🚨🎙| အာဆင် ဝင်းဂါးက မန်စီးတီးရဲ့ စည်းမျဉ်းချိုးဖောက်မှု ၁၁၄ ချက်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒုတိယတန်းထိ တန်းဆင်းအရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။
🗣“အာဆင်နယ်အသင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ နှစ်နဲ့ချီပြီး အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်ဖို့ တိုက်တွန်းခံခဲ့ရပါတယ်။ ငွေကြေးကို ပညာရှိရှိ သုံးစွဲပါ၊ စနစ်တကျ တည်ဆောက်ပါ၊ စည်းမျဉ်းတွေကို လိုက်နာပါ၊ ကစားသမားတွေကို ပျိုးထောင်ပါ၊ စိတ်ရှည်ပါ ဆိုပြီးတော့ပေါ့။
ဒါပေမဲ့ အခုချိန်မှာတော့ မန်ချက်စတာ စီးတီးဟာ သူတို့အပေါ် စွဲဆိုထားတဲ့ ပရီးမီးယားလိဂ် စွဲချက် ၁၁၅ ချက်ထဲက ၁၁၄ ချက်မှာ အပြစ်ရှိကြောင်း တွေ့ရှိရတာကို ကျွန်တော်တို့ ဒီမှာ ထိုင်ပြောနေကြရပါပြီ။
ဒီလိုဖြစ်ရပ်မှာ အာဆင်နယ်ပရိသတ်တွေကို ဘာမှမဖြစ်ခဲ့သလို ပြုမူနေထိုင်ဖို့ လူတွေက မျှော်လင့်နေကြတုန်းပဲလား။ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလုပွဲတွေကို ကြည့်ပြီး မေးခွန်းမထုတ်ဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။
အင်္ဂလန်ဘောလုံးသမိုင်းမှာ အသန်မာဆုံး အသင်းတစ်သင်းကို တည်ဆောက်ရင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသင်းတစ်သင်းကို အာဆင်နယ်က နှစ်ပေါင်းများစွာ လိုက်လံယှဉ်ပြိုင်ခဲ့ရတာပါ။
ပြီးတော့မှ အာဆင်နယ်ပရိသတ်တွေကို ‘မင်းတို့ သူတို့ကို အနိုင်ယူခဲ့သင့်တာ’ လို့ ပြောကြတယ်။
ဘာနဲ့သွား အနိုင်ယူရမှာလဲ။
အာဆင်နယ်က စည်းမျဉ်းတွေထဲကနေ တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ မန်စီးတီးက စည်းမျဉ်းတွေရဲ့ အပြင်ဘက်ကနေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီစည်းမျဉ်းချိုးဖောက်မှုတွေက အဲဒီအသင်း စုဖွဲ့တည်ဆောက်ပုံပေါ် သက်ရောက်မှုရှိခဲ့ရင် အဲဒီအကြောင်းအရာ အချက်အလက်ကို ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ သမိုင်းကြောင်းထဲကနေ အလွယ်တကူ ဖျက်ဆီးပစ်လို့ မရပါဘူး။
မန်စီးတီးက တစ်နှစ်ပြီးတစ်နှစ် ဆုဖလားတွေ ဆွတ်ခူးနေချိန်မှာ ပရီးမီးယားလိဂ်ကို ရယူနိုင်ဖို့ အရာရာတိုင်း ပေးဆပ်ခဲ့ကြတဲ့ အာဆင်နယ် ကစားသမားတွေ၊ နည်းပြတွေနဲ့ ပရိသတ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဟုတ်ပါတယ်၊ ကျွန်တော် ဒေါသထွက်ပါတယ်။
ဘာလို့လဲဆိုတော့ အာဆင်နယ်အနေနဲ့ ဒီထက်မက ပိုမိုရရှိခဲ့သင့်လို့ပါ။ ဒီတွေ့ရှိချက်တွေက ပြိုင်ဆိုင်မှု ရလဒ်တွေအပေါ် တကယ်ပဲ သက်ရောက်မှုရှိခဲ့တယ်ဆိုတာ နောက်ဆုံးမှာ သက်သေပြနိုင်ရင် ပရီးမီးယားလိဂ်အနေနဲ့ အဲဒါကို အလေးအနက်ထား အရေးယူရပါလိမ့်မယ်။
အခြားအသင်းတိုင်းကိုတော့ စည်းမျဉ်းတွေကို လေးစားပါလို့ ပြောပြီး အခုလို ကြီးမားတဲ့ စည်းမျဉ်းချိုးဖောက်မှုကိုတော့ ကားရပ်နားခ ဒဏ်ကြေးဆိုင်းဘုတ်လောက်ပဲ သဘောထားလို့ မရပါဘူး။
အပြစ်ဒဏ်က ပြင်းထန်တယ်ဆိုရင်လည်း ပြင်းထန်ပါစေ။ တန်းဆင်းပြစ်ဒဏ်လား။ အမှတ်လျော့ ပြစ်ဒဏ်လား။ ရရှိထားတဲ့ ဆုဖလားတွေကို ပြန်လည်စိစစ်တာလား။ စည်းမျဉ်းတွေအောက်က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုက ဘာပဲဆုံးဖြတ် ဆုံးဖြတ်၊ စနစ်တကျ အရေးယူ ဆောင်ရွက်ရပါမယ်။
ဒါပေမဲ့ အာဆင်နယ်ပရိသတ်တွေ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်ရှိတဲ့ အရာတစ်ခုကတော့ ‘ကျွန်တော်တို့ဟာ အခုလို ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု အကြီးအကျယ် စွပ်စွဲခံထားရတဲ့ အသင်းတစ်သင်းနဲ့ လုံးဝမယှဉ်ပြိုင်ခဲ့ရသင့်ပါဘူး’ ဆိုတာပါပဲ။ မန်စီးတီးပရိသတ်တွေအနေနဲ့ သူတို့လှောင်ချင်သလောက် လှောင်နိုင်ပါတယ်။
ဒါပေမဲ့ ၁၁၄ ချက်အထိ အပြစ်ရှိကြောင်း တွေ့ရှိထားတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ရင်း အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားတွေကို အနည်းငယ်သော ကွာခြားချက်လေးတွေနဲ့ လွဲချော်ခဲ့ရတာဆိုရင်တော့ အာဆင်နယ်ဂန်းနားတွေကို ပခုံးတွန့်ပြီး
‘အင်းလေ၊ ဘောလုံးဆိုတာ ဘောလုံးပါပဲ’ လို့ ရောင့်ရဲနေဖို့ မျှော်လင့်လို့မရပါဘူး။
လုံးဝ မရပါဘူး။ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ရင် အကျိုးဆက် ဆိုတာ ရှိရပါမယ်။ အဲဒီအကျိုးဆက်တွေက မန်ချက်စတာ စီးတီးကို အောက်တန်းတွေဆီ တန်းဆင်းသွားစေလောက်အောင် ပြင်းထန်တယ်ဆိုရင်လည်း ပြင်းထန်ပါစေ။ အာဆင်နယ်ဟာ မယှဉ်ပြိုင်နိုင်ခဲ့တာ မဟုတ်ပါဘူး။
အာဆင်နယ်ဟာ အားလုံးထင်ထားသလို တန်းတူညီမျှမှု မရှိတဲ့ ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။”

