ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ညာနောက်ခံလူ ဂျယ်ရမီ ဖရင်ပေါင်ကိုခေါ်ယူရန် စိတ်ဝင်စားနေပါသည်။ ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ ဖရင်ပေါင် လေဗာကူဆင်မှာကစားစဥ် ကတည်းကခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုကလည်း စပါးနောက်ခံလူ ပက်ဒရို ပေါရိုနဲ့အတူ ဖရင်ပေါင်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိရပါသည်။
လီဗာပူးအသင်းဘက်ကတော့ အင်္ဂလန်ရောက်ပြီးနောက် ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ ဖရင်ပေါင်ကို ပေါင် ၃၅ သန်းဝန်းကျင် ရရှိပါက ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါသည်။

ပရီးမီးယားလိဂ်ဟာ အင်္ဂလန်ဘောလုံးလောကအတွင်း ငွေကြေးတွေကို ပိုမိုမျှတစွာ ပြန်လည်ခွဲဝေပေးနိုင်ဖို့အတွက် EFL ကို တစ်နှစ်လျှင် ပေါင်သန်း ၁၈၀ ဝန်းကျင် ထပ်မံထောက်ပံ့ပေးရန် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဒီအစီအစဉ်ဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အရေးပါတဲ့ သဘောတူညီချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အစောပိုင်းက ကမ်းလှမ်းထားတဲ့ တစ်နှစ်လျှင် ပေါင်သန်း ၁၅၀ ဝန်းကျင် ကနေ အခု ပေါင်သန်း ၁၈၀ ဝန်းကျင်အထိ တိုးမြှင့်ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။
Source - Sky News

👍4
🚨 OFFICIAL! မီကယ် အာတီတာ အာဆင်နယ်မှာ ၂၀၃၀ အထိ ဆက်ရှိမည်
အာဆင်နယ်အသင်းက နည်းပြ မီကယ် အာတီတာ နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီလို့ တရားဝင်အတည်ပြုလိုက်ပါတယ်။
အာတီတာဟာ ၂၀၃၀ ခုနှစ် ဇွန်လအထိ အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိသွားမှာဖြစ်ပြီး နည်းပြအဖွဲ့ဝင်အချို့လည်း စာချုပ်သစ်တွေ ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ လစာတိုးမြှင့်မှုလည်း စာချုပ်သစ်ထဲမှာ ပါဝင်ပါတယ်။

👍5❤3
GOAT တဦးမှ GOAT တဦးဆီသို့ …
ယမန်နေ့ကပဲ အာဂျင်တီးနားနဲ့ အတူ လက်ရွေးစင် ကစားသမား ဘဝ နောက်ဆုံး နှုတ်ဆက်ပွဲ ကစားသွားတဲ့ လီယွန်နယ် မက်ဆီဟာ ယနေ့မှာ ကိုယ်ပိုင်အင်စတာဂရမ်မှတဆင့် အမှတ်တရပို့စ် ရေးတင်သွားခဲ့ပါတယ်။
ထိုပို့စ်အောက်မှာ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုက မက်ဆီရဲ့ လက်ရွေးစင် ကစားသမားဘဝကို ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ‘ လီယိုရေ… မင်းဟာ နိုင်ငံအတွက် နှစ်ပေါင်းများစွာ တာဝန်ကျေကျေ ခုခံကာကွယ်ပေးခဲ့သလို၊ မင်း ဖန်တီးခဲ့တဲ့ သမိုင်းကြောင်းကလည်း ထာဝရ တည်တံ့နေမှာပါ။ အာဂျင်တီးနားနဲ့အတူ မင်း စွမ်းဆောင်နိုင်ခဲ့သမျှ အရာအားလုံးအတွက် ငါ respect အပြည့်အဝ ပေးပါတယ်ကွာ။ ‘ လို့ ကွန်းမန့် ရေးသွားပါတယ်။

