနီ (Roberto Mancini)
၂၀၀၉ မှ ၂၀၁၃ အထိ မန်စီးတီးကို ကိုင်တွယ်ခဲ့ပြီး ၄၄ နှစ်အကြာတွင် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြဖြစ်ပါတယ် ။ မန်စီနီဟာ အဘူဒါဘီအခြေစိုက် Al Jazira ကလပ်၏ အထူးအကြံပေးအဖြစ် တစ်နှစ်လျှင် ၄ ရက်သာ အလုပ်လုပ်ရသော်လည်း မန်စီးတီးမှ ရရှိသည့် လစာထက် ၂ ဆကျော် ပိုမိုရရှိခဲ့ပါတယ် ။
ယာယာ တိုရေး (Yaya Toure)
မန်စီးတီး၏ ဂန္ထဝင် ကွင်းလယ်လူတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား (၃) လုံး ရရှိခဲ့သူ ဖြစ်ပါသည်။ အသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ ကုမ္ပဏီတစ်ခုဆီကနေ ပုံရိပ်မူပိုင်ခွင့် (Image Rights) အတွက် သီးခြားငွေချေမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ် ။
ရှိခ် မန်ဆော် (Sheikh Mansour bin Zayed Al Nahyan)
ယူအေအီးနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မန်စီးတီးအသင်းကို ဝယ်ယူခဲ့သူ ဖြစ်ပါသည်။ မန်စီးတီးအသင်းက ၎င်း၏ ကုမ္ပဏီများသည် အစိုးရပိုင်မဟုတ်ဟု ငြင်းဆိုထားသော်လည်း ထွက်ပေါ်လာသည့် အီးမေးလ်များအရ အဘူဒါဘီ အစိုးရတာဝန်ရှိသူများက ကလပ်၏ ဘဏ္ဍာရေးကို စီမံခန့်ခွဲခဲ့ကြောင်း ဖော်ပြနေပါသည်။

လီဗာပူးလ် ၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ရာသီကုန်ရင် အက်သလက်တီကို မက်ဒရစ်အသင်း နှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသက် ၃၁နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား မားကို့စ် လော်ရန်တေးကို ခေါ်ယူရန် စောင့်ကြည့်နေကြပါသည်။
အက်သလက်တီကိုအသင်းကတော့ လော်ရန်တေးကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပြီး မကြာခင်အချိန်အတွင်း စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်နေပါသည်။

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ရန်းနက်စ်အသင်းရဲ့ အသက် ၂၀ အရွယ် မော်ရိုကိုနောက်ခံလူ အဗ္ဗဒယ်ဟာမစ် အိတ် ဘူဒလာကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး အနီးကပ်လေ့လာစောင့်ကြည့်နေပါသည်။ အဆိုပါမော်ရိုကိုကစားသမားကို နယူးကာဆယ်အသင်းအပြင် အခြားပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြသည့် အဲဗာတန် ၊ ဘရန့်ဖို့ဒ်နဲ့ ဟားလ်စီးတီးအသင်းတို့ကလည်း ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရပါသည်။
❤1
Haaland ရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သတင်းကြီးတစ်ခု ထွက်ပေါ်လာ..
Man City က Haaland ကို ပေါင် ၅၁ သန်းဝန်းကျင် နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပေမယ့်၊ ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တချို့မှာတော့ တကယ့်ကုန်ကျစရိတ်က ယူရို ၂၅၀ သန်းနီးပါး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
Dortmund နဲ့ လျှို့ဝှက်သဘောတူညီချက်ရှိခဲ့ပြီး ပြောင်းရွှေ့ကြေးကို ပေါင် ၅၁ သန်းအဖြစ် ဖော်ပြစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၁ သန်းပဲ ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာအောင် သတင်းထောက်တချို့ကို ငွေပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်လည်း ပါလာပါတယ်။
တစ်ဖက်မှာတော့ Sky Sports ရဲ့ မှတ်တမ်းအရ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းဝန်းကျင် ဖြစ်ပေမယ့် Agent fees၊ Signing-on fee နဲ့ အခြားကုန်ကျစရိတ်တွေပါ ထည့်တွက်ရင် စုစုပေါင်း ပေါင် ၈၅.၅ သန်းဝန်းကျင် ကုန်ကျနိုင်တယ်လို့ တရားဝင်ဖော်ပြထားပါတယ်။

