Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
နယ်သာလန်အသင်းအတွက် ပွဲ(၁၀၀)ပြည့်တဲ့ (၁၁)ဦးမြောက်ကစားသမားအဖြစ် ဗန်ဒိုက် မှတ်တမ်းဝင်


နယ်သာလန်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပွဲ(၁၀၀)ပြည့်တဲ့ (၁၁)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဗန်ဒိုက်ဟာ ၂၀၁၅ အောက်တိုဘာမှာ  နယ်သာလန်လက်ရွေးစင်ကစားသမားဘဝကို အစပြုခဲ့ပြီး (၁၁)နှစ်အကြာမှာ ပွဲ(၁၀၀)ပြည့်ခဲ့တာပါ။

နယ်သာလန်အသင်းမှာ ဗန်ဒိုက်မတိုင်ခင် ပွဲ(၁၀၀)ပြည့်ခဲ့သူတွေက ရှနိုက်ဒါ၊ ဗန်ဒါးဆား၊ ဒီပိုင်း၊ ဖရန့်ဒီဘိုးဝါး၊ ဗန်ဒါဗတ်၊ ဘလင်း၊ ဗန်ဘရွန်ခရော့စ်၊ ဒါ့ခ်ကုတ်၊ ဗန်ပါစီနဲ့ ဖိလစ်ကိုကူးတို့ ဖြစ်ပါတယ်။

ဗန်ဒိုက်က နယ်သာလန်အသင်းရဲ့ (၁၁)ဦးမြောက် ပွဲအများဆုံးကစားသမားအဖြစ်သာ ရပ်တည်နိုင်ပေမဲ့ အသင်းခေါင်းဆောင်အဖြစ်တော့ ပွဲအများဆုံးကစားထားသူအဖြစ် စံချိန်တင်ထားကြောင်း သိရပါတယ်။

ဗန်ဒိုက်ဟာ ဆားဘီးယားကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲ(၁၀၀)၊ လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် (၈၄)ပွဲမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
❤2
ပြင်သစ်အတွက် ကစားထားတဲ့ နောက်ဆုံး (၃) ပွဲမှာ (၃) ဂိုးပါဝင် ပတ်သက်ထားတဲ့ 𝐑𝐚𝐲𝐚𝐧 𝐂𝐡𝐞𝐫𝐤𝐢

🅰️ ( ဘယ်လ်ဂျီယံ ၀ - ၁ ပြင်သစ်)

🅰️ (ပြင်သစ် ၁ - ၁ အီတလီ)

⚽️ (ပြင်သစ်၄ - ၁ ဘယ်လ်ဂျီယံ)
👍1
(၂၀၁၃) ခုနှစ်ရဲ့ 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုနဲ့ ပတ်သက်ပြီး နာကျင်ရကြောင်း ရင်ဖွင့်လာတဲ့ 𝐅𝐫𝐚𝐧𝐜𝐤 𝐑𝐢𝐛é𝐫𝐲

ကစားသမားက

“ကျွန်တော် အဲဒီနှစ်က ဥရောပ နဲ့ ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး ကစားသမားပါ။ 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုနဲ့ ထိုက်တန်တယ်လို့ ထင်ခဲ့တာပဲ။ မရရှိခဲ့တဲ့အတွက် ထိခိုက်ခံစားရပြီး စိတ်လဲ ပျက်မိတယ်။

ကျွန်တော် ကလပ်နဲ့ရော နိုင်ငံနဲ့ပါ ဆုတွေ ရရှိခဲ့တာပါ။
ဒီထက် ပိုအောင်မြင်အောင် ဘာလုပ်ရဦးမှာလဲ။”

အဲဒီနှစ်မှာ ကစားသမားက ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဖလား၊ ဘွန်ဒက်စ်လီဂါနဲ့ DFB ပိုကယ် ဖလားတို့ကို ရရှိခဲ့တဲ့အပြင်

တစ်ဦးချင်းဆုတွေဖြစ်တဲ့

🏅UEFA ရဲ့ အကောင်းဆုံးဘောလုံးသမားဆု

🏅အကောင်းဆုံး ပြင်သစ်ဘောလုံးသမားဆု တွေကိုလဲ ရရှိခဲ့ပါသေးတယ်။

ဒါပေမဲ့ 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုမှာတော့

𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 က စုစုပေါင်း မဲအရေအတွက်ရဲ့ (၄၁) ရာခိုင်နှုန်း

