ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီကမှ ဘောလုံးလောက ကနေ အနားယူထားတဲ့ အသက် ၄၀ အရွယ် စပိန်ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ် ဆေးလ်ဗာဟာ အနားယူထားရာကနေ ဘောလုံးပြန်ကစားဖို့ ပြန်လည် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဒေးဗစ် ဆေးလ်ဗာဟာ ဟောင်ကောင် ပရီးမီးယားလိဂ်ကို တက်ရောက်လာတဲ့ Supreme Shatin အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဆိုထားကြောင်း သိရှိရပါသည်။
❤4
အက်စတွန်ဗီလာအသင်းကို ဒီနွေရာသီမှ ချယ်လ်ဆီးအသင်းကနေ တစ်ရာသီအငှားဖြင့် ရောက်ရှိလာသည့် အသက် ၂၂နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုဟာ နိုင်ငံတကာပွဲစဉ်နားချိန်ကို အသုံးချပြီး အက်စတန်ဗီလာအသင်းမှာ အခွင့်အရေးရရှိဖို့ အထူးလေ့ကျင့်ရေးအစီအစဉ်တစ်ခုကို အပြင်းအထန် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် အလက်ဇန်ဒရို ဂါနာချိုဟာ အက်စတန်ဗီလာအသင်းအတွက် ၃၁ မိနစ်သာ ကစားခွင့်ရထားသော်လည်း အင်တာနေရှင်နယ်ပွဲစဥ်တွေ ကစားချိန်ကို အကောင်းဆုံးအခွင့်အရေးယူကာ နည်းပြ အူနိုင်း အမ်မရီ နဲ့အက်စတန်ဗီလာရဲ့ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးချင်းတွေ့ဆုံမှုတွေပြုလုပ်ကာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာရဖို့ ကြိုးစားနေကြောင်း သိရှိရပါသည်။

❤5
💔 ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စိတ်ထိခိုက်စရာ ပြောကြားချက်…
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ဘဝနောက်ဆုံးအချိန်တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
“တစ်ခါတလေ သေခြင်းတရားအကြောင်း ကျွန်တော်တွေးမိပါတယ်။ ယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်နေရာမှာ အစားထိုးမယ့် အံ့မခန်းကွင်းသစ်တစ်ကွင်း ဆောက်ဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့တဲ့အချိန်မှာတော့ အဲဒီကွင်းသစ်ဖွင့်ပွဲကို ကျွန်တော် ကိုယ်တိုင် ရောက်ရှိပြီး အတူတူဂုဏ်ပြုနိုင်ပါ့မလားလို့ တွေးမိခဲ့ပါတယ်။”
“ကွင်းသစ် ဆောက်လုပ်ရေးအစီအစဉ်တွေ မြန်မြန်စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ၅ နှစ်လောက်ကြာရင် ကျွန်တော် အသက် ၉၀ နီးပါး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တစ်နည်းနည်းနဲ့တော့ အဲဒီဖွင့်ပွဲအခမ်းအနားကို ကျွန်တော် ရောက်မှာပါ… လူကိုယ်တိုင်ဖြစ်စေ၊ ဝိညာဉ်အနေနဲ့ဖြစ်စေပေါ့…”
ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်တဲ့ ဖာဂူဆန်ရဲ့ ဒီစကားက ယူနိုက်တက်အပေါ်ထားတဲ့ သူ့ရဲ့ သံယောဇဉ်ကို ပိုပြီး ခံစားရစေပါတယ်။

