🚨🔵 ချဲလ်ဆီးအသင်းကို ဘယ်တော့မှ လျှော့မတွက်နဲ့!
🎙ဇလာတန် အီဘရာဟီမိုဗစ်
“ချဲလ်ဆီးအသင်းကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။
ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမတိုင်ခင် မာရက်စ်ကာကို လူအများက သံသယဝင်ခဲ့ကြပေမဲ့ ချဲလ်ဆီးကတော့ အသင်းရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုက နာမည်ကြီးကစားသမားတွေထက် ပိုအရေးကြီးကြောင်း သက်သေပြခဲ့ပါတယ်။
ဒီမက်တီယိုလည်း ချဲလ်ဆီးကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ချိန်မှာ ယာယီနည်းပြတစ်ဦးပဲ ဖြစ်ခဲ့တာပါ။ မာရက်စ်ကာလည်း အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့ စိတ်ဓာတ်နဲ့ ကိုးလ်ပါလ်မာရဲ့ ထူးခြားတဲ့ ခြေစွမ်းက အဆုံးအဖြတ်ပေးခဲ့တာပါ။
ချဲလ်ဆီးဆိုတာ ချဲလ်ဆီးပါပဲ ”

❤4
လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးအသင်းမှခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ ဘုန်းမောက်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် အဂ်လန် ကွင်းလယ်လူ အဲလက်စ်စကော့ကို ခေါ်ယူရန် အမှန်တကယ် စိတ်ဝင်စားနေပြီး အဲလက်စ်စကော့ကို ခေါ်ယူရန် ထိပ်ဆုံးက ဦးဆောင်နေကြောင်း သိရှိရပါသည်။
ဘုန်းမောက်အသင်းကတော့ ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုသာ ရရှိခဲ့ပါက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့မှာ စကော့ကို ရောင်းချဖို့ စဉ်းစားလာနိုင်ပြီး အကယ်၍ စကော့သာ လီဗားပူးအသင်းကိုပြောင်းရွှေ့ကစားပါက ၎င်းရဲ့ဆရာဟောင်း အီရာအိုလာနဲ့ ပြန်လည်လင်တွဲခွင့်ရမည်လည်းဖြစ်သည်။

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ အန်ဇို မာရက်စကာဟာ အသင်းပရိသတ်တွေရဲ့ ငှက်ပျောသီးအစီအစဉ်ကို သဘောကျနေပါသည်။မာရက်စကာက
“ပရိသတ်တွေရဲ့ ငှက်ပျောသီးနဲ့ပတ်သက်တဲ့ အစီအစဉ်က တကယ်ကို ကောင်းပါတယ်။ ငှက်ပျောသီးရဲ့ နောက်ခံသမိုင်းကိုတော့ ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမဲ့ မနက်ဖြန် ကွင်းထဲမှာ ငှက်ပျောသီးတွေ အများကြီး မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်က ပရိသတ်တွေနဲ့ ကွင်းထဲကလူတိုင်းအတွက် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မာရက်စကာက ပြောကြားသွားခဲ့ပါသည်။
** မန်စီးတီးပရိသတ်တွေရဲ့ ငှက်ပျောသီးအစဉ်အလာ
ဒီလေထိုးငှက်ပျောသီးအရုပ်တွေကို ကွင်းထဲယူဆောင်လာကြတဲ့ အစဥ်အလာဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက မန်စီးတီးပရိသတ်တွေစတင်ပြုလုပ်ခဲ့တဲ့ အစဉ်အလာတစ်ခုဖြစ်ပြီး ဒီအစဉ်အလာဟာ အသင်းအတွက် ခက်ခဲတဲ့အချိန်တွေမှာတောင် ဟာသဉာဏ်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသတဲ့ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်း သိရှိရပါသည်။

အေစီမီလန်အသင်းမှာ စီနီယာအကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းရဲ့ နေ့စဉ်ဘောလုံးရေးရာ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာကနေ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ဒီဆုံးဖြတ်ချက်ဟာ နည်းပြ ရူဘင် အမိုရင်ကြောင့်မဟုတ်ဘဲ ဇလာတန်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင်ဂယ်ရီ ကာဒီနေးလ်ရဲ့ ဆုံးဖြတ်ချက်လည်းပါဝင်ကြောင်း သိရှိရပါသည်။ သို့ပေမဲ့ ဇလာတန်ဟာ ဂယ်ရီ ကာဒီနေးလ်ပိုင်ဆိုင်တဲ့ ရက်ဒ်ဘတ်( Red Bird ) ကုမ္ပဏီမှာ အကြီးတန်းအကြံပေး (Senior Advisor) အဖြစ်တော့ ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