𝐋𝐢𝐨𝐧𝐞𝐥 𝐌𝐞𝐬𝐬𝐢 က စုစုပေါင်း မဲအရေအတွက်ရဲ့ (၂၇.၉၉) ရာခိုင်နှုန်း

𝐅𝐫𝐚𝐧𝐜𝐤 𝐑𝐢𝐛é𝐫𝐲 က စုစုပေါင်း မဲအရေအတွက်ရဲ့ (၂၄.၇၂) ရာခိုင်နှုန်းနဲ့ တတိယသာ ရရှိခဲ့ပါတယ်။
👍1
🚨 မက်ဆီအတွက် ရိုဆာရီယိုမြို့က အထူးနှုတ်ဆက်ပွဲ

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့မှာ “THANK YOU 10” လို့ ရေးသားထားတဲ့ ဧရာမဂျာစီကြီးကို ခင်းကျင်းထားပါတယ်။

ရိုဆာရီယို မြို့က ပရိတ်သတ်တစ်ဦးက —“ကျေးဇူးတင်ပါတယ် Captain…

မင်းက ငါတို့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့တယ်။ တစ်ဖန်ပြန်ပြီး ယုံကြည်တတ်လာအောင်၊ မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကို မက်တတ်လာအောင် မင်းက လှုံ့ဆော်ပေးခဲ့တယ်။

မမေ့နိုင်တဲ့ အခိုက်အတန့်တွေကိုလည်း ငါတို့ဘဝတစ်လျှောက် အမြဲသိမ်းဆည်းထားနိုင်အောင် ပေးခဲ့တယ်။

မင်းမရှိတော့ရင် ဘယ်အရာမှ အရင်လို ဖြစ်တော့မှာမဟုတ်ဘူး။

ငါတို့ မင်းကို လက်လွှတ်ဖို့ လုံးဝအဆင်သင့် မဖြစ်သေးဘူး။ ဒါပေမယ့် မင်းဘယ်ကိုသွားသွား ငါတို့က မင်းနောက်ကို လိုက်ပြီး အားပေးနေမှာပါ။

ကျေးဇူးတင်ပါတယ် လီယို… အာဂျင်တီးနား ရဲ့ ထာဝရနံပါတ် ၁၀ ရေ” လို့ဆိုပါတယ်။
❤1
🚨ရော်နယ်ဒို ပေါ်တူဂီအသင်းကို ပြန်လာတော့မလား

ဂျော်ဂျီ ဂျီယက်စ်ဟာ နိုဝင်ဘာနိုင်ငံတကာပွဲစဉ်ကာလအတွက် ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါ်တူဂီလက်ရွေးစင်အသင်းထံ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ A Bola က ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ရော်နယ်ဒိုဟာ လာမယ့်နှစ်မှာ ပေါ်တူဂီအသင်းအတွက် နောက်ဆုံးတစ်ကြိမ် ပြန်လည်ကစားဖို့ မျှော်လင့်နေတယ် လို့ သိရပါတယ်။

ရော်နယ်ဒိုဘက်၊ ဂျော်ဂျီ ဂျီယက်စ် ဘက်နဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် က ကြားကနေ ဆက်ဆံရေးတွေကိုလည်း ပြန်လည်တည်ဆောက်နေပြီဖြစ်ပါတယ်။

