Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.19K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
■ UEFA Nations League ရလဒ်များ ⚽️
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
နိုင်ငံတကာပွဲမှာ ဒဏ်ရာရခဲ့ပေမဲ့လဲ စနေနေ့မှာ ကစားမယ့် ဂီတာဖေးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်တဲ့ 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚
❤1
🚨 ပေါ်တူဂီအဖွဲ့ချုပ်နဲ့ ခရစ်စတီယာနိုတို့ ပြဿနာများကို ဖြေရှင်းရန်နဲ့ အနားယူမှုကနေ ရှောင်လွှဲနိုင်ဖို့ နောက်အပတ်မှာ တွေ့ဆုံမယ်လို့ သိရပါတယ် 👀

​ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဟာ ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ ပြန်လည်ပြေလည်မှုရရှိရန် လုပ်ဆောင်နေပြီး နှစ်ဖက်စလုံး နောက်အပတ်မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ ⌛️

​ပေါ်တူဂီအသင်းအနေနဲ့ ဝါရင့် ဂန္ထဝင် လက်ရွေးစင်ကစားသမားဘဝရဲ့ နိဂုံးကို ဒီလိုပုံစံမျိုးနဲ့ မပြီးဆုံးစေချင်ဘဲ ခရစ်စတီယာနိုရဲ့ လက်ရွေးစင်ကစားသမားဘဝ ဆက်လက်တည်ရှိနိုင်ရေးအတွက် အခြေအနေများကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေတာပါ။ 🇵🇹

သူတို့ရဲ့ယုံကြည်ချက်အရ ခရစ်စတီယာနိုဟာ သူ့ရဲ့ ကစားသမားဘဝနဲ့ ထိုက်တန်တဲ့ လေးစားမှု၊ ဂုဏ်သိက္ခာတို့နဲ့ နှုတ်ဆက်ခွင့် ရသင့်တယ်လို့ ယူဆထားတာပါ။ 🤝
❤5🤔1
🚨 FA ရဲ့ မန်စီးတီး နဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က Independent Commission ရဲ့ ဆုံးဖြတ်ချက်ဟာ ဘောလုံးလောကရဲ့ ယုံကြည်စိတ်ချရမှုအပေါ် အရေးကြီးတဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

FA က အဆိုပါဆုံးဖြတ်ချက်နဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို အသေးစိတ်စဉ်းစားသုံးသပ်နေပြီး လိုအပ်လာရင် သင့်လျော်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ် လို့ ဆိုပါတယ်။

ဒါပေမယ့် Premier League နဲ့ မန်စီးတီး ကြား တရားရေးလုပ်ငန်းစဉ်တွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ ထပ်မံမှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ FA က ပြောထားပါတယ်။

FA ကတော့ ဒီအမှုရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ အတည်ပြုထားပါတယ်။
အာဆင်နယ်မှာ နည်းပြ အာတီတာရဲ့ ပွဲထွက်ခွင့်မရဘဲ အရန်ခုံထိုင်နေရပေမဲ့ ဆွီဒင်အသင်းမှာ ပုံစံကောင်းပြနေတဲ့ ဗစ်တာ ယောကရက်စ်နဲ့ ပတ်သက်လို့ အီယန် ရိုက်ရဲ့ မှတ်ချက်🗣🔴

​“ဒီမှာကြည့်ပါ၊ ယောကရက်စ်မှာ ပြဿနာရှိနေတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လည်း မရှိပါဘူး။ သူ ဆွီဒင်အသင်းနဲ့ သွားကစားတဲ့အခါ ၃ ပွဲဆက်တိုက် ဂိုးတွေသွင်းပြီး လူတိုင်း မျှော်လင့်စောင့်စားခဲ့ရတဲ့ တိုက်စစ်မှူးအဖြစ် ရုတ်တရက် ပြန်မြင်တွေ့လာရတာပဲ။

​ဒါကြောင့် ကျွန်တော် မေးချင်တာက အာဆင်နယ်မှာ ဘာတွေဖြစ်နေတာလဲဆိုတာပါပဲ။ ​ကျွန်တော့်အတွက်တော့ ပြဿနာက တိုက်စစ်မှူးတစ်ယောက်တည်းဆီမှာ အမြဲရှိနေတာ မဟုတ်ပါဘူး။ အချို့အချိန်တွေမှာ သူ့ကို ဘယ်လိုအသုံးပြုလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။

