Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨နောင်မှရလာတဲ့ နောင်တတွေနဲ့ ယူနိုက်တက် တာဝန်ရှိသူများ

မန်ချက်စတာယူနိုက်တက် ဘက်က တာဝန်ရှိသူတွေဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာကို အခုတော့ နောက်ကွယ်မှာ ဝန်ခံလာကြပြီလို့ သိရပါတယ်။

အသင်းအတွင်းမှာ ယူရီ တိုင်လီမန်းစ်နဲ့ အန်ဒရေး ဆန်းတို့စ်တို့ဟာ ကွင်းလယ်ကစားသမား ပစ်မှတ်စာရင်းရဲ့ ဦးစားပေးနေရာမှာ မရှိခဲ့ဘူးလို့ ဝန်ခံထားကြပါတယ်။

ဒါ့အပြင် ဘယ်နောက်ခံလူတစ်ဦးကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကိုလည်း နောင်တရနေကြတယ်လို့ သိရပါတယ်။
‎'ခေါင်:ပုံဖြ-တ်ခံနေရတဲ့ Adidas လုပ်သားများ'
‎
‎ကမ္ဘာ့အအောင်မြင်ဆုံး ဘောလုံးဂျာစီကုမ္ပဏီရဲ့ နောက်ကွယ်ကအမှောင်ခြမ်းအကြောင်း သိရှိသွားပါက အံ့ဩကြကုန်မယ်ထင်ပါတယ်။
‎
‎ဘောလုံးပရိသတ်တွေဟာ သူတို့အားပေးတဲ့အသင်းတွေရဲ့ ဘောလုံးဂျာစီတွေအတွက် ပိုမိုများပြားတဲ့ငွေကြေး ကျခံနေရပေမယ့် အဆိုပါဝတ်စုံတွေကို ဘယ်သူတွေရဲ့လုပ်အားနဲထုတ်လုပ်နေရပြီး လုပ်အားခဘယ်လောက်ရရှိကြောင်း သိရှိသူရှားပါတယ်။
‎
‎BBC ဟာ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ဆဲလ်တစ်တို့ကိုစပွန်‌ဆာပေးနေတဲ့ Adidas ကုမ္ပဏီအကြောင်း စုံစမ်းကြည့်လိုက်တဲ့အခါမှာ အဆိုပါအသင်းတွေရဲ့ဝတ်စုံတွေကို ကမ္ဘောဒီးယားနိုင်ငံရှိ စက်ရုံ(၂)ခုမှာထုတ်လုပ်ပေးနေပြီး အလုပ်သမားတွေခေါင်:ပုံဖြ-တ်ခံရမှုကို မြင်တွေ့ရပါတယ်။
‎
‎လုပ်သားတစ်ဦးချင်းစီဟာ တစ်လမှ ဒေါ်လာ ၂၁၀-၂၂၀ ဝန်းကျင်သာ လက်ခံရရှိနေပြီး စက်ရုံတွေရဲ့အပူချိန်က (၃၅)ဒီဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်မားလွန်းတယ်။ ဒါကိုမှ မျှော်မှန်းထုတ်လုပ်နှုန်းအထိမစွမ်းဆောင်နိုင်ပါက ဆူပူကြိမ်းမောင်းပြစ်တင်မှုတွေ ခံယူနေရတယ်။
‎
‎လုပ်သားတွေဟာ လျှပ်စစ်ပိုင်းဆိုင်ရာအန္တရာယ်တွေလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်။ အချိန်ပိုကြေး၊ အပိုဆုကြေးတွေပေါင်းလိုက်ရင်တောင် အလုပ်သမားတချို့ဟာ တစ်လမှ ဒေါ်လာ(၃၀၀)ဝန်းကျင်သာ လက်ထဲပိုက်မိတာပါ။
‎
