တူရကီအသင်းသည် အသင်းရဲ့နည်းပြအဖြစ် ၂၀၂၃ခုနှစ်ကတည်းက တာဝန်ယူကိုင်တွယ်လာသည့် အသက်၅၂နှစ်အရွယ် အီတလီလူမျိုးနည်းပြ မွန်တယ်လားအား လက်ရှိယှဥ်ပြိုင် ကစားနေသည့် ဥရောပနေရှင်လိဂ်ပြိုင်ပွဲတွင် နိုင်ပွဲတစ်ပွဲမရှိဘဲ ရလဒ်များအလွန်ဆိုးရွားနေတာကြောင့် နည်းပြရာထူးမှ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါသည်။
🚨 ဇန်နဝါရီမှာ ယူနိုက်တက်က မူရီလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်နောက်ခံလူ မူရီလိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားဆုံးအသင်း ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဖောရက်စ်အသင်းဘက်ကတော့ အသက် ၂၄ နှစ်အရွယ် ဘရာဇီးနောက်ခံလူကို ရာသီဝက်မှာ ရောင်းချဖို့ အစီအစဉ်မရှိသေးပါဘူး။ မူရီလိုကို ရောင်းချဖို့ စဉ်းစားလာစေမယ့် ကမ်းလှမ်းမှုမျိုးကလည်း အလွန်များပြားတဲ့ ပမာဏဖြစ်ရမယ်လို့ သိရပါတယ်။
မူရီလိုရဲ့ တန်ကြေးဟာ ပေါင်သန်း ၇၀ ကနေ သန်း ၈၀ ဝန်းကျင်အထိ ရှိနေပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း သူ့ကို ရေရှည်စောင့်ကြည့်နေကြပါတယ်။

"ကျမသားမိုက်ကြီးက နိုင်ငံအတွက် အားလုံးစတေးခဲ့တာပါ”
"ကျမသားက ရှေ့တံခါးကနေ ဂုဏ်သိက္ခာရှိရှိ ထွက်သွားသင့်ခဲ့ပေမဲ့ အခုတော့ နောက်တံခါးကနေ ထွက်သွားခဲ့ရပြီ။ရင်ကို နာကျင်စေတဲ့ တုန်လှုပ်ဖွယ် အခိုက်အတန့်
တစ်ခုပါပဲ။ အမျိုးသားအသင်းကနေ ကိုယ့်သားလေး ထွက်ခွာလာရတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ မိခင်တစ်ယောက်အနေနဲ့ ခံစားခဲ့ရတဲ့ ဝမ်းနည်းကြေကွဲမှုက ကြီးမားလွန်းပါတယ်။
ကျမ ကျမသားဆီ ချက်ချင်း ဖုန်းဆက်ဖြစ်ခဲ့ပါတယ်။ ကျမ သူ့ကိုအားပေးဖို့ပေါ့။
ဒါပေမယ့် သူကပြန်ပြီး ကျမကို နှစ်သိမ့်ပေးခဲ့ပါတယ်။
စိတ်မပူပါနဲ့ မေမေတဲ့။
ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေး ပြန်ဆုံကြတဲ့အခါ အမှန်တရားတွေကို ကျွန်တော် အားလုံး ပြောပြပါမယ်တဲ့။
ကျမ သားက ကျမကို တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောခဲ့ပါတယ်။
ကျမကလည်း ဟုတ်ပါပြီ သားရယ်၊
အခက်အခဲတွေကို ခွန်အားရှိရှိနဲ့ ကျော်ဖြတ်ပါ လို့ အားပေးစကားဆိုလိုက်ရပေမယ့် ကျမလည်း နာကျင်နေခဲ့ရတာပါ။
သားက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါပြီ။
သားအတွက် လိုအပ်တဲ့ ခွန်အားမှန်သမျှကို ပေးစွမ်းနိုင်ဖို့ ကျမ အစွမ်းကုန် ကြိုးစားခဲ့ရပါတယ်။
ခရစ္စတီယာနိုဆိုတာ ပေါ်တူဂီနိုင်ငံအတွက်
ဘာတွေ ဘယ်လောက်အထိ ပေးဆပ်ခဲ့လဲဆိုတာ လူတိုင်းအသိပါ။ သူက အမြဲတမ်း ပေါ်တူဂီရဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံအတွက် အများကြီး စတေးပေးခဲ့တဲ့ ကျမရဲ့ ဒီသားမိုက်ကတော့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ဘယ်သောအခါမှ အပြည့်အဝ မရခဲ့ပါဘူး။
ပေါ်တူဂီလူမျိုးတွေက သူ့ကို တန်ဖိုးထားသင့်သလောက် တန်ဖိုးမထားကြပါဘူး။ ဒါကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ဝမ်းနည်းစရာ အမှန်တရားပါပဲ။
ကျမသားအနေနဲ့ ရှေ့တံခါးကနေ ဂုဏ်ယူဝင့်ကြွားစွာ ထွက်သွားခွင့် ရှိပါလျက်နဲ့ အခုလို နောက်တံခါးကနေ ထွက်သွားခဲ့ရတာပေါ့။
ဒါပေမဲ့လည်း ရပါတယ်
အရာရာကို ဘုရားသခင်ကပဲ စောင့်ရှောက်ပေးပါလိမ့်မယ်။
တစ်ခါတလေတော့လည်း မိခင်တစ်ယောက်အနေနဲ့ မျက်ရည်ကျမိတာ ဝမ်းနည်းလွန်းလို့ပါ။ ”
🗣မာရီယာ ဒိုလိုရ်စ်