❤3😭2
'ရော်နယ်ဒိုဘက်က ရှိမနေတဲ့ ပေါ်တူဂီကြယ်ပွင့်များ'
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ထွက်ခွာရတဲ့အကြောင်းရင်းကို ဆိုရှယ်မီဒီယာထက် စာအရှည်ကြီးရေးပြီး ရှင်းပြခဲ့ပါတယ်။
အဲထဲမှာ နည်းပြကသူ့ကို နော်ဝေးနဲ့ပွဲစဉ်မှာမိနစ်(၃၀)ကြာ သွေးပူလေ့ကျင့်ခန်းလုပ်စေပြီး လူစားဝင်ခွင့်မပေးခဲ့တဲ့အပေါ် လူသိရှင်ကြားတောင်းပန်မယ်လို့ပြောခဲ့ပေမယ့် သတင်းစာရှင်းလင်းပွဲအရောက် ကတိဖျက်လို့ဖြစ်ကြောင်း ပါရှိပါတယ်။
တစ်ဘက်မှာ ရော်နယ်ဒိုရဲ့အဆိုပါ post ကို ပေါ်တူဂီရဲ့ဘယ်ကစားသမားမှ like ပေးခြင်း၊ comment ရေးခြင်းမတွေ့ရသေးပါဘူး။ ဒါဟာ အသင်းရဲ့အဝတ်လဲခန်းထဲမှာ ကစားသမားတွေ ရော်နယ်ဒိုဘက်မှာ တစ်ယောက်မှမရပ်တည်ကြဘူးဆိုတဲ့ သက်သေပါပဲ။
ရော်နယ်ဒိုလို ပေါ်တူဂီထံ ဆုဖလား(၃)လုံးသယ်ဆောင်ပေးပြီး လူတစ်လုံးသူတစ်လုံးဖြစ်စေခဲ့တဲ့၊ ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားလို့ဆိုရမယ့် အနှိုင်းမဲ့ဂန္ထဝင်တစ်ဦး အခုလိုမျိုးရုပ်ပျက်ဆင်းပျက်အဆုံးသတ်သွားတာ မဖြစ်သင့်ပါဘူး။
သေချာတာကတော့ ပေါ်တူဂီအနေနဲ့ ရော်နယ်ဒိုအပေါ် အခုလိုဆက်ဆံနေကြတာဟာ လေးစားမှုကင်းမဲ့လွန်းပြီး ကျေးဇူးမသိတတ်ရာကျပါတယ်။

🔴 ဂင်းနစ် စံချိန်တင်ခဲ့တဲ့ မက်စ် ဒေါင်းမန်း
မက်စ် ဒေါင်းမန်ဟာ အသက် ၁၇ နှစ်တောင် မပြည့်သေးခင် ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခု ပိုင်ဆိုင်ခဲ့ပါတယ်။
🎖ချန်ပီယံလိဂ်မှာ ကစားဖူးသမျှ အသက်အငယ်ဆုံးကစားသမား — အသက် ၁၅ နှစ် ၃၀၈ ရက်
🎖ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား — အသက် ၁၆ နှစ် ၇၃ ရက်
🎖 ပရီးမီးယားလိဂ်ဖလား ရရှိဖူးသမျှ အသက်အငယ်ဆုံးကစားသမား — အသက် ၁၆ နှစ် ၁၄၄ ရက်
အသက် ၁၇ နှစ်မပြည့်ခင်မှာတင် ကမ္ဘာ့စံချိန် ၃ ခု ကို ရရှိခဲ့တဲ့ တကယ့်ကို ထူးခြားတဲ့ Talented လူငယ်ကြယ်ပွင့်လေးပါပဲ ။