အာတီတာဟာ တကယ်တော်တဲ့ နည်းပြတစ်ယောက်ပါ၊ ဒါပေမဲ့ သူ့ရဲ့ တိုက်စစ်ကစားသမားတွေဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည် ရယူနိုင်ဖို့ နည်းလမ်းကို သူ အမြဲတမ်း သိရဲ့လားဆိုတာတော့ ကျွန်တော် မရေရာပါဘူး။

​တိုက်စစ်မှူးတစ်ယောက်မှာ ယုံကြည်မှု ရှိဖို့လိုတယ်၊ ကစားကွက် စည်းချက်ရှိဖို့လိုတယ်၊ အသင်းရဲ့ ယုံကြည်အားကိုးမှုကို ခံစားရဖို့လိုတယ်။ မွေးရာပါ ဂိုးသွင်းစက် တိုက်စစ်မှူးတစ်ယောက်ကို အရန်ခုံမှာပဲ ဒီအတိုင်း ဒီအတိုင်း ထိုင်စောင့်ခိုင်းထားပြီး ကွင်းထဲ ဝင်လာတာနဲ့ ချက်ချင်း ကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက်လို ဖြစ်လာဖို့ မျှော်လင့်လို့ မရပါဘူး။

​ယောကရက်စ်ဟာ သူ ဘာလုပ်နိုင်လဲဆိုတာ ဆွီဒင်အသင်းမှာ အတိအလင်း ပြသနေတာပါ။ သူ ဂိုးတွေသွင်းနေတယ်၊ ယုံကြည်မှုရှိနေတယ်၊ လွတ်လပ်စွာနဲ့ ကစားနေပါတယ်။ ​ဒါကြောင့် အာဆင်နယ်မှာ ယောကရက်စ်ကြောင့် ပြဿနာဖြစ်နေတာ မဟုတ်ဘဲ၊ သူ့ကိုကို အသုံးပြု ကိုင်တွယ်ပုံမှာပဲ ပြဿနာဖြစ်နေတာများလားလို့ စဉ်းစားစရာပါပဲ။”
👍1
ချယ်လ်ဆီးအသင်းဟာ ကိုမိုအသင်းနဲ့အတူ ခြေစွမ်းပြကစားပြီး ပြင်သစ်လက်ရွေးစင်အဖြစ်ရွေးချယ်ခံထားရတဲ့ အသက် ၂၅နှစ်အရွယ် ကွင်းလယ်လူ လူးကပ်စ် ဒါ ကွန်ညာကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိရပါသည်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားကို ချယ်လ်ဆီးအသင်းအပြင် အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် ၊ အက်စတွန်ဗီလာ ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်အသင်းတို့ကလည်း အပြိုင်စိတ်ဝင်စားနေကြပြီး ကိုမိုအသင်းထံ ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ထားကြောင်း သိရှိရပါသည်။
❤3
ဖာဒီနန် 🗣"ရော်နယ်ဒို ရောက်မလာခင်တုန်းက ပေါ်တူဂီဆိုတာ ကမ္ဘာ့ဘောလုံးမြေပုံပေါ်မှာ ဘယ်နားရှိခဲ့လို့လဲ။ သူတို့ဆီမှာ ဘယ်လို အောင်မြင်မှု သမိုင်းကြောင်းတွေများ ရှိခဲ့ဖူးလို့လဲဗျာ။ ဆုဖလားတွေ သိမ်းပိုက်ဖို့ မပြောနဲ့ဦး၊ ပြိုင်ပွဲကြီးတွေဆီ အဆင့်မီမီ ခြေစစ်ပွဲအောင်ဖို့တောင် ခဲယဉ်းခဲ့တာ မဟုတ်ဘူးလား။