👍3❤2😢1
အဲဗာတန်အသင်းရဲ့ နောက်ခံလူဟောင်း မိုက်ကယ်ဘောလ် က The Friedkin Group ဟာ အသင်းကို ပြန်လည်ရောင်းချဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် အီလွန်မတ်စ်ကို အဲဗာတန်အသင်း ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
မိုက်ကယ်ဘောလ်ဟာ အီလွန်မတ်စ်အနေနဲ့ လီဗာပူးအသင်းရဲ့ ပိုင်ဆိုင်မှုအဖွဲ့သစ်မှာ ပါဝင်ပတ်သက်နေတဲ့ ဂျက်ဖ်ဘီဇို့စ် နဲ့ ပြိုင်ဆိုင်မှုကို ပြန်လည်အသက်သွင်းစေချင်နေတာ ဖြစ်ပါတယ်။
Source - TEAMtalk

🚨နာမည်ကြီး TICKER BANNER ကြီး အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာ
မန်စီးတီးရဲ့ ဆုဖလားမရတာ ဘယ်နှစ်နှစ်ရှိပြီလဲဆိုတာ နှစ်တိုင်းရေတွက်ပြခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ နာမည်ကြီး Banner ကြီးဟာ စထရက်ဖို့ဒ် ပွဲကြည့်စင်မှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါပြီ။
ဒီ Banner ကို ၂၀၀၀ ခုနှစ်မှာ စတင်ချိတ်ဆွဲခဲ့ပြီး မန်စီးတီးရဲ့ ဆုဖလားမဲ့နှစ်တွေကို ရေတွက်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ မန်စီးတီး FA Cup ရရှိခဲ့ပြီးနောက် Banner ကို ဖြုတ်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတာကြောင့် ယူနိုက်တက်ပရိသတ်တွေက “၅၁ နှစ်” ဆိုတဲ့ နံပါတ်နဲ့ Banner ကြီးကို ပြန်လည်အသက်သွင်းလာခဲ့တာဖြစ်ပါတယ်။
ဆိုလိုတာကတော့ ၁၉၇၆ ခုနှစ်က ရရှိခဲ့တဲ့ League Cup နောက်ပိုင်း မန်စီးတီးရဲ့ ဆုဖလားတွေကို မန်ချက်စတာမြို့ခံ ပြိုင်ဘက် ပရိတ်သတ်တွေက အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပါပဲ။