ယူနိုက်တက်ရဲ့ အပယ်ခံ အမ်မိုရင်ကတော့ သူ့ဟာသူကတော့ အေစီမီလန်မှာ ဟုတ်နေတယ်ပဲ ပြောရပါမယ်
ပြ်ိုင်ပွဲစုံ ၈ ပွဲကိုင်တွယ်ထားပြီး ၄ ပွဲနိုင်ထားကာ ၁ ပွဲသာ ရှုံးနှိမ့်ထားပါတယ်
ယူနိုက်တက်မှာ အလုပ်မဖြစ်ခဲ့တဲ့ သူ့ရဲ့ ခေါင်းမာတဲ့ နည်းစနစ်တွေက အေစီမီလန်မှာ အလုပ်ဖြစ်တယ်ပဲ ပြောရပါမယ်
ကာရစ်ကတော့ ယူနိုက်တက်မှာ တိုင်ပတ်နေပြီး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ နိုင်သေးပြီး လမ်းပတ်ရဲ့ တန်းတက်အသင်း ကွန်ဗင်ထရီထက်တောင် နိုင်ပွဲ နည်းနေပါတယ်
ကာရစ်ကိုချည်းပဲ အပြစ်တင်လို့ မရသေးပါဘူး
လိုအပ်တဲ့နေရာတွေ အင်အားမဖြည့်ပေးခဲ့တဲ့ ဘုတ်အဖွဲ့မှာလည်း တာဝန်အပြည့်ရှိပါတယ်

❤1👍1
🚨 မန်စီးတီးက ပစ်မှုပြစ်ဒဏ်တွေကို ပယ်ဖျက်နိုင်သွားမယ် လို့ ယုံကြည်
မန်စီးတီးက အယူခံဝင်မှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ဖျက်နိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ အယူခံဝင်မှုမှာ အနိုင်ရဖို့ လိုအပ်တဲ့ သက်သေအထောက်အထားတွေ ရှိနေပြီလို့ ယုံကြည်နေပါတယ်။
အသင်းဘက်က အရင်က ပယ်ချခံခဲ့ရတဲ့ အီးမေးလ်တွေ၊ ဘဏ်စာရင်းတွေ၊ အဘူဒါဘီအစိုးရဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ သက်သေ ၂၄ ဦးရဲ့ ထွက်ဆိုချက်တွေကို အဓိကအသုံးပြုပြီး အယူခံဝင်သွားမှာပါ။
မန်စီးတီးရဲ့ ရည်မှန်းချက်ကတော့ အပြစ်မရှိကြောင်း အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြန်လည်ဆုံးဖြတ်ပေးဖို့၊ မဟုတ်ရင် အမှုကို ပြန်လည်စစ်ဆေးခွင့်ရဖို့ ဖြစ်ပါတယ်။
အယူခံရလဒ်က မန်စီးတီးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

🔥 ဘရိုက်တန်ရဲ့ တိုက်စစ်က Big Six အသင်းကြီးအားလုံးထက် ပိုကြမ်းနေ
၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီမှာ ဘရိုက်တန်အသင်းဟာ သွင်းဂိုး ၁၈ ဂိုးအထိ ရရှိထားပြီး “Big Six” အသင်းကြီးအားလုံးကို ကျော်ဖြတ်ကာ ဂိုးအများဆုံးသွင်းထားတဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။
ဘရိုက်တန်ဟာ တိုက်စစ်ကောင်းလွန်းပါတယ်ဆိုတဲ့ မန်စီးတီးထက် ၂ ဂိုး၊ ချဲလ်ဆီးထက် ၃ ဂိုး ပိုသွင်းထားသလို အာဆင်နယ်၊ မန်ယူနိုက်တက်၊ လီဗာပူးလ်နဲ့ တော့တင်ဟမ်တို့ကိုလည်း အသာစီးရယူထားပါတယ်။
အသင်းကြီးတွေရဲ့ တိုက်စစ်တွေထက် ဘရိုက်တန်ရဲ့ တိုက်စစ်က ပိုပြီးခြေစွမ်းပြနေတဲ့ အချိန်ပါပဲ။ ဒီရာသီ ဘရိုက်တန်ရဲ့ အရှိန်အဟုန်ကတော့ တကယ်ကို အထင်ကြီးစရာပါပဲ။

