Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🚨 UEFA က ဘာစီလိုနာရဲ့ နီဂရီးရာ အမှု ကို ဆက်လက်စစ်ဆေးနေဆဲလို့ အတည်ပြု
UEFA က ရီးရဲလ်မက်ဒရစ်အသင်းထံကနေ ဘာစီလိုနာနဲ့ ပတ်သက်တဲ့ နီဂရီးရာ အမှု အတွက် စာရွက်စာတမ်းအများအပြားကို လက်ခံရရှိထားပြီလို့ တရားဝင်ထုတ်ပြန်ပါတယ်။
UEFA ရဲ့ Ethics & Disciplinary Inspectors တွေကလည်း ရရှိလာတဲ့ စာရွက်စာတမ်းအသစ်တွေကို လက်ရှိဆက်လက်လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုအတွင်း ထည့်သွင်းသုံးသပ်သွားမယ်လို့ ဆိုပါတယ်။
⚪️ ရီးရဲလ်မက်ဒရစ်ဘက်ကတော့
ရီးရဲလ်မက်ဒရစ်က UEFA ထံ တင်ပြထားတဲ့ တိုင်ကြားချက်မှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဘာစီလိုနာက ဒိုင်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း ဟိုဆေး မာရီယာ အန်ရီကေးဇ် နီဂရီးရာ ထံ ပေးချေခဲ့တဲ့ ငွေကြေးတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းနဲ့ အထောက်အထား အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ဒီအမှုကို အမြန်ဆုံး ဆက်လက်စစ်ဆေးပြီး အမှုရဲ့ နောက်ဆုံးအဖြေထွက်လာဖို့ တောင်းဆိုထားပါတယ်။
🔵 ဘာစီလိုနာဘက်ကတော့ ပြန်လည်ရှင်းလင်း
ဘာစီလိုနာကတော့ UEFA က စုံစမ်းစစ်ဆေးမှုအသစ် ဖွင့်လိုက်တာမဟုတ်သလို၊ ပြန်လည်ဖွင့်လိုက်တာလည်း မဟုတ်ဘူး လို့ ရှင်းလင်းထားပါတယ်။
ဒီကိစ္စကို ၂၀၂၃ ခုနှစ်ကတည်းက စတင်စုံစမ်းခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုဟာ အခုချိန်ထိ မပိတ်သေးတာကြောင့် ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဘာစီလိုနာက ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်က ပေးပို့ခဲ့တဲ့ စာရွက်စာတမ်းတွေကို UEFA စုံစမ်းစစ်ဆေးသူတွေက သုံးသပ်သွားမှာဖြစ်ပေမယ့်၊ အခုချိန်အထိ ဘာစီလိုနာဘက်ကို စာရွက်စာတမ်းအသစ်တွေ တောင်းခံတာ၊ ရီးရဲလ်မက်ဒရစ်ရဲ့ တိုင်ကြားချက်ကို ပေးပို့တာမျိုး မရှိသေးဘူးလို့လည်း ပြောထားပါတယ်။
လက်ရှိအချိန်မှာ အရေးကြီးတာက UEFA က ဘာစီလိုနာကို ပြစ်ဒဏ်ချမှတ်လိုက်တာ မဟုတ်သေးပါဘူး။ UEFA ရဲ့ စုံစမ်းစစ်ဆေးမှုက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ပေးပို့ထားတဲ့ အထောက်အထားတွေကိုလည်း စုံစမ်းစစ်ဆေးသူတွေက ဆက်လက်သုံးသပ်သွားမှာ ဖြစ်ပါတယ်။

🚨 Premier League အသင်းအားလုံးက Manchester City ရဲ့ အမှုနဲ့ပတ်သက်ပြီး ရာသီကုန်မှာ နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာဖို့ အပြင်းအထန် တောင်းဆိုနေကြပါတယ်။
