Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨 ဒီရာသီ ပြိုင်ပွဲစုံမှာ ချယ်ဆီးရဲ့ ကိုးလ်ပါမား၊ မော်ဂန်ရော်ဂျာစ်၊ ဂျာအိုပက်ဒရို တိုက်စစ်အတွဲထက် သွင်းဂိုးပါဝင်ပက်သက်မှု ပိုများတာဆိုလို့ ဘာစီလိုနာတိုက်စစ်သုံးယောက်အတွဲပဲ ရှိပါတယ်။

- talkSPORT
❤2
💔 ဒန်နီ ဒရင့်ဝါတာဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရတုန်းက ပွဲထွက်ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။

​သူဟာ ၂၀၁၇ ခုနှစ်မှာ ချယ်ဆီးကို ပြောင်းရွှေ့လာခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့် အခွင့်အရေး အပြည့်အဝ မရခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်မှာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးသွားပြီးနောက် ဒီအင်္ဂလိပ်ကွင်းလယ်လူကို ခေါ်ယူမယ့် ကလပ်အသင်း တစ်သင်းမှ ကမ်းလှမ်းလာတာ မရှိတော့တာကြောင့် ဘောလုံးကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ အင်္ဂလန်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ပန်းရန်အလုပ်ကို လုပ်ကိုင်နေရပါပြီ 😢

​တစ်ချိန်က ပေါင်သန်းပေါင်းများစွာ ရှာဖွေခဲ့ရပေမဲ့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ သူ့ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ အဲဒီအစား ခမ်းနားကြီးကျယ်တဲ့ လူနေမှုပုံစံနဲ့ လန်ဒန်ကောင်မလေးတွေနဲ့ ညဘက်တိုင်း အပျော်အပါး လိုက်စားနေခဲ့တာဖြစ်ပြီး အခုတော့ သာမန်ပန်းရန်သမားတစ်ယောက်ဘဝနဲ့ ရုန်းကန်နေရပါပြီ 😢😭

​သင်ခန်းစာ - "အခွင့်အရေးဆိုတာ တစ်ခါပဲ လာတတ်တာမို့ အကောင်းဆုံး အသုံးချတတ်ဖို့ လိုပါတယ်"
အလွန်ဆိုလက်ထက် ချယ်လ်ဆီးပွဲကြည့်မယ်ဆိုရင် ကျနော်တို့ သတိထားရမှာတစ်ခုကတော့ ပွဲစပြီဆိုတာနဲ့ TVကို၊ ဖုန်းကို သေချာဖွင့်ထားဖို့ပါပဲ...

ပွဲအစပဲရှိပါသေးတယ်ဆိုပြီး ရေထသောက်တာ၊ အပေါ့ထသွားတာ၊ ကော်ဖီခွက်လေး၊ အာလူးကြော်ပန်းကန်လေး ထယူတာမျိုးတွေ မလုပ်မိဖို့ သိပ်အရေးကြီးပါတယ်...

အဲ့လိုတွေလုပ်မိရင် ဘာဖြစ်မလဲဆိုရင်တော့ ချယ်လ်ဆီးရဲ့သွင်းဂိုးတွေကို လွတ်သွားနိုင်တာပေါ့လေ...

ဖူလ်ဟမ်နဲ့ပွဲတုန်းက ပွဲအစ၁မိနစ်မှာတင် ယာအိုပတ်ဒရို၊
ဘရိုက်တန်နဲ့ပွဲမှာတော့ ပွဲအစ၄မိနစ်မှာ လာဗီယာ၊
အာဆင်နယ်နဲ့ပွဲတုန်းက ပွဲအစ၂မိနစ်မှာ မော်ဂန်ရော်ဂျာစ်၊
ဟားလ်စီးတီးနဲ့ပွဲတုန်းက ပွဲအစ၇မိနစ်မှာ မော်ဂန်ရော်ဂျာစ်၊
အခုဘုန်းမောက်နဲ့ပွဲမှာတော့ ပွဲအစ၂မိနစ်ခွဲလောက်အတွင်းမှာတင် ဟန်ဒါဆန်နဲ့ မော်ဂန်ရော်ဂျာစ်...