'ယူရို(၆)ဘီလျံ အကြွေးနွံထဲက အင်္ဂလိပ်အသင်းများ'
Independent Football Regulator (IFR) ရဲ့ဖော်ပြချက်အရ အင်္ဂလိပ်အသင်းတွေရဲ့ လက်ရှိအနေအထားဟာ စိတ်ပူစရာကောင်းလွန်းပါတယ်။
အင်္ဂလိပ်ထိပ်တန်းလိဂ်(၅)ခုမှ အသင်း(၁၁၆)သင်းကို စစ်တမ်းကောက်လိုက်ရာမှာ (၁၀၉)သင်းဟာ ဘဏ္ဍာရေးဆုံးရှုံးမှုတွေ ကြုံတွေ့ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါဟာ စုစုပေါင်းအရေအတွက်ရဲ့ (၉၄)ရာခိုင်နှုန်းမို့ အံ့အားသင့်ဖွယ်ရာပါပဲ။
အဆိုပါအသင်းအားလုံးရဲ့ စုစုပေါင်းအကြွေးပမာဏဟာ ယူရို(၆)ဘီလျံထိတက်သွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကြောက်မက်ဖွယ်ရာကောင်းတာက အသင်းပေါင်း(၇၃)သင်းဟာ ပိုင်ရှင်တွေဆီကနေ ထောက်ပံ့ငွေမရရင် ရက်ပေါင်း(၉၀)အတွင်း ပြိုလဲသွားနိုင်တာပါ။
အဆင့်နိမ့်အသင်းတွေရဲ့ ၃ပုံ-၂ပုံနီးပါးနဲ့ ပရီးမီးယားလိဂ်အသင်း(၂၀)ရာခိုင်နှုန်းဟာ အကြွေးမဆပ်နိုင်တော့မယ့်အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိဆုံး ဘောလုံးပြိုင်ပွဲပါ။
ဒါကိုမှ အခုလိုမျိုးအကြွေးနွံထဲ ရုန်းထွက်မရနိုင်အောင်ဖြစ်နေကြတာဟာ ပရီးမီးယားလိဂ်ဦးဆောင်တဲ့ ဘောလုံးဘိုးအေအသင်းတွေအတွက် အချက်ပေးသံချောင်းခေါက်နေတာပါပဲ...