👍6
🔵ချယ်လ်ဆီးမှာ Clearlake ခေတ် စတင်
Todd Boehly ရဲ့ အခန်းကဏ္ဍကနေ ထွက်ခွာသွားပြီးနောက် Clearlake Capital က ချယ်လ်ဆီးကို အပြည့်အဝ ထိန်းချုပ်မယ့်ခေတ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
Clearlake ဘက်က Stamford Bridge နဲ့ပတ်သက်ပြီး နောက်ထပ် ဘယ်လိုအစီအစဉ်ချမှတ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမယ့် ကွင်းကို ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ ပြောင်းရွှေ့မယ့်အစီအစဉ် ရှိလာခဲ့ရင် Chelsea Pitch Owners (CPO) ရဲ့ မဲခွဲဆုံးဖြတ်ချက်ကို ရယူဖို့ လိုအပ်နိုင်ပါတယ်။
CPO ဟာ Stamford Bridge တည်ရှိတဲ့ မြေယာရဲ့ freehold ပိုင်ဆိုင်ခွင့်ကို ကိုင်ထားတဲ့ Chelsea ပရိသတ်အဖွဲ့ ဖြစ်တာကြောင့် အသင်းရဲ့အိမ်ကွင်းအနာဂတ်မှာ ပရိသတ်တွေက တိုက်ရိုက်ပါဝင်ဆုံးဖြတ်နိုင်တဲ့ ထူးခြားတဲ့အခွင့်အရေး ရှိနေပါတယ်။
Stamford Bridge အနာဂတ်ကတော့ အခုကစပြီး ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ။

🚨 ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ပေါ်တိုနောက်ခံလူကို စောင့်ကြည့်နေ
မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ပေါ်တိုအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ညာနောက်ခံလူ အယ်လ်ဘာတို ကော်စတာ ကို အပြောင်းအရွှေ့အတွက် စောင့်ကြည့်နေပါတယ်။
မန်ချက်စတာစီးတီးနဲ့ PSG တို့ကလည်း ကော်စတာကို စိတ်ဝင်စားနေကြပြီး လက်ရှိအချိန်အထိတော့ တရားဝင်ကမ်းလှမ်းမှု မရှိသေးပါဘူး။
ကော်စတာဟာ ပေါ်တိုနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ရှိပြီး ယူရို ၆၅ သန်း Release Clause ပါဝင်ထားပါတယ်။