❤12
Christopher Davidson ရဲ့ ပြောကြားချက်အရ မန်စီးတီးအသင်းဟာ သူတို့ရဲ့ အယူခံမှု ရှုံးနိမ့်ခဲ့မယ်ဆိုရင် Sheikh Mansour က အသင်းကို ရောင်းချသွားနိုင်တယ် လို့ ဆိုပါတယ်။ Abu Dhabi နဲ့ အဲဒီနိုင်ငံရဲ့ အုပ်ချုပ်သူမိသားစုအကြောင်း အကျယ်တဝင့် ရေးသားခဲ့ဖူးတဲ့ Davidson က Mansour အနေနဲ့ ပြစ်ဒဏ်ချမှတ်ချက်ကြောင့် အသင်းရဲ့ဂုဏ်သိက္ခာဟာ အပြီးအပိုင် ထိခိုက်ပျက်စီးသွားခဲ့ရင် အဲဒီလို အသင်းနဲ့ ဆက်လက်ဆက်နွယ်နေချင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။
ဒါပေမယ့် အဓိကအချက်တစ်ခုက မန်စီးတီးအနေနဲ့ အယူခံမှု ရှုံးနိမ့်ရမှသာ ဖြစ်လာနိုင်တာပါ။ မန်စီးတီးဘက်ကတော့ သူတို့အပေါ် ချမှတ်ထားတဲ့ တွေ့ရှိချက်တွေကို လုံးဝ လက်မခံဘဲ ငြင်းဆိုထားပြီး၊ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်အောင် လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာတော့ Sheikh Mansour က အသင်းကို ရောင်းမယ်လို့ တရားဝင်ကြေညာထားတာ မဟုတ်ဘဲ Davidson ရဲ့ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်သာ ဒီလိုဖြစ်လာခဲ့ရင် Sheikh Mansour က မန်စီးတီးကို ဘောလုံးလောကမှာ အင်အားအကြီးဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာအောင် ပြောင်းလဲတည်ဆောက်ပေးခဲ့တာ နှစ်ပေါင်း ၂၀ နီးပါးခေတ်တစ်ခုဟာ အဆုံးသက်သွားမှာပါ။
Source - Rising Ballers

📸 Manchester United x adidasFootball
SPZL collection ⚫️
ကွင်းထဲမှာသာ ဒယ်လစ်နေတာ ထုတ်လိုက်ရင်တော့ အလန်းတွေဟ

ဘောလုံးလောကမှ အနားယူကြောင်း တရားဝင်ကြေငြာခဲ့တဲ့ 𝐏𝐞𝐝𝐫𝐨 𝐑𝐨𝐝𝐫í𝐠𝐮𝐞𝐳
ကစားသမားက စုစုပေါင်း —
🏟 (၈၈၉) ပွဲကစား
⚽️ (၂၁၈) ဂိုးသွင်ူပြီး
🅰️ (၁၀၆) ကြိမ် ဂိုးသွင်းခွင့် ဖန်တီးပေးခဲ့ပါတယ်။
🏆ကမ္ဘာ့ဖလား (၁) ကြိမ်
🏆ယူရို (၁) ကြိမ်
🏆ချန်ပီယံလိဂ် (၃) ကြိမ်
🏆UEFA စူပါဖလား (၃) ကြိမ်
🏆ကမ္ဘာ့ကလပ် ဖလား (၂) ကြိမ်
🏆လာလီဂါ (၅) ကြိမ်
🏆ပရီးမီးယားလိဂ် (၁) ကြိမ်
🏆ယူရိုပါလိဂ် (၁) ကြိမ်
ရရှိခဲ့ပါတယ်။