အထူးသဖြင့် ရော်နယ်ဒိုဟာ ကစားသမားဘဝ ဂိုး ၁,၀၀၀ ပြည့်တဲ့ မှတ်တိုင်ကို ပေါ်တူဂီအသင်းဂျာစီနဲ့ ရယူနိုင်ဖို့ ဆုံးဖြတ်ထားတယ် လို့ ဆိုပါတယ်။
❤3👍1
🚨အန်တိုနီယို ကွန်တီက သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပြောကြားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ကွန်တီက- “လက်ရှိမှာ ကိုယ့်ရဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာတွေကို မေ့လျော့သွားကြတဲ့ အသင်းတွေ အများကြီးရှိနေပါတယ်။ အဲဒီလိုအသင်းမျိုးထဲက တစ်သင်းကို သွားရောက်ပြီး သူတို့ရဲ့ သမိုင်းကြောင်းတွေကို ဖုန်ခါသန့်စင်ကာ တစ်ဖန်ပြန်လည်တောက်ပလာအောင် လုပ်ဆောင်ပေးချင်ပါတယ်” လို့ The Athletic နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကွန်တီရဲ့ ပြောစကားတွေနဲ့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေကြောင့် အိုးထရက်ဖို့ဒ်မှာ အီတလီသားကြီးကို မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
👍2
🔵 အဂွဲရိုးရဲ့ ချဲလ်ဆီးတိုက်စစ်အပေါ် သုံးသပ်ချက်

ဆာဂျီယို အဂွဲရိုးက ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ကိုးလ် ပါလ်မာ၊ ဂျာအို ပက်ဒရိုနဲ့ မော်ဂန် ရော်ဂျာစ်တို့ဟာ ကစားသမားကောင်းတွေပါ။ ဒါပေမဲ့ တိုက်စစ်သုံးယောက် ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းက မတောင့်တင်းဘူးဆိုရင် တိုက်စစ်က ၃ ဂိုးသွင်းနိုင်ပေမဲ့ ပြိုင်ဘက်က ၄ ဂိုးပြန်သွင်း သွားနိုင်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် နောက်ဆုံးမှာ ၄-၃ နဲ့ ရှုံးသွား ပါလိမ့်မယ်။

အရည်အသွေးမြင့်တဲ့ တိုက်စစ်သုံးယောက်ကို အကောင်းဆုံးပံ့ပိုးနိုင်ဖို့ သူတို့နောက်မှာ ယုံကြည်စိတ်ချရတဲ့ အသင်းဖွဲ့စည်းပုံတစ်ခု လိုအပ်ပါတယ်။ ဒါမှ အသင်းက အခက်အခဲတွေ အများကြီး မကြုံရမှာပါ။

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ သူတို့ရဲ့ တိုက်စစ်အကောင်းဆုံးအချိန်တွေမှာ ဒီလိုမျိုး နောက်ကွယ်က ပံ့ပိုးမှုမျိုး ရှိခဲ့ကြပါတယ်။

ဂိုးသွင်းပြီး ဦးဆောင်နိုင်တဲ့အခါ အဲဒီဦးဆောင်မှုကို ထိန်းသိမ်းကာကွယ်ပေးနိုင်မယ့် အသင်းတစ်သင်းလုံးရဲ့ အင်အားလည်း လိုအပ်ပါတယ်။”