‎တစ်ဘက်မှာ ဘောလုံးဂျာစီတစ်ထည်ရဲ့တန်ဖိုးက ဒေါ်လာ(၁၂၀)မို့ (၂)ပတ်စာအခြေခံလစာထက်တောင် ပိုမိုများပြားနေပါတယ်။ ကုမ္ပဏီဟာ လုပ်သားတွေအန္တရာယ်ကင်းရှင်းရေး၊ အခြေခံလစာငွေတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေတယ်ဆိုပြီး ကြွေးကြော်ထားပေမယ့် မြေပြင်အခြေအနေဟာ အပြောနဲ့တခြားစီဖြစ်နေတာပါ။
👍1
‎'ငွေကြေးထက် လွတ်လပ်မှုကို ပိုမိုမြတ်နိုးသူ'
‎
‎မိုက်ကယ်အိုလီဆေးဟာ လူထဲကလူတစ်ဦးပေမို့ ငွေကြေးသန်းပေါင်းများစွာ ရရှိမယ့်အခွင့်အရေးကို လက်လွှတ်မခံနိုင်ပါဘူး။
‎
‎တစ်ဘက်မှာသူဟာ လွတ်လပ်မှုကိုလည်း ထိပါးမခံနိုင်ပါဘူး။ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့အကောင်းဆုံးကစားသမားကို အသင်းရဲ့လစာအများဆုံးပလေယာအဖြစ် လစာတိုးမြှင့်ပေးဖို့ကြံရွယ်နေတယ်။ အကျိုးဆက်အနေနဲ့ အိုလီဆေးဟာ တစ်နှစ်လုပ်ခယူရို(၁၄)သန်းကနေ (၂၅)သန်းအထိ တိုးမြှင့်ရရှိပါတော့မယ်။
‎
‎အဆိုပါပမာဏဟာ ဟာရီကိန်းနဲ့ ယာမဲလ်မူစီယာလာတို့ထက် ပိုမိုများပြားပါတယ်။ ဒီနေရာမှာပြဿနာတစ်ခုက အိုလီဆေးဟာသူ့ရဲ့စာချုပ်မှာ ထွက်ခွာခွင့်စာချုပ် ထည့်သွင်းချုပ်ဆိုလိုနေတာပါ။ သူဟာမြူးနစ်မှာ ပျော်ရွှင်နေပေမယ့် လှောင်ပိတ်ခံနေရမယ့်အဖြစ်မျိုး မလိုလားပါဘူး။
‎
‎ရီးယဲလ်မက်ဒရစ်နဲ့ ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်မှုအောက်ရောက်ရှိနေတဲ့အခြေအနေမှာ အိုလီဆေးဟာ ဘိုင်ယန်နဲ့စာချုပ်သစ်ကိစ္စကို လိမ္မာပါးနပ်စွာဖြေရှင်းလိုတာပါ။ ဂျာမန်ဘီလူးတွေက သူ့အတွက်သန်းနဲ့ချီတဲ့လစာငွေ လိုလိုလားလားတိုးပေးချင်နေတယ်။
‎
‎အိုလီဆေးကိုယ်တိုင်ကလည်း (၁၁)သန်းကျော်ပိုရမယ့်အခွင့်အရေးကို လက်လွှတ်မခံချင်ဘူး။ ဒါ့အပြင် သူ့ရဲ့အနာဂတ်ကိုလည်း ကိုယ်တိုင်ထိန်းချုပ်ခွင့် အပြည့်အဝရရှိချင်နေတာပါ။
အာရှ ချန်ပီယံလိဂ်မှာ (၁) ဂိုးသွင်းယူပြီးနောက်

ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး (၉၈၁) ဂိုး အထိ ရှိလာတဲ့ 𝐂.𝐑𝐨𝐧𝐚𝐥𝐝𝐨
👏4👍2
"အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းကြီးထဲ ပြန်ရောက်ရမှာကတော့ တကယ်စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိမှာပါပဲ။