Premier League ထိပ်တန်းအသင်းတွေရဲ့ အရေးကြီးတဲ့ တာဝန်ရှိသူတွေက ဒီရာသီကုန်မှာ အပြီးသတ် ဆုံးဖြတ်ချက် ထွက်လာဖို့ မျှော်လင့်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှုအကြောင်းကို အားလုံးက ငြီးငွေ့နေကြပြီဖြစ်ပြီး Manchester City ရင်ဆိုင်နေရနိုင်တဲ့ အရေးယူအပြစ်ပေးမှုတွေနဲ့ပတ်သက်ပြီးလည်း နောက်ဆုံးအဖြေတစ်ခု ရချင်နေကြလို့ပါ။
Manchester City ကတော့ သူတို့မှာ အပြစ်မရှိကြောင်း ဆက်လက်အခိုင်အမာ ပြောဆိုနေဆဲဖြစ်ပါတယ်။
Premier League ဘက်ကတော့ Manchester City အပေါ် စွဲဆိုထားတဲ့ စွဲချက် ၁၁၅ ခုစလုံးမှာ Manchester City အပြစ်ရှိတယ်လို့ ယုံကြည်ထားပါတယ်။

👍3
🚨 ရော်နယ်ဒိုနဲ့ ဂျော်ဂျီယက်စ်ကြား အကြီးအကျယ် ပြဿနာတက်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်း
စပိန်သတင်းစာ MARCA ရဲ့ အဆိုအရ ခရစ္စတီယာနို ရော်နယ်ဒိုဟာ နည်းပြ ဂျော်ဂျီယက်စ်ရဲ့ လုပ်ရပ်ကြောင့် “လိမ်လည် သစ္စာဖောက်ခံရတယ်” လို့ ခံစားနေရတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းအခြေအနေ နောက်ကွယ်က အကြောင်းအရင်းတွေက —
ရော်နယ်ဒိုဟာ မူလက ကမ္ဘာ့ဖလားပြီးရင် နိုင်ငံလက်ရွေးစင် ဘောလုံးသမားဘဝကနေ အနားယူဖို့ စီစဉ်ထားခဲ့ပါတယ်။ဒါပေမယ့် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဂျော်ဂျီယက်စ်တို့က အသင်းမှာ သူ့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍ ရှိနေသေးတယ်လို့ ဆွေးနွေးပြီး ဆက်ကစားဖို့ စည်းရုံးခဲ့ကြပါတယ်။မူလသဘောတူညီချက်အရ အိမ်ကွင်း ၂ ပွဲစလုံး ပါဝင်ကစားပြီး အဝေးကွင်း ၂ ပွဲကိုတော့ မပါဝင်ဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒါပေမယ့် ဂျော်ဂျီယက်စ်က နောက်ပိုင်းမှာ အစီအစဉ်ပြောင်းပြီး နော်ဝေနဲ့ပွဲမှာ ရော်နယ်ဒို ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ရော်နယ်ဒိုက သွေးပူလေ့ကျင့်ခန်းတောင် လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ အရန်ခုံပေါ်ပဲ ထိုင်ခဲ့ရပါတယ်။အဲဒီနောက် ဒိန်းမတ်နဲ့ အဝေးကွင်းပွဲမှာလည်း ပါဝင်နိုင်တယ်လို့ ရော်နယ်ဒိုကို ပြောခဲ့ပြီး မူလသဘောတူညီချက်နဲ့ ထပ်မံကွဲလွဲသွားခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ဒီအခြေအနေကို ကိုင်တွယ်ပုံနဲ့ အထူးသဖြင့် လူသိရှင်ကြား ပြောဆိုခဲ့တဲ့စကားတွေကြောင့် လှည့်စားခံရပြီး မလေးမစားလုပ်ခံရတယ် လို့ ခံစားခဲ့ရပါတယ်။နောက်ဆုံး ဂျော်ဂျီယက်စ်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ အခြေအနေက အဆုံးစွန်ထိ တင်းမာလာခဲ့ပြီး ရော်နယ်ဒိုဟာ ဖြစ်ရပ်အပေါ် ဂျော်ဂျီယက်စ်က လူသိရှင်ကြား ရှင်းလင်းမပြောခဲ့တာကို မကျေနပ်ခဲ့ပါဘူး။