အာစင်ဝင်းဂါးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီက အခြားအသင်းတွေထက် အသာစီးရနေတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်
“လူတွေ ပိုပြီး အလေးအနက် ဆွေးနွေးသင့်တဲ့ တည်ဆောက်ပုံဆိုင်ရာ ပြဿနာတစ်ခု ရှိပါတယ်။ ပီအက်စ်ဂျီ အသင်းအနေနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေနဲ့ အဆင်ပြေစေဖို့ လီဂူးဝမ်းပွဲစဉ်တွေကို ရွှေ့ဆိုင်းတာမျိုးတွေ ရှိတတ်ပါတယ်။
အဲဒီလို လုပ်ပေးခြင်းအားဖြင့် ဥရောပပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရတဲ့ အခြားပြိုင်ဘက်တွေက ပြည်တွင်းလိဂ်ပွဲတွေကို ပုံမှန်အတိုင်း ဆက်ကစားနေရချိန်မှာ သူတို့အတွက် အနားယူဖို့၊ ပြန်လည်စွမ်းအင်ပြည့်ဝလာဖို့နဲ့ ပြင်ဆင်ဖို့ အချိန်ပို ရရှိစေပါတယ်။
ဒါဟာ သာမန် ကစားသမား အလှည့်ကျ အနားပေးတာထက် ပိုပါတယ်။ အခြားအသင်းတွေ မရရှိနိုင်တဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ အသာစီးရမှုကို ဖန်တီးပေးနိုင်ပါတယ်။
နောက်ထပ် အချက်တစ်ခုကတော့ ပြည်တွင်းလိဂ်ပြိုင်ပွဲရဲ့ အားပြိုင်မှု အခြေအနေ ဖြစ်ပါတယ်။
အသင်းတစ်သင်းဟာ ပြည်တွင်းလိဂ်မှာ ရမှတ် ဦးဆောင်မှု သက်တောင့်သက်သာ ရှိနေတဲ့အခါ သူတို့ရဲ့ ပြည်တွင်းပြိုင်ပွဲကို ဖိအားမရှိဘဲ ကစားသမားတွေကို ပိုပြီး လွတ်လပ်စွာ အနားပေးနိုင်ခြင်း၊ အဓိက ကစားသမားတွေကို ကာကွယ်နိုင်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှုကို စီမံခန့်ခွဲနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ဘွန်ဒက်လီဂါတို့မှာ ယှဉ်ပြိုင်နေရတဲ့ ကလပ်တွေကတော့ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ သူတို့ဟာ ဥရောပပြိုင်ပွဲမှာ ရှေ့ဆက်ဖို့ ကြိုးစားနေရတဲ့တစ်ချိန်တည်းမှာပဲ အပတ်စဉ်တိုင်းအတွက်လည်း ရမှတ်တွေ ရဖို့ တိုက်ပွဲဝင်ရပါတယ်။
အဲဒီလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက သိသာထင်ရှားတဲ့ ကွာခြားချက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကစားသမား အလှည့်ကျ အနားပေးခြင်းက တစ်ပိုင်းဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ပြန်လည်အနားယူဖို့အတွက် အချိန်ဇယားတစ်ခု ဖန်တီးနိုင်ဖို့ ပြည်တွင်းပွဲစဉ်ကို ရွှေ့ပြောင်းပေးခြင်းက တစ်ပိုင်း ဖြစ်ပါတယ်။
ဥရောပဘောလုံးလောကဟာ ယှဉ်ပြိုင်မှု မျှတဖို့ဆိုရင် ကလပ်အသင်းတိုင်း တန်းတူညီမျှတဲ့ အခြေအနေတွေအောက်မှာ လည်ပတ်နေရဲ့လားဆိုတာကို ကျွန်တော်တို့ စစ်ဆေးသုံးသပ်ရပါမယ်။”

❤3
🚨 တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်အသင်းရဲ့ နော်တင်ဟမ်ဖောရက်စ် ခရီးစဉ်အတွက် ဒိုင်လူကြီးအဖြစ် မိုက်ကယ် အိုလီဗာက တာဝန်ယူသွားမှာဖြစ်ပြီး VAR ဒိုင်အဖြစ် မိုက်ကယ် ဆာလစ္စဘူရီက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အိုလီဗာဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ မိုင်းလ်စ် လူးဝစ်-စကယ်လီကို အငြင်းပွားဖွယ် အနီကတ် ပြသခဲ့သူ ဖြစ်ပါတယ်။
အဆိုပါ အနီကတ်ကိုတော့ ဒိုင်လူကြီးအနေနဲ့ ထင်ရှားတဲ့ အမှားတစ်ခု ပြုလုပ်ခဲ့တာဖြစ်ကြောင်း သီးခြားလွတ်လပ်တဲ့ FA ကော်မရှင်က တညီတညွတ်တည်း ဆုံးဖြတ်ပြီး ပယ်ဖျက်ပေးခဲ့ပါတယ်။
ဒါ့အပြင် အိုလီဗာဟာ ၂၀၂၂ ခုနှစ်တုန်းက ဝုဗ်နဲ့ ပွဲစဉ်မှာ ဂါဘရီယယ် မာတီနယ်လီကို အနီကတ် ပြသခဲ့သလို ၂၀၂၄ ခုနှစ် မန်စီးတီး နဲ့ ပွဲစဉ်မှာလည်း လီအန်ဒရို ထရော့ဆာ့ဒ်ကို ထုတ်ပယ်ခဲ့သူ ဖြစ်ပါတယ်။
ပွဲအပြီး ဆွေးနွေးပြောဆိုမှုတွေဟာ မိုက်ကယ် အိုလီဗာ ရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေအကြောင်း မဟုတ်ဘဲ ပွဲစဉ် ရလဒ်အပေါ်မှာပဲ ဆွေးနွေးစရာတွေ ဖြစ်ပါစေလို့ အာဆင်နယ်ပရိသတ်တွေကတော့ မျှော်လင့်နေကြပါတယ်။