ကျွန်တော် ပြန်ရောက်တိုင်းလည်း အရမ်းဝမ်းသာဝမ်းနည်း ခံစားချက်ကြီးရပါတယ်။ လိုင်လီအသင်းနဲ့နောက်ဆုံးရာသီမှာ ဒီလိုပြန်ကစားခွင့်ရတာကလည်းကျေးဇူးတင်ဝမ်းသာစရာပါ" ❤️

🗣အမ်းမရိတ်ကွင်းကြီးထဲပြန်လာရမယ့်အပေါ် တိုက်စစ်မှူးဂျီရူးရဲ့အမြင်
✅ အသက် 31 နှစ်နဲ့ ပရီးမီးယားလိဂ်သမိုင်းရဲ့ အသက်အငယ်ဆုံးနည်းပြ

✅ လက်ရှိ ဒီရာသီရဲ့ 6 ပွဲကစားပြီးချိန်မှာ 18 ဂိုးသွင်းထားတဲ့ အကောင်းဆုံးတိုက်စစ်ဂိုးသွင်းနိုင်တဲ့အသင်း

✅ ပွဲချိန်အတွင်း အမှတ်လျော့နေတဲ့ အနေအထားကနေ 39 မှတ်အထိ ပြန်ယူထား

ဒီရာသီ ဟက်ဇလာ နဲ့ ဘရိုက်တန်ကတော့ အမြင့်ဆုံးမှာရှိနေပါတယ် 🔵🔥
ယခုတစ်ပတ် ယှဥ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပွဲစဥ်များ
‼️အသင်းအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကျရောက်လာနိုင်ခြေ ရှိနေပေမဲ့ မန်စီးတီးကတော့ ၂၀၂၇ အတွက် အပြောင်းအရွှေ့ လမ်းကြောင်းတွေကို ဆက်လက် စုံစမ်းလေ့လာနေပါတယ်။

စီးတီးရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့ ကစားသမားတစ်ဦးကတော့ ဘရန့်ဖို့ဒ် အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် နောက်ခံလူ မိုက်ကယ် ကာယိုဒီ (Michael Kayode) ဖြစ်ပြီး အသင်းဘက်ကလည်း သူ့ကို သဘောကျ ကျေနပ်နေတယ်လို့ သိရပါတယ်။
GOAT ကြီး မက်ဆီကိုယ်တိုင်ရွေးချယ်တဲ့ လက်ရှိစောင့်ကြည့်ချင်စရာ ကမ္ဘာ့ Top 10 လူငယ်ကစားသမားစာရင်းထဲ အာဆင်နယ်လူငယ်ကြယ်ပွင့် မက်စ်ဒေါင်းမန်းလည်း ပါဝင်လာပါတယ် ✨🔴
❤3
■ မန်ယူနိုက်တက်အသင်းဟာ လုံးဝအန္တရာယ်ရှိတဲ့အသင်း ဖြစ်နေဆဲလို့ ဆီမြွန်နီ သုံးသပ်

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ယနေ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမယ့် မန်ယူနိုက်တက်အသင်းဟာ လုံးဝအန္တရာယ်ရှိတဲ့အသင်း ဖြစ်နေဆဲလို့ သုံးသပ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီအစ ရလဒ်တွေ ဆိုးနေပေမဲ့ ဆီမြွန်နီက သူ့အသင်းသားတွေကို သတိပေးခဲ့တာဖြစ်တယ်။

''သရေပွဲတွေအပါအဝင် သူတို့ရဲ့လတ်တလောရလဒ်တွေ မကောင်းပေမဲ့ သူတို့ မနှစ်က လုပ်ခဲ့သလိုမျိုး အန္တရာယ်ဖန်တီးနိုင်ဆဲပါပဲ။ သူတို့က တောင့်တင်းတဲ့ အသင်းတစ်သင်းပါ''လို့ ဆီမြွန်နီက ပြောခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ဒါကြောင့် အက်သလက်တီကိုအနေနဲ့ ချန်ပီယံလိဂ်ပွဲကျပ် နှစ်ပွဲ ဆက်တိုက်ကစားရတာလည်းဖြစ်တယ်။