ဂျော်ဂျီယက်စ်ဟာ ရော်နယ်ဒိုနဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာလည်း လူသိရှင်ကြား တောင်းပန်မယ်လို့ ကတိပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ တောင်းပန်စကား လုံးဝမပြောခဲ့ပါဘူး။
ဒါကြောင့် ရော်နယ်ဒိုဟာ ဂျော်ဂျီယက်စ်က မီဒီယာရှေ့မှာ “အကွက်ချပြီး ထက်မြက်တဲ့သူလို ပြသဖို့ ကြိုးစားခဲ့တယ်” လို့ ယူဆကာ မလေးမစားလုပ်ခံရတယ်လို့ ခံစားနေရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားခဲ့ပြီး၊ ဒါဟာ သူ့ရဲ့ နိုင်ငံတကာကစားသမားဘဝကို မမျှော်လင့်ဘဲ အဆုံးသတ်သွားဖွယ်ရှိနေတဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပေါ်တိုအသင်းသည် ဆော်ဒီကလပ် အယ်လ်ဖိုင်ဟာအသင်းနဲ့လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၃၆နှစ်အရွယ် အဂ်လန်နောက်ခံလူဟောင်း ခရစ်စမောလင်းအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူကာ ရာသီကုန်အထိခေါ်ယူစာချုပ် ချုပ်ဆိုခဲ့ပါသည်။ စာချုပ်ထဲတွင် နောက်ထပ် တစ်ရာသီသက်တမ်းတိုးနိုင်ခွင့် Option လည်းထည့်သွင်းချုပ်ဆိုထားကြောင်း သိရှိရပါသည်။
🚨 အာဆင်နယ်အတွက် သတင်းကောင်း ဆာလီဘာ ပြန်လည်လေ့ကျင့်ရေးဆင်းနေပြီ
ဝီလီယမ် ဆာလီဘာဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာပြီး မြက်ခင်းပေါ်မှာ ပြန်လည် လေ့ကျင့်ရေးအစီအစဉ်တွေစတင်နေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။
ပြင်သစ်နောက်ခံလူဟာ လက်ရှိ Recovery အခြေအနေကောင်းမွန်နေပြီး နိုဝင်ဘာလအစပိုင်းမှာ ပြန်ကစားနိုင်ဖို့ ရည်မှန်းထားတယ်လို့ L’Équipe က ဖော်ပြထားပါတယ်။ ဆာလီဘာ ပြန်လည်ကစားလာနိုင်ဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။

❤2
ရော်နယ်ဒိုသာမရှိရင် ပေါ်တူဂီဟာ ဘာမှမဟုတ်တော့ဘူးဆိုတာ ဒီပုံက သက်၊ေသပါပဲ။
ရော်နယ်ဒိုထွက်သွားပြီးနောက်ပိုင်း ပေါ်တူဂီအသင်းတည်းခိုရာ ဟော်တယ်ရှေ့မြင်ကွင်းပါ။ ဘယ်မီဒီယာသမားမှလည်း စိတ်မ၀င်စားတော့သလို ဘယ်ကစားသမားကိုမှလာစောင့်နေတဲ့ ပရိသ၊တ်လည်း တစ်ဦးမှမရှိတော့ပါဘူး။
ဒါ့အပြင် ရော်နယ်ဒိုသာ မရှိတော့ရင် PUMA ဘက်မှလည်း ပေါ်တူဂီနဲ့ စပွန်ဆာကိစ္စကို ရပ်တန့်သွားဖို့ရှိနေပါတယ်။
ရော်နယ်ဒိုရဲ့ သက်ရောက်မှုပါပဲ 🐐🇵🇹

👏5❤1
🚨🎙 Fernando Santos က Jorge Jesus နဲ့ Cristiano Ronaldo ကြားက အငြင်းပွားမှုအပေါ် ပြောကြား
🗣 Fernando Santos
“ 2022 World Cup တုန်းက ကျွန်တော်နဲ့လည်း အလားတူ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက လူတိုင်းက ‘မင်း Ronaldo ကို Bench ချခဲ့တယ်၊ Bench ချခဲ့တယ်။ အဲ့ဒါကြောင့်ပဲ မင်းတို့ ရှုံးတာ’ လို့ ပြောခဲ့ကြတယ်။ဒါကြောင့် ဒီကိစ္စမှာ Jorge Jesus ကို ဖြစ်လာသမျှ အငြင်းပွားမှုတွေ၊ Cristiano က ဒီအကြောင်းကို ဘယ်လိုပုံဖော်ပြောဆိုနေလဲဆိုတာတွေအတွက် အပြည့်အဝ အပြစ်တင်လို့ မရဘူးလို့ ကျွန်တော်ထင်တယ် "