❤2
🔥 ရာဖင်ဟာရဲ့ လာမင်းယာမယ်အပေါ် သဘောထား
ဘာစီလိုနာအသင်း ခေါင်းဆောင် ရာဖင်ဟာက အသင်းဖော်လူငယ်ကြယ်ပွင့် လာမင်းယာမယ်နဲ့ သူ့ရဲ့ဆက်ဆံရေး၊ အသင်းခေါင်းဆောင်ဖြစ်လာပြီးနောက် ပြောင်းလဲလာပုံနဲ့ နည်းပြ ဟန်ဆီဖလစ်ကြောင့် သူ့ရဲ့ယုံကြည်မှုတွေ ပြန်လည်ရရှိလာပုံကို The Guardian နဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။
🗣 လာမင်းယာမယ်အတွက် အဖေ တစ်ယောက်လို ထိန်းကျောင်းပေးနေတာလား?
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အစ်ကိုကြီးတစ် ယောက်လို ဂရုစိုက်ပေးနေတယ်လို့ ပြောရင် ပိုမှန်ပါတယ်။
တစ်ခါတလေ သူတို့က အသက်ငယ်သေးတဲ့အတွက် အဖေတစ်ယောက်လိုမျိုး ထိန်းကျောင်း ပေးရတာတော့ ရှိပါတယ်။ သူတို့ကို ဆုံးမတဲ့အခါမှာလည်း သူတို့အကျိုးအတွက် ပြောပေးနေတာဆိုတာကို သူတို့နားလည်ကြပါတယ်။”
“အသင်းဖော်တွေက ကျွန်တော့်ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ပေးခဲ့တဲ့အချိန်မှာ ကျွန်တော့်အတွင်းက တံခါး တစ်ခုကို ဖွင့်ပေးလိုက်သလိုပါပဲ။
သူတို့က ကျွန်တော်ကိုယ်တိုင်တောင် မသိရှိသေးတဲ့ အရည်အချင်းတစ်ခုကို မြင်တွေ့ခဲ့ကြတာပါ။ အဲဒီအရာက ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်။”
“ဟန်ဆီဖလစ်က ကျွန်တော့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ လူတစ်ယောက်အနေနဲ့ပါ ပြောင်းလဲစေခဲ့တယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။
သူ ကျွန်တော့်အပေါ် ယုံကြည်မှုပေးခဲ့တာကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်လည်ရရှိလာခဲ့ပါတယ်။”
အသင်းဖော်လူငယ်တွေကို အစ်ကိုကြီးတစ်ယောက်လို လမ်းပြပေးနိုင်သလို၊ အသင်းဖော်တွေရဲ့ ယုံကြည်မှုကိုလည်း ရရှိထားတဲ့ ရာဖင်ဟာ တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ပုံစံပါပဲ။

‼️ဘာစီလိုနာအသင်းဟာ လီဆန်ဒရို မာတီနက်ဇ်ကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။
ဒီအာဂျင်တီးနားနောက်ခံလူဟာ ဘာဆာအသင်းရဲ့ ရေဒါပေါ်မှာ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာဖြစ်ပြီး အသင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဆီကနေလည်း အကောင်းဆုံး သုံးသပ်ခံထားရဆဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့ စာချုပ်အခြေအနေက အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်နေပြီး၊ အကယ်၍သာ ယူနိုက်တက်နဲ့ စာချုပ်သစ် မချုပ်ဖြစ်ဘူးဆိုရင် ဘာစီလိုနာတို့အနေနဲ့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အထိပါ စဉ်းစားလာနိုင်ခြေ ရှိနေပါတယ်။

👍2👏1
🚨 မေးရိုးဒဏ်ရာကြောင့် ရက်ပေါင်း ၄၀ လောက် အနားယူရမယ့် မာတီနက်ဇ်
ချယ်လ်ဆီးဂိုးသမား အီမီလီယာနို မာတီနက်ဇ် မေးရိုးကျိုးပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
အဲဗာတန်နောက်ခံလူ ဂျာရက် ဘရန့်ဝိတ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် မာတီနက်ဇ်ဟာ ထမ်းစင်နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။
နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ မာတီနက်ဇ်ဟာ မေးရိုးကျိုးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ကုသမှုလည်း ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာကြောင့် အနည်းဆုံး ရက်ပေါင်း ၄၀ ခန့် အနားယူရနိုင်ပြီး ချယ်လ်ဆီးအသင်းအတွက်သာမက နိုင်ငံအသင်းအတွက်ပါ ပွဲစဉ်အချို့ကို လွဲချော်ရဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းဘက်ကတော့ မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပြန်ကစားနိုင်မယ့် အချိန်ကို တရားဝင် အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