❤3
🚨 Official: မန်စီးတီးကို စွဲချက်အားလုံးနဲ့ အပြစ်ရှိကြောင်းကို လွတ်လပ်တဲ့ ကော်မရှင်က ဆုံးဖြတ်လိုက်ကြောင်း ပရီးမီးယားလိဂ်က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ပရီးမီးယားလိဂ်က အတည်ပြုချက်အရ မန်စီးတီးဟာ ၂၀၀၉/၁၀ ကနေ ၂၀၁၇/၁၈ ရာသီအထိ ၉ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း Independent Commission က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုအတွင်း ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက် ၄ ခုအနက် ၃ ခုကိုလည်း အတည်ပြုခဲ့ပါတယ်။
ကော်မရှင်ရဲ့ တွေ့ရှိချက်တွေအရ—
🔹 စီးပွားရေးမိတ်ဖက်တွေနဲ့ “အယောင်ပြ” စာချုပ်တွေ အသုံးပြုပြီး ဝင်ငွေကို အတုအယောင်မြှင့်တင်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။
🔹 ဘဏ္ဍာရေးစာရင်းတွေမှာ မှားယွင်းဖော်ပြမှုတွေ ပြုလုပ်ခဲ့ပြီး စာရင်းစစ်တွေနဲ့ ဘောလုံးအဖွဲ့အစည်းတွေထံ မန်စီးတီးရဲ့ ဘဏ္ဍာရေးအခြေအနေမှန်ကို ဖုံးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။
🔹 ပရီးမီးယားလိဂ်နဲ့ UEFA ရဲ့ အသုံးစရိတ်ကန့်သတ်ချက်တွေကိုလည်း သိသိသာသာ ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က တွေ့ရှိခဲ့ပါတယ်။
🔹 စုံစမ်းစစ်ဆေးမှုအတွင်း ပရီးမီးယားလိဂ် နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်တွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ နောက်ဆုံးအပြီးသတ် မဟုတ်သေးပါဘူး။ မန်စီးတီးအနေနဲ့ Independent Commission ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်ရှိပြီး အောက်တိုဘာ ၂ ရက် သောကြာနေ့အထိ အယူခံဝင်နိုင်ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေမှာ “အပြစ်ရှိကြောင်း ကော်မရှင်က ဆုံးဖြတ်ပြီးပြီ” လို့ ပြောနိုင်ပေမယ့် နောက်ဆုံးပြစ်ဒဏ် ဘာဖြစ်မလဲဆိုတာကတော့ အယူခံအပါအဝင် လုပ်ငန်းစဉ်ပြီးဆုံးမှ သိရမှာပါ။

■ UEFA Nations League ရလဒ်များ
ချက် ဝ-၂ အင်္ဂလန်
စပိန် ၄-၁ ခရိုအေးရှား
စကော့တလန် ဝ-၃ ဆွစ်ဇာလန်
ဆလိုဗေးနီးယား ၂-၀ မြောက်မက်ဆီဒိုးနီးယား
ဘူလ်ဂေးရီးယား ဝ-၀ အက်စ်တိုးနီးယား
လူဇင်ဘတ် ဝ-၃ အိုက်စလန်
ဆန်မာရီနို ဝ-၃ အယ်လ်ဘေးနီးယား
ဆလိုဗက်ကီးယား ၂-၁ ကာဇက်စတန်
ဖင်လန် ဝ-၀ ဘီလာရုစ်
မော်လ်ဒိုဗာ ၁-၁ ဖာရိုးကျွန်းစုများ
ချက် ဝ-၂ အင်္ဂလန်
စပိန် ၄-၁ ခရိုအေးရှား
စကော့တလန် ဝ-၃ ဆွစ်ဇာလန်
ဆလိုဗေးနီးယား ၂-၀ မြောက်မက်ဆီဒိုးနီးယား
ဘူလ်ဂေးရီးယား ဝ-၀ အက်စ်တိုးနီးယား
လူဇင်ဘတ် ဝ-၃ အိုက်စလန်
ဆန်မာရီနို ဝ-၃ အယ်လ်ဘေးနီးယား
ဆလိုဗက်ကီးယား ၂-၁ ကာဇက်စတန်
ဖင်လန် ဝ-၀ ဘီလာရုစ်
မော်လ်ဒိုဗာ ၁-၁ ဖာရိုးကျွန်းစုများ
❤2
မန်စီးတီးအနေနဲ့ Abu Dhabi စပွန်ဆာတွေကနေ 2009 မှ 2018 အတွင်း ပေါင် 949.94 သန်းအထိ ရရှိခဲ့တယ်လို့ စာရင်းထဲဖော်ပြခဲ့ပေမယ့် တကယ်တမ်း ရရှိငွေဟာ ပေါင် 119.25 သန်းပဲရှိခဲ့တာဖြစ်ပါတယ်။
ပိုပြီးပြထားတဲ့ ပေါင် 830.69 သန်းဟာ စီးတီးပိုင်ရှင်တွေဘက်က တစ်ဖက်လှည့်နဲ့ ထည့်ဝင်ထားတဲ့ ဝင်ငွေမျိုးပဲဖြစ်လို့နေပါတယ် 🔵
စီးတီးကတော့ စစ်လေ ထွက်လေ စစ်လေ ပိုထွက်လာလေ ကြာလေတကယ့်မလွယ်တော့တဲ့ အခြေနေကိုရောက်လာပြီထင်တယ်
[via ESPN]