"မော်ဒန်ဘောလုံးလောကမှာ ကျွန်တော့်ကစားပုံနဲ့အဆင်တူဆုံးဆိုရင်တော့ ဖိုဒန်ကိုပဲမြင်မိပါတယ်။ သူက ပေးပို့မှုပိုင်းလည်း ထူးချွန်သလို ခံစစ်အနောက်ထိဆင်းပြီး ဘောလုံးလက်ခံတဲ့နေရာမှာလည်း ကျွမ်းကျင်လို့ပါ"
🗣ဒေးဗစ်ဆေးလ်ဗား
🗣ဒေးဗစ်ဆေးလ်ဗား
❤4
‼️အသက် ၁၆ နှစ်အရွယ် ပါရမီရှင်လေး JJ Gabriel ကို အရခေါ်ယူဖို့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြိုင်ကြိုးပမ်းနေပြီး အပြောင်းအရွှေ့ကြေးက ယူရို ၁၀ သန်းကနေ ၁၅ သန်းကျော်အထိ ရှိလာနိုင်ပါတယ်!!
Sky Sports ရဲ့ ဖော်ပြချက်အရ စပိန်အသင်းကြီး နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ မန်ချက်စတာယူနိုက်တက် ရဲ့ အသက် ၁၆ နှစ်အရွယ် ပါရမီရှင်လူငယ်ကစားသမား JJ Gabriel ကို ခေါ်ယူရေးမှာ ထိပ်ဆုံးကနေ ဦးဆောင်နေကြပါတယ်။ သူ့ရဲ့ စုစုပေါင်း အပြောင်းအရွှေ့ ကုန်ကျစရိတ် package ကတော့ ယူရို ၁၀ သန်းကနေ ၁၅ သန်းထက်မက များပြားနိုင်ပါတယ်။
Gabriel ဟာ ဆိုက်ပရပ်စ်နိုင်ငံကူးလက်မှတ် ရရှိတော့မှာဖြစ်လို့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအတိုင်းအတာတစ်ခုထိ လျှော့ချပြီး အလွယ်တကူ ပြောင်းရွှေ့နိုင်ခြေ ရှိနေတာပါ။
ဘာစီလိုနာရော ရီးရဲလ်မက်ဒရစ်ပါ သူ့ကို လုပ်ခလစာ၊ ဘောနပ်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုကြေး (signing-on fee) အပါအဝင် မက်မောစရာ ကမ်းလှမ်းမှု ပက်ကေ့ဂျ်အကြီးစား ပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။ တစ်ဖက်မှာလည်း ဘိုင်ယန်မြူးနစ် က ဆွေးနွေးမှုတွေ သစ်လွင်အောင် ပြုလုပ်ထားသလို PSG ကလည်း ဒီအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။

❤2
🚨🍺 ၄၁ နှစ်ကြာပြီးမှ အင်္ဂလိပ်ဘောလုံးပွဲ ကွင်းတွေထဲ အရက်ဘီယာတွေ ပြန်ရောင်းခွင့်ရတော့မယ့်ဘက်ကို ဦးတည်လာနေပြီ။
ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်က ၁၉၈၅ ခုနှစ်ကတည်းက ပိတ်ပင်ထားတဲ့ ဘောလုံးကွင်းအတွက် အရက်သေစာ သောက်စားမှုကို တားမြစ်တဲ့ ဥပဒေကို ဖျက်ပစ်ချင်နေပါတယ်။
ပရီးမီးယားလိဂ်နဲ့ EFL ဘက်ကလည်း ဒီကိစ္စကို ဆွေးနွေးဖို့ လက်ခံထားကြပြီး အရက်သောက်သုံးခွင့်ပြန်လည်ခွင့်ပြုလိုက်မယ်ဆိုရင် စီးပွားရေးအရ ပိုမို အကျိုးအမြတ်ရရှိနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ လုံးဝကို ကန့်ကွက်နေပြီး အရက်သောက်သုံးခွင့်ပေးလိုက်မယ်ဆိုရင် အခုထက် ကွင်းထဲမှာ အချင်းများတာတွေနဲ့ ရန်ဖြစ်တာတွေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။

❤1👍1
ရော်နယ်ဒိုရဲ့ စံချိန်သစ် 🐐🇵🇹
အင်စတာဂရမ်မှာ ၀င်ငွေအများဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကတော့ နောက်ထပ်မှတ်တမ်းတစ်ခု ရေးထို၊းနိုင်ခဲ့ပါတယ်။
ဒါကတော့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ သန်း ၆၈၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ IG သမိုင်းမှာ ဖော်လိုဝါ သန်း ၆၈၀ ပြည့်မြောက်တဲ့ ပထမဆုံးလူပဂ္ဂိုလ်လည်းဖြစ်လာခဲ့ပါတယ်။ 👏🐐