😭3
🔥 စံချိန်တွေ ချိုးဖျက်ပြီး မှတ်တမ်းသစ် ရေးထိုး လိုက်ကြတဲ့ ဟာလန်းနဲ့ မာရက်စကာ
အာလင်း ဟာလန်းနဲ့ အန်ဇို မာရက်စ်ကာတို့ရဲ့ စံချိန်မှတ်တမ်းတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၃၉ ပွဲတည်းနဲ့ ပင်နယ်တီမပါဝင်တဲ့ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ ပင်နယ်တီမပါဝင်တဲ့ သွင်းဂိုး ၁၀၀ ကို အမြန်ဆုံးရရှိခဲ့တဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။
ပင်နယ်တီကနေ သွင်းယူထားတဲ့ဂိုးတွေကို ဖယ်ထားတာတောင် ပွဲ ၁၃၉ ပွဲမှာ သွင်းဂိုး ၁၀၀ အထိ ရှိနေတဲ့ ဟာလန်းရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ်။
နောက်ထပ် စံချိန်တင်ခဲ့သူကတော့ နည်းပြ အန်ဇို မာရက်စ်ကာပါ။ သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ကလပ်အသင်းတစ်သင်းကို စတင်ကိုင်တွယ်ပြီး ပထမဆုံး ၇ ပွဲစလုံး အနိုင်ရရှိခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကစားသမားဘက်မှာ ဟာလန်းက ဂိုးသွင်းစံချိန်တွေ ချိုးဖျက်နေသလို နည်းပြဘက်မှာလည်း မာရက်စ်ကာက သမိုင်းသစ်ရေးထိုးနေပါတယ်။