❤3
🚨 ပရီးမီးယားလိဂ်ဖလားတစ်ကြိမ်လောက်နဲ့ မရပ်တန့်သွား ပါဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ် CEO
အာဆင်နယ် CEO ရစ်ချတ် ဂါလစ်ခ် က ပရီးမီးယားလိဂ်ဖလား ရရှိပြီးနောက် ရေရှည်အောင်မြင်မှုအပြင် အင်္ဂလန် နဲ့ ဥရောပဘောလုံးလောကကို လွှမ်းမိုးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ဒီနေရာမှာ ရပ်နေလို့မရပါဘူး။ အောင်မြင်ခဲ့တာတွေ ကို ကိုယ့်ကိုယ်ကို ပြန်ချီးကျူးနေပြီး ‘တာဝန်ပြီးဆုံးပြီ’ လို့ ထိုင်နေလို့မရပါဘူး။ ဒါက ကျွန်တော်တို့ခရီးရဲ့ အဆုံးမဟုတ်ဘဲ အစပဲ ဖြစ်ပါတယ်။”
“လာမယ့်နှစ်တွေမှာပါ ဘောလုံးလောကကို လွှမ်းမိုးနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။”
အာဆင်နယ်အသင်း CEO ကတော့ တစ်ကြိမ်ဖလားရတာနဲ့ မကျေနပ်ဘဲ အာဆင်နယ်ခေတ်တစ်ခေတ် တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးတီး ပြဿနာတွေနဲ့ ပတ်သက်ပြီး နည်းပြ 𝐄𝐧𝐳𝐨 𝐌𝐚𝐫𝐞𝐬𝐜𝐚 က
“ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အေးဆေးပါပဲ။ နောက်ကစားမယ့် ပွဲ (၂) ပွဲအတွက် ကစားသမားတွေက စိတ်လှုပ်ရှားနေကြတယ်။ ဘာလို့လဲဆိုတော့ အခု ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့အတွက် ပိုပြီးအာရုံ စိုက်ရမယ်။
သူတို့အနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ပြီး ကစားရမယ်ဆိုတာ သိပြီးသားလေ။ တစ်ခြားကိစ္စတွေကို စိုးရိမ်စရာ မလိုပါဘူး။
သူတို့ရဲ့ အလုပ်က ဘောလုံး ကစားဖို့ပဲ၊ ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကို သိပေမဲ့လဲ သူတို့ ဂရု မစိုက်ကြပါဘူး။
ကစားသမားတွေက လက်ရှိအချိန်မှာ လီဗာပူးပွဲကို ဘယ်လို အနိုင်ယူရမလဲဆိုတာပဲ အာရုံ စိုက်နေကြတယ်။
ကျွန်တော့်အနေနဲ့ ကစားသမားတွေက အသင်းအပေါ် ယုံကြည်မှု့ အပြည့်အဝ ရှိကြပါတယ်။

👍1
“ရွှေဘောလုံးဆုစကာတင်မှာ ပါဝင်နေတဲ့ ကစားသမားတယောက်ရဲ့ အေးဂျင့်က ငါ့ကို လာတွေ့ခဲ့တယ် ။ ပြီးတော့ သူ့ကစားသမားက ဒီဆုကို ရသင့်ကြောင်းတွေ ရှင်းပြပြီး ငါ့ကို ဖြစ်အောင်လုပ်ပေးနိုင်မလား ၊ ဆုရွေးချယ်ရေးအဖွဲ့ကို ပြောပေးနိုင်မလားဆိုပြီး မေးလာခဲ့တာ ။ ငါက ‘နိုး’ လို့ ပြန်ဖြေခဲ့တယ် ၊ ငါ အပြင်ခဏသွားပြီး ပြန်လာတော့ သူမရှိတော့ဘူး ။ စားပွဲပေါ်မှာတော့ စာအိတ်တအိတ် ကျန်နေခဲ့တယ် ။ ဒါဘာလဲဆိုတာ ငါ ဖွင့်မကြည့်ခဲ့ဘူး ၊ ယူသွားပြီး ဧည့်ကြိုကောင်တာမှာ ထားရစ်ခဲ့တယ်”
Pascal Ferre ( ရွှေဘောလုံးဆုချီးမြှင့်ရေးအကြီးအကဲဟောင်း )