ကျွန်တော့်ကို တကယ် ဒေါသထွက်စေတာက လူအများစုဟာ လွန်ခဲ့တဲ့ ၃ နှစ်၊ ၄ နှစ်လောက်က အခြေအနေလေးကိုပဲ မျက်စိရှေ့ထားပြီး သူ့ကို ပေါ့ပေါ့ဆဆ အကဲဖြတ်နေကြတာပါပဲ။ အဲဒီလို ကာလမျိုးမှာတောင် ဒီအသက်အရွယ်ကြီးနဲ့ သူပြသနေတဲ့ ဂိုးသွင်းစွမ်းရည်တွေက ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် မယုံနိုင်စရာ ကောင်းနေဆဲပါ။ ဘယ်လိဂ်၊ ဘယ်နေရာမှာပဲ ကစားကစား မိုးထိအောင် မြင့်မားတဲ့ ဂိုးကိန်းဂဏန်း မှတ်တမ်းတွေကို သူက ဆက်တိုက် ဖန်တီးပြနေတုန်းလေ။

တကယ်တော့ လူတွေဟာ အတိတ်မှတ်တမ်းတွေကို သေသေချာချာ ပြန်လှန်ကြည့်ဖို့ လိုပါတယ်။ ဂျူဗင်တပ်စ်မှာ သူ ဘယ်လောက်အထိ အစွမ်းပြခဲ့လဲဆိုတာ ကြည့်ဦးမလား။ ရီးယဲလ်မက်ဒရစ်မှာ သမိုင်းရေးထိုးခဲ့တဲ့ ကာလတွေကို ပြန်ကြည့်မလား။ ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်မှာ သူ တောက်ပခဲ့တဲ့ အချိန်တွေကိုပဲ ပြန်လှည့်ကြည့်မလား။ ဒါဟာ သာမန် ကစားသမားတစ်ယောက်ရဲ့ ဘဝမဟုတ်ဘဲ ကမ္ဘာ့အဆင့်မီ စူပါစတား ၃ ယောက်ရဲ့ ဘဝကို လူတစ်ဦးတည်းက တစ်ပြိုင်နက် ပိုင်ဆိုင်ဖြတ်သန်းခဲ့သလိုမျိုး အံ့မခန်း အောင်မြင်မှုတွေပါပဲ"
👍8❤2
ဘိုလော့ဂ်နာအသင်းသည် ယခုနွေရာသီတွင် အင်တာမီလန်အသင်းကနေ ထွက်ခွာပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၃၆နှစ်အရွယ် အီတလီနောက်ခံလူ မက်တီယို ဒါမီယန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါသည်။

ဘိုလော့ဂ်နာအသင်းသည် အသင်းရဲ့နောက်ခံလူ အမ်မီလ် ဟိုလ်မ် ကာလရှည် ဒဏ်ရာရရှိသွားသည့်အတွက် ၎င်းရဲ့နေရာတွင် အစားထိုးရန်ဒါမီယန်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဒါမီယန်ကို ၁နှစ်စာချုပ် ချုပ်ဆိုသွားမှာလည်းဖြစ်ကြောင်း သိရှိရပါသည်။
❤1
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးတဲ့ ဘိုင်ယန်လီဗာကူဆင်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဂျာရယ်လ် ကွမ်ဆာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂျာမန်သတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။
အက်သလက်တီကို မက်ဒရစ် အသင်းဟာ အသက်အရွယ် ကြီးရင့်လာပြီဖြစ်သည့် အသက် ၃၃နှစ်အရွယ် ဆလိုဗေးနီးယားဂိုးသမား ယန် အိုဘလက်ခ်ရဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် ရေဗားပလိတ် အသင်းရဲ့ အသက် ၂၁နှစ်အရွယ် အာဂျင်တီးနားဂိုးသမား ဆန်တီယာဂို ဘယ်လ်ထရန်ကို ခေါ်ယူရန် စောင့်ကြည့်နေပါသည်။

လက်ရှိအချိန်မှာကလပ် နှစ်သင်းကြား တရားဝင်ဆွေးနွေးမှုတော့ မရှိသေးပေမယ့် ရေးဗားပလိတ်အသင်းကတော့ ၎င်းတို့အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် အာဂျင်းတီးနားလူငယ်ဂိုးသမား ဘယ်လ်ထရန်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရို ၁၅သန်းခန့် အလိုရှိနေကြောင်းသိရှိရပါသည်။
အယ်လ်နက်ဆာအသင်းနဲ့ လာမည့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၂၇နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှုး ဂျာအို ဖီးလစ်ဟာ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့ကစားရန် အလိုရှိနေပါသည်။