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဥ်၆အပြီးမှာပဲ ချယ်လ်ဆီးဟာ ပွဲအစ၇မိနစ်အတွင်းမှာ သွင်းဂိုး၆ဂိုးထိ ရယူထားခဲ့ပြီးဖြစ်ပါတယ်...

ဒုတိယပိုင်းပြန်အစတွေကိုလည်း သိပ်ပေါ့လို့ မဖြစ်ပါဘူး...

ဖူလ်ဟမ်နဲ့ပွဲတုန်းက ဒုတိယပိုင်းအစ ၄မိနစ်မှာ ကိုးလ်ပါးမား၊
အခုဘုန်းမောက်နဲ့ပွဲမှာတော့ ဒုတိယပိုင်းပြန်စပြီး ၁မိနစ်အကြာမှာပဲ ယာအိုပတ်ဒရိုတို့က ဂိုးတွေ သွင်းနိုင်ခဲ့တယ်...

တစ်နည်းအားဖြင့်ပြောရရင် ဒီရာသီ ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး၁၅ဂိုးမှာ တစ်ဝက်ကျော်ဖြစ်တဲ့ ၈ဂိုးတိတိဟာ ပထမပိုင်းအစ၊ ဒုတိယပိုင်းအစတွေမှာ သွင်းယူခဲ့တာဖြစ်နေပါတယ်...

ဒါကြောင့် ချယ်လ်ဆီးပွဲကြည့်တော့မယ်ဆိုရင် ပထမပိုင်း၊ ဒုတိယပိုင်း အစောပိုင်းမိနစ်တွေကို ကျနော်တို့ အထူးသတိထားဖို့ လိုအပ်လာတယ်၊ “ပွဲအစပဲ ရှိပါသေးတယ်”ဆိုပြီး စိတ်အေးလက်အေးနဲ့ ဟိုဟိုဒီဒီ ထမလုပ်မိဖို့ အရေးကြီးပါတယ်...

အဲ့ဒီလိုများ ထလုပ်လိုက်မိရင်တော့ TVရှေ့၊ ဖုန်းရှေ့ ပြန်ရောက်လာချိန်မှာ 1-0, 2-0လောက်လည်း ဖြစ်နေနိုင်ပါတယ်...
❤2
“လူတွေက အခုလက်ရှိအချိန်မှာ ငါလုပ်ပြနေတာတွေကို တန်ဖိုးမထားကြဘူး။ ဂိုး ၁,၀၀၀ ပြည့်ဖို့အတွက် ဘယ်လောက်လိုသေးလဲဆိုတာကိုပဲ ပိုပြီး စိုးရိမ်ပူပန်နေကြတယ်။

​ငါ အဲဒါကို မကြိုက်ဘူး။ အရာရာတိုင်းက သဘာဝအတိုင်း ဖြစ်လာရမယ်။ ကိုးရာ့နှစ်ဆယ်၊ ကိုးရာ့နှစ်ဆယ့်ငါး ဒါမှမဟုတ် ကိုးရာ့သုံးဆယ်ပဲ သွင်းသွင်းပေါ့…

​ငါက သမိုင်းတစ်လျှောက် အကောင်းဆုံးပဲ။ ဂိုးသွင်းတဲ့နေရာမှာဆိုရင် ကိန်းဂဏန်းတွေက အရာရာကို သက်သေပြနေတာပဲ။

ဂိုး ၁,၀၀၀ ပြည့်ရမယ်လို့ ငါ့ကိုယ်ငါ အတင်းအကျပ် ပြောမှာမဟုတ်ပါဘူး။ အဲဒီအထိ ရောက်သွားခဲ့ရင်တော့ တကယ်မိုက်တာပေါ့”

🗣 ခရစ်တီယာနို ရော်နယ်ဒို ( CNN Portugal နဲ့ အင်တာဗျူးမှ )
❤3👏1🤣1
🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 🚨