❤5
🚨ဘနားနားပါ ပါဝင်လာခဲ့တဲ့ လီဗာပူးနဲ့ စီးတီးတို့ရဲ့ Super Sunday ပွဲ
အန်ဖီးလ်ကွင်းထဲကို မန်စီးတီးအသင်းသားတွေ ထွက်လာချိန်မှာတော့ ပြစ်မှု ပြစ်ဒဏ် ၁၁၄ မှုနဲ့ ပတ်သတ်ပြီး လီဗာပူးပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်သံတွေနဲ့ ကြိုဆိုခံခဲ့ရပါတယ်။
ကော့ပ်ပွဲကြည့်စင်ဘက်ကလည်း “၁၉၇၆ နောက်ပိုင်း ဆုဖလားတစ်လုံးမှ မရဖူးဘူး” ဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုပြီး မန်စီးတီးကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီလို အပြိုင်အဆိုင်ကြားမှာပဲ ဘောလုံးပွဲက စတင်အသက်ဝင်လာခဲ့ပြီး အန်ဖီးလ်ကွင်းကြီးဟာလည်း ပွဲအရှိန်နဲ့အတူ ဆူညံလာခဲ့ပါတယ်။
တစ်ဖက်မှာလည်း မန်စီးတီးအဝေးကွင်းပရိသတ်တွေဟာ ဒီနေ့ အန်ဖီးလ်ကွင်းထဲကို လေဖြည့်ငှက်ပျောသီးအရုပ်တွေ ယူဆောင်ဝင်ရောက်လာနိုင်ခဲ့ကြပါတယ်။
ဒီဓလေ့ဟာ ၁၉၈၇-၈၈ ဘောလုံးရာသီကတည်းက စတင်ခဲ့တာပါ။ အဲဒီအချိန်က မန်စီးတီးဟာ အင်္ဂလန်ဘောလုံးလိဂ် ဒုတိယတန်းကို တန်းဆင်းခဲ့ရပါတယ်။
အသင်းမှာ အင်မရီ ဗာရာဒီ (Imre Varadi) ဆိုတဲ့ တိုက်စစ်မှူးတစ်ဦးရှိခဲ့ပြီး ပရိသတ်တစ်ယောက်က သူ့ကို “အင်မရီ ဘနားနား” လို့ နောက်ပြောင်ခေါ်ဆိုခဲ့ရာကနေ ဒီအကြောင်းအရာ စတင်ခဲ့တာပါ။ နောက်ပွဲတစ်ပွဲမှာ အခြားပရိသတ်တစ်ယောက်က လေဖြည့်ငှက်ပျောသီးအရုပ်ကို ယူလာခဲ့ပြီး အဲဒီကနေ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတစ်လျှောက် မန်စီးတီးပရိသတ်တွေရဲ့ ထူးခြားတဲ့ အစဉ်အလာတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုချိန်မှာတော့ မန်စီးတီးအသင်းဟာ ဒုတိယတန်း ဒါမှမဟုတ် ဒီထက်နိမ့်တဲ့လိဂ်အထိ တန်းဆင်းရနိုင်ခြေရှိတယ်ဆိုတဲ့ ကောလဟာလ တွေထွက်ပေါ်နေပါတယ်။
ဒါကြောင့် အန်ဖီးလ်ကို လိုက်ပါလာတဲ့ မန်စီးတီးပရိသတ်တွေကလည်း ဒီလိုဖိအားတွေကြားမှာ ငှက်ပျောသီးအရုပ်တွေနဲ့ အပျော်အပါးမပျက် ရယ်စရာလုပ်ရင်း သူတို့ရဲ့ ရှေးရိုးအစဉ်အလာကို ပြန်လည်အသက်သွင်းနေတာဖြစ်ပါတယ်။ အသင်းဘယ်လိုအခြေအနေမျိုးကိုပဲရောက်နေပါစေ မန်စီးတီးအသင်းနဲ့ အတူ ရပ်တည်သွားမယ်ဆိုတဲ့ သဘောမျိုး နဲ့ စီးတီးပရိတ်သတ်တွေက အားပေးနေကြတာပဲ ဖြစ်ပါတယ်။