🚨 အက်ဒီဟောင်းရဲ့ နောက်ထပ်ခရီးက ယူနိုက်တက် ဒါမှမဟုတ် အင်္ဂလန်အသင်းဖြစ်လာနိုင်
အက်ဒီဟောင်းဟာ နယူးကာဆယ် ကနေ ထွက်ခွာပြီးနောက် အချိန်အတော်ကြာ အနားယူဖို့ လက်ရှိမှာ ရည်ရွယ်ထားပါတယ်။ မိသားစုနဲ့ အချိန်ပေးချင်တာကြောင့် လက်ရှိအချိန်မှာ နည်းပြအလုပ်သစ်ရှာဖွေနေတာ မဟုတ်ဘူးလို့ Telegraph က ဖော်ပြထားပါတယ်။
ဒါပေမယ့် အနာဂတ်မှာ အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့ ရည်မှန်းချက်ရှိနေဆဲ ဖြစ်ပြီး၊ လက်ရှိ အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်ရဲ့ စာချုပ်အခြေအနေကြောင့် အနာဂတ်ကာလမှာ အခွင့်အရေးပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်ဘက်မှာလည်း အက်ဒီဟောင်းဟာ အသင်းအတွက် အရင်ကတည်းက စဉ်းစားခဲ့ဖူးတဲ့ နည်းပြတစ်ဦးပါ။ အဲရစ်တန်ဟက် ထွက်ခွာပြီးနောက် ဒန်အက်ရှ်ဝေါ့က အက်ဒီဟောင်းကို ခေါ်ယူဖို့ ထောက်ခံခဲ့ပေမယ့် နောက်ဆုံးမှာ ရူဘင်အမိုရင်ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

🚨 ယောကရက်စ်ကို အငှါးချဖို့ထက် အပြီးသတ်ရောင်းချဖို့ကိုသာ စဉ်းစားမယ့် အာဆင်နယ်
အာဆင်နယ်က ဗစ်တာ ယောကရက်စ်ကို အငှားနဲ့ ထွက်ခွာခွင့် လုံးဝမပြုဘူးလို့ သိရပါတယ်။အေစီမီလန်ဘက်က ယောကရက်စ်အတွက် အခြေအနေစုံစမ်းမှုတွေ ပြုလုပ်ထားပေမယ့် အာဆင်နယ်က အပြီးသတ်အပြောင်းအရွှေ့အတွက်တော့ ပေါင်သန်း ၆၀ ကျော် ရရှိမှသာ စဉ်းစားသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယောကရက်စ်ကို အေစီမီလန်ခေါ်ယူနိုင်ဖို့ဆိုရင် ငွေကြေးအမြောက်အမြား အသုံးပြုဖို့ လိုအပ်မှာဖြစ်ပြီး လက်ရှိအချိန်မှာ အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေ နည်းပါးနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမည့် ၂၀၂၇ ခုနှစ်နွေရာသီမှာအနားယူတော့မည့် မန်နျူရယ် နော်ယာရဲ့နေရာကို ဆက်ခံနိုင်မယ့် ဂိုးသမားအဖြစ် အဲဗာတန်အသင်းရဲ့ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို စောင့်ကြည့်နေပါသည်။
လက်ရှိအချိန်တွင် ဘိုင်ယန်အသင်းနည်းပြ ဗင်းဆင့် ကွန်ပနီဟာ အသက် ၃၂ နှစ်အရွယ် အင်္ဂလန်ဂိုးသမားအကြောင်း အချက်အလက်တွေ စုဆောင်းနေပြီး ဘိုင်ယန်ရဲ့ ဦးစားပေးစာရင်းမှာ ဘရိုက်တန်အသင်းရဲ့ ဂိုးသမား ဘတ်တ် ဗာဘရူဂန်ထက် ပစ်ဖို့ဒ်က ပိုမိုရေးပန်းစားနေကြောင်း သိရှိရပါသည်။ သို့ပေမယ့် အဲဗာတန်အသင်းကတော့ ပစ်ဖို့ဒ်ကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိသလို ၊ ပစ်ဖို့ဒ်ကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာလိုခြင်းမရှိကြောင်း သိရှိရပါသည်။