ယူနိုက်တက်အသင်းဟာ လက်ရှိအခြေနေအရ ရလဒ်တွေဆိုးဝါးနေတာကြောင့် နည်းပြ မိုက်ကယ် ကာရစ်နေရာမှာ Antonio Conte နဲ့ အစားထိုးဖို့ စဥ်းစားနေပြီဖြစ်ပါတယ်.. Conte ကိုယ်တိုင် ကလည်း ယူနိုက်တက်က ကမ်းလှမ်းရင် မြန်မြန်ဆန်ဆန်ဘဲ သဘောတူ လက်ခံသွားဖို့ရှိပါတယ်..
👍3❤2
‎'ဘာစီလိုနာရဲ့ အောင်မြင်မှုသော့ချက်'
‎
‎ဟန်ဆီဖလစ်ခ်ဟာ ရှက်ဇီနီရဲ့လက်စွမ်းကျဆင်းလာတော့ ဂိုးသမားသစ်တစ်ယောက် ခေါ်ယူပေးဖို့တောင်းဆိုခဲ့သူပါ။
‎
‎အခုရာသီအစမှာ ဂျရတ်မာတင်နဲ့ အဲလက်စ်ဘယ်လ်ဒီတို့ရဲ့ ခြေစွမ်းကျဆင်းလာတော့လည်း သူဟာနှစ်ယောက်စလုံးကို အရံခုံပို့ပစ်ပါတယ်။ သူဟာအရူဟိုလ်ကိုလည်း သူ့ရဲ့ system နဲ့မကိုက်ညီကြောင်း ပွင့်ပွင့်လင်းလင်းအသိပေးပြီး လီဗာပူးလ်ထံအငှားထွက်ကစားစေတယ်။
‎
‎မားကပ်စ်ရက်ရှ်ဖို့ဒ် အငှားလာရောက်ကစားရာမှာ ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူတော့ ဘာစီလိုနာပရိသတ်တွေက အပြီးသတ်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖလစ်ခ်ဟာငြင်းပယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ထံပြန်လာရာ နေရာမရသေးပါဘူး။
‎
‎တဖန် ဖရန်ကီဒီဂျောင် စွမ်းဆောင်ရည်ကျဆင်းသွားတော့ နေရာဖယ်ရှားပြီး နောက်ခံလူတစ်ယောက်ဖြစ်တဲ့ အဲရစ်ဂါစီယာကို ကွင်းလယ်တက်ကစားခိုင်းသလို ညာနောက်ခံလူဂျူးလပ်စ်ခွန်ဒီ အဆင်မပြေတော့လည်း ဂါစီယာကိုအဲဘက်ပို့ပစ်ပါတယ်။
‎
‎ဒါတွေကိုကြည့်လိုက်ရင် ဖလစ်ခ်မှာ favourite ကစားသမားဆိုလို့မရှိဘဲ ကြိုးစားအားထုတ်ပြီး ခြေစွမ်းပြသူတိုင်း အခွင့်အရေးရမှာဖြစ်သလို တော်ရိလျော်ရိအားထုတ်သူတွေကတော့ ချက်ချင်းစွန့်ပစ်ခံနေရတာမို့ ဘာဆာဟာစပိန်မှာ အကောင်းဆုံးအသင်းဖြစ်နေရတာပါ။
🚨💣 ဗင်နီးရှပ်စ် ဂျူနီယာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းထွက်လာပြီးနောက် ၂၀၁၁ ခုနှစ်က နာမည်ကြီး ဖြစ်ရပ်ဟောင်းတစ်ခု ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

​🗣 ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ရဲ့ ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာ မီဆွတ် အိုဇေးလ် အကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

​"အိုဇေးလ်က သူ့ရဲ့ လူနေမှုပုံစံကို ပြောင်းလဲပစ်ခဲ့ပြီး အီတလီမော်ဒယ်လ် မိန်းကလေးတစ်ယောက်ကို ရူးသွပ်သွားခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်။ အဲ့ဒီလေယာဉ်နဲ့ ပျံသွားတယ်၊ လိင်ဆက်ဆံတယ်၊ ပြီးရင် ပြန်လာတယ်၊"