ဂျာအို ဖီးလစ်ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကလည်း ဖီးလစ်ရဲ့ ဘာစီလိုနာသို့ပြန်ချင်တဲ့ဆန္ဒကို ဘာစီလိုနာအသင်းဘက် အသိပေးထားပြီးဖြစ်ပြီး ဖီးလစ်ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းမှာပြန်လည်ကစားခွင့်ရနိုင်ဖို့အတွက် ၎င်းရဲ့ လုပ်ခ လစာကို သိသိသာသာ လျှော့ယူသွားရန် ဆန္ဒရှိနေပါသည်။ သို့ပေမယ့်လည်း လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းဟာ ဂျာအို ဖီးလစ်ကို အသင်းရဲ့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်၍ ခေါ်ယူသွားရန် ဆန္ဒမရှိကြောင်း သိရှိရပါသည်။
❤3
တော့တင်ဟမ်အသင်းဟာ တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းရဲ့အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယား တိုက်စစ်မှူး အိုဟျွန်ဂယူကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူသွားရန် ပစ်မှတ်ထားနေပါသည်။

လက်ရှိအချိန်တွင် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိုဟျွန်ဂယူခေါ်ယူရန်အတွက် အနီးကပ်စောင့်ကြည့်နေပြီး အသင်းခေါင်းဆောင်ဟောင်း ဆွန်ဟောင်မင်ကိုယ်တိုင်ကလည်း ဘက်ဆစ်တပ်စ်အသင်းရဲ့တိုက်စစ်မှူးကို ခေါ်ယူရန် စပါးအသင်းထံ အကြံပြုထားကြောင်း သိရှိရပါသည်။ တူရကီကလပ်အသင်းဘက်ကတော့ ရာသီအလယ်မှာ ၎င်းတို့အသင်းရဲ့ တိုက်စစ်မှူး အိုဟျွန်ဂယူကို ရောင်းချဖို့ စိတ်မဝင်စားဘဲ မြင့်မားတဲ့ ကမ်းလှမ်းမှုရရှိမှသာ ရောင်းချဖို့ စဉ်းစားသွားဖွယ်ရှိနေပါသည်
ဝက်ဖို့ဒ်အသင်းဟာ မိုနာကိုအသင်းနဲ့လမ်းခွဲပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၂၇နှစ်အရွယ် ဆီနီဂေါတောင်ပံကစားသမား ခရီပင် ဒိုင်ယာတာအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူကာ ရာသီကုန်အထိ ၁နှစ်စာချုပ် ချုပ်ဆိုခဲ့ပါသည်။ စာချုပ်ထဲတွင် နောက်ထပ်၁နှစ်သက်တမ်း ထပ်မံတိုးနိုင်ခွင့် Option လည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရှိရပါသည်။
👍1
ကိုးလ်ပါလ်မာ ပြောကြားခဲ့သည့် အန်ဇို က မန်းစီးတီး ပရိသတ်များနှင့် ဆက်သွယ်ပြောဆိုမှုအပေါ် အမြင်

“ကျွန်ုပ်တို့ကတော့ အသင်းဖော်တွေ မဟုတ်တော့ပါဘူး၊ ဒါပေမဲ့ အသင်းထဲက လူတိုင်းကတော့ သူအသင်းကနေ ပြောင်းထွက်သွားကတည်းက သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေခဲ့ကြပါတယ်။”

“ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူလုပ်ခဲ့တာတွေကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီး တစ်နေ့ကျရင်တော့ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ စကားတွေ၊ အားနည်းတဲ့ စကားတွေနဲ့ တုံ့ပြန်မှာ မဟုတ်ဘဲ သူတို့ လုံးဝလက်ခံနိုင်စရာ မရှိလောက်အောင် နာကျင်စေမယ့် ကွင်းတွင်းက ဖျော်ဖြေမှု၊ ရလဒ်တွေနဲ့သာ တုံ့ပြန်သွားမှာပါ။ ကျွန်တော် တို့က သူ့နဲ့ အတူတူ အချိန်တွေ ဖြတ်သန်းဖူးပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ ပင်ကိုစရိုက်ကတော့ ဘာမှူးထူးခြားတာ မရှိပါဘူး။”

