Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
GOAT ကြီး မက်ဆီကိုယ်တိုင်ရွေးချယ်တဲ့ လက်ရှိစောင့်ကြည့်ချင်စရာ ကမ္ဘာ့ Top 10 လူငယ်ကစားသမားစာရင်းထဲ အာဆင်နယ်လူငယ်ကြယ်ပွင့် မက်စ်ဒေါင်းမန်းလည်း ပါဝင်လာပါတယ် ✨🔴
❤3
■ မန်ယူနိုက်တက်အသင်းဟာ လုံးဝအန္တရာယ်ရှိတဲ့အသင်း ဖြစ်နေဆဲလို့ ဆီမြွန်နီ သုံးသပ်

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ယနေ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမယ့် မန်ယူနိုက်တက်အသင်းဟာ လုံးဝအန္တရာယ်ရှိတဲ့အသင်း ဖြစ်နေဆဲလို့ သုံးသပ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီအစ ရလဒ်တွေ ဆိုးနေပေမဲ့ ဆီမြွန်နီက သူ့အသင်းသားတွေကို သတိပေးခဲ့တာဖြစ်တယ်။

''သရေပွဲတွေအပါအဝင် သူတို့ရဲ့လတ်တလောရလဒ်တွေ မကောင်းပေမဲ့ သူတို့ မနှစ်က လုပ်ခဲ့သလိုမျိုး အန္တရာယ်ဖန်တီးနိုင်ဆဲပါပဲ။ သူတို့က တောင့်တင်းတဲ့ အသင်းတစ်သင်းပါ''လို့ ဆီမြွန်နီက ပြောခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ဒါကြောင့် အက်သလက်တီကိုအနေနဲ့ ချန်ပီယံလိဂ်ပွဲကျပ် နှစ်ပွဲ ဆက်တိုက်ကစားရတာလည်းဖြစ်တယ်။

ဆီမြွန်နီက ဂိုးပေါက်မတွေ့သေးတဲ့ အသင်းတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်အနေနဲ့ သွင်းဂိုးတွေ လိုအပ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
👍6
🚨 လီဗာပူးလ်အသင်းက ရေရှည်အစားထိုးဂိုးသမားကို ရှာဖွေနေ

လီဗာပူးလ်အသင်းဟာ အဓိကဂိုးသမား အလီဆန် ဘက်ကာရဲ့ နေရာ ရေရှည်အစားထိုးကစားသမားအဖြစ် ဟားလ်စီးတီးဂိုးသမား ကွန်စတန်တီနော့စ် ဇိုလာကစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားကို စပါးအသင်းကလည်း စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ဖြစ်လာမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

အလီဆန်ရဲ့နေရာကို ရေရှည်အတွက် ကြိုတင် ပြင်ဆင် ခေါ်ယူချင်နေသလို တဖက်မှာလည်း မာမာဒါရှာဗီလီ ရဲ့ လီဗာပူးလ် အနာဂါတ်ဟာလည်း မသေချာ မရေရာဖြစ်လာပါတယ်။
🚨 လူလည်ကြီး ဘရိုက်တန်တို့ မုတ်ဆိတ်ပျားစွဲမယ့်အကွက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ ဗဟိုနောက်ခံလူ လူကာ ဗူစကိုဗစ် ကို ၂၀၂၇ နွေရာသီ အပြောင်းအရွှေ့အတွက် စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၁၉ နှစ်အရွယ် လူငယ်နောက်ခံလူကို လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြပြီး စပါးအသင်းကလည်း သူ့ရဲ့အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။

ဒါပေမဲ့ ဘရိုက်တန်အသင်းဘက်ကတော့ ဗူစကိုဗစ်ကို ရောင်းချဖို့ လုံးဝရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။ လက်ရှိဈေးကွက်တန်ကြေးကလည်း ယူရိုသန်း ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

ကစားသမား အရောင်း အဝယ်ဆရာကျတဲ့ ဘရိုက်တန် အတွက်တော့ ဗူစကိုဗစ်ဟာ သူတို့ရဲ့ နောက်ထပ် အမြတ်ကြီးရနိုင်မယ့် ရင်းနှီးမြုပ်နှံမှုဖြစ်လာတော့ မှာပါ။ လာမယ့်နွေရာသီမှာ ဥရောပထိပ်သီးအသင်းကြီးတွေကြား အပြိုင်အဆိုင်ဖြစ်လာနိုင်တဲ့ လူငယ်နောက်ခံလူတစ်ဦး ဖြစ်လာမလား စောင့်ကြည့်ရတော့မှာပါ။
👍1
🔴 ၆ ပွဲတည်းနဲ့ အမိုရင်ကို စိတ်ပျက်လာတဲ့ အေစီမီလန်