​💣 ဂျိုဇေး မော်ရင်ဟို ကလည်း အလွန်အမင်း ဒေါသထွက်ခဲ့ပြီး အိုဇေးလ်ကို တိုက်ရိုက် သွားရောက် ရင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ််။

​"ဟေ့ကောင် အိုဇေးလ်၊ လူမိုက်၊ မင်းကို ငါ့သားတစ်ယောက်လို သတိပေးမယ်။ မင်းတွဲနေတဲ့ ဒီမိန်းကလေးက အင်တာနဲ့ အေစီမီလန်က လူတိုင်းနဲ့ အိပ်ပြီးပြီ၊ နှစ်သင်းစလုံးက နည်းပြအဖွဲ့တွေပါ မကျန်ဘူး၊"😱
❤2👍1
🚨 ကာရေဂါက ဗက်ဇ်ကို လီဗာပူးလ်အသင်း ပွဲထွက် လူစာရင်းကနေ ချန်လှပ်ဖို့ အကြံပေး

မန်စီးတီးနဲ့ပွဲမှာ နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့တဲ့ ပေါင် ၁၁၆ သန်းတန် ဖလော်ရီယန် ဗက်ဇ်ကို လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်ပြီလို့ ဂျေမီ ကာရေဂါက ပြောဆိုလိုက်ပါတယ်။

ဂျေမီ ကာရေဂါ က–“လက်ရှိအချိန်မှာ ဗက်ဇ်ကို လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ မထားသင့်တော့ပါဘူး။ ကျွန်တော်တို့က သူ့ကို ၅ ပွဲ၊ ၁၀ ပွဲလောက် ကစားပြီးမှ ပြောနေတာ မဟုတ်ပါဘူး။ ပွဲ ၅၀၊ ၆၀ လောက် ကစားပြီးတဲ့နောက်မှာ ပြောနေတာပါ။”

“ဒီနေ့ပွဲမှာတော့ လုံးဝ ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ဂိုးသွင်းနိုင်မယ့် အနေအထား တစ်ခုမှ မဖန်တီးနိုင်ခဲ့ပါဘူး။”

ကာရေဂါရဲ့အမြင်အရ ဗက်ဇ်ဟာ ရိုင်ယန် ဂရာဗင်ဘတ်ချ်ကို ကျော်ပြီး ပွဲထွက်ခွင့်ရနေသင့်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး။ ဆိုဘိုဆလိုင်း၊ ဂရာဗင်ဘတ်ချ် နဲ့ မက်အလစ္စတာ တို့ ၃ ယောက် အတွဲကိုသာ ပွဲထွက်ခွင့် ပြန်ပေးဖို့ အကြံပြုလိုက်တာ ဖြစ်ပါတယ်။

ဂျာမနီအသင်းနဲ့အတူ ခြေစွမ်းတိုးတက်လာတဲ့ လက္ခဏာတွေ ပြသထားပေမဲ့ လီဗာပူးလ်အသင်းမှာတော့ ပေါင် ၁၁၆ သန်းတန် ကစားသမားတစ်ယောက်အနေနဲ့ မျှော်လင့်ထားသလောက် မလုပ်ပြနိုင်သေးဘူးလို့ ဝေဖန်ခံနေရတာပါ။
❤1
🚨 ဖူလ်ဟမ်မှာ အာဘီလိုအာရဲ့ နည်းပြရာထူး အဆုံးသတ်ဖို့ နီးစပ်နေပြီလား?

အယ်လ်ဗာရို အာဘီလိုအာရဲ့ ဖူလ်ဟမ်နည်းပြရာထူးဟာ အခြေအနေဆိုးရွားနေပြီး လာမယ့်အပတ် ဟားလ်စီးတီးနဲ့ပွဲမှာ ၃ မှတ်အပြည့် မရခဲ့ဘူးဆိုရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ များနေပါတယ်။

ဖူလ်ဟမ်အသင်းဘက်ကလည်း နောက်ကွယ်မှာ အစားထိုးခန့်အပ်မယ့် နည်းပြတွေကို စတင်စုံစမ်း ရှာဖွေနေပြီလို့ သိရပါတယ်။