" နေ့တိုင်း Training မှာ သူတို့မြင်တွေ့နေရတာကို Coach တွေပဲ အမှန်တကယ် သိကြတာပါ။Portugal National Team က Ronaldo အပေါ် အချိန်အတော်ကြာ မှီခိုခဲ့တယ်။ Argentina က Messi အပေါ် နှစ်ပေါင်းများစွာ မှီခိုခဲ့သလိုပေါ့။ဒါပေမယ့် ပွဲတစ်ပွဲမှာ သူ့ကို မပါစေခဲ့တာတစ်ခုတည်းနဲ့ ကစားသမားတစ်ယောက်က ချက်ချင်း National Team ကနေ ထွက်သွားသင့်တယ်လို့တော့ ကျွန်တော် မထင်ဘူး "
" ဒီလိုကိစ္စတွေကို ကိုင်တွယ်သင့်တဲ့ နည်းလမ်းလည်း မဟုတ်ပါဘူး။Coach နဲ့ စကားပြောရမယ်။ အသင်းဖော်တွေနဲ့ စကားပြောရမယ်။ ဘာကြောင့် အဲ့ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလဲဆိုတာ သိအောင်လုပ်ရမယ်။ ပြီးရင် ရှေ့ဆက်သွားရမယ်။အခုတော့ Media တစ်ခုလုံးက Jorge ဘက်ကို ပြန်လှည့်တိုက်ခိုက်နေကြတယ်။ တကယ်တော့ သတင်းတွေအရ အသင်းနဲ့ နီးစပ်တဲ့သူတွေက Cristiano ကို ဆက်နေစေချင်ခဲ့ကြတယ်လို့ သိရတယ် "
" ဒါက ဒီအခြေအနေဟာ ဆုံးဖြတ်ချက်တစ်ခုတည်းထက် ပိုကြီးမားနေတယ်ဆိုတာကို ပြသနေပါတယ်။Cristiano က Legend တစ်ယောက်ပါ။ဒါပေမယ့် National Team က သဘောထားကွဲလွဲမှုတိုင်းကို လူမြင်ကွင်းပေါ်မှာ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့နေရာမျိုးတော့ မဖြစ်သင့်ဘူး။Portugal ကို တကယ်ချစ်တယ်ဆိုရင် တစ်ခါတလေ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဘေးဖယ်ထားပြီး အသင်းအတွက် ဘာက အကောင်းဆုံးလဲဆိုတာကို အရင်စဉ်းစားရတယ်၊ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ လူတိုင်းဆီက ကျွန်တော် မျှော်လင့်ခဲ့တာလည်း အဲ့ဒါပါပဲ ”
▪️nmt

👍4😡1
ဂျာမနီအသင်းလူစာရင်းကနေ ပေါင်နောက်ကြောဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ပြီးနောက် ကိုင် ဟာဗတ်ဇ်ဟာ အာဆင်နယ်အသင်းရဲ့ ဆေးအဖွဲ့နဲ့ ပြန်လည်ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။
အားတက်စရာ သတင်းတစ်ခုကတော့ အာဆင်နယ်နဲ့ နီးစပ်သူများရဲ့ ပထမအကြိမ် သုံးသပ်ချက်များအရ အဆိုပါဒဏ်ရာဟာ ပြင်းထန်တဲ့အခြေအနေ မဟုတ်ဘူးလို့ သိရတာပဲ ဖြစ်ပါတယ်။
football london ရဲ့ ဖော်ပြချက်အရ ဟာဗတ်ဇ်အနေနဲ့ လပေါင်းများစွာ အနားယူရမှာ မဟုတ်ဘဲ သီတင်းပတ် အနည်းငယ်မျှသာ အနားယူရဖွယ် ရှိနေပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုလည်း ရှိနေပါသေးတယ်။ အခုရရှိခဲ့တဲ့ ဒဏ်ရာဟာ ဟာဗတ်ဇ်ရဲ့ ဘယ်ဘက် ပေါင်နောက်ကြောဒဏ်ရာ ဖြစ်ပါတယ်။
ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ရာသီဥတုပူပြင်းတဲ့ လေ့ကျင့်ရေးစခန်းမှာ ကြွက်သားစုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ ညာဘက် ပေါင်နောက်ကြောဒဏ်ရာ မဟုတ်ပါဘူး။
ဟာဗတ်ဇ်ဟာ နယ်သာလန်အသင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ ဂျာမနီရဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပွဲချိန် မိနစ် ၃၀ သာ ကစားရသေးခင် ယခုဒဏ်ရာသစ် ရရှိခဲ့တာကြောင့် လူစားလဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်ရော ဂျာမနီဘောလုံးအဖွဲ့ချုပ်ပါ သတိကြီးစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ဟာဗတ်ဇ်ကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နိုင်ဖို့ လန်ဒန်သို့ ချက်ချင်း ပြန်လွှတ်ခဲ့ပါတယ်။
လောလောဆယ်မှာတော့ အပြည်ပြည်ဆိုင်ရာ ရက်သတ္တပတ်အပြီး ကစားရမယ့် အာဆင်နယ်ရဲ့ ပထမဆုံးပွဲစဉ်မှာ သူ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။
လိဒ်စ်အသင်းနဲ့ ကစားရမယ့်ပွဲမှာ ပါဝင်နိုင်ခြေ ရှိနေရင်တောင်မှ အာဆင်နယ်အသင်းအနေနဲ့ ပွဲစဉ်တွေ ဆက်တိုက်ကြပ်မယ့် ကာလအတွင်း ဒဏ်ရာ ပြန်လည်ဆိုးရွားသွားမယ့် ဘေးအန္တရာယ်ကို မစွန့်စားချင်တာကြောင့် သူ့ကို အလျင်စလို ပွဲထုတ်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။

❤1
🚨 OFFICIAL
ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမှာဖြစ်ကြောင်းနဲ့ သူတို့အနေနဲ့ "အပြစ်မရှိကြောင်း" မန်ချက်စတာ စီးတီးအသင်းက ထပ်မံအတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
"မန်ချက်စတာ စီးတီး ဘောလုံးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် ကော်မရှင်ရဲ့ သဘောထားမှတ်ချက်အပေါ် အပြည့်အဝ အယူခံဝင်ကြောင်း စာကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (ကြာသပတေးနေ့) ည ၇ နာရီမှာ တရားဝင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပါတယ်။
အဆိုပါ သဘောထားမှတ်ချက်ဟာ ဥပဒေကြောင်းအရ၊ မူဝါဒကြောင်းအရနဲ့ ဖြစ်ရပ်မှန် စတဲ့ ကဏ္ဍမျိုးစုံမှာ ထင်ရှားတဲ့ မှားယွင်းမှုတွေ ပါဝင်နေပြီး ယုံကြည်စိတ်ချရမှု မရှိဘူးဆိုတာက အသင်းရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဘက်က စွပ်စွဲထားမှုတွေအပေါ် အသင်းမှာ အပြစ်မရှိပါဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီး အသင်းရဲ့ ရပ်တည်ချက် အားလုံးကို ထောက်ခံပေးနိုင်တဲ့ ငြင်းပယ်လို့မရတဲ့ သက်သေအထောက်အထား အများအပြားလည်း ရှိနေပါတယ်။