❤1
နိုင်ငံတကာပွဲစဉ်တွေအပြီး ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာတော့မှာပါ။ ဒါကြောင့်မို့လည်း ဆိုရှယ်မီဒီယာပေါ်မှာ စိတ်ညစ်ရမယ့်နေ့တွေ ပြန်ရောက်လာတော့မယ်ဆိုပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ညည်းတွားနေကြပါတယ်။
လာမယ့်ပွဲအဖြစ် ယူနိုက်တက်ဟာ စပါးကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။ ဒီရာသီ စပါးက နိုင်ပွဲမရသေးတဲ့အသင်းပါ။ ဒါပေမယ့် ယူနိုက်တက်ခြေစွမ်းကလည်း ကျဆင်းနေပြီး ဒီပွဲကိုသာ မတော်တဆ အရေးနိမ့်ခဲ့ရင် အခန့်မသင့်ဘဲ တန်းဆင်းဇုန်အပေါ်နဲ့ တန်းဆင်းဇုန်ထဲအထိပါ ရောက်သွားနိုင်ခြေ ရှိနေပါတယ်။
ပြီးတော့ အေတီကိုနဲ့ ချန်ပီယံလိဂ်အဝေးကွင်း၊ လိဒ်နဲ့ အဝေးကွင်း၊ ကိုမိုနဲ့ အဝေးကွင်းပွဲတွေ ဆက်တိုက်ကစားရမှာပါ။ အဲဒီအသင်းအားလုံးက အိမ်ကွင်းဆို ခြေစွမ်းကောင်းမွန်လွန်းတဲ့ အသင်းတွေဖြစ်လို့ ယူနိုက်တက်အတွက် တကယ်ကို ခက်ခဲမယ့်ပွဲတွေချည်းပါပဲ။
ပြီးရင်တော့ ဘုန်းမောက်ကို ဧည့်ခံရမှာဖြစ်ကာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို သွားရောက်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ကာရစ်အတွက် ခက်ခဲတဲ့ကာလလို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပြီး ယူနိုက်တက်တို့ ဘယ်လိုကျော်ဖြတ်မလဲ စောင့်ကြည့်ရပါတော့မယ်။

ရီးရဲလ်မက်ဒရစ် အသင်း အဝတ်လဲခန်းအတွင်း အခြေအနေတွေ သိသိသာသာ တင်းမာနေပြီး ဂျိုဆေး မော်ရင်ညို ရောက်ရှိလာခဲ့ပေမဲ့လည်း အေးစက်စက် လေထုအတိုင်း ရှိနေဆဲဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ကစားသမား အတော်များများ အဆင်မပြေကြဘဲ မော်ရင်ညိုအနေနဲ့ ဇာဘီ အလွန်ဆိုနဲ့ အယ်လ်ဗာရို အာဘီလိုအာတို့ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် အော်ရယ်လီယန် ချူအာမန်နီ နဲ့ ဖီဒီ ဗယ်လ်ဗာဒီ တို့အကြား လက်သီးလက်မောင်းတန်း ပြဿနာတက်တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ဖူးပါတယ်။
ဒါ့အပြင် ကီလီယန် အမ်ဘာပေရဲ့ ကွင်းပြင်ပ ပြုမူနေထိုင်မှုတွေကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး မော်ရင်ညိုက အမ်ဘာပေနဲ့ သီးသန့်တွေ့ဆုံကာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေထိုင်ဖို့ သတိပေး ပြောကြားခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် အရေးကြီးတဲ့ လတစ်လ မတိုင်မီမှာ အဝတ်လဲခန်းအတွင်း အခြေအနေဟာ စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်ပေါ်နေပါတယ်။

❤3👍1
ကိုမိုအသင်းဟာ သူတို့ဆီမှာ ၂ နှစ်အငှားလာကစားခဲ့ပြီး ပုံစံကောင်းပြသခဲ့တဲ့ နီကိုပက်ဇ်ကို ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းဆီ ပြန်လည်စေလွှတ်ခဲ့ရပါတယ် ။ ဒါပေမယ့် အသင်းရဲ့ အကောင်းဆုံးကစားသမားတယောက်အတွက် ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပြီး ရီးရဲနဲ့ သဘောတူညီမှုထဲမှာပါတဲ့အတိုင်း ယူရို သန်း ၆၀ နဲ့ ချက်ချင်း ပြန်လည်ခေါ်ယူခဲ့ပါတယ် ။
အခုချိန်မှာတော့ နီကိုပက်ဇ်ဟာ အာဂျင်တီးနားအသင်းမှာ လီယွန်နယ် မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံမယ့်ကစားသမားဖြစ်လာတော့မှာပါ ။ အဲဒီသတင်းနဲ့အတူ နီကိုပက်ဇ်ရဲ့ စျေးကွက်တန်ကြေးဟာလည်း ယူရို သန်း ၁၀၀ နီးပါးအထိ ရောက်ရှိနေပါပြီ ။ ရီးရဲမက်ဒရစ်အသင်းဘက်က ယူရို သန်း ၈၀ နဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့် ရှိနေပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် ကိုမိုအသင်းရဲ့ ဆုံးဖြတ်ချက်က ဒီတကြိမ်မှာလည်း မှန်ကန်လို့ သွားခဲ့ပြန်ပါပြီ ။
ဖာဘရီဂတ်စ်လို နည်းပြကောင်း နဲ့ စီမံခန့်ခွဲမှုကောင်းတဲ့ အသင်းအကြီးအကဲတွေရဲ့ စွမ်းဆောင်မှုတွေကတော့ အားရကျေနပ်စရာကောင်းနေပါတယ် ။ လက်စတာစီးတီးလိုဖြစ်မလား ၊ မန်စီးတီးလို ( အောင်မြင်မှုတွေကို နှစ်အများကြီးရယူနိုင်တဲ့ ) အသင်းမျိုး ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေမှာ အမှန်ပါပဲ ။