ဒါပေမဲ့ နယူးကာဆယ်နည်းပြဟောင်း အက်ဒီဟောင်းကို ခန့်အပ်ဖို့ စိတ်ဝင်စားနေပေမယ့် ချဉ်းကပ် ကမ်းလှမ်းခဲ့ရင်တောင် အက်ဒီဟောင်းအနေနဲ့ လက်ခံစဉ်းစားဖို့ မရှိလောက်ဘူးလို့ သိရပါတယ်။ သူဟာ ပိုမိုကြီးမားတဲ့ ကလပ်အသင်းတစ်သင်းမှာ နည်းပြရာထူးလစ်လပ်လာမယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
❤1
🚨 ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာတဲ့ အာဆင်နယ်

အာဆင်နယ်က ဒီရာသီ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပါတယ်။ Opta ရဲ့ Tournament Predictor ခန့်မှန်းချက်အရ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြေ အများဆုံးအသင်းအဖြစ် အာဆင်နယ်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခြေ ၂၁ ရာခိုင်နှုန်း ရှိနေပြီး မန်ချက်စတာစီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ကာ နံပါတ်တစ်နေရာကို ရယူထားတာပါ။

Opta ရဲ့ Tournament Predictor ခန့်မှန်းချက်အရ —
အာဆင်နယ် — ၂၁%
မန်ချက်စတာစီးတီး — ၁၈%
ဘိုင်ယန်မြူးနစ် — ၁၇%
ဘာစီလိုနာ — ၉%
PSG — ၆%

အာဆင်နယ်ရဲ့နောက်မှာ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဖလားရနိုင်ခြေ မြင့်မားတဲ့အသင်းတွေအဖြစ် ရှိနေကြပါတယ်။

ဒါပေမဲ့ ဒီရာခိုင်နှုန်းတွေဟာ လက်ရှိအခြေအနေတွေအပေါ် အခြေခံထားတဲ့ ကွန်ပျူတာခန့်မှန်းချက်တွေသာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ဒီတစ်ကြိမ်မှာ အမှန်တကယ် ကိုင်မြှောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
🚨နောင်မှရလာတဲ့ နောင်တတွေနဲ့ ယူနိုက်တက် တာဝန်ရှိသူများ

မန်ချက်စတာယူနိုက်တက် ဘက်က တာဝန်ရှိသူတွေဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာကို အခုတော့ နောက်ကွယ်မှာ ဝန်ခံလာကြပြီလို့ သိရပါတယ်။

အသင်းအတွင်းမှာ ယူရီ တိုင်လီမန်းစ်နဲ့ အန်ဒရေး ဆန်းတို့စ်တို့ဟာ ကွင်းလယ်ကစားသမား ပစ်မှတ်စာရင်းရဲ့ ဦးစားပေးနေရာမှာ မရှိခဲ့ဘူးလို့ ဝန်ခံထားကြပါတယ်။