ဆီမြွန်နီက ဂိုးပေါက်မတွေ့သေးတဲ့ အသင်းတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်အနေနဲ့ သွင်းဂိုးတွေ လိုအပ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
👍6
🚨 လီဗာပူးလ်အသင်းက ရေရှည်အစားထိုးဂိုးသမားကို ရှာဖွေနေ

လီဗာပူးလ်အသင်းဟာ အဓိကဂိုးသမား အလီဆန် ဘက်ကာရဲ့ နေရာ ရေရှည်အစားထိုးကစားသမားအဖြစ် ဟားလ်စီးတီးဂိုးသမား ကွန်စတန်တီနော့စ် ဇိုလာကစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားကို စပါးအသင်းကလည်း စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ဖြစ်လာမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

အလီဆန်ရဲ့နေရာကို ရေရှည်အတွက် ကြိုတင် ပြင်ဆင် ခေါ်ယူချင်နေသလို တဖက်မှာလည်း မာမာဒါရှာဗီလီ ရဲ့ လီဗာပူးလ် အနာဂါတ်ဟာလည်း မသေချာ မရေရာဖြစ်လာပါတယ်။
🚨 လူလည်ကြီး ဘရိုက်တန်တို့ မုတ်ဆိတ်ပျားစွဲမယ့်အကွက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ ဗဟိုနောက်ခံလူ လူကာ ဗူစကိုဗစ် ကို ၂၀၂၇ နွေရာသီ အပြောင်းအရွှေ့အတွက် စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၁၉ နှစ်အရွယ် လူငယ်နောက်ခံလူကို လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြပြီး စပါးအသင်းကလည်း သူ့ရဲ့အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။

ဒါပေမဲ့ ဘရိုက်တန်အသင်းဘက်ကတော့ ဗူစကိုဗစ်ကို ရောင်းချဖို့ လုံးဝရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။ လက်ရှိဈေးကွက်တန်ကြေးကလည်း ယူရိုသန်း ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

ကစားသမား အရောင်း အဝယ်ဆရာကျတဲ့ ဘရိုက်တန် အတွက်တော့ ဗူစကိုဗစ်ဟာ သူတို့ရဲ့ နောက်ထပ် အမြတ်ကြီးရနိုင်မယ့် ရင်းနှီးမြုပ်နှံမှုဖြစ်လာတော့ မှာပါ။ လာမယ့်နွေရာသီမှာ ဥရောပထိပ်သီးအသင်းကြီးတွေကြား အပြိုင်အဆိုင်ဖြစ်လာနိုင်တဲ့ လူငယ်နောက်ခံလူတစ်ဦး ဖြစ်လာမလား စောင့်ကြည့်ရတော့မှာပါ။
👍1
🔴 ၆ ပွဲတည်းနဲ့ အမိုရင်ကို စိတ်ပျက်လာတဲ့ အေစီမီလန်

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ရူဘင် အမိုရင်ကို အေစီမီလန်အသင်းဘက်က ခေါ်ယူပြီး မကြာခင်မှာပဲ စိတ်ရှည်သည်းခံမှု လျော့နည်းလာနေပြီလို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြလာပါတယ်။

တနင်္ဂနွေနေ့က ဆာဆူအိုလိုနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ အေစီမီလန်အသင်းရဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ RedBird Capital ရဲ့ အဓိကဦးဆောင်သူ ဂယ်ရီ ကာဒီနေးလ်ဟာလည်း အဲဒီပွဲရလဒ်ကြောင့် သိသိသာသာ စိတ်ပျက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီပွဲမှာ ပြင်သစ်လက်ရွေးစင် အက်ဒရီယန် ရာဘီယော့က ပွဲချိန် မိနစ် ၆၀ မှာ အေစီမီလန်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ မကြာခင်မှာပဲ ဆာဆူအိုလိုက ချေပဂိုး ပြန်သွင်းသွားခဲ့တာပါ။