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ရူဘင် အမိုရင်ကို အေစီမီလန်အသင်းဘက်က ခေါ်ယူပြီး မကြာခင်မှာပဲ စိတ်ရှည်သည်းခံမှု လျော့နည်းလာနေပြီလို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြလာပါတယ်။

တနင်္ဂနွေနေ့က ဆာဆူအိုလိုနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ အေစီမီလန်အသင်းရဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ RedBird Capital ရဲ့ အဓိကဦးဆောင်သူ ဂယ်ရီ ကာဒီနေးလ်ဟာလည်း အဲဒီပွဲရလဒ်ကြောင့် သိသိသာသာ စိတ်ပျက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီပွဲမှာ ပြင်သစ်လက်ရွေးစင် အက်ဒရီယန် ရာဘီယော့က ပွဲချိန် မိနစ် ၆၀ မှာ အေစီမီလန်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ မကြာခင်မှာပဲ ဆာဆူအိုလိုက ချေပဂိုး ပြန်သွင်းသွားခဲ့တာပါ။

အမိုရင်အတွက် အခြေအနေက တစ်ဖက်မှာတော့ မဆိုးလှပါဘူး။ အေစီမီလန်ဟာ စီးရီးအေ ၆ ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၁၂ မှတ် ရရှိထားပါတယ်။ဒါပေမဲ့ ဝေဖန်မှုတွေက အသင်းရဲ့ ရလဒ်ထက် ကစားပုံနဲ့ နည်းဗျူဟာပိုင်းအပေါ်မှာ အဓိက ကျရောက်နေပါတယ်။

ပေါ်တူဂီသတင်းဌာန A Bola ကလည်း အမိုရင်ရဲ့ အေစီမီလန်အသင်းဟာ ယုံကြည်မှုရစေမယ့် ခြေစွမ်းမျိုး ပြသနိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။အထူးသဖြင့် ဦးဆောင်ဂိုးရပြီးတဲ့နောက်မှာ ခံစစ်ကိုသာ အာရုံစိုက်လွန်းတဲ့ အသင်းရဲ့အလေ့အထကို ရာဘီယော့ကိုယ်တိုင် လူသိရှင်ကြား ထောက်ပြခဲ့ပါတယ်။ ဂိုးထပ်သွင်းဖို့ ကြိုးစားရမယ့်အစား ရှိပြီးသားဦးဆောင်ဂိုးကို ထိန်းထားဖို့ပဲ အာရုံစိုက်နေတယ်ဆိုတဲ့ သဘောပါ။

ဒါ့အပြင် ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာလည်း ၁ ဂိုးနဲ့ ဦးဆောင်နေရာကနေ အသာစီးရနေမှုကို လက်လွှတ်ခဲ့တာကြောင့် အမိုရင်ရဲ့ နည်းဗျူဟာအပေါ် မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။

ယူနိုက်တက်မှာတုန်းက ဝေဖန်မှုတွေ ခံခဲ့ရတဲ့ အမိုရင်ဟာ အေစီမီလန်မှာလည်း ဖိအားတွေနဲ့ စတင်ရင်ဆိုင်နေရပါပြီ။ ရှုံးပွဲမရှိသေးပေမဲ့ ကစားပုံကို မပြောင်းလဲနိုင်ဘူးဆိုရင် နည်းပြရာထူးအပေါ် ဖိအားတွေ ပိုမိုကြီးထွားလာနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
👍2
တစ်ပတ်လုပ်ခလစာ ယူရို (၄၅၀၀၀၀) ခန့်နဲ့ 𝐌𝐢𝐜𝐡𝐚𝐞𝐥 𝐎𝐥𝐢𝐬𝐞 ကို စာချုပ်သစ် ကမ်းလှမ်းသွားတော့မယ့် ဘိုင်ယန်
👍2
🚨 လီယွန်နယ် မက်ဆီရဲ့ နှုတ်ဆက်ပွဲစဉ်မှာ ရိုဒရီဂို ဒီ ပေါလ်နဲ့ ပြောခဲ့တဲ့ သူတို့ရဲ့ စကားပြောဆိုမှုနဲ့ ပတ်သက်ပြီး အန်ဂျယ် ဒီ မာရီယာရဲ့ ပြောပြချက်