“ရစ်စ်ဂျိမ်း ကတော့ အဝတ်လဲခန်းထဲက လေထုကို ထိန်းချုပ်နိုင်တဲ့သူ ဖြစ်ပြီး လူတိုင်းရဲ့ စရိုက်ကို ကောင်းကောင်း နားလည်ပါတယ်။ အသင်းပြောင်းတဲ့ ညကတည်းက ရစ်စ်ဂျိမ်း က ကျွန်တော်နဲ့ ရော့ဂျာ့စ် ကို ပြောဖူးပါတယ် — ‘စောင့်ကြည့်နေလိုက်ပါဦး၊ သူ မကြာခင်မှာ နားမဝင်ဆံ့တဲ့ စကားတွေ ထပြောတော့မှာပါ’ လို့ ပြောခဲ့ပါတယ်။”

“စီးတီးပရိသတ်တွေက ဒီကိစ္စကို ဘယ်လိုပဲ မြင်မြင်ပေါ့လေ၊ လျစ်လျူရှုချင်လည်း ရသလို ဘောလုံးပွဲကို ဆက်ပြီး ပျော်ရွှင်စွာ ကြည့်ရှုလို့လည်း ရပါတယ်။ ဘာလို့လဲဆိုတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတိုင်းက ကောင်းကောင်း ကစားပေးဖို့ မျှော်လင့်ခံထားရလို့ပါပဲ။ ဒါပေမဲ့ ဒါက အဓိက ကိစ္စမဟုတ်ပါဘူး။ အဓိကကတော့ သူ့မှာ သစ္စာတရားဆိုတာ မရှိတာပါ။”

“သစ္စာတရားဆိုတာက ဘယ်သူ့ကိုမှ လာသတိပေးနေစရာ မလိုပါဘူး။ အသင်းက သူ့ကို ခေါ်လာကတည်းကနေ ဒီကိုရောက်လာတဲ့အထိ၊ လက်ရှိ သူရောက်နေတဲ့နေရာအထိ သူ့ရဲ့ခရီးလမ်းက ဘယ်လိုလဲဆိုတာ သိသာပါတယ်။ သူ့ရဲ့ အတွေးအခေါ် သဘောထားတွေက ရွံစရာကောင်းလောက်အောင် ဆိုးရွားလှပါတယ်။”

“ဒီအချိန်လေးကိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါတော့။ ဘာလို့လဲဆိုတော့ သူ့ရဲ့ သစ္စာတရားဆိုတာ ပေါင် ၁၂၅ သန်းလောက်သာ တန်ဖိုးရှိနေလို့ပါပဲ။ မကြာခင်မှာပဲ တခြားအသင်းတစ်သင်းက ကမ်းလှမ်းလာဦးမှာဖြစ်ပြီး အဲဒီအခါကျရင်တော့ ဒီဟောင်းနွမ်းနေတဲ့ စက်ဝိုင်းကြီးကပဲ ထပ်ပြီး လည်ပတ်လာဦးမှာပါ။”
❤4
🚨ဒီနေ့မနက်ပိုင်းမှာ ပေါ်တူဂီ နောက်ခံလူ နူနို မန်ဒက်စ် ပြောကြားခဲ့တဲ့ အငြင်းပွားဖွယ် မှတ်ချက်စကားတွေအပြီးမှာ ခရစ်စတီယာနို ရော်နယ်ဒိုက မန်ဒက်စ်ကို Unfollow လုပ်သွားခဲ့ပါတယ်။ 🤯

​ဒါကို တုံ့ပြန်တဲ့အနေနဲ့ နူနို မန်ဒက်စ်ကလည်း ရော်နယ်ဒိုကို Unfollow ပြန်လုပ်လိုက်ပြီး လီယွန်နယ် မက်ဆီကို Follow လုပ်လိုက်ပါတယ် 😳👀

​ပေါ်တူဂီ အသင်းဖော် နှစ်ယောက်ကြားမှာ အခြေအနေ တင်းမာမှုတွေ မြင့်တက်လာနေပါတယ် 🇵🇹🔥
🤣3👍1
🇧🇦 ဘော့စနီးယားအတွက် ပွဲအများဆုံးကစားထားသူ
🇧🇦 ဘော့စနီးယားရဲ့ ထာဝရ ဂိုးသွင်းအများဆုံးသူ
🏆 ဘောစနီးယားကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ကစားခွင့်ရရှိအောင် ဦးဆောင်ခဲ့သူ
👏 နှစ် ၂၀ ဆက် နိုင်ငံအတွက် ဂိုးသွင်းယူနိုင်ခဲ့သူ