မိုက်ကယ် အိုလီဗာဟာ ၂၀၂၃ ခုနှစ်က အာရပ်စော်ဘွားများပြည်ထောင်စု မှာ ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့စဉ် ပေါင် ၂၀,၀၀၀ ရရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိကြောင်း သတင်းထွက်ပေါ်လာပါတယ်။ 👀⚠️
အိုလီဗာနဲ့ အခြားဒိုင်လူကြီးများဟာ ရာသီဝက်ကာလအတွင်း UAE မှာ ပွဲစဉ်တွေ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးဖို့အတွက် ငွေကြေးလက်ခံခဲ့ကြတယ်လို့ စွပ်စွဲပြောဆိုထားကြပါတယ်။ 💰🇦🇪
မန်ချက်စတာ စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုအခင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ တိုးတက်မှုတွေ ဖြစ်ပေါ်လာပြီးနောက် အဆိုပါ စွပ်စွဲချက်များဟာ တစ်ကျော့ပြန် ခေါင်းထောင်လာတာ ဖြစ်ပါတယ်။ 🔵👀
ဒါတွေဟာ စွပ်စွဲချက်အဆင့်မှာပဲ ရှိသေးပြီး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံပြီး အိုလီဘာရဲ့ အပြစ်ကျူးလွန်ထားမှုကို အတည်မပြုရသေးပါဘူး။
မိုက်ကယ် အိုလီဗာဟာ မန်စီးတီးပိုင်ရှင်တွေရဲ့ တိုက်ရိုက်လက်အောက်ခံ UAE မှာ ပြင်ပဒိုင်လူကြီးအလုပ်တွေ လုပ်ပြီး ငွေကြေးရယူခဲ့တယ်ဆိုတာ လူတိုင်းသိထားတဲ့ အကြောင်းအရာဖြစ်ပါတယ်
ဒါဟာ စံချိန်တင် အရင်က မဖြစ်ဖူးခဲ့သလို ထင်ရှားတဲ့ အကျိုးစီးပွား ပဋိပက္ခလည်း ဖြစ်ပါတယ်။ သင်သာဆိုရင် သင့်ကို ငွေကြေးမြောက်မြားစွာ ပေးချေထားတဲ့ ပိုင်ရှင်တွေရဲ့ အသင်းကို ဆန့်ကျင်ပြီး ဆုံးဖြတ်ချက်တွေ ပေးပါ့မလား။
ဖူဟမ်အသင်းနဲ့ ပွဲစဉ်မှာ ပထမပိုင်း မပြီးခင် မန်စီးတီးအသင်း ဦးဆောင်ဂိုးရရှိဖို့အတွက် အိုလီဗာဟာ သိသာထင်ရှားတဲ့ လူကျွံဘောကို လျစ်လျူရှုခဲ့ပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာလည်း မိုက်ကယ် အိုလီဗာဟာ နောက်ကနေ ကန်ထုတ်ခဲ့တဲ့ ကိုဗာချစ် ရဲ့ အနီကတ်ပြသသင့်တဲ့ ပြစ်ဒဏ်အတွက် အဝါကတ်ပဲ ပြသခဲ့ပါတယ်။
ပိုဆိုးတာက ကိုဗာချစ်ဟာ ဒုတိယအဝါကတ် ပြသရမယ့် ထင်ရှားတဲ့ ပြစ်ဒဏ်တစ်ခုကို ထပ်မံကျူးလွန်ခဲ့ပေမဲ့ အိုလီဗာက မန်စီးတီးဘက်ကနေ ရပ်တည်ပြီး အဲ့ဒါကို ထပ်မံလျစ်လျူရှုခဲ့ပြန်ပါတယ်။
မန်ယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မှာ အိုလီဘာဟာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့ပြီး ကွင်းထဲမှာ ပေးမထားတဲ့ ပင်နယ်တီကို ပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒါဟာ အလွန် Soft ဖြစ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ပြီး ကွင်းထဲက ဒိုင်လူကြီးတွေကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာလည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မန်စီးတီးအသင်း ရင်ဆိုင်ခဲ့ရတဲ့ အဆုံးအဖြတ် ပင်နယ်တီကို အိုလီဗာက လျစ်လျူရှုခဲ့ပါတယ်။ ရင်ဘတ်ကို ဘောလုံးဖိနပ်နဲ့ ကန်မိခဲ့ပေမဲ့ ပြစ်ဒဏ်ဘော သတ်မှတ်မပေးခဲ့ပါဘူး။
နောက်ဆုံးအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာလည်း FA ဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးအသင်း တက်ရောက်နိုင်ဖို့အတွက် အိုလီဗာဟာ ထင်ရှားတဲ့ ပင်နယ်တီကို လျစ်လျူရှုပေးခဲ့ပါတယ်။
အိုလီဘာဟာ UAE မှာရှိတဲ့ သူ့ရဲ့ အောက်ဆိုက်အလုပ်အတွက် ဆက်လက်ခေါ်ယူခံရဖို့ သေချာအောင် လုပ်ဆောင်နေပုံရပါတယ်။