👍1
🚨 BREAKING: ဆိုဘိုဆလိုင်း ဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲကို လွဲချော်ခဲ့
လီဗာပူးလ်ကွင်းလယ်လူ ဒိုမီနစ် ဆိုဘိုဆလိုင်းဟာ တံကောက်ကြော (Hamstring) ဒဏ်ရာပြဿနာကြောင့် မနေ့က မန်ချက်စတာစီးတီးနဲ့ပွဲလွဲချော်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အတွက် အရေးကြီးတဲ့ပွဲမှာ ဂတ်ပို၊ အီဆက် နဲ့ ဆိုဘိုဆလိုင်း မပါဝင်နိုင်တာက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
Get well soon, Szobo! ❤️🩹

လီဗာပူးလ်တို့ အပြောင်းအရွှေ့မှာ ပိုက်ဆံအမြောက်အမြားသုံးပြီး ကစားသမားကောင်းတွေ ခေါ်ယူထားပေမယ့် လက်ရှိခြေစွမ်းကတော့ မဖြစ်လာသေးပါဘူး
အီဆက်ကို သန်း ၁၄၅၊ ဝစ်ဇ်ကို သန်း ၁၂၅ နဲ့ ဘာကိုလာကို သန်း ၁၄၀ ဝန်းကျင်အထိ သုံးစွဲထားပေမယ့် အဲဒီကစားသမားတွေဆီက စွမ်းဆောင်ရည်ကို မမြင်ရသေးပါဘူး
ပိုက်ဆံအများကြီးပေးခေါ်ထားတဲ့ ကစားသမားတွေက အသင်းကို ချက်ချင်းအကျိုးပြုရမယ့်အစား လီဗာပူးလ်ရဲ့ကစားပုံထဲမှာ ပျောက်ဆုံးနေသလို ဖြစ်နေပါတယ်
အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုရှိနေပေမယ့် လီဗာပူးလ်က ပွဲကို ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိဘဲ စီးတီးရဲ့ ဖိအားအောက်မှာ တစ်ပွဲလုံး ရုန်းကန်ခဲ့ရပါတယ်
သန်း ၁၀၀ ကျော်တန် ကစားသမားတွေ ခေါ်ယူထားပေမယ့် ကွင်းထဲမှာ ဂျင်းဖြစ်နေသလို မြင်နေရတာကတော့ လီဗာပူးလ်ပရိသတ်တွေအတွက် စိတ်ပျက်စရာပါပဲ
ဈေးကြီးတဲ့ ဂျင်းတွေထက် အသင်းနဲ့ကိုက်ညီပြီး ကွင်းထဲမှာ အကျိုးပြုနိုင်မယ့် ကစားသမားတွေက ပိုအရေးကြီးတယ်ဆိုတာ လီဗာပူးလ်က သက်သေပြနေပါပြီ