တိုက်စစ်က ဂိုးသွင်းနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ နိုင်ပွဲရဖို့ဆိုရင် ကွင်းလယ်နဲ့ ခံစစ်ကပါ တောင့်တင်းနေဖို့ လိုအပ်တယ်လို့ အဂွဲရိုးက ထောက်ပြခဲ့တာပါ။
👍1
အေစီမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်နေရာမရရှိသည့်အသက် ၂၀ အရွယ် ဘရာဇီးတိုက်စစ်မှူး အန်ဒရစ်ခ်ကို လာမည့်ဇန်နဝါရီကာလမှာအပြီးသတ်ခေါ်ယူခွင့် မပါဝင်ဘဲ အငှားသီးသန့်နဲ့သာ ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းထံကမ်းလှမ်းမှုတစ်ခုပြုလုပ်ရန် စဉ်းစားနေကြောင်း သိရှိရပါသည်။
👍1
‎'ရော်နယ်ဒိုရဲ့ နောက်ဆုံးအိပ်မက်'
‎
‎ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ပြဿနာတပုံတပင်နဲ့ထွက်ခွာခဲ့ရပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုဟာ အယ်နက်ဆာထံပြန်ရောက်လာပါပြီ။
‎
‎ရော်နယ်ဒိုလို ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား၊ ပေါ်တူဂီကို ဆုဖလား(၃)လုံးဆွတ်ခူးစေပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင် ဆွဲတင်ပေးခဲ့တဲ့ဂန္ထဝင်တစ်ဦးဟာ နိုင်ငံအသင်းနဲ့အခုလိုမျိုး အကျည်းတန်စွာလမ်းခွဲရတာ စိတ်မကောင်းစရာပါ။
‎
‎သူ့အနေနဲ့ ပေါ်တူဂီနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးချင်တဲ့ အိပ်မက်6သဆုံးသွားတဲ့နောက် နောက်ဆုံးသောမျှော်လင့်ချက်လို့ပြောရမယ့် သွင်းဂိုး(၁၀၀၀)ပြည့်မြောက်ဖို့သာ အာရုံစိုက်ရပါတော့မယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ သွင်းဂိုး(၉၇၉)ဂိုး သွင်းယူထားပြီးပါပြီ။
‎
‎ဒါကြောင့်မို့ ဂိုး(၁၀၀၀)ပြည့်မြောက်ဖို့ (၂၁)ဂိုးသာလိုပါတော့တယ်။ တကယ်တော့ အခု ၂၀၂၆ ခုနှစ်ဟာ ရော်နယ်ဒိုအတွက် ထူးရှယ်ခုနှစ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ သူဟာ လက်တွဲဖော်ဖြစ်တဲ့ ဂျော်ဂျီနာနဲ့အတူ လက်ထပ်ခဲ့ပြီးပြီ။
‎
‎သားအကြီးဆုံး ရော်နယ်ဒိုဂျူနီယာနဲ့လည်း တစ်သင်းတည်းအတူတူကစားနိုင်ခွင့် ရှိနေပါသေးတယ်။ အသက်(၄၁)နှစ်သားကြီးဟာ သွင်းဂိုးတစ်ထောင်ပြည့်မြောက်သွားပြီဆိုပါက နောက်ထပ်ဘာကိုမှ မှုစရာမလိုတော့ပါဘူး။
❤2👏2
ရော်နယ်ဒိုနဲ့ ပေါ်တူဂီကြား အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ သားဖြစ်သူ ဂျူနီယာက စပိန်အသင်းကို ကိုယ်စားပြုနိုင်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်

အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ဂျူနီယာဟာ အရင်က ပေါ်တူဂီ ယူ ၁၆ အတွက် ကစားပေးဖူးပြီး ဂိုးတွေလည်း သွင်းထားသူပါ

ဒါပေမယ့် အခုထိ စပိန်ကို ပြောင်းမယ်ဆိုတာ တရားဝင်အတည်ပြုထားတာ မရှိသေးပါဘူး

ပေါ်တူဂီ ယူ ၁၆ အသင်းမှာ မပါလာခဲ့ဘူးဆိုရင်တောင် နိုင်ငံအသင်းပြောင်းတော့မယ်လို့ အဓိပ္ပာယ်မရပါဘူး

ဂျူနီယာရဲ့ နိုင်ငံအသင်းအနာဂတ်က အခုချိန်ထိ ဖွင့်ထားဆဲ ဖြစ်ပါတယ်

ပေါ်တူဂီကို ဆက်ရွေးမလား စပိန်ဂျာစီကို ဝတ်မလားဆိုတာတော့ သူကိုယ်တိုင် ဆုံးဖြတ်ရဦးမှာပါ

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုနဲ့ ပေါ်တူဂီပြဿနာကြောင့်ပဲ ဂျူနီယာလေးရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်နေရပါတယ်
★ Golden Boy ဆု နောက်ဆုံးဆန်ခါတင် ၂၅ ဦးစာရင်းမှာ ပရီးမီးယားလိဂ်က ရှစ်ဦးပါဝင်

၂၀၂၆ Golden Boy ဆုအတွက် နောက်ဆုံးဆန်ခါတင် ၂၅ ဦးစာရင်းမှာ ပရီးမီးယားလိဂ်က ရှစ်ဦးအထိ ပါဝင်ခဲ့ပါတယ်။

ချယ်လ်ဆီး၊ ဘရိုက်တန်နဲ့ ဘုန်းမောက်အသင်းတို့က နှစ်ဦးစီ အများဆုံး ရွေးချယ်ခံရပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့က တစ်ဦးစီသာ ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရှစ်ဦးမှာ အီစတယ်ဗိုနဲ့ ဟာတို(ချယ်လ်ဆီး)၊ ခရူပီနဲ့ ရာယန်(ဘုန်းမောက်)၊ ဗူရှကိုဗစ်နဲ့ ကော့စတူလက်စ်(ဘရိုက်တန်)၊ ဆကယ်လီ(အာဆင်နယ်)၊ ဘူအက်ဒီ(မန်စီးတီး)တို့ ပါဝင်ခဲ့တာဖြစ်တယ်။