❤3
ဘရာဇီးကလပ် ကိုရင်သီယန်စ်အသင်းဟာ PSG အသင်းနှင့်လမ်းခွဲပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတို ဆန်ချက်စ်ကို ခေါ်ယူရန် ဒုတိယအကြိမ် ကမ်းလှမ်းမှုထပ်မံ ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ရီနာတို ဆန်ချက်စ်ဟာ အစက စပိန်ကလပ် ဂီတာဖေးအသင်းသို့ပြောင်းရွှေ့ကစားရန် စီစဥ်ခဲ့ပေမယ့် ဂီတာဖေးအသင်းနှင်ဆွေးနွေးမှုတွေ ပျက်ပြယ်သွားပြီးနောက် တောင်အမေရိကမှကမ်းလှမ်းမှုများကို လက်ခံသွားဖို့ စဥ်းစားနေပါသည်။ လက်ရှိအချိန်မှာ ဆန်ချက်စ်ဟာ ဘရာဇီးကလပ် အများအပြားနဲ့ ဆွေးနွေးနေဆဲဖြစ်ပေမယ့် ၎င်ကိုရရှိရန် ကိုရင်သီယန်စ်အသင်းက ထိပ်ဆုံးက ရေပန်းစားနေကြောင်း သိရှိရပါသည်။

👍3
🚨 OFFICIAL: အာဂျင်တီးနားအသင်းက မက်ဆီ နောက်ဆုံးပွဲ မကစားမချင်း နံပါတ် ၁၀ ကို ဘယ်သူ့ကိုမှ ပေးဝတ်မှာ မဟုတ်ပါဘူး။
လီယွန်နယ် မက်ဆီဟာ အောက်တိုဘာ ၆ ရက်မှာ Monumental ကွင်းကြီးအတွင်း ဘီနင်နဲ့ပွဲမှာ နံပါတ် ၁၀ ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။
ပြီးရင်တော့ ၂၀၂၇ ခုနှစ်ကစပြီး အာဂျင်တီးနားအသင်းရဲ့ မက်ဆီမပါဝင်တော့တဲ့ ခေတ်သစ်တစ်ခု စတင်လာတော့မှာပါ။
နည်းပြ လီယွန်နယ် စကာလိုနီကလည်း မက်ဆီနဲ့ပတ်သက်ပြီး— “ဘူကီနာဖာဆိုနဲ့ပွဲပြီးရင် တနင်္ဂနွေနေ့မှာ မက်ဆီ အသင်းနဲ့လာပူးပေါင်းဖို့ မျှော်လင့်ထားပါတယ်။
အောက်တိုဘာ ၃ ရက်နေ့မှာပါ သူကစားချင်တယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး” လို့ ပြောထားပါတယ်။

❤4
🚨Official Statement : မန်စီးတီးအသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်
မန်စီးတီးအသင်းက ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ ပရီးမီးယားလိဂ် ကော်မရှင် ရဲ့ သဘောထားဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ပြီး အံ့အားသင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဘက်က စွပ်စွဲထားတဲ့ အမှုတွေမှာ မိမိတို့အပြစ်မရှိဘူးလို့ အခိုင်အမာ ယုံကြည်စွာရပ်တည်ထားပြီး၊ မိမိတို့ရဲ့ ရပ်တည်ချက်အားလုံးကို ထောက်ခံနိုင်မယ့် ခိုင်လုံပြီး ငြင်းမရနိုင်တဲ့ အထောက်အထားများစွာ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လိုအပ်လာရင် သက်ဆိုင်ရာ အားကစားစည်းမျဉ်းဆိုင်ရာနဲ့ ဥပဒေရေးရာ လမ်းကြောင်းအားလုံးမှာ အယူခံဝင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မန်စီးတီးက ပြောပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ရဲ့ လုပ်ငန်းစဉ်ကလည်း အပြီးသတ်သွားခြင်းမရှိသေးဘဲ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ကော်မရှင် ရဲ့ သဘောထားဆုံးဖြတ်ချက်ထဲမှာ ဥပဒေ၊ အခြေခံမူနဲ့ အချက်အလက်ပိုင်းဆိုင်ရာ အရေးကြီးတဲ့ အမှားတွေ ပါဝင်နေပြီး ဆုံးဖြတ်ချက်ဟာ မခိုင်လုံဘူးလို့ ယူဆတာကြောင့် ရရှိနိုင်တဲ့ အယူခံလမ်းကြောင်းတွေကနေ ဆက်လက်အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အသင်းဟာ ဒီအမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၈ နှစ်အတွင်း due process ကို လေးစားလိုက်နာခဲ့တယ်လို့လည်း ဆိုထားပြီး ပရီးမီးယားလိဂ် ဘက်က လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့အဖြစ် ဆောင်ရွက်မယ်လို့ ယုံကြည်ခဲ့ကြောင်း ပြောပါတယ်။
လက်ရှိအချိန်မှာ နောက်ထပ်တရားရေးနဲ့ အယူခံလုပ်ငန်းစဉ်တွေ မပြီးဆုံးသေးတာကြောင့် အသေးစိတ်အချက်အလက်တွေကို ထပ်မံပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ မန်စီးတီးက အဆုံးသတ်ရေးသားထားပါတယ်။