ကျွန်တော်တို့အနေနဲ့ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက် လေးစားသွားမှာဖြစ်ပြီး လုပ်ငန်းစဉ် အားလုံး မပြီးဆုံးသေးသမျှ ကာလပတ်လုံး နောက်ထပ် ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက် ရှိနေပါသေးတယ်"
ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းသစ်တွေအရ အယူခံဝင်စာ တင်သွင်းပြီး ၁၂ ပတ်အတွင်း အယူခံ ကြားနာပွဲကို ကျင်းပရမှာဖြစ်ပါတယ်။
ကြားနာပွဲကို ငါးရက်ပဲ ကြာမြင့်ခွင့်ပြုထားတာကြောင့် ပွဲပြီးဆုံးပြီး ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာတော့မှာပါ။
မန်စီးတီးရဲ့ အယူခံဝင်မှု စတင်နေပြီဖြစ်တာကြောင့် အမှီအခိုကင်းတဲ့ ကော်မရှင်ရဲ့ အဓိက တွေ့ရှိချက်ဖြစ်တဲ့ အသင်းပိုင်ရှင်က စိုက်ထုတ်ထားတဲ့ ဘဏ္ဍာငွေတွေကို ကူးသန်းရောင်းဝယ်ရေး စပွန်ဆာဝင်ငွေအဖြစ် အယောင်ဆောင်ထားတယ်ဆိုတဲ့ အချက်ကို မမှန်ကန်ကြောင်း သက်သေပြမယ့် စာရွက်စာတမ်းတွေကို တင်ပြဖို့ အသင်းဘက်က စီစဉ်နေပါတယ်။
စပွန်ဆာကုမ္ပဏီတွေကပဲ တကယ်တမ်း ပေးချေခဲ့တာဖြစ်ပြီး၊ အဘူဒါဘီအခြေစိုက် ကုမ္ပဏီတွေဆီကနေ ကိုးရာသီအတွင်း စပွန်ဆာဝင်ငွေအဖြစ် မန်စီးတီး မှတ်တမ်းတင်ထားတဲ့ ပေါင် ၉၄၉ သန်းထဲက ပေါင် ၁၁၉ သန်းသာ စပွန်ဆာတွေဆီက ပေးချေတာဖြစ်တယ်လို့ ဂျူရီအဖွဲ့က တွေ့ရှိခဲ့တာပါ။
ဒါပေမဲ့ အဆိုပါ စပွန်ဆာစာချုပ်တွေကို အသင်းပိုင်ရှင်ဖြစ်တဲ့ အဘူဒါဘီ ယူနိုက်တက် ဂရု (ADUG) က ထောက်ပံ့တာမဟုတ်ဘဲ အဘူဒါဘီအစိုးရက ထောက်ပံ့ပေးခဲ့တာဖြစ်ကြောင်း မန်စီးတီးဘက်က ခိုင်ခိုင်မာမာ ငြင်းဆိုသွားမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ အဓိက ပိုင်ရှင်ကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု ရဲ့ ဒုတိယသမ္မတနဲ့ ဒုတိယဝန်ကြီးချုပ်၊ ADUG ရဲ့ ပိုင်ရှင်ဖြစ်သူ ရှိခ် မန်ဆော် ဖြစ်ပါတယ်။
နိုင်ငံပိုင် ကုမ္ပဏီတွေအနေနဲ့ ပရီးမီးယားလိဂ်ကလပ်တွေကို စပွန်ဆာပေးခွင့်ကို တားမြစ်ထားခြင်း မရှိပါဘူး။
talkSPORT ရဲ့ ဘန် ဂျေးကော့ဘ် က လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ရာမှာ စပွန်ဆာစာချုပ်တွေဟာ အစိုးရက ထောက်ပံ့ပေးထားတာဖြစ်ကြောင်း သက်သေပြနိုင်ရင် မန်စီးတီးရဲ့ ကံကြမ္မာဟာ ဘယ်လိုမျိုး အံ့ဩဖွယ် ပြောင်းလဲသွားနိုင်သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
"စပွန်ဆာ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပိုဆောင်း ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာဟာ အဘူဒါဘီ ယူနိုက်တက် ဂရု မဟုတ်ဘဲ အဘူဒါဘီအစိုးရ ဖြစ်ပါတယ်ဆိုတာကို မန်စီးတီးဘက်က အောင်အောင်မြင်မြင် လျှောက်လဲနိုင်ခဲ့ရင် ဒီအမိန့်ဒီဂရီရဲ့ သဘောသဘာဝဟာ ရုတ်တရက် အပြောင်းအလဲကြီး ပြောင်းလဲသွားပါလိမ့်မယ်။