အခြားလိဂ် နာမည်ကျော်တွေထဲက ဒီယိုမန်ဒယ်
နဲ့ အန်းဒရစ်(ရီးယဲလ်မက်ဒရစ်)၊ ကားလ်(ဘိုင်ယန်မြူးနစ်)၊ ဇိုင်းအမ်မရီ(PSG)၊ ကူဘာဆီ(ဘာစီလိုနာ)တို့ ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

အခုဆုဟာ အီတလီအားကစားမီဒီယာ Tuttosport ဥရောပမှာကစားနေတဲ့ အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်တယ်။

ဘာစီလိုနာကြယ်ပွင့် ယမားလ်ကတော့ ၂၀၂၄ ခုနှစ်မှာ ဆုရရှိထားပြီးဖြစ်လို့ ဆန်ခါတင်စာရင်း ထည့်သွင်းမခံခဲ့ရပါဘူး။

၂၀၂၆ Golden Boy အကောင်းဆုံးဆုအတွက် ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်နောက်ခံလူ ကူဘာဆီက ရေပန်းအစားဆုံးဖြစ်နေပါတယ်။
နော်ဝေနည်းပြ Ståle Solbakken ရဲ့ ပြောကြားချက်အရ ဟာလန်းဟာ စီးတီးထံမှ နားရက်အနည်းငယ် ရရှိထားပြီး အနားယူဖို့ လိုအပ်နေကြောင်း သိရပါတယ်။

​ပေါ်တူဂီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဟာလန်းကို မိနစ်ပြည့် ကစားခိုင်းဖို့ အစီအစဉ် လုံးဝမရှိခဲ့ကြောင်း နည်းပြက ရှင်းပြခဲ့ပါတယ်။ ဟာလန်းကိုယ်တိုင်ကလည်း မိနစ် ၆၇ အရောက်မှာ လူစားလဲပေးဖို့ အချက်ပြခဲ့ပြီး ပွဲအပြီး မကြာမီမှာပဲ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

​
Nations League 7 ပွဲဆက် ဂိုးတွေသွင်းထားနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ တိုက်စစ်မှူး ဗစ်တာဂျောကရက်စ် 🇸🇪

• ⚽️ vs Estonia
• ⚽️ vs Slovakia
• ⚽️⚽️⚽️⚽️ vs Azerbaijan
• ⚽️ vs Romania
• ⚽️ vs Poland
• ⚽️ vs Bosnia
• ⚽️ vs Romania
❤1
"ကျွန်တော် အာဆင်နယ်ကိုရောက်တော့ အာတီတာက မင်းကို အဓိကကစားသမားအနေနဲ့ ထားမှာ ၊ ကစားကွက်ကို မင်းနဲ့စတည်ပြီးကစားမှာ ဘာညာပေါ့ဗျာ အကုန်ပြောခဲ့ပါတယ်။

အာဆင်နယ်မှာ သုံးနှစ်စာချုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် သုံးလလောက်နဲ့တင်အသင်းကထွက်ချင်သွားပါတယ်။ အာဆင်နယ်ကပေးတဲ့လစာက ကျွန်တော့်ကစားသမားဘဝရဲ့အများဆုံးလစာဆိုပေမယ့် မပျော်ခဲ့ပါဘူး။ ချဲလ်ဆီးမှာပဲ ကျွန်တော်ဆက်နေခဲ့သင့်တာပါ" 👀

🗣ဝီလီယံ (on ObiOnePodcast)
👍1
🚨🎙 ဇလာတန် အီဗရာဟီမိုဗစ်က လီယိုနယ် မက်ဆီ ထိုက်ထိုက်တန်တန် နှုတ်ဆက်ပွဲ ရရှိခဲ့ပြီး ခရစ်စတီယာနို ရော်နယ်ဒိုကတော့ ရချင်မှရတော့မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်

