■ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ မက်ဆီရဲ့နှုတ်ဆက်ပွဲ
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီရဲ့နှုတ်ဆက်ပွဲကတော့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဘီနင်နဲ့ကစားတဲ့ နှုတ်ဆက်ခြေစမ်းပွဲမှာ မက်ဆီဟာ ပွဲအစအဆုံး ကစားခဲ့တာဖြစ်တယ်။
ပထမပိုင်းမှာတော့ မက်ဆီရဲ့အာဂျင်တီးနားအသင်း ဂိုးပေါက်မတွေ့ဘဲ ပြီးဆုံးခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားအသင်းက သုံးဂိုးသွင်းပြီး မက်ဆီရဲ့နှုတ်ဆက်ပွဲကို လှလှပပ ပြီးဆုံးစေခဲ့ပါတယ်။
မက်ဆီကလည်း တတိယမြောက်ဂိုးဖြစ်စေမယ့် ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းကာ အော်တာမန်ဒီ၊ နီကိုပက်ဇ်တို့ရဲ့ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာပွဲ ၂၀၈ ပွဲ ကစားခဲ့ပြီး ၁၂၆ ဂိုးနဲ့ လက်ရွေးစင်အသင်းစာမျက်နှာ ပိတ်သိမ်းခဲ့ပါတယ်။

❤2
★ UEFA Nations League ရလဒ်များ
အင်္ဂလန် ၃-၀ ချက်
ခရိုအေးရှား ၁-၂ စပိန်
ကာဇက်စတန် ၁-၁ ဖာရိုးကျွန်းစုများ
အယ်လ်ဘေးနီးယား ၂-၁ ဆန်မာရီနို
ဘီလာရုစ် ၁-၀ ဖင်လန်
အက်စ်တိုးနီးယား ၀-၀ အိုက်စလန်
လူဇင်ဘတ် ၀-၂ ဘူလ်ဂေးရီးယား
မော်လ်ဒိုဗာ ၀-၄ ဆလိုဗက်ကီးယား
စကော့တလန် ၁-၂ ဆလိုဗေးနီးယား
ဆွစ်ဇာလန် ၃-၀ မြောက်မက်ဆီဒိုးနီးယား
အင်္ဂလန် ၃-၀ ချက်
ခရိုအေးရှား ၁-၂ စပိန်
ကာဇက်စတန် ၁-၁ ဖာရိုးကျွန်းစုများ
အယ်လ်ဘေးနီးယား ၂-၁ ဆန်မာရီနို
ဘီလာရုစ် ၁-၀ ဖင်လန်
အက်စ်တိုးနီးယား ၀-၀ အိုက်စလန်
လူဇင်ဘတ် ၀-၂ ဘူလ်ဂေးရီးယား
မော်လ်ဒိုဗာ ၀-၄ ဆလိုဗက်ကီးယား
စကော့တလန် ၁-၂ ဆလိုဗေးနီးယား
ဆွစ်ဇာလန် ၃-၀ မြောက်မက်ဆီဒိုးနီးယား
လီယွန်နယ်မက်ဆီတစ်ယောက် အာဂျင်တီးနား ပရိသတ်တွေကို နုတ်ဆက်စကား ပြောကြားနေချိန်မှာတော့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ဝမ်းနည်းမှုကို မထိန်းနိုင်တော့ဘဲ ကလေးတစ်ယောက်လို ချုံးပွဲချငိုကြွေးနေခဲ့တာပါ 💔🇦🇷
မိခင်နိုင်ငံတော်နဲ့ ပရိသတ်တွေအတွက် အရာရာကို ပေးဆပ်ခဲ့တဲ့ စံပြအိုင်ဒေါကြီးရဲ့ နောက်ဆုံး နုတ်ဆက်ထွက်ခွာမှုကို ကြည့်ရှုရင်း ရင်ထဲက ဝမ်းနည်းမှုကို ကြိတ်မှိတ်မထားနိုင်တော့ဘဲ မျက်ရည်တွေ စီးကျလာခဲ့တဲ့ အန်ဇိုရဲ့ မြင်ကွင်းဟာ ကွင်းထဲက ပရိသတ်တွေရဲ့ ရင်ကိုပါ ပိုမို ကြေကွဲစေခဲ့ပါတယ်။
စီနီယာ ဂန္ထဝင်ကြီးရဲ့ ဩဇာတိက္ကမနဲ့ မျိုးဆက်သစ်တွေအပေါ် ထားရှိခဲ့တဲ့ လေးစားချစ်ခင်မှုတွေကို မီးမောင်းထိုးပြနေသလို၊ အာဂျင်တီးနား ဘောလုံးသမိုင်းရဲ့ ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီဆိုတာကို အထင်းသား သက်သေပြလိုက်တဲ့ ရင်နင့်ဖွယ်ရာ ပုံရိပ်တစ်ခုပါပဲ။

❤7