​🗣 ​"ရိုဒရီဂို လူစားလဲပြီး ကျွန်တော့်ဘေးမှာ လာထိုင်ချိန်မှာ ကျွန်တော်က ခုံတန်းမှာ ထိုင်နေပါတယ်။ သူ့ကို လှမ်းကြည့်ပြီး ‘ကဲ… မက်ဆီက အနားယူတော့မယ်၊ ဆိုလိုတာက သူ့ရဲ့ ကိုယ်ရံတော်အဖြစ်နဲ့ မင်းလည်း အလုပ်လက်မဲ့ ဖြစ်တော့မှာပေါ့’ လို့ ပြောလိုက်တယ်။

​သူလည်း ရယ်ခဲ့တယ်။ ​‘စိတ်မပူနဲ့၊ မင်းအတွက် အလုပ်တစ်ခု ရှိတယ်။ အခု ငါ့ရဲ့ ကိုယ်ရံတော် လုပ်လို့ရတယ်။ ငါ ခန့်မယ်၊ လီယိုပေးတာထက်စာရင် မင်းကို လစာတောင် ပိုပေးမယ်’ လို့ ပြောလိုက်တယ်။ သူက ကျွန်တော့်ကို စိုက်ကြည့်ပြီး ‘မင်းက မက်ဆီထက် ပိုပေးနိုင်မှာ မဟုတ်ပါဘူး’ တဲ့။

​‘ဒါဆို ဘယ်လောက် လိုချင်လို့လဲ’ လို့ ကျွန်တော် မေးတော့ သူက အတည်ပေါက်နဲ့ ကြည့်ပြီး ‘ကမ္ဘာ့ဖလား နှစ်လုံး’ တဲ့။ ကျွန်တော်လည်း ရယ်မိတော့တာပါပဲ။ ​‘ကမ္ဘာ့ဖလား နှစ်လုံး ဟုတ်လား? ရိုဒရီဂို၊ ငါက အနားယူပြီးသား လူကွ။ မင်းနဲ့တောင် ညှိနှိုင်းစရာ တစ်လုံးမှ မကျန်တော့ဘူး’ လို့ ပြောလိုက်တယ်။

​သူက ‘အတိအကျပဲ၊ အဲဒါကြောင့် မက်ဆီက ပိုကောင်းတဲ့ အလုပ်ရှင် ဖြစ်ခဲ့တာပေါ့’ တဲ့။
​‘ဒါဆို ဒီနှစ်တွေ အားလုံးမှာ မင်းက လီယိုကို လစာကြောင့်ပဲ ကာကွယ်ပေးခဲ့တာပေါ့ ဟုတ်လား’ လို့ ကျွန်တော် မေးတော့ ​သူက ပြုံးပြီး ‘မဟုတ်ရပါဘူး၊ ဒါပေမဲ့ ခံစားခွင့် အကျိုးအမြတ်တွေက အရမ်းကောင်းလွန်းလို့ပါ’ တဲ့။

​ကျွန်တော်တို့ နှစ်ယောက်သား ရယ်မောခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒါဟာ လှပတဲ့ အခိုက်အတန့်ပါပဲ။ ဘာလို့လဲဆိုတော့ မက်ဆီရဲ့ နှုတ်ဆက်ပွဲလို ခံစားချက်တွေ ပြည့်နှက်နေတဲ့ ညမျိုးမှာတောင် ရိုဒရီဂိုက ရိုဒရီဂို အတိုင်းပါပဲ။

​လီယိုရဲ့ ဘေးမှာ အမြဲရှိနေတယ်။ သူ့ကို အမြဲ စောင့်ကြည့်နေတယ်။ သူ အဆင်ပြေရဲ့လားဆိုတာကို အမြဲ သေချာ ဂရုစိုက်နေတယ်။ လူတွေက သူ့ကို မက်ဆီရဲ့ ကိုယ်ရံတော်လို့ စနောက်ကြပေမဲ့ ဒီတာဝန်ယူမှုကို သူ ဘယ်လောက်အထိ ချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။

​ဒါနဲ့ ကျွန်တော်လည်း ‘ကဲပါ ရိုဒရီဂိုရာ၊ လီယိုက ထွက်သွားပြီပဲ။ မင်းမှာ အလုပ်သစ် တစ်ခုလိုတယ်’ လို့ ပြောလိုက်တယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး ‘ဘယ်သူမှ လီယိုရဲ့ နေရာကို အစားထိုးလို့ မရဘူး’ တဲ့။ အဲဒီတစ်ခါတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဘယ်လို စရမှန်း မသိတော့ဘဲ စကားစရာ ကုန်သွားခဲ့ကြတယ်။"
❤2
★ ချန်ပီယံလိဂ် ပွဲပြီးရလဒ်