🚨 မန်စီးတီး ဘောလုံးအသင်းရဲ့ အရှုပ်တော်ပုံတွေကို ကမ္ဘာသိအောင် ဖော်ထုတ်ခဲ့တဲ့ လျှို့ဝှက်သတင်းပေးသူက သူ့မှာ နောက်ထပ် အချက်အလက်တွေ အများကြီး ကျန်သေးတယ်လို့ ကြေညာလိုက်ပါတယ်။
ဒီအရေးအခင်းရဲ့ ဗဟိုချက်မှာရှိနေသူကတော့ ပေါ်တူဂီဟက်ကာ ရူအီ ပင်တိုပါပဲ။ အခုချိန်မှာတော့ သူ့ရဲ့ လုံခြုံရေးအတွက် သက်သေကာကွယ်ရေး အစီအစဉ် (Witness Protection) အောက်မှာ စောင့်ရှောက်ခံထားရပါတယ်။
ရူအီ ပင်တိုဟာ ၂၀၁၅ ခုနှစ်လောက်ကတည်းက Football Leaks ဆိုတဲ့ ဝဘ်ဆိုက်ကို ထူထောင်ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ အရောင်းအဝယ်တွေ၊ စာချုပ်ပါ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူပါ။
မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်း (FFP) တွေကို ရှောင်လွှဲဖို့ အာရပ်စပွန်ဆာတွေဆီက ပိုက်ဆံတွေကို ပုံစံမျိုးစုံနဲ့ တရားမဝင် လမ်းကြောင်းပြောင်း ထည့်သွင်းခဲ့ကြောင်း လျှို့ဝှက် အီးမေးလ်ပေါင်း သန်းနဲ့ချီပြီး ဖွင့်ချခဲ့ပါတယ်။
နည်းပြ ပက် ဂွါဒီယိုလာနဲ့ ကစားသမား အချို့ရဲ့ တရားဝင် စာချုပ်ပြင်ပက သီးသန့် ဘောနပ်စ်ကြေးနဲ့ လျှို့ဝှက် လစာပေးချေမှု အထောက်အထားတွေကိုလည်း ဒီအတိုင်း ထုတ်ပြခဲ့တာပါ။
အသင်း ပိုင်ရှင်တွေ၊ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် သက်သေကာကွယ်ရေးအောက် ရောက်နေရတဲ့ ပင်တိုက သူ့မှာ မန်စီးတီးနဲ့ အခြား ထိပ်သီးကလပ်တွေရဲ့ ဘဏ္ဍာရေး မသမာမှု အထောက်အထားတွေ အမြောက်အမြား ကျန်ရှိနေသေးကြောင်း ပြောဆိုလာခဲ့ပါတယ်။
"ကျွန်တော် ထုတ်ပြန်ခဲ့တာတွေက ပဟေဠိရဲ့ အစိတ်ပိုင်း အနည်းငယ်ပဲ ရှိပါသေးတယ်။ ကျွန်တော့်ဆီမှာ မန်စီးတီးနဲ့ ပတ်သက်တဲ့ အရေးကြီး ရာခိုင်နှုန်းပေါင်းများစွာသော အချက်အလက်တွေနဲ့ အီးမေးလ်တွေ ကျန်နေပါသေးတယ်။ ဒီအချက်အလက်တွေကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ အဆင်သင့်ပါပဲ" လို့ ပင်တိုက ဆိုပါတယ်။
အခုဆိုရင် ပရီးမီးယားလိဂ် အာဏာပိုင်တွေက မန်စီးတီးကို ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက် ၁၁၅ ချက်နဲ့ အရေးယူဖို့ စုံစမ်းစစ်ဆေးနေတာမို့ ပင်တိုရဲ့ နောက်ထပ် ထွက်ပေါ်လာမယ့် သတင်းအချက်အလက်တွေဟာ မန်စီးတီးရဲ့ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်လောက်တဲ့အထိ ဖြစ်လာမှာ သေချာပါတယ်။