အမိုရင်အတွက် အခြေအနေက တစ်ဖက်မှာတော့ မဆိုးလှပါဘူး။ အေစီမီလန်ဟာ စီးရီးအေ ၆ ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၁၂ မှတ် ရရှိထားပါတယ်။ဒါပေမဲ့ ဝေဖန်မှုတွေက အသင်းရဲ့ ရလဒ်ထက် ကစားပုံနဲ့ နည်းဗျူဟာပိုင်းအပေါ်မှာ အဓိက ကျရောက်နေပါတယ်။

ပေါ်တူဂီသတင်းဌာန A Bola ကလည်း အမိုရင်ရဲ့ အေစီမီလန်အသင်းဟာ ယုံကြည်မှုရစေမယ့် ခြေစွမ်းမျိုး ပြသနိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။အထူးသဖြင့် ဦးဆောင်ဂိုးရပြီးတဲ့နောက်မှာ ခံစစ်ကိုသာ အာရုံစိုက်လွန်းတဲ့ အသင်းရဲ့အလေ့အထကို ရာဘီယော့ကိုယ်တိုင် လူသိရှင်ကြား ထောက်ပြခဲ့ပါတယ်။ ဂိုးထပ်သွင်းဖို့ ကြိုးစားရမယ့်အစား ရှိပြီးသားဦးဆောင်ဂိုးကို ထိန်းထားဖို့ပဲ အာရုံစိုက်နေတယ်ဆိုတဲ့ သဘောပါ။

ဒါ့အပြင် ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာလည်း ၁ ဂိုးနဲ့ ဦးဆောင်နေရာကနေ အသာစီးရနေမှုကို လက်လွှတ်ခဲ့တာကြောင့် အမိုရင်ရဲ့ နည်းဗျူဟာအပေါ် မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။

ယူနိုက်တက်မှာတုန်းက ဝေဖန်မှုတွေ ခံခဲ့ရတဲ့ အမိုရင်ဟာ အေစီမီလန်မှာလည်း ဖိအားတွေနဲ့ စတင်ရင်ဆိုင်နေရပါပြီ။ ရှုံးပွဲမရှိသေးပေမဲ့ ကစားပုံကို မပြောင်းလဲနိုင်ဘူးဆိုရင် နည်းပြရာထူးအပေါ် ဖိအားတွေ ပိုမိုကြီးထွားလာနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
👍2
တစ်ပတ်လုပ်ခလစာ ယူရို (၄၅၀၀၀၀) ခန့်နဲ့ 𝐌𝐢𝐜𝐡𝐚𝐞𝐥 𝐎𝐥𝐢𝐬𝐞 ကို စာချုပ်သစ် ကမ်းလှမ်းသွားတော့မယ့် ဘိုင်ယန်
👍2
🚨 လီယွန်နယ် မက်ဆီရဲ့ နှုတ်ဆက်ပွဲစဉ်မှာ ရိုဒရီဂို ဒီ ပေါလ်နဲ့ ပြောခဲ့တဲ့ သူတို့ရဲ့ စကားပြောဆိုမှုနဲ့ ပတ်သက်ပြီး အန်ဂျယ် ဒီ မာရီယာရဲ့ ပြောပြချက်

​🗣 ​"ရိုဒရီဂို လူစားလဲပြီး ကျွန်တော့်ဘေးမှာ လာထိုင်ချိန်မှာ ကျွန်တော်က ခုံတန်းမှာ ထိုင်နေပါတယ်။ သူ့ကို လှမ်းကြည့်ပြီး ‘ကဲ… မက်ဆီက အနားယူတော့မယ်၊ ဆိုလိုတာက သူ့ရဲ့ ကိုယ်ရံတော်အဖြစ်နဲ့ မင်းလည်း အလုပ်လက်မဲ့ ဖြစ်တော့မှာပေါ့’ လို့ ပြောလိုက်တယ်။