❤6
ချန်ပီယံလိဂ်ဖလားရရင် အာတေတာကို ရုပ်တုထုပြီး ဂုဏ်ပြုမယ်လို့ သတင်းထွက်
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဖလားရရင် နည်းပြ အာတေတာကို ရုပ်တုထုပြီး ဂုဏ်ပြုပေးမယ်လို့ ကတိပြုထားကြောင်း သတင်းထွက်လာပါတယ်။
အာဆင်နယ်အသင်းဟာ အာတေတာကို ၂၀၃၀ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ အဲဒီလို ကတိပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အာတေတာဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆုဖလားရဖို့ နီးစပ်ခဲ့ပြီး ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းက အာတေတာရဲ့ ဦးဆောင်မှုနဲ့ အင်အားအကောင်းဆုံးအချိန်အခါ ရောက်နေချိန်မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက အာတေတာကို ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးနည်းပြဖြစ်စေမယ့် တစ်နှစ်လစာ ပေါင်သန်း(၂၀)အထိ တိုးမြှင့်ပေးခဲ့သလို၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အဓိကဆုဖလားတွေ ရယူနိုင်တိုင်း လစာ(၁၀)ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးအပ်ဖို့ ကတိပြုထားကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးကို ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နေတဲ့ပုံ ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုထားပါတယ်။

👍2
🚨🔵 ချဲလ်ဆီးနဲ့ Cherki သတင်း ပြန်ထွက်လာပြီ
ချဲလ်ဆီးဟာ မန်ချက်စတာစီးတီးရဲ့ ပြင်သစ်ကြယ်ပွင့် Rayan Cherki ကို ၂၀၂၇ ခုနှစ်မှာ ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
မန်စီးတီးဘက်က ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေကြောင့် ကစားသမားကို ရောင်းချဖို့ စဉ်းစားလာခဲ့ရင် ချဲလ်ဆီးက Cherki အတွက် လှုပ်ရှားလာနိုင်တယ်လို့ ဆိုပါတယ်။
Cherki ကို ရီးယဲလ်မက်ဒရစ်၊ PSG နဲ့ လီဗာပူးတို့ကလည်း စောင့်ကြည့်နေကြပြီး လက်ရှိတန်ဖိုးက ပေါင် 76 သန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီမှာ ဘုန်းမောက်ကနေ ထွက်ခွာမယ့် အဲလက်စ် စကော့တ်
-------------------
🔴 အသက် ( ၂၃ ) နှစ်အရွယ် England ကွင်းလယ်ခံစစ် ကစားသမား အဲလက်စ် စကော့တ်ဟာ ယခုလာမယ့် ဇန်နဝါရီမှာပဲ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။
🔵 ဒါ့အပြင်...လက်ရှိအချိန်မှာလည်း ချယ်လ်ဆီးအသင်းဟာ အဆိုပါ အခွင့်အရေးကို အသုံးချပြီး ယခုလာမယ့် ဇန်နဝါရီမှာပဲ အဲလက်စ် စကော့တ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

👍5❤2