❤5
ပေါ်တူဂီ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေဖြစ်နိုင်တဲ့ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨
ကစားသမားက ယနေ့ လေ့ကျင့်ရေးစခန်းမှ ထွက်ခွါလာပြီးနောက် ပေါ်တူဂီအသင်းမှာ ပြန်လည်ကစားဖို့ မရှိတော့ဘူးလို့ သိရပါတယ်။
Jorge Jesus နဲ့ Portugal FA ဥက္ကဋ္ဌ Pedro Proença တို့က Cristiano Ronaldo ကို အသင်းမှာ ဆက်နေဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် Ronaldo ကတော့ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲ ကိုယ်ပိုင်လေယာဉ်နဲ့ Madrid ကို ထွက်ခွာသွားခဲ့တယ် လို့ MARCA က ဖော်ပြလာပါတယ်။
Ronaldo ကတော့ လက်ရှိ မှာ Portugal အသင်းကနေ အပြီးတိုင် အနားယူပြီလို့ တိုက်ရိုက်မပြောထားသေးပါဘူး။ “အချိန်တန်ရင် အမှန်တရားကို ပြောပြမယ်” လို့သာ ဆိုထားပါတယ်။
👉🏻 ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥပဒေအရ
နိုင်ငံအသင်းအတွက် ရွေးချယ်ခံရပြီးနောက် အသင်းတာဝန်ရှိသူရဲ့ ခွင့်ပြုချက်မရပဲ အသင်း လေ့ကျင့်ရေးစခန်းမှ ထွက်ခွါခဲ့ပါက ကစားသမားကို (၆) လအထိ ပွဲပယ်ပြစ်ဒယ် နဲ့ ဒဏ်ငွေချမှတ်လို့ ရပါတယ်။
လက်ရှိ တင်းမာနေတဲ့ အခြေအနေကြောင့် ကစားသမားက နိုင်ငံ့အသင်းအတွက် ပြန်လည် ကစားဖို့မရှိပဲ စက်တင်ဘာ (၂၄) ရက်က ကစားခဲ့တဲ့ ဝေးစ်လ် နဲ့ပွဲက နိုင်ငံအတွက် နောက်ဆုံးကစားပေးတဲ့ပွဲ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။
———————————————————————————————-
ကစားသမားက နိုင်ငံအတွက် စုစုပေါင်း
🏟 (၂၃၄) ပွဲ
⚽️ (၁၄၆) ဂိုး
🅰️ (၃၇) ကြိမ် ဂိုးဖန်တီးပေး ခဲ့ပါတယ်။
ဒါ့အပြင်
🔥hat-tricks (၁၀) ကြိမ် နဲ့
🏅ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို (၂၄) ကြိမ်အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။
🏆 ယူရိုဖလား (၁) ကြိမ် (၂၀၁၆)
🏆🏆နေးရှင်းလိဂ် (၂) ကြိမ် ၊ (၂၀၁၈/၁၉၊ ၂၀၂၄၊၂၅)
ဆွတ်ခူး ရရှိခဲ့ပါတယ်။

❤7🫡3
🗣 ပက်ပ် ဂွါဒီယိုလာရဲ့ မန်စီးတီးပရိသတ်တွေအတွက် အားပေးစကား
“ကမ္ဘာတစ်ဝန်းက မန်စီးတီးပရိသတ် တစ်ဦးချင်းစီကို ကျွန်တော် အတူတူရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ အရင်ကထက် ပိုပြီး ကျွန်တော်တို့ အသင်းဘက်မှာ ရပ်တည်ပေးရပါမယ်။
ကျွန်တော့် အသင်း၊ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ ခါလ်ဒွန်း အယ်လ်မူဘာရက်၊ ဖာရန် ဆိုရီယာနို၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အန်ဇို မာရက်စ်ကာနဲ့ ကျွန်တော်တို့ရဲ့ ထူးခြားလှတဲ့ ပရိသတ်တွေအားလုံးရဲ့ နောက်မှာ အမြဲရှိနေခဲ့သလို အမြဲလည်း ရပ်တည်ပေးနေမှာပါ။
ရှင်းရှင်းလင်းလင်း ပြောချင်တာက — ဒီအခြေအနေကို ကျွန်တော်တို့ အတူတူ ရင်ဆိုင်ဖြတ်ကျော်သွားမှာပါ။အားလုံးကို ချစ်ပါတယ်။ ”
— ပက်ပ် ဂွာဒီယိုလာ

🔵 အဲလက်စ် စကော့တ် ရဲ့ စာချုပ်ခြေအနေကို စောင့်ကြည့်နေတဲ့ ချယ်လ်ဆီး
အဲလက်စ် စကော့တ်က ဘုန်းမောက်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်အများအပြားကို ပယ်ချထားပါတယ်။ ဒါပေမယ့် ကစားသမားဘက်၊ ဘုန်းမောက် အသင်းနဲ့ ကစားသမားအေးဂျင့် တွေကြား ဆွေးနွေးမှုတွေကတော့ ဆက်လက်ပြုလုပ်နေဆဲပါ။
ချယ်လ်ဆီးကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