​သူလည်း ရယ်ခဲ့တယ်။ ​‘စိတ်မပူနဲ့၊ မင်းအတွက် အလုပ်တစ်ခု ရှိတယ်။ အခု ငါ့ရဲ့ ကိုယ်ရံတော် လုပ်လို့ရတယ်။ ငါ ခန့်မယ်၊ လီယိုပေးတာထက်စာရင် မင်းကို လစာတောင် ပိုပေးမယ်’ လို့ ပြောလိုက်တယ်။ သူက ကျွန်တော့်ကို စိုက်ကြည့်ပြီး ‘မင်းက မက်ဆီထက် ပိုပေးနိုင်မှာ မဟုတ်ပါဘူး’ တဲ့။

​‘ဒါဆို ဘယ်လောက် လိုချင်လို့လဲ’ လို့ ကျွန်တော် မေးတော့ သူက အတည်ပေါက်နဲ့ ကြည့်ပြီး ‘ကမ္ဘာ့ဖလား နှစ်လုံး’ တဲ့။ ကျွန်တော်လည်း ရယ်မိတော့တာပါပဲ။ ​‘ကမ္ဘာ့ဖလား နှစ်လုံး ဟုတ်လား? ရိုဒရီဂို၊ ငါက အနားယူပြီးသား လူကွ။ မင်းနဲ့တောင် ညှိနှိုင်းစရာ တစ်လုံးမှ မကျန်တော့ဘူး’ လို့ ပြောလိုက်တယ်။

​သူက ‘အတိအကျပဲ၊ အဲဒါကြောင့် မက်ဆီက ပိုကောင်းတဲ့ အလုပ်ရှင် ဖြစ်ခဲ့တာပေါ့’ တဲ့။
​‘ဒါဆို ဒီနှစ်တွေ အားလုံးမှာ မင်းက လီယိုကို လစာကြောင့်ပဲ ကာကွယ်ပေးခဲ့တာပေါ့ ဟုတ်လား’ လို့ ကျွန်တော် မေးတော့ ​သူက ပြုံးပြီး ‘မဟုတ်ရပါဘူး၊ ဒါပေမဲ့ ခံစားခွင့် အကျိုးအမြတ်တွေက အရမ်းကောင်းလွန်းလို့ပါ’ တဲ့။

​ကျွန်တော်တို့ နှစ်ယောက်သား ရယ်မောခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒါဟာ လှပတဲ့ အခိုက်အတန့်ပါပဲ။ ဘာလို့လဲဆိုတော့ မက်ဆီရဲ့ နှုတ်ဆက်ပွဲလို ခံစားချက်တွေ ပြည့်နှက်နေတဲ့ ညမျိုးမှာတောင် ရိုဒရီဂိုက ရိုဒရီဂို အတိုင်းပါပဲ။

​လီယိုရဲ့ ဘေးမှာ အမြဲရှိနေတယ်။ သူ့ကို အမြဲ စောင့်ကြည့်နေတယ်။ သူ အဆင်ပြေရဲ့လားဆိုတာကို အမြဲ သေချာ ဂရုစိုက်နေတယ်။ လူတွေက သူ့ကို မက်ဆီရဲ့ ကိုယ်ရံတော်လို့ စနောက်ကြပေမဲ့ ဒီတာဝန်ယူမှုကို သူ ဘယ်လောက်အထိ ချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။

​ဒါနဲ့ ကျွန်တော်လည်း ‘ကဲပါ ရိုဒရီဂိုရာ၊ လီယိုက ထွက်သွားပြီပဲ။ မင်းမှာ အလုပ်သစ် တစ်ခုလိုတယ်’ လို့ ပြောလိုက်တယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး ‘ဘယ်သူမှ လီယိုရဲ့ နေရာကို အစားထိုးလို့ မရဘူး’ တဲ့။ အဲဒီတစ်ခါတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဘယ်လို စရမှန်း မသိတော့ဘဲ စကားစရာ ကုန်သွားခဲ့ကြတယ်။"
❤2