လီဗာပူးနဲ့ပွဲမှာ ဂရာဗင်ဘာ့ချ်ရဲ့ အနီကတ်ကြောင့် မန်စီးတီး အကျိုးအမြတ်ရသွားတဲ့အပေါ် ပေါလ် စခိုးလ်ရဲ့ မှတ်ချက်
"ဒါက ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ပွဲကြီးပွဲကောင်းတစ်ခုပါ။ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ပွဲတစ်ပွဲကို အဲဒီလိုပုံစံနဲ့ ဒိုင်လူကြီး တာဝန်ယူလို့ မရပါဘူး။ ဒါက လာလီဂါ မဟုတ်ပါဘူး၊ ဒိုင်လူကြီးတွေက အသင်းကြီးတချို့ကို ဘက်လိုက်ပေးတယ်လို့ လူတွေ မကြာခဏ သံသယဖြစ်ကြတဲ့ လာလီဂါလို မဟုတ်ဘဲ ပရီးမီးယားလိဂ်ပါ။
ပွဲစစချင်း ဘယ်လိုပုံစံနဲ့ စတင်ခဲ့လဲဆိုတာကို ကြည့်ပါ။ မန်ချက်စတာစီးတီးက တုန်လှုပ်နေပုံပေါ်တယ်၊ တည်ငြိမ်မှု မရှိခဲ့ကြဘူး၊ လီဗာပူးလ်ကလည်း သူတို့ကို တကယ် ရင်ဆိုင်ယှဉ်ပြိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေက စီးတီးဘက်ကို စတင်ယိမ်းလာတဲ့ အချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။
ရုတ်တရက်ဆိုသလိုပဲ သူတို့ရဲ့ ပုံမှန်ခြေစွမ်းအတိုင်း ဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်တဲ့ အလားတူ အငြင်းပွားဖွယ်ရာတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီအတိုင်း ဆက်ပြီး တိတ်ဆိတ်နေလို့ မရတော့ပါဘူး။
ဂရာဗင်ဘာ့ချ် အနီကတ် မပြခင်ကဆိုရင် စီးတီးတို့ ဂိုးမသွင်းနိုင်ခဲ့သလို လီဗာပူးလ်ကိုလည်း အပြတ်အသတ် မသာယူနိုင်ခဲ့ပါဘူး။ အဲဒီဆုံးဖြတ်ချက်က ပွဲတစ်ပွဲလုံးကို ပြောင်းလဲပစ်ခဲ့တာပါ။
တစ်ခါတလေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က သူတို့ကို အမှန်တကယ် အကျိုးအမြတ် ဖြစ်ထွန်းစေနေသလိုမျိုး ခံစားရတတ်ပါတယ်။ ငွေကြေးဆိုင်ရာ စွဲချက် ၁၁၄ ချက်အကြောင်း ပြောနေကြတာပါ၊ ဒီလို အငြင်းပွားစရာတွေ အားလုံးနဲ့အတူ မန်ချက်စတာစီးတီးက အဓိပ္ပာယ်ရှိတဲ့ ပြစ်ဒဏ်မျိုးနဲ့ရော ရင်ဆိုင်ရပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
လီဗာပူးလ် ကစားသမားတွေနဲ့ ပရိသတ်တွေက အန်ဖီးလ်ကွင်းမှာ ပိုကောင်းတဲ့ အခွင့်အရေးမျိုး ရထိုက်ပါတယ်။ ဒီလောက်ကြီးမားတဲ့ ပွဲတစ်ပွဲက ဒီလို အငြင်းပွားစရာ ဆုံးဖြတ်ချက်တစ်ခုရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာကို မြင်တွေ့ရတာက တကယ်ကို စိတ်ပျက်စရာပါပဲ။ ဘောလုံးလောကက ဒီထက် ပိုကောင်းတာကို ရပိုင်ခွင့်ရှိပါတယ်။"