ဒါဟာ မန်စီးတီးဘက်က အားကိုးအားထားပြုနေတဲ့ အချက်လည်း ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ကြားနာပွဲတုန်းကလည်း ကော်မရှင်ဘက်က ဒီလျှောက်လဲချက်ကို ပယ်ချခဲ့ပြီးဖြစ်တာကြောင့် မန်စီးတီးအနေနဲ့ ဒီစကားရပ်အတွက် အဓိက အတားအဆီးနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါတွေရှိနေလင့်ကစား အသင်းရဲ့ စပွန်ဆာအများအပြားကို စီမံခန့်ခွဲနေတဲ့ အစိုးရဆီကနေ ရန်ပုံငွေတွေ လာတာဖြစ်ကြောင်း သက်သေပြဖို့ "ငြင်းပယ်လို့မရတဲ့ သက်သေအထောက်အထားတွေ" အသင်းမှာ ရှိနေတယ်လို့ အမှုဆောင်အရာရှိချုပ် ဆိုရီယာနိုက အင်္ဂါနေ့မှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို မီးမောင်းထိုးပြရင်း ဂျေးကော့ဘ်က "ပရီးမီးယားလိဂ် ဂျူရီအဖွဲ့က စိစစ်တဲ့အခါ 'ပိုင်ရှင်တွေမဟုတ်ဘဲ အဘူဒါဘီအစိုးရ ဖြစ်တယ်' ဆိုတဲ့ လျှောက်လဲချက်ဟာ ကိစ္စရပ်တွေ ဖြစ်ပြီးမှ [သူတို့စကားအတိုင်း ပြောရရင်] 'လုပ်ဇာတ်ခင်းထားတာ' ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ဒါကြောင့် မန်စီးတီးအတွက် စိန်ခေါ်မှုကတော့ အယူခံဆိုတာ ပြန်လည်စစ်ဆေးတဲ့ ရုံးထိုင်စစ်ဆေးမှုမျိုး မဟုတ်သလို ဆိုရီယာနို ရည်ညွှန်းနေတဲ့ 'ငြင်းပယ်လို့မရတဲ့ သက်သေအထောက်အထား' ဆိုတာတွေထဲက အများအပြားဟာလည်း တင်ပြပြီးသားဖြစ်နေပြီး ဂျူရီအဖွဲ့က မန်စီးတီးမှာ အပြစ်ရှိတယ်လို့ စီရင်ထားပြီးသား ဖြစ်နေတာပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။

👍2❤1
အာလင်း ဟာလန်းနဲ့ သူ့ကုမ္ပဏီတို့က ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သူ့ရဲ့ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Norwegian Air Shuttle လေကြောင်းလိုင်းကို တရားစွဲဆိုလိုက်ပါတယ်။ အဆိုပါလေကြောင်းလိုင်းက ဟာလန်းရဲ့ နာမည်ကျော် ဆံမြီးပုံစံ ပါဝင်တဲ့ လေယာဉ်ပုံကို ပြုပြင်ဖန်တီးပြီး “We’ve never looked more Norwegian.” ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့ပါတယ်။
ဟာလန်းရဲ့ ဥပဒေရေးရာအဖွဲ့ကတော့ သူ့ရဲ့ ထင်ရှားတဲ့ ကိုယ်ပိုင်လက္ခဏာတွေကို လေယာဉ်လက်မှတ်တွေ ရောင်းချဖို့ ကြော်ငြာအဖြစ် ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ် လို့ စွပ်စွဲထားပါတယ်။ နောက်ပိုင်းမှာ Fly Norwegian က အဲဒီပို့စ်ကို ပြန်လည်ဖျက်ခဲ့ပြီး၊ နော်ဝေအမျိုးသားအသင်းကို အားပေးတဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသသဘောမျိုးနဲ့ ပြုလုပ်ခဲ့တာသာ ဖြစ်တယ် လို့ ပြောကြားထားပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပထမအဆင့် တရားရုံးကြားနာမှုကို အောက်တိုဘာ ၉ ရက်နေ့မှာ အော်စလိုမြို့၌ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Source - Football Tweet