🚨 "Abu Dhabi: Oil and Beyond" နာမည်ကြီးစာအုပ်ရဲ့ စာရေးဆရာ ခရစ္စတိုဖာ ဒေးဗစ်ဆင်က ရှိတ်ခ်မန်ဆော်အနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ရောင်းထုတ်လိမ့်မယ်လို့ ယူဆနေပါတယ်။
ဒါပေမဲ့လည်း ဒါဟာ အသင်းရဲ့ အယူခံဝင်မှု မအောင်မြင်ခဲ့ရင်မှသာ ဖြစ်လာမှာပါ။
ရှိတ်ခ် မန်ဆော်ဟာ သမိုင်းမှာ အမဲစက်စွန်းထင်းသွားတဲ့ အသင်းတစ်သင်းရဲ့ ပိုင်ရှင်အဖြစ် ဆက်ရှိနေဖို့အတွက် လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ခရစ္စတိုဖာက ယုံကြည်နေပါတယ်။

ပေါ်တူဂီအသင်းတွင်း ပြဿနာကို စာအရှည်ကြီးနဲ့ ရော်နယ်ဒို ဖွင့်ဟ
ပေါ်တူဂီအသင်းနည်းပြ ဟော်ဟေး ဂျီးဆပ်တို့အကြား ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒိုက ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
"ကျွန်တော် ကတိပေးထားခဲ့တဲ့အတိုင်း ပြီးခဲ့တဲ့ လေ့ကျင့်ရေးစခန်းမှာ လက်ရှိနည်းပြနဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ရိုးရိုးသားသားပဲ ပြန်လည်မျှဝေပေးချင်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပေါ်တူဂီပြည်သူတွေထံ ပေးပို့ဖို့ နှုတ်ဆက်စာတစ်စောင်ကို ကျွန်တော် ပြင်ဆင်ထားခဲ့ပါတယ်။ ဒီစာကို အသင်းကနေ အပြီးတိုင် နှုတ်ဆက်တဲ့နေ့မှာ ဖတ်ကြားပြဖို့ အခုထိ သိမ်းဆည်းထားတုန်းပါ။ ဒါပေမဲ့ ပြိုင်ပွဲအပြီး အမေရိကန်ကနေ အိမ်ပြန်တဲ့ လေယာဉ်ပေါ်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌက ကျွန်တော့်ကို အသင်းမှာ ဆက်လက်ရှိနေပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဥက္ကဋ္ဌက နည်းပြသစ်ခန့်အပ်ဖို့ စဉ်းစားနေတဲ့ စာရင်းထဲက လက်ရှိနည်းပြနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ဒီနည်းပြကို ( ဟော်ဟေး ဂျီးဆပ် ) ရွေးချယ်တာ အမှန်ကန်ဆုံးဖြစ်လိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နည်းပြသစ် မိတ်ဆက်တဲ့နေ့မှာ ကျွန်တော် နည်းပြအတွက် တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတာပါ။ အခု အသင်းရဲ့ ရလဒ်တွေက ဒီဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာကို ပြသနေပါတယ်”
“အဲ့ဒီနောက် နည်းပြသစ်က ကျွန်တော်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးချင်တယ်ဆိုပြီး ဆက်သွယ်လာတာကြောင့် အားလပ်ရက်အကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကလပ်အသင်း ရာသီကြို လေ့ကျင့်ရေးဆင်းနေတဲ့ဆီမှာ တွေ့ဆုံခဲ့တုန်းက ကျွန်တော့်ကို သူရဲ့ စီမံကိန်းထဲမှာ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်စေချင်ကြောင်းနဲ့ ပွဲစဉ်အလိုက် ပါဝင်ကစားရမယ့် အစီအစဉ်ကိုပါ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ သူက ကျွန်တော့်ကို ပထမပွဲနဲ့ နောက်ဆုံးပွဲမှာ ပွဲထွက်ကစားစေမှာဖြစ်ပြီး ကြံ့ခိုင်မှုထိန်းသိမ်းဖို့အတွက် ပွဲတိုင်းမှာ ကစားသမား ၃ ယောက်ကနေ ၄ ယောက်အထိ အပြောင်းအလဲလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နော်ဝေနဲ့ ဒိန်းမတ် ခရီးစဉ်တွေမှာ ကျွန်တော် လိုက်ပါမလာဘဲ ပထမပွဲအပြီး ပေါ်တူဂီမှာပဲ ကျန်ခဲ့ပြီးမှ ပေါ်တိုကွင်းမှာကစားမယ့်ပွဲစဉ်မတိုင်မီ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းမှုကို ကျွန်တော် ချက်ချင်း ငြင်းပယ်ခဲ့ပါတယ်။ အဝေးကွင်းပွဲတွေမှာ မကစားရရုံနဲ့ အသင်းခေါင်းဆောင် တာဝန်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပေါ်တူဂီမှာပဲ သီးသန့်ကျန်ခဲ့တာမျိုးက အသင်းအတွက် စံနမူနာကောင်း မဖြစ်နိုင်ပါဘူး။ နည်းပြကလည်း ကျွန်တော့်ရဲ့ အယူအဆကို သဘောတူခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အယ်လ်နာဆာရဲ့ အားကစားဒါရိုက်တာ ဆီမာအို ကူတီညိုလည်း ရှိနေခဲ့ပါတယ်”
“ဒါပေမဲ့ လေ့ကျင့်ခန်းစခန်းမဝင်ခင် တစ်ရက်အလိုမှာ နည်းပြက ကျွန်တော့်အိမ်ကို ကိုယ်တိုင်လာရောက်ပြီး ထပ်မံဆွေးနွေးခဲ့ပါသေးတယ်။ အေးဆေးဆေးဆေး ဆွေးနွေးခဲ့ကြပြီး သြဂုတ်လတုန်းက သဘောတူထားတဲ့ အချက်တွေကိုပဲ အတည်ပြုခဲ့ကြတာပါ။ အယ်လ်ဗာလာဒေမှာ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော် လူစားလဲခံခဲ့ရပေမဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ လက်ပတ်ကို ဘရူနို ဖာနန်ဒက်စ်ဆီ ကိုယ်တိုင်လွှဲပေးခဲ့ပြီး ဒါဟာ အမျိုးသားအသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးခြေလှမ်းတွေ ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက အသင်းနိုင်ပွဲရဖို့ပဲ ဖြစ်ပါတယ်။
အဆိုးဆုံးကတော့ နော်ဝေနဲ့ ပွဲကစားချိန်မှာ ဖြစ်ခဲ့တာပါ။ လက်ထောက်နည်းပြက လာရောက်ပြီး နည်းပြက ကျွန်တော့်ကို စကားပြောချင်တယ်လို့ လာပြောပါတယ်။ နည်းပြဆီ ရောက်တဲ့အခါ မိနစ် ၃၀ လောက် ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝရဲ့လားလို့ မေးခဲ့တာကြောင့် ကျွန်တော် တကယ်ကို အံ့အားသင့်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ အရန်ခုံမှာပဲ အနားယူပြီး ဒီပွဲမှာ ပါဝင်ရမှာ မဟုတ်ဘူးလို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ ကြံ့ခိုင်မှု ပြန်လည်ပြင်ဆင်ရေး အစီအစဉ်ထဲမှာ မပါပေမဲ့ ကစားနိုင်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ နည်းပြကလည်း အဆင်သင့်လုပ်ထားဖို့နဲ့ မိနစ် ၃၀ ကစားရမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်းပါပဲ... ဒုတိယပိုင်းစကတည်းက ကျွန်တော် သွေးပူလေ့ကျင့်ခန်း လုပ်ခဲ့ရပြီး ပွဲပြီးခါနီးအထိ မိနစ်တွေ ကုန်လွန်သွားခဲ့ပေမဲ့ ကျွန်တော့်ကို လုံးဝ ထည့်မကစားခဲ့ပါဘူး။ နည်းပြဟာ ကျွန်တော့်အပေါ် ပေးထားတဲ့ ကတိကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်"