❤5
ချဲလ်ဆီးအသင်းက အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရန်ဖြစ်မှုအပေါ် မော်ဂန် ရော်ဂျာစ်ရဲ့ တုံ့ပြန်မှု
🎙 သတင်းထောက် - မော်ဂန်၊ ကိုင်ဆေဒိုနဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပြီးမှာ ခင်ဗျားနဲ့ ဂျိမ်းစ် တာကောစကီးတို့ကြား ပြင်းထန်တဲ့ အပြန်အလှန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ။
🗣 မော်ဂန် ရော်ဂျာစ် - "ရိုးရိုးသားသားပြောရရင် တစ်ဖက်မှာလည်း ရယ်စရာကောင်းသလို တစ်ဖက်မှာလည်း အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။ ကျနော်က ကိုယ်ထိလက်ရောက် ကြမ်းတမ်းတဲ့ ဘောလုံးကစားပုံကို မမုန်းပါဘူး။
ဒါက ပရီးမီးယားလိဂ်လေ၊ ဘယ်သူ့ကိုမှ ပွဲထဲဝင်ပြီး ပြိုင်ဘက်အတွက် လွယ်ကူစေဖို့ ဘယ်သူမှ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ပြင်းထန်စွာ ကစားတာနဲ့ ရည်ရွယ်ချက်ရှိရှိ စည်းကျော်သွားတာနဲ့က တခြားစီပါ။ ကိုင်ဆီဒို ကို သူလုပ်ခဲ့တာက လုံးဝ မလိုအပ်ပါဘူး။ သူ ဝင်ရောက်ပုံက အရမ်းကို ကြမ်းတမ်းလွန်းတယ်။
ဂျော်ဒန် ဟန်ဒါဆန်က သူ့ကိုသွားပြောပြီး အခြေအနေကို ငြိမ်အောင်လုပ်ဖို့ ကြိုးစားချိန်မှာတောင် တာကောစကီးက တခြားသူတွေ အားလုံးက နားလည်မှုလွဲနေကြသလိုမျိုး ဆက်ပြီး ငြင်းခုံနေတုန်းပါပဲ။ ကျနော် ရပ်နေတဲ့နေရာကနေ ကြည့်ရင်တော့ သူ အပြစ်ရှိတယ်လို့ မြင်ပါတယ်။
အဲဒီလို ဝင်ရောက်မှုကို ပိုပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်ခဲ့ပြီး အပြစ်ကို ဝန်ခံမယ့်အစား လူတိုင်းနဲ့ ဘာလို့ ဆက်ပြီး ငြင်းခုံနေလဲဆိုတာကို ကျနော် နားမလည်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော် သူ့ဆီကို သွားပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကျနော်က ကိုယ့်ရဲ့အသင်းဖော် တစ်ယောက် အဲဒီလိုမျိုး အရေးထဲ ပါသွားတာကိုမြင်ပြီး ဘာမှမလုပ်ဘဲ လျစ်လျူရှုပြီး ထွက်သွားမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ကိုင်ဆီဒိုက ကျနော်တို့ရဲ့ အသင်းဖော်ပါ၊ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ရပ်တည်ပေးကြမှာပါ။
ဒါပေမဲ့ ကျနော် အနားကို ရောက်သွားတဲ့အခါ တာကောစကီးက ကျနော့်လည်ပင်းကို လက်နဲ့ဆွဲပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်က သူ့ကို ဘယ်တော့မှ ကြောက်လန့်သွားမှာ မဟုတ်တဲ့အတွက် သူ့လက်ကို ဖယ်ထုတ်ပြီး ကျနော့်ကို လာမကိုင်ဖို့ ပြောခဲ့ပါတယ်။ သူက ကျနော့်ကို စိုက်ကြည့်ပြီး 'ကောင်လေး၊ ငါ့ကို တကယ် ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား' လို့ ပြောပါတယ်။
ကျနော်လည်း သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး 'ဒါဆို ရင်ဆိုင်ကြည့်လေ။ ကျနော် မကြိုက်တဲ့ မလိုအပ်တဲ့ လုပ်ရပ်တွေနဲ့ ငါ့ကို လာမထိနဲ့' လို့ ပြန်ပြောခဲ့ပါတယ်။ သူက ရယ်ပြီး ကျနော့်ကို သူ့အကြောင်း စိတ်မပူဘဲ မြေပြင်ပေါ်မှာ လဲကျနေတဲ့ အသင်းဖော်ကိုပဲ သွားကြည့်ဖို့ ပြောခဲ့ပါတယ်။