👍1
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 🔵✅
စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဘရိုက်တန်အသင်းက သိမ်းပိုက်ရယူသွားခဲ့ပါတယ်။
အကောင်းဆုံးနည်းပြဆုအတွက် နည်းပြ ဟာဇယ်လာ၊ အကောင်းဆုံးကစားသမားဆုအတွက် ဝါရင့်ကစားသမား ဂရော့စ်နဲ့ အကောင်းဆုံးသွင်းဂိုးဆုအတွက် လူးဝစ်ဒန့်တို့က ရရှိခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘရိုက်တန်အသင်းအနေနဲ့ အခုလိုစွမ်းဆောင်နိုင်ခဲ့တာပါ။

❤4
‼️လီယိုနယ်မက်ဆီတစ်ယောက် သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲစဉ်ကို ယှဉ်ပြိုင်ဖို့အတွက် မိသားစုနဲ့အတူ အာဂျင်တီးနားမြေကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။
နောက်ထပ် ၄ ရက်အကြာ လာမယ့်အင်္ဂါနေ့ညမှာတော့ မက်ဆီဟာ အာဂျင်တီးနားရဲ့ အပြာဖြူအင်္ကျီကို နောက်ဆုံးအကြိမ်အဖြစ် ဝတ်ဆင်ကစားသွားတော့မှာပါ။ ၂၁ နှစ်တိုင်တိုင် ပေးဆပ်ခဲ့တဲ့ သူ့ရဲ့ သမိုင်းဝင် ပဉ္စလက်ဆန်ဆန် လက်ရွေးစင်ကစားသမားဘဝကြီး ပန်းတိုင်ရောက်လို့ ဇာတ်သိမ်းတော့မယ့် အချိန်လည်း ဖြစ်ပါတယ်။
ဒီပွဲမှာ မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေ၊ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေပါ တက်ရောက်ကြမှာမို့လို့ တကယ့်ကို မျက်ရည်ဝဲစရာ၊ စိတ်လှုပ်ရှားစရာ ကောင်းမယ့် ညတစ်ည ဖြစ်လာမှာ သေချာပါတယ်။
လောလောဆယ်မှာတော့ မက်ဆီဟာ မိသားစုနဲ့အတူ မွေးရပ်မြေ ရိုဆာရီယိုမြို့ကို လေယာဉ်နဲ့ ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားအင်္ကျီနဲ့ မက်ဆီကို နောက်ဆုံးတစ်ကြိမ်အဖြစ် မြင်တွေ့ရတော့မှာပါ။

‼️ပရီးမီးယားလိဂ်တွင် ပွဲကစားနေစဉ် လူစားလဲခံရသည့် ကစားသမားများကို အင်တာဗျူးရန် စီစဉ်
ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်နေချိန်အတွင်း လူစားလဲခံရသည့် ကစားသမားများကို တိုက်ရိုက် အင်တာဗျူးမေးမြန်းခွင့်ပြုရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက စစဉ်းစားနေကြောင်း The Telegraph သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် ဂိုးဝင်ပြီး အောင်ပွဲခံသည့်အချိန်များတွင် ကင်မရာကိုင်ထားသူများကို ကွင်းအတွင်းအထိ ဝင်ရောက်ရိုက်ကူးခွင့်ပြုရန်ပါ လေ့လာသုံးသပ်လျက်ရှိသည်။
ဘောလုံးအလှတရားနှင့် အနှစ်သာရထက် ဖျော်ဖြေရေးဆန်မှုကိုသာ ပိုမိုဦးစားပေးလာသည့် ယခုစီမံကိန်းများသည် ဘောလုံးအားကစား၏ မူလရသကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေသည်။