🗣 Cristiano Ronaldo

❤3
အမ်ဘာပေ ဟာ မက်ဒရစ်မှာ မပျော်တော့ဘူးဖြစ်သလို မက်ဒရစ် Project ကိုပါ မယုံတော့ဘူးလိုသိရပါတယ်။
ဂျော်ဂျီ ပီကွန်ရဲ့ ဖော်ပြချက်အရ ကီလီယန် အမ်ဘာပေဟာ ရီးယဲလ်မက်ဒရစ်မှာ လက်ရှိအခြေအနေအပေါ် အလွန်မပျော်မရွှင်ဖြစ်နေတယ်လို့ သူ့အနီးကပ်လူတွေကို ပြောထားတယ်လို့ သိရပါတယ်။
အမ်ဘာပေရဲ့ အမြင်မှာတော့ လက်ရှိ ရီးယဲလ်မက်ဒရစ်ရဲ့ Project ဟာ လုံလောက်အောင် အလေးအနက်မရှိဘူးလို့ ခံစားနေရတယ်လို့ ဆိုပါတယ်။
ပိုပြီး စိုးရိမ်စရာကောင်းတာက အမ်ဘာပေတစ်ယောက်တည်း မဟုတ်ဘဲ အသင်းထဲက ကစားသမားအချို့ကလည်း လက်ရှိ မက်ဒရစ် Project အပေါ် အလားတူသဘောထားတွေ ရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဝတ်လဲခန်းထဲက ယုံကြည်မှုက လျော့ကျနေပြီလား အမ်ဘာပေရဲ့ မက်ဒရစ်အိပ်မက်က အခုလိုနဲ့ပဲ ပြဿနာတွေ စတင်လာပြီလား မက်ဒရစ်ရဲ့ Project သူကိုယ်တိုင် ယုံကြည့်မူ သံသယာ ဝင်နေတယ်လို သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အကယ်ဒမီရဲ့ အဝတ်လဲခန်းထဲမှာ ဒီပုံကို ထားရှိထားလေ့ရှိပါတယ်။
ပုံထဲမှာတော့ ဘောလုံးလောကရဲ့အကောင်းဆုံးတစ်ယောက်ဆိုတဲ့ မက်ဆီ ဆိုတဲ့ကစားသမားဟာ သူ့ဖိနပ်ကို တခြားသူမတိုက်ပေးဘဲ ကိုယ်တိုင်တိုက်နေတာကို တွေ့ရမှာဖြစ်ပြီး လူငယ်ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဘဝင်မမြင့်ဘဲ Humble ဖြစ်ကြဖို့အတွက် အသိပေးချင်တာကြောင့် ကပ်ထားတာဖြစ်ပါတယ်။
Enjoy your retirement Lionel ❤️🇦🇷

❤6
နိုင်ငံတကာအားကစားသမားဘဝမှ အနားမယူသေးကြောင်းဆိုလိုက်တဲ့ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨
“ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကျွန်တော့်ရဲ့ လုပ်ရပ်ကို စစ်ဆေးပြီး၊ အပြစ်ပေးလို့ ရပါတယ်။ အဲ့ဒီလုပ်ရပ်တွေအတွက် ပြစ်ဒဏ်ကို လျော့ပေးစရာ မလိုပါဘူး။ ကျွန်တော်က ကစားသမားတစ်ယောက်သာသာ မဟုတ်ပါဘူး။ အသင်းခေါင်းဆောင်ဖြစ်တဲ့အတွက် ပိုပြီးတော့ အပြစ်ခံယူသင့်ပါတယ်။
ကျွန်တော် အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေကို တောင်းပန်ပြီးပါပြီ။ လုပ်ရပ်တိုင်းမှာ အကျိုးဆက်တော့ ရှိစမြဲပါပဲ။
နိုင်ငံအသင်းနဲ့ ပတ်သက်လာရင် အသင်းအတွက် ပါဝင်ယှဉ်ပြိုင်ပေးချင်တာပါ။ အဖေဆုံးပါးသွားတဲ့ သတင်းကို အသင်းက လာအသိပေးခဲ့ပေမဲ့လဲ ကျွန်တော် နောက်တစ်နေ့ပွဲပြီးတဲ့အထိ နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုမျိုးလုပ်ရပ်က ကျွန်တော့်နိုင်ငံအတွက်ပါပဲ။ ဘယ်ကလပ်အသင်းအတွက်မှ လုပ်ပေးမှာ မဟုတ်ပါဘူး။