ဒါ့အပြင် ဘယ်နောက်ခံလူတစ်ဦးကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကိုလည်း နောင်တရနေကြတယ်လို့ သိရပါတယ်။
‎'ခေါင်:ပုံဖြ-တ်ခံနေရတဲ့ Adidas လုပ်သားများ'
‎
‎ကမ္ဘာ့အအောင်မြင်ဆုံး ဘောလုံးဂျာစီကုမ္ပဏီရဲ့ နောက်ကွယ်ကအမှောင်ခြမ်းအကြောင်း သိရှိသွားပါက အံ့ဩကြကုန်မယ်ထင်ပါတယ်။
‎
‎ဘောလုံးပရိသတ်တွေဟာ သူတို့အားပေးတဲ့အသင်းတွေရဲ့ ဘောလုံးဂျာစီတွေအတွက် ပိုမိုများပြားတဲ့ငွေကြေး ကျခံနေရပေမယ့် အဆိုပါဝတ်စုံတွေကို ဘယ်သူတွေရဲ့လုပ်အားနဲထုတ်လုပ်နေရပြီး လုပ်အားခဘယ်လောက်ရရှိကြောင်း သိရှိသူရှားပါတယ်။
‎
‎BBC ဟာ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ဆဲလ်တစ်တို့ကိုစပွန်‌ဆာပေးနေတဲ့ Adidas ကုမ္ပဏီအကြောင်း စုံစမ်းကြည့်လိုက်တဲ့အခါမှာ အဆိုပါအသင်းတွေရဲ့ဝတ်စုံတွေကို ကမ္ဘောဒီးယားနိုင်ငံရှိ စက်ရုံ(၂)ခုမှာထုတ်လုပ်ပေးနေပြီး အလုပ်သမားတွေခေါင်:ပုံဖြ-တ်ခံရမှုကို မြင်တွေ့ရပါတယ်။
‎
‎လုပ်သားတစ်ဦးချင်းစီဟာ တစ်လမှ ဒေါ်လာ ၂၁၀-၂၂၀ ဝန်းကျင်သာ လက်ခံရရှိနေပြီး စက်ရုံတွေရဲ့အပူချိန်က (၃၅)ဒီဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်မားလွန်းတယ်။ ဒါကိုမှ မျှော်မှန်းထုတ်လုပ်နှုန်းအထိမစွမ်းဆောင်နိုင်ပါက ဆူပူကြိမ်းမောင်းပြစ်တင်မှုတွေ ခံယူနေရတယ်။
‎
‎လုပ်သားတွေဟာ လျှပ်စစ်ပိုင်းဆိုင်ရာအန္တရာယ်တွေလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်။ အချိန်ပိုကြေး၊ အပိုဆုကြေးတွေပေါင်းလိုက်ရင်တောင် အလုပ်သမားတချို့ဟာ တစ်လမှ ဒေါ်လာ(၃၀၀)ဝန်းကျင်သာ လက်ထဲပိုက်မိတာပါ။
‎
‎တစ်ဘက်မှာ ဘောလုံးဂျာစီတစ်ထည်ရဲ့တန်ဖိုးက ဒေါ်လာ(၁၂၀)မို့ (၂)ပတ်စာအခြေခံလစာထက်တောင် ပိုမိုများပြားနေပါတယ်။ ကုမ္ပဏီဟာ လုပ်သားတွေအန္တရာယ်ကင်းရှင်းရေး၊ အခြေခံလစာငွေတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေတယ်ဆိုပြီး ကြွေးကြော်ထားပေမယ့် မြေပြင်အခြေအနေဟာ အပြောနဲ့တခြားစီဖြစ်နေတာပါ။
👍1
‎'ငွေကြေးထက် လွတ်လပ်မှုကို ပိုမိုမြတ်နိုးသူ'
‎
‎မိုက်ကယ်အိုလီဆေးဟာ လူထဲကလူတစ်ဦးပေမို့ ငွေကြေးသန်းပေါင်းများစွာ ရရှိမယ့်အခွင့်အရေးကို လက်လွှတ်မခံနိုင်ပါဘူး။
‎
‎တစ်ဘက်မှာသူဟာ လွတ်လပ်မှုကိုလည်း ထိပါးမခံနိုင်ပါဘူး။ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့အကောင်းဆုံးကစားသမားကို အသင်းရဲ့လစာအများဆုံးပလေယာအဖြစ် လစာတိုးမြှင့်ပေးဖို့ကြံရွယ်နေတယ်။ အကျိုးဆက်အနေနဲ့ အိုလီဆေးဟာ တစ်နှစ်လုပ်ခယူရို(၁၄)သန်းကနေ (၂၅)သန်းအထိ တိုးမြှင့်ရရှိပါတော့မယ်။
‎
‎အဆိုပါပမာဏဟာ ဟာရီကိန်းနဲ့ ယာမဲလ်မူစီယာလာတို့ထက် ပိုမိုများပြားပါတယ်။ ဒီနေရာမှာပြဿနာတစ်ခုက အိုလီဆေးဟာသူ့ရဲ့စာချုပ်မှာ ထွက်ခွာခွင့်စာချုပ် ထည့်သွင်းချုပ်ဆိုလိုနေတာပါ။ သူဟာမြူးနစ်မှာ ပျော်ရွှင်နေပေမယ့် လှောင်ပိတ်ခံနေရမယ့်အဖြစ်မျိုး မလိုလားပါဘူး။
‎
‎ရီးယဲလ်မက်ဒရစ်နဲ့ ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်မှုအောက်ရောက်ရှိနေတဲ့အခြေအနေမှာ အိုလီဆေးဟာ ဘိုင်ယန်နဲ့စာချုပ်သစ်ကိစ္စကို လိမ္မာပါးနပ်စွာဖြေရှင်းလိုတာပါ။ ဂျာမန်ဘီလူးတွေက သူ့အတွက်သန်းနဲ့ချီတဲ့လစာငွေ လိုလိုလားလားတိုးပေးချင်နေတယ်။
‎
‎အိုလီဆေးကိုယ်တိုင်ကလည်း (၁၁)သန်းကျော်ပိုရမယ့်အခွင့်အရေးကို လက်လွှတ်မခံချင်ဘူး။ ဒါ့အပြင် သူ့ရဲ့အနာဂတ်ကိုလည်း ကိုယ်တိုင်ထိန်းချုပ်ခွင့် အပြည့်အဝရရှိချင်နေတာပါ။
အာရှ ချန်ပီယံလိဂ်မှာ (၁) ဂိုးသွင်းယူပြီးနောက်

ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး (၉၈၁) ဂိုး အထိ ရှိလာတဲ့ 𝐂.𝐑𝐨𝐧𝐚𝐥𝐝𝐨
👏4👍2
"အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းကြီးထဲ ပြန်ရောက်ရမှာကတော့ တကယ်စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိမှာပါပဲ။

ကျွန်တော် ပြန်ရောက်တိုင်းလည်း အရမ်းဝမ်းသာဝမ်းနည်း ခံစားချက်ကြီးရပါတယ်။ လိုင်လီအသင်းနဲ့နောက်ဆုံးရာသီမှာ ဒီလိုပြန်ကစားခွင့်ရတာကလည်းကျေးဇူးတင်ဝမ်းသာစရာပါ" ❤️

🗣အမ်းမရိတ်ကွင်းကြီးထဲပြန်လာရမယ့်အပေါ် တိုက်စစ်မှူးဂျီရူးရဲ့အမြင်
✅ အသက် 31 နှစ်နဲ့ ပရီးမီးယားလိဂ်သမိုင်းရဲ့ အသက်အငယ်ဆုံးနည်းပြ

✅ လက်ရှိ ဒီရာသီရဲ့ 6 ပွဲကစားပြီးချိန်မှာ 18 ဂိုးသွင်းထားတဲ့ အကောင်းဆုံးတိုက်စစ်ဂိုးသွင်းနိုင်တဲ့အသင်း

✅ ပွဲချိန်အတွင်း အမှတ်လျော့နေတဲ့ အနေအထားကနေ 39 မှတ်အထိ ပြန်ယူထား

ဒီရာသီ ဟက်ဇလာ နဲ့ ဘရိုက်တန်ကတော့ အမြင့်ဆုံးမှာရှိနေပါတယ် 🔵🔥
ယခုတစ်ပတ် ယှဥ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပွဲစဥ်များ
‼️အသင်းအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကျရောက်လာနိုင်ခြေ ရှိနေပေမဲ့ မန်စီးတီးကတော့ ၂၀၂၇ အတွက် အပြောင်းအရွှေ့ လမ်းကြောင်းတွေကို ဆက်လက် စုံစမ်းလေ့လာနေပါတယ်။

စီးတီးရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့ ကစားသမားတစ်ဦးကတော့ ဘရန့်ဖို့ဒ် အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် နောက်ခံလူ မိုက်ကယ် ကာယိုဒီ (Michael Kayode) ဖြစ်ပြီး အသင်းဘက်ကလည်း သူ့ကို သဘောကျ ကျေနပ်နေတယ်လို့ သိရပါတယ်။