​“ဒါက သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကို အပြည့်အဝ ဖော်ပြနေတာပါပဲ။ ခရစ်စတီယာနိုကတော့ သူဟာ အကောင်းဆုံးပါဆိုတာ လူတွေ ယုံကြည်လာအောင် သူ့ကစားသမားဘဝ ရာခိုင်နှုန်းအတော်များများကို အသုံးချခဲ့တယ်။

မက်ဆီနဲ့ ခဏခဏ နှိုင်းယှဉ်ပြခဲ့သလို သူကိုယ်သူ ဘယ်လောက် အဆင့်မြင့်သလဲဆိုတာ လူတိုင်းသိအောင် လုပ်ခဲ့တာပါ။ ​မက်ဆီကတော့ ဒါမျိုး ဘယ်တုန်းကမှ မလိုခဲ့ဘူး။ သူကိုယ်သူ အကြီးကျယ်ဆုံးပါလို့ မကြွေးကြော်ခဲ့ဖူးဘူး၊ ခရစ်စတီယာနိုကို နှိမ့်ချဖို့ ဒါမှမဟုတ် အသိအမှတ်ပြုခံရအောင် စည်းရုံးလှုံ့ဆော်ဖို့ မလိုခဲ့ဘူး။

သူဟာ ကစားတယ်၊ အနိုင်ရတယ်၊ အမှတ်တရတွေ ဖန်တီးပေးခဲ့ပြီး လူတွေကိုပဲ ဆုံးဖြတ်ခွင့် ပေးခဲ့တာပါ။ ​ခုတော့ ငါတို့ ဘယ်အခြေအနေ ရောက်နေပြီလဲ ကြည့်လိုက်ပါ။ မက်ဆီရဲ့ နှုတ်ဆက်ပွဲ ရောက်လာတဲ့အခါ ဘောလုံးကမ္ဘာတစ်ခုလုံး ခဏရပ်တန့်ပြီး သူ့ကို ဂုဏ်ပြုကြပါလိမ့်မယ်။

အဲဒီလို လေးစားမှုမျိုးက တောင်းဆိုလို့ ရတာမဟုတ်ဘူး။ ကိုယ်တိုင် ထိုက်တန်အောင် ယူရတာပါ။ ​ငါ့အတွက်တော့ မက်ဆီ ထိုက်တန်တဲ့ နှုတ်ဆက်ပွဲ ရရှိတာကို မြင်တွေ့ရတာဟာ ဘောလုံးလောကမှာ အလှပဆုံး အခိုက်အတန့်တွေထဲက တစ်ခု ဖြစ်လာမှာပါ။ ဒါဟာ သူဘယ်သူလဲဆိုတာ ကမ္ဘာကို ထုတ်ပြောဖို့ မလိုခဲ့တဲ့ ကစားသမားတစ်ယောက်ရဲ့ သမိုင်းဝင် အမွေအနှစ်ပါပဲ။”
❤2
🇰🇷 Official— ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါပြီ။

တောင်ကိုရီးယားအတွက် ၅၉ ဂိုးမြောက်ကို သွင်းယူခဲ့ပြီး နိုင်ငံအသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ထိပ်ဆုံးနေရာကို ရောက်ရှိသွားပါပြီ။

အထူးခြားဆုံးကတော့ ဒီစံချိန်ကို ဖရီးကစ်ကနေ လှလှပပ ဂိုးသွင်းပြီး ရယူခဲ့တာပါ။

တောင်ကိုရီးယားအတွက် ဆွန်ဟောင်မင်ရဲ့ မှတ်တမ်းအနေနဲ့ ပွဲပေါင်း (၁၅၂) ပွဲ ကစားပေးထားပြီး သွင်းဂိုး (၅၉) ဂိုး အထိသွင်းယူပေးထားကာ ဂိုးဖန်တီးမှု (၂၄) ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ကိုရီးယား နိုင်ငံအသင်းအတွက်တော့ ဆွန်ဟောင်မင်ဟာ တကယ့်ကို ဂန္တဝင် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။
❤2