ဆွီဒင်နဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာ နိုင်ငံတကာကစားသမားဘ၀ကို နှုတ်ဆက်ခဲ့ပြီဖြစ်တဲ့ အီဒင် ဇက်ကို 👋🇧🇦
👍2
ယူကေ ဝန်ကြီးချုပ် 𝐀𝐧𝐝𝐲 𝐁𝐮𝐫𝐧𝐡𝐚𝐦 က စီးတီးအသင်းပိုင်ရှင်တွေ အသင်းရောင်းချသွားမှာကို စိုးရိမ်ကြောင်း BBC ကို ပြောကြား

အဲဗာတန် ပရိတ်သတ်တစ်ဦးဖြစ်တဲ့ 𝐀𝐧𝐝𝐲 𝐁𝐮𝐫𝐧𝐡𝐚𝐦 က ယူကေဝန်ကြီးချုပ် ရာထူးမရခင် မန်ချက်စတာရဲ့ မြိုတော်ဝန်ရာထူးကို ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။

ထိုရာထူးကို ထမ်းဆောင်စဉ်ကာလအတွင်း စီးတီးအသင်း ပိုင်ရှင်တွေနဲ့ ထိတွေ့ခဲ့ဖူးသူ တစ်ယောက်အနေနဲ့

“စီးတီးပိုင်ရှင်တွေရဲ့ ငွေကြေးစိုက်ထုတ်မှု့ကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့အသင်းကို သာမက မန်ချက်စတာမြို့တိုးတက်ရေးမှာလဲ ပါဝင်ခဲ့တယ်” လို့ဆိုပါတယ်။

စီးတီးအသင်းကို အပြစ်ပေး ဒဏ်ခတ်မှု့ဆုံးဖြတ်ချက်မှာ သူပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့” ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ်နဲ့ စီးတီးပိုင်ရှင် တွေ့ဆုံခဲ့တဲ့လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် သူတို့တွေ့ဆုံတဲ့အကြောင်းကို အသေးစိတ် ဖွင့်ချဖို့ ဆန့်ကျင်ဘက်ပါတီက တောင်းဆိုထားပါတယ်။

အခြားသတင်းမှာတော့ စီးတီးကို အရေးယူခဲ့ရင် ယူအေအီးဘက်က နည်းပညာသစ်အတွက် စတာလင်ပေါင် ဘီလီယံများစွာ ရင်းနှီးမြှပ်နှံဖို့ သဘောတူညီထားတဲ့ အစီအစဉ်ကို ရှေ့ဆက်တိုးမှာ မဟုတ်ဘူးလို့” ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ စီးတီး ဥက္ကဌ 𝐂𝐡𝐚𝐥𝐝𝐨𝐨𝐧 𝐀𝐥 𝐌𝐮𝐛𝐚𝐫𝐚𝐤 ဦးဆောင်တဲ့ ယူအေအီး အစိုးရက ယူကေမှာ စတာလင်ပေါင် ဘီလီယံ (၃၀) နီးပါးအထိ ရင်းနှီးမြှပ်နှံပြီး ဖြစ်ပါတယ်။
👍1
ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကတော့ တိုင်ပတ်နေပါပြီ။

Record သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်သာမက၊ အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှာပါ ဖိအားများကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အကြောင်းရင်းကတော့ အကယ်၍ ရော်နယ်ဒိုနဲ့သာ အဆင်မပြေဖြစ်ပြီး လက်ရှိအခြေအနေကိုမထိန်းချုပ်နိုင်ပါ ပေါ်တူဂီရဲ့ ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကိစ္စရပ်အပေါ်ပါ သက်ရောက်သွားမည်ကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

ရော်နယ်ဒိုကိုသာ ကောင်းမွန်စွာမထိန်းချုပ်နိုင်ပါက အခြေအနေမှာ ထိလွယ်ရှလွယ်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ 🇵🇹
👏4🔥2❤1