❤4
🚨 BREAKING — နက်ဆာ အယ်လ်-ခီလိုင်ဖီက “World Football Clubs” ဖွဲ့စည်းဖို့ စီစဉ်နေ
PSG ဥက္ကဋ္ဌ နက်ဆာ အယ်လ်-ခီလိုင်ဖီဟာ EFC (European Football Clubs) ကို ကမ္ဘာတစ်ဝှမ်းအထိ ချဲ့ထွင်ပြီး “World Football Clubs (WFC)” ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကလပ်အဖွဲ့အစည်းတစ်ခုကို “ဖြစ်နိုင်သမျှ အမြန်ဆုံး” ဖွဲ့စည်းသွားဖို့ စီစဉ်နေပါတယ်။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာ ပြုလုပ်တဲ့ EFC အစည်းအဝေးအတွင်း ဒီအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး၊ အချို့ကတော့ WFC ကို FIFA နဲ့ ဂျီယန်နီ အင်ဖန်တီနိုရဲ့ သြဇာကို စိန်ခေါ်နိုင်မယ့် တရားဝင်မဟုတ်သေးတဲ့ “ဆဋ္ဌမမြောက် ဘောလုံးအဖွဲ့ချုပ်” အဖြစ် ရှုမြင်နေကြပါတယ်။
အယ်လ်-ခီလိုင်ဖီကတော့ EFC ဟာ ဥရောပကလပ်တွေအတွက်ပဲ မဟုတ်တော့ဘဲ ကမ္ဘာတစ်ဝှမ်းက ကလပ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု ဖြစ်လာပြီလို့ ဆိုပါတယ်။
“အခုအချိန်က World Football Clubs ကို ဖွဲ့စည်းဖို့ အကောင်းဆုံးအချိန်ပါ။ ကလပ်တိုင်း အောင်မြင်နိုင်ဖို့ အခွင့်အရေးရအောင် ကျွန်တော်တို့ ပိုပြီးကြိုးစားသွားမယ်။ အကျိုးခံစားခွင့်တွေ၊ အကြံဉာဏ်အသစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေ ပိုမိုရရှိစေမှာပါ။”
သူက ယနေ့ခေတ်ဘောလုံးဟာ နည်းပညာ၊ မီဒီယာနဲ့ ဖျော်ဖြေရေးကဏ္ဍတွေနဲ့ ပိုမိုနီးကပ်လာနေပြီး ကလပ်တွေကလည်း ဒေသတွင်းမှာ အမြစ်တွယ်နေဆဲဖြစ်ပေမယ့် ကမ္ဘာတစ်ဝှမ်း သက်ရောက်မှုရှိလာနေပြီလို့ ပြောကြားခဲ့ပါတယ်။

👍1
အီတလီကလပ် ကိုမိုကို အကောင်းဆုံး ဦးဆောင်နေတဲ့ နည်းပြ ဆက်စ်ဖာဘရီဂတ်စ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဖာဘရီဂတ်စ်ရဲ့ လက်ရှိ စာချုပ်ထဲမှာ သူ့ရဲ့ အသင်းဟောင်းတွေအတွက် သီးသန့် Release Clause ထည့်သွင်းထားတယ်လို့ သိရပါတယ်။
အဲဒီအသင်းတွေကတော့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ ဖြစ်ပြီး သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေးချေနိုင်ရင် နည်းပြအဖြစ် ခေါ်ယူခွင့်ရမယ့် အခွင့်အရေး ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ဟာ ချဲလ်ဆီး ကစားသမားဘဝတုန်းက ပရီးမီးယားလိဂ် အပါအဝင် အောင်မြင်မှုတွေများစွာ ရယူပေးခဲ့ပြီး ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ကွင်းလယ်ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာလည်း အီတလီ စီးရီးအေကလပ် ကိုမိုကို အဆင့်အတန်းတစ်ခုဆီ ရောက်အောင် တည်ဆောက်ပြနေပြီး သူ့ရဲ့ နည်းပြစွမ်းရည်နဲ့ ဘောလုံးအတွေးအခေါ်ကို ပြသနေသူပါ။ အသင်းဟောင်းတွေကသာ ကမ်းလှမ်းလာမယ်ဆိုရင် ပြန်လည်လက်တွဲနိုင်မယ့် အထူးအခွင့်အရေး ပါဝင်နေတာမို့ သူ့ရဲ့ နည်းပြဘဝ အနာဂတ်ဟာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။
တစ်ချိန်က အပြာရောင်တွေရဲ့ ကွင်းလယ်ကို လှပစွာ ပုံဖော်ပေးခဲ့တဲ့ ပါရမီရှင်တစ်ယောက် အနာဂတ်မှာ နည်းပြအဖြစ် စတမ်းဖို့ဒ်ဘရစ်ကို ပြန်လည်ရောက်ရှိလာမလားဆိုတာ ချဲလ်ဆီး ပရိသတ်တွေ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
🔗 Di Mazrio - Sky Italia