ပွဲပယ်ပြစ်ဒဏ် ခံပြီးရင်တော့ ကျွန်တော် နိုင်ငံအသင်းနဲ့အတူပြန်လာပြီး အောင်ပွဲတွေ ရယူချင်ပါသေးတယ်” လို့”
𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 က ဆိုပါတယ်။
ကစားသမားက လက်ရှိမှာ ကြံခိုင်မှု့ပိုင်း ပြည့်ဝနေပြီး အသင်းနဲ့ ပြန်ကစားနိုင်ပြီ ဖြစ်ပါတယ်။

🚨🔵 ဇာဘီ အလွန်ဆိုက ဘာစီလိုနာကွင်းလယ်လူ ဖာမင် လိုပက်ဇ်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း ကိုတိုက်တွန်းနေတယ်လို့ သတင်းထွက်လာပါတယ်။
သတင်းတွေအရ ဘာစီလိုနာကွင်းလယ်လူ ဖာမင် လိုပက်ဇ်ကို ခေါ်ယူဖို့ ချဲလ်ဆီးဘက်က ပေါင်သန်း ၁၀၀ ကျော်အထိ ကမ်းလှမ်းနိုင်တယ် လို့ သိရပါတယ်။
ဒါပေမယ့် ဘာစီလိုနာက အသက် ၂၃ နှစ်အရွယ် ကစားသမားကို မရောင်းချလိုဘဲ ပေါင်သန်း ၁၀၀ အောက်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံမှာမဟုတ်ဘူး လို့ ဆိုပါတယ်။
ဖာမင်ကိုယ်တိုင်ကလည်း ဘာစီလိုနာမှာပဲ ဆက်ကစားချင်နေပြီး စာချုပ်သက်တမ်းက ၂၀၃၁ ခုနှစ်အထိ ရှိနေပါတယ်။

ဘုန်းမောက်အသင်းသည် အသင်းကြီးများစွာမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသက် ၂၃နှစ်အရွယ် အဂ်လန်ကွင်းလယ်လူ အဲလက်စ် စကော့သာ အသင်းကနေထွက်ခွာသွားပါက ၎င်းရဲ့နေရာတွင် အစားထိုးကစားသမားအဖြစ် ဝုဖ်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ်ကွင်းလယ်လူ ဖာလိုပက်ဇ်ကို ခေါ်ယူသွားရန် ရည်ရွယ်ထားလျှက်ရှိပါသည်။
ဖာလိုပက်ဇ်ဟာ ဒီရာသီ ချန်ပီယံရှစ်မှာ ဝုဖ်အသင်းအတွက် ၈ ပွဲကစား ၅ ဂိုးသွင်း၂ ဂိုးဖန်တီးမှုပြုလုပ်ပေးထားသော ကစားသမားလည်းဖြစ်ပြီး ဘုန်းမောက်အသင်ဟာ ဖာလိုပက်ဇ် ဝုဖ်အသင်းကို မပြောင်းရွှေ့ခင် ဆယ်လ်တာဗီဂိုမှာရှိစဥ်ကတည်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါသည်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၁၅ နှစ်အရွယ်လူငယ်ကြယ်ပွင့်ကစားသမား ဂျေဂျေ ဂါဘရီယယ်ရဲ့ မိသားစုက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဆွေးနွေးမှုမစတင်ခင် ပထမအသင်းကစားချိန်နဲ့ ပတ်သက်ပြီး တိကျတဲ့ တောင်းဆိုချက်တွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဂါဘရီယယ်မိသားစုတို့ဘက်က ၎င်းရဲ့သားဖြစ်သူအား ချန်ပီယံလိဂ်ပွဲစဥ်တစ်ပွဲအပါအဝင် အခြားFA ဖလားနှင့် ပရီးမီးယားလိဂ်ပွဲစဥ်တစ်ပွဲတို့မှာ အနည်းဆုံး မိနစ် ၂၀စီ ကစားခွင့်ပေးရမယ်လို့ တောင်းဆိုထားပြီး ဒီအချက်တွေကို သဘောတူညီမှသာ မန်ချက်စတာယူနိုက်တက်အသင်းနှင့် (Scholarship Contract) အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရပါသည်

👍3