👍2
🚨ဝီလီယံ ဂိုးမက်စ်ကို ယူရိုသန်း ၁၀၀ ရမှ ရောင်းမယ့် ပေါ်တို
ပေါ်တိုအသင်းက လီဗာပူးလ်ရဲ့ ပစ်မှတ် ဝီလီယံ ဂိုးမက်စ်အတွက် သတ်မှတ်ချက်ကို ယူရိုသန်း ၁၀၀ အထိ မြှင့်တင်လိုက်ပါတယ်။
အသက် ၂၀ အရွယ် ဘရာဇီးလ်တောင်ပံကစားသမားလေး ဝီလီယံ ဂိုးမက်စ်ရဲ့ စာချုပ်ပါ လျော်ကြေးပေးထွက်ခွာခွင့် (Release Clause) ကို ပေါ်တိုအသင်းက ယူရိုသန်း ၈၀ ကနေ ယူရိုသန်း ၁၀၀ အထိ တိုးမြှင့် လိုက်ပါတယ်။ စာချုပ်သက်တမ်းကိုလည်း ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးထားပါတယ်။
လီဗာပူးလ်အသင်းကတော့ ဒီဘရာဇီးလ်လူငယ်တောင်ပံကစားသမားကို စောင့်ကြည့်လေ့လာနေဆဲဖြစ်တယ်လို့ ပေါ်တူဂီသတင်းဌာန A Bola က ဖော်ပြထားပါတယ်။
ဒါပေမဲ့ ယူရိုသန်း ၁၀၀ ဆိုတဲ့ ပမာဏဟာ လီဗာပူးလ်အတွက် အပြောင်းအရွှေ့ကို ပြန်လည်စဉ်းစားစေနိုင်တဲ့ အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ဗယ်လ်ကာနို နဲ့ ဘီလ်ဘာအို တို့ပွဲကတော့ ပွဲချိန် ၂၅ မိနစ်မှာပဲ ပွဲကို ရပ်နားကာ ဖျက်သိမ်းလိုက်ရပါတယ် ။ အကြောင်း ကတော့ အိမ်ရှင် ဗယ်လ်ကာနို ပရိတ်သတ်တွေဟာ အသင်းပိုင်ရှင် ကို မကျေနပ်တာကြောင့် "ပရီဆာ အသင်းကနေ အခုချက်ချင်း ထွက်သွား" လို့ အော်ဟစ် ဆဲဆိုရင်း ကွင်းထဲကို စက္ကူလေယာဉ်ပျံတွေ၊ ရာဘာဘောလုံးတွေ အပြင် စားသောက်ဖွယ်ရာတွေ၊ ကွင်းထဲက ထိုင်ခုံတွေကိုပါ ပစ်သွင်းခဲ့ကြလို့ ဒိုင်လူကြီးက ရဲတပ်ဖွဲ့ရဲ့ အကြံပြုချက်နဲ့အတူ ပွဲကို လုံးဝ ဖျက်သိမ်း (Abandoned) လိုက်ရတာ ဖြစ်ပါတယ် ။
ဗယ်လ်ကာနို အသင်းရဲ့ ဗယ်လက်ကတ်စ် (Vallecas) အိမ်ကွင်းကြီးဟာ ပြုပြင်ထိန်းသိမ်းမှု လုံးဝမရှိဘဲ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းနေလို့ ဘေးကင်းလုံခြုံမှုပါ မပေးနိုင်တာကြောင့် ဗယ်လ်ကာနိုဟာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၃ ပွဲစလုံးကို ဒုတိယတန်းက ကလပ်အသင်းကွင်းမှာ သွားရောက် အငှားကစားခဲ့ရပြီး ပရိသတ်တွေကတော့ ပိုင်ရှင်ရဲ့ ညံ့ဖျင်းမှုကို မကျေနပ်လို့ သပိတ်မှောက်ခဲ့ကြပါတယ် ။ ကစားသမားတွေ ကိုယ်တိုင်ကလည်း ကွင်းထဲမှာ လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ မရတာ ၊ လေ့ကျင့်ရေးကွင်း စုတ်ပျက်လွန်း တာတွေကြောင့် အဖွဲ့ချုပ်ဆီ တရားဝင် ကန့်ကွက်စာ ပေးပို့ထားရတဲ့အထိ ပိုင်ရှင်ဖြစ်သူဟာ အသင်းကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ လာလီဂါအသင်းကြီးတွေထဲမှာ ဗယ်လ်ကာနိုဟာ လက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူလို့မရတဲ့ တစ်ခုတည်းသော အသင်းဖြစ်နေပြီး၊ ပရိသတ်တွေဟာ လက်မှတ်တစ်စောင်ရဖို့ ကွင်းပြင်မှာ နာရီပေါင်းများစွာ တန်းစီနေရဆဲ ဖြစ်တာကြောင့် ပိုင်ရှင် ကို ခုလို ဆန္ဒပြ တုန့်ပြန်နေခဲ့ကြတာ ဖြစ်ပါတယ် ။

❤1
🚨 ဟာလန်းကတော အခက်အခဲဘယ်လောက်ရှိရှိ မေတ္တာတရားနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြဖို့ပဲ ပြောသွားပါတယ်။
အားလင်း ဟာလန်း 🗣 “ကျနော်တို့တွေ အကောင်းမြင်စိတ်ထားပြီး တဦးကိုတဦး ဖေးဖေးမမနဲ့ နီးနီးကပ်ကပ် ရှိနေဖို့လိုပါတယ်။
ဘဝမှာ ဘာပဲဖြစ်လာဖြစ်လာ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် ရှိနေရမယ်၊ အကောင်းမြင်စိတ် မွေးရမယ်၊ ရှေ့ကို မျှော်ကြည့်ရမယ်၊ ပြီးတော့ ဘောလုံးပွဲတွေမှာ အနိုင်ရအောင် ကြိုးစားပြီး လက်ရှိအခြေအနေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပါမယ်။
ကျနော်တို့ လက်တွေကို မြဲမြဲမြံမြံဆုပ်ကိုင်ထားပြီး တဦးနဲ့တဦး ချစ်ခြင်းမေတ္တာတွေ မျှဝေရမယ်၊ စည်းစည်းလုံးလုံး ရှိရမယ်၊ အပြုံးတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့။”

❤7