❤2
🇦🇷 ၂၀၁၆ ခုနှစ်တုန်းက အန်ဇို ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ လီယွန်နယ် မက်ဆီကို ဆုံးဖြတ်ချက်ပြန်ပြောင်းပေးဖို့ Facebook ပေါ်ကနေ စာအရှည်ကြီးရေးပြီး တောင်းဆိုခဲ့ဖူးပါတယ်
အခု မက်ဆီကို စာပြန်ရေးရမယ်ဆိုရင် ဘာရေးမလဲလို့ မေးမြန်းခဲ့ရာ အန်ဇိုက—
“သူက လူကောင်းတစ်ယောက်၊ ကစားသမားကောင်းတစ်ယောက်ပါ။ သူ့အကြောင်းကို စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မလိုတော့ပါဘူး။
အခုအချိန်မှာတော့ သူနဲ့အတူရှိခဲ့တဲ့ အချိန်တွေ၊ သူ့ဘေးမှာနေပြီး ကျွန်တော်သင်ယူခဲ့ရသမျှအရာအားလုံးကို စာအုပ်တွေနဲ့ ရေးမှတ်မယ်ဆိုရင်တောင် စာအုပ်အရေအတွက် မလောက်နိုင်တော့ဘူးလို့ ထင်ပါတယ်။”
တစ်ချိန်က မက်ဆီကို ဆက်ကစားပေးဖို့ တောင်းဆိုခဲ့တဲ့ ကောင်လေးက အခုအခါမှာတော့ မက်ဆီနဲ့အတူ အာဂျင်တီးနားအတွက် ကမ္ဘာ့ချန်ပီယံ ရယူပေးနိုင်ခဲ့သူ ဖြစ်လာခဲ့ပါပြီ။

ဂီတာဖေးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၃၄နှစ်အရွယ်နောက်ခံလူဟောင်း ဒန်နီ ကာဗာဟယ်လ်ကို ခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါသည်။ လက်ရှိမှာဆေးစစ်ဆေးမှုလည်း ပြီးစီးသွားပြီဖြစ်ပြီး အသင်းဘက်က တရားဝင်ကြေညာဖို့သာ ကျန်ရှိတော့ကြောင်း သိရှိရပါသည်။
လက်ရှိအချိန်မှာတော့ လာလီဂါဘက်က Financial Fair Play သတ်မှတ်ချက်အရ အသင်းရဲ့ အသုံးစရိတ်ကန့်သတ်ချက်ကို အတည်ပြုပေးဖို့ စောင့်ဆိုင်းနေပြီး ကာဗာဟယ်လ်ကိုယ်တိုင်လည်း ဂီတာဖေးအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

UEFA ဟာ ပရီးမီးယားလိဂ်ရဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် မန်ချက်စတာစီးတီးအသင်းကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု ပြုလုပ်သွားရန် စဥ်းစားနေပါသည်။ လက်ရှိအချိန်တွင် UEFA အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အရေးယူမှုနဲ့ အယူခံလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းပြီးမှ မန်စီးတီးအပေါ် အရေးယူမလားဆိုတာ ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်း သိရှိရပါသည်။
ရီးယဲလ်မက်ဒရစ်နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ စက်ဘီးစီးနေတဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ကီလီယန် အမ်ဘာပေကို သတိပေးပြောဆိုမှုများပြုလုပ်ခဲ့တယ်လို့ သိရှိရပါသည်။
မကြာသေးခင်က မော်ရင်ဟိုက ဘောလုံးသမားတွေဟာ စက်ဘီးစီးရာကနေ ပြုတ်ကျပြီး ဒဏ်ရာရရှိနိုင်တဲ့အတွက် စက်ဘီးမစီးသင့်ဘူးလို့ ပြောထားခဲ့သော်လည်း အမ်ဘာပေက စက်ဘီးစီးနေတဲ့ ဗီဒီယိုကိုတင်ခဲ့တာကြောင့် မော်ရင်ဟိုရဲ့ ပြောစကားကို တမင်တုံ့ပြန်ခဲ့တာလားဆိုပြီး ဝေဖန်မှုတွေထွက်ပေါ်နေကြောင်း စပိန်သတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။