“ ပေါ်တူဂီ နည်းပြ 𝐉𝐨𝐫𝐠𝐞 𝐉𝐞𝐬𝐮𝐬 က နော်ဝေးနဲ့ ပွဲမှာ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 ကို မိနစ် (၃၀) အကြာ သွေးပူလေ့ကျင့်ခန်းဆင်းခိုင်းပြီးနောက် လူစားမလဲခံခြင်းအပေါ် ကစားသမားက မကျေမနပ် ဖြစ်နေခဲ့တာလို့ဆိုပါတယ်။
ပွဲအပြီးမှာတော့ ကစားသမားကို နည်းပြက တောင်းပန်ခဲ့တဲ့အပြင် လူသိရှင်ကြား တောင်းပန်မှာ ဖြစ်ကြောင်းကိုလဲ ကတိပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မနေ့က ပွဲကြိုအင်တာဗျူးမှာ နည်းပြက သူ့အနေနဲ့ အသင်းရဲ့ အုပ်ချုပ်စီမံသူဖြစ်ကြောင်း၊ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 က ကစားသမားတစ်ယောက်သာ ဖြစ်ကြောင်း မီဒီယာတွေကို ဖြေကြားခဲ့ပြီးနောက်
ကစားသမားအနေနဲ့ နည်းပြက သူ့ကိုသစ္စာဖောက်တယ်လို့ ခံစားရတဲ့အတွက် အသင်းလေ့ကျင့်ရေးစခန်းမှ ထွက်လာခဲ့တာ ဖြစ်ကြောင်း”
𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 သူငယ်ချင်း 𝐄𝐝𝐮 𝐀𝐠𝐮𝐢𝐫𝐫𝐞 ကဆိုပါတယ်။

🔴 ဘာလီဘာ ယူနိုက်တက်မှာ အဆင်ပြေပြေ အသားကျလာ
မန်ချက်စတာယူနိုက်တက်ကို ရောက်ခါစတုန်းက ဘာလီဘာဟာ Carrington မှာ နည်းနည်းရှက်တတ်ပြီး အနေအေးနေခဲ့ပေမယ့် အခုတော့ အသင်းနဲ့အတူ ကောင်းကောင်းအသားကျလာပြီလို့ သိရပါတယ်။
ဘာလီဘာရဲ့ ပျော်ပျော်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း တဖြည်းဖြည်းပေါ်လာပြီး ဘရိုင်ယန် အမ်ဘူမိုနဲ့ အရမ်းရင်းနှီးလာသလို လန်နီ ယိုရိုနဲ့ အာမက်တို့နဲ့လည်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ ရရှိထားပါတယ်။
ပြီးခဲ့တဲ့အပတ်က မန်ယူနိုက်တက်ကစားသမားအများစုကို အနားပေးခဲ့ပေမယ့် ဘာလီဘာကတော့ Carrington ကို လာရောက်ပြီး တစ်ဦးချင်းလေ့ကျင့်ရေး ပြုလုပ်ခဲ့တဲ့ ကစားသမားအနည်းစုထဲမှာ ပါဝင်ခဲ့ပါတယ်။

ချက်အသင်းအား အနိုင်ရရှိခဲ့သည့်အဝေးကွင်းပွဲစဥ်ပြီးနောက် မန်ချက်စတာစီးတီးအသင်းနဲ့ပတ်သက်ပြီး မေးမြန်တဲ့မေးခွန်းတွေအပေါ် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက
“ မန်ချက်စတာစီးတီးအသင်းရဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အချိန်မတန်သေးပါဘူး ၊ နောက်ပြီး အခုချိန်မှာ ဒီကိစ္စကို ကျွန်တော်မှတ်ချက်ပေးဖို့ မသင့်သေးပါဘူး။
ဒီကိစ္စက အရေးကြီးတဲ့သတင်းတစ်ခုဆိုတာ နားလည်ပါတယ်။ ကျွန်တော်အနေနဲ့ အချက်အလက်တွေကို ပိုပြီးနားလည်ဖို့ လိုအပ်ပါသေးတယ်။လက်ရှိအင်္ဂလန်အသင်းနဲ့အတူ ရှိနေချိန်မှာတော့ အင်္ဂလန်အသင်းအပေါ်ပဲ အာရုံစိုက်ထားပြီးအခြား ကိစ္စတွေထက် စနေနေ့မှာ ကစားမယ့် ခရိုအေးရှားနဲ့ပွဲစဥ်အတွက်ပဲ အာရုံစိုက်နေပါတယ် ” လို့ Sky Sports မှာ ပြောကြားသွားခဲ့ပါသည်။

👍1