အာဆင်နယ် ၃-၀ လိုင်လီ

အက်သလက်တီကို ၂-၀ မန်ယူနိုက်တက်

ဗီလာရီးယဲလ် ၃-၁ နာပိုလီ

ဗိုက်ကင်း ၃-၃ ဘိုင်ယန်မြူးနစ်

ဂါလာတာစာရေး ၁-၄ ဘာစီလိုနာ

လိုက်ပ်ဇစ် ၁-၀ PSV

အင်တာမီလန် ၃-၄ ကလပ်ဘရုဂေး

လန်းစ် ၀-၂ စပို့တင်းလစ္စဘွန်း

ဆာဘား ၂-၀ ဆလားဗီးယားပရပ်ဂ်
👍1
အာဆင်နယ်နဲ့ လိုင်လီတို့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် နောက်ဆုံးမိနစ်တွေမှာ လိုင်လီအသင်းအတွက် လူစားဝင်လာတဲ့ အိုလီဗီယေး ဂျီရူးဟာ အာဆင်နယ်ပရိသတ်တွေဆီကနေ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို ခံယူခဲ့ရပါတယ်။

​အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး ဝင်ရောက်လာချိန်မှာ အာဆင်နယ်တို့က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးသား ဖြစ်နေပါပြီ။

သူ ကွင်းထဲကို ဝင်လာတဲ့အခါ ပရိသတ်တွေက လက်ခုပ်တီးပြီး သူ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြပါတယ်။

​ပွဲပြီးဆုံးချိန်မှာလည်း သူက လက်ခုပ်ပြန်တီးပြပြီး ရင်ဘတ်ကိုပုတ်ကာ ကျေးဇူးတင်ကြောင်း ပြသခဲ့ပါတယ်။ ဒီလိုနွေးထွေးတဲ့ ကြိုဆိုမှုကို ပွဲမစခင်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

အိုလီဗီယေး ဂျီရူးဟာ အာဆင်နယ်ပရိသတ်တွေကို နှုတ်ဆက်တာ၊ အမှတ်တရလက်မှတ် ရေးထိုးပေးတာတွေကို အမ်းမရိတ်စ်ကွင်းမှာ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

​အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တွေအရ သူဟာ လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ပြီး ကွင်းဘေးတစ်လျှောက် လမ်းလျှောက်ကာ ကလေးငယ်တွေအပါအဝင် ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံပြီး လက်မှတ်ထိုးပေးခဲ့တာကို မြင်တွေ့ရပါတယ်။

​ဒါ့အပြင် ကွင်းအတွင်းက ဝန်ထမ်းတွေနဲ့ပါ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဂျီရူးဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၅၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၀၅ ဂိုး သွင်းယူပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

​ပြင်သစ်ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် သူဟာ အာဆင်နယ်ကနေ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။

​ပရိုကစားသမားဘဝရဲ့ နောက်ဆုံးရာသီလို့ ယူဆရတဲ့ အခုလို အခိုက်အတန့်မှာ အမ်းမရိတ်စ်ကွင်းကို ပြန်လာရတာဟာ စိတ်လှုပ်ရှားစရာ ကောင်းသလို အရမ်းကို ကံကောင်းတယ်လို့ ခံစားရကြောင်း သူက ပြောကြားခဲ့ပါတယ်။

​🚨🚨 ပွဲအပြီးမှာ အိုလီဗီယေး ဂျီရူးက အာဆင်နယ်ရဲ့ အဝတ်လဲခန်းအထိ ရောက်ရှိသွားခဲ့ပါတယ် 🥰❤️🤍 👇

​"အသင်းက အမြဲတမ်း ပထမနေရာမှာ ရှိပါတယ်။ ဒါပေမဲ့ ပွဲပြီးဝီစီမှုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော် အဲဒါကို ပျော်ရွှင်အောင် လုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ပရိသတ်တွေကို ကျေးဇူးတင်ခဲ့ပါတယ်။ 👏

​ဂျာစီတွေ အများကြီး ပြန်ယူလာခဲ့တယ်။ ဟုတ်တယ်၊ မီခေးက အဝတ်လဲခန်းထဲကို လာခဲ့ပြီး အတူတူ ပျော်ရွှင်ကြဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ 😁

​အရမ်းမိုက်တယ်၊ မယုံနိုင်စရာ ခံစားချက်ပါပဲ။ ဒီမှာ ၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ထူးခြားတဲ့ ခံစားချက်တွေကို ရရှိခဲ့ပါတယ်။ သူတို့ မေ့မသွားကြပါဘူး၊ အင်္ဂလိပ်လူမျိုးတွေမှာ တွေ့ရတဲ့ လှပတဲ့ အချက်ကလည်း အဲဒါပါပဲ 🏴󠁧󠁢󠁥󠁮󠁧󠁿။"
❤2