ကျနော်က သူ့ကို 'မင်း ဒီလိုမျိုး ဝင်ဆောင့်တာ ငါ့ကို မဟုတ်လို့ တော်သေးတာပေါ့။ ဒီလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေ လာလုပ်ဖို့ လူမှားသွားနိုင်တယ်' လို့ ပြောခဲ့ပါတယ်။ သူက 'ဪ တကယ်လား? အဲဒါ သေချာလို့လား' ဆိုပြီး ချက်ချင်း ပြန်ပြောတယ်။ ကျနော်ကလည်း 'သိချင်လို့လား? ဆက်ပြောလေ။ ဒါပေမဲ့ မင်းနဲ့ ဘောလုံးကစားဖို့ ဆုံးဖြတ်ထားတာကို မင်းကို ကြောက်လို့လို့တော့ ထင်မနေနဲ့' လို့ ပြောလိုက်ပါတယ်။
သူ အဲဒီလို တုံ့ပြန်မှုကို လုံးဝ မမျှော်လင့်ထားလောက်ဘူး ထင်ပါတယ်။ အချို့ကစားသမားတွေက လူတွေရဲ့ မျက်နှာချင်းဆိုင် ရပ်ပြီး အသံကျယ်ကျယ်နဲ့ အော်ကာ လူတိုင်းကို နောက်ဆုတ်သွားအောင် လုပ်နေကြပါတယ်။ ဒါပေမဲ့ အဲဒါက ကျနော့်အပေါ်မှာတော့ အလုပ်မဖြစ်ပါဘူး။
အဲဒါနဲ့ ကျနော် ဆက်ပြောလိုက်တယ် - 'လူတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာထက် မင်းတို့ရဲ့ ကိုယ်ပိုင်ဘောလုံးကစားပုံကိုပဲ ပိုအာရုံစိုက်သင့်တယ်။ အဆင့်လယ်မှာ ရပ်တည်ဖို့ ရုန်းကန်နေရတာနဲ့ပဲ ပွဲကွက်ထဲမှာ အသန်မာဆုံးလူ ဖြစ်လာအောင် မလုပ်နဲ့' လို့ ပြောခဲ့ပါတယ်။
သူ အဲဒါကို လုံးဝ မကြိုက်တော့ပါဘူး။ သူက ကျနော့်ကို ဒီလိုပုံစံနဲ့ စကားပြောဖို့အတွက် အသက်ငယ်လွန်းသေးကြောင်းနဲ့ ဘောလုံးလောကမှာ ဘာမှ အောင်မြင်မှု မရသေးကြောင်းတွေ စတင်ပြောဆိုလာပါတယ်။ ကျနော်လည်း ရယ်လိုက်ပြီး 'မင်းရဲ့ အသက်အရွယ်ကြီးတာက လူတွေကို မလေးမစား လုပ်ပိုင်ခွင့် ပေးမထားပါဘူး။
အတွေ့အကြုံရှိတယ်ဆိုတာနဲ့ ကိုယ်ကြိုက်တာ လုပ်လို့ရပြီး လူငယ်ကစားသမားတွေက ငြိမ်ခံနေရမယ်လို့ မဆိုလိုပါဘူး' လို့ ပြန်ပြောခဲ့ပါတယ်။
ကျနော့်အတွက်ကတော့ အဲဒါ အဓိကပါပဲ။ မင်း ဘယ်နှစ်နှစ် ကစားခဲ့ဖူးလဲ၊ ဘယ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးလဲဆိုတာ ကျနော် ဂရုမစိုက်ပါဘူး။ တကယ်လို့ မင်းသာ အဆင်အခြင်မဲ့ ဝင်ရောက်ခဲ့မယ်ဆိုရင် အဲဒါကို ပုဂ္ဂိုလ်ရေးရန်ပွဲတစ်ခုအဖြစ် မပြောင်းလဲဘဲ ဝေဖန်မှုကို လက်ခံနိုင်ရပါမယ်။
ရိုးရိုးသားသား ပြောရရင်လေ၊ သူ မျှော်လင့်တဲ့အတိုင်းသာ ကျနော် တုံ့ပြန်ခဲ့မယ်ဆိုရင် ကျနော်ကိုယ်တိုင်လည်း ပြဿနာထဲ ရောက်သွားနိုင်ပါတယ်။ အဲဒါက ကစားသမားအချို့ လုပ်လေ့ရှိတဲ့ ပုံစံပါပဲ။ သူတို့က မင်းကို ဒေါသထွက်လာအောင် ဆွပေးတယ်၊ မျက်နှာချင်းဆိုင်လာလုပ်ပြီး မင်း ဒေါသပေါက်ကွဲသွားအောင် လုပ်ကြတာက မင်းကို အပြစ်ရှိသူ တစ်ယောက်ဖြစ်သွားအောင် လုပ်ချင်လို့ပါ။
ကျနော် လာခဲ့တာက ဘောလုံးကစားဖို့၊ အသင်းကို အနိုင်ရအောင် ကူညီဖို့နဲ့ ပွဲပြီးလို့ သုံးမှတ်နဲ့ ထွက်သွားဖို့ပါ။

အေတီကိုမက်ဒရစ်တို့ ပြိုင်ပွဲအစုံ ၆ ပွဲဆက် အနိုင်ရရှိခဲ့ပါပြီ ။ ဘာစီလိုနာနဲ့ ၅ မှတ်ကွာနေပြီး ဂိုးသွင်းယူမှု အပိုင်းတွေမှာလည်း ကွာခြားပေမယ့် ဝါရင့်နည်းပြကြီး ဆီးမြွန်းနီရဲ့အသင်းကို လျော့တွက်လို့ မရတာတော့ အမှန်ပါပဲ ။
ဘာစီလိုနာရဲ့ လက်ထဲကနေ လာလီဂါဖလား ၂ ကြိမ် ရယူဖူးတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ဖူးပါတယ် ။ ဒီရာသီမှာ ဘာစီလိုနာရဲ့ အဓိက ပြိုင်ဘက်က ရီးရဲမက်ဒရစ်မဟုတ်တဲ့ အခြားမက်ဒရစ်ကလပ် ဖြစ်လာမလားဆိုတာကတော့ . . .