Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
အရှေ့အရပ်ကနေထွက်တယ် ၊ ဘာစီလိုနာအသင်းနိုင်တယ် ၊ ဂိုးတွေလည်းအများကြီးသွင်းတယ် . . . မထူးဆန်းတော့ပါဘူး ။

အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ရှိပေမယ့်လည်း ဘာစီလိုနာကောင်းတာကတော့ လက်ခံရမယ့်အရာပါ။ အခုဆိုရင် လာလီဂါမှာ ကစားသမျှပွဲတိုင်းကို အနိုင်ကစားထားခဲ့ပါပြီ ။ လာမယ့် ပိတ်ရက်မှာတော့ မဟာပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ ။
❤4
ချဲလ်ဆီးက ပွဲအစမှာ ဂိုးသွင်းတတ်တယ်ဆိုလို့ ဘယ်သူမှ ခေါက်ဆွဲမပြုတ် ၊ ကော်ဖီမဖျော်ဘဲ စောင့်နေကြတယ် ။ ဒါပေမယ့် မသွင်းခဲ့ဘူး ။ ပထမပိုင်းပြီးသွားတော့ ဘောလုံးဝါသနာရှင်တွေ အပေါ့အပါးသွားသူသွားကြ ၊ ခေါက်ဆွဲပြုတ်တဲ့သူနဲ့ ထမင်းထချက်သူနဲ့ အလုပ်များသွားခဲ့ကြတယ် ။ ဒါပေမယ့် အဲဒီလူတွေ မသိလိုက်တာက ချဲလ်ဆီးဟာ ဒုတိယပိုင်း ပွဲအစမှာတင် ဂိုးသွင်းသွားတယ်ဆိုတာပါပဲ ။

ချဲလ်ဆီးကို လျော့မတွက်ပါနဲ့ ။ ပွဲအစမှာ ဂိုးသွင်းတတ်ပါတယ် ။ ပထမပိုင်းပဲဖြစ်ဖြစ် ဒုတိယပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့ ။
❤6
ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် ဘာစီလိုနာအသင်းမှရောင်းချဖွယ်ရှိနေသည့် ပြင်သစ်နောက်ခံလူ ဂျူးလ်စ်ကွန်ဒီ၏ အခြေအနေကို စောင့်ကြည့်နေကြပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားကလည်း ၎င်းရဲ့အနာဂတ်နဲ့ပက်သက်၍ ကတ်တလန်ကလပ်ကို စွန့်ခွာရန် စဉ်းစားနေ​ကြောင်း ဂျာမန်သတင်းစာများမှာဖော်ပြထားလျှက်ရှိပါသည်။
တော့တင်ဟမ်ဟော့စပါးအသင်းသည် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသက် ၂၇နှစ်အရွယ် စပိန်ညာနောက်ခံလူ ပက်ဒရို ပေါ်ရို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းခန့်အထိ တောင်းဆိုသွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။

စပါးအသင်းဟာ ပေါ်ရိုကို ၅ နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုထားသလို ၎င်းတို့ရဲ့ ညာနောက်ခံလူကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားတာကြောင့် လက်ရှိအနေအထားအရ အပြောင်းအရွှေ့ကိစ္စညှိနှိုင်းတဲ့အခါမှာ စပါးအသင်းဘက်က သိသိသာသာ အသာစီးရနေကြောင်း သိရှိရပါသည်။
❤3
တောင်အမေရိကရဲ့ အန်ဒီးစ်တောင်တန်းတွေရဲ့ တနေရာ ၊ ပီရူးနိုင်ငံတောင်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ ပန်းမျိုးစိတ်သစ်တခုကို လီယွန်နယ် မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ “Salvia Messi” လို့ အမည်ပေးခဲ့ပါတယ် ။ အဆိုပါပန်းဟာ အပြာနုနဲ့ အဖြူရောင်အဆင်းရှိပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းဂျာစီနဲ့ အရောင်တူနေတာကလည်း ဒီလိုအမည်‌ပေးဖို့ လုံလောက်တဲ့ အကြောင်းအရင်းတခု ဖြစ်စေခဲ့ပါတယ် ။

လီယွန်နယ် မက်ဆီကတော့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အပြင် ပန်းမျိုးစိတ်အသစ်ရဲ့အမည်နဲ့ပါ ဂုဏ်ပြုမှုတွေကို ရရှိခဲ့ပါပြီ ။
❤6
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဟာ ဘရိုက်တန်အသင်းနည်းပြ ဖာဘီယန် ဟာဇယ်လာကို သဘောကျနေပြီး အသင်းထံ ခေါ်ယူသွားရန် ဆန္ဒရှိနေကြောင်း သိရှိရပါသည်။ သို့ပေမဲ့ ယူနိုက်တက်အသင်းဟာ ဟာဇယ်လာအပါအဝင် အခြားနည်းပြတစ်ဦးတစ်ယောက်နဲ့မှ ဆက်သွယ်ဆွေးနွေးထားခြင်း မရှိသေးဘဲ လက်ရှိနည်းပြဖြစ်သူ မိုက်ကယ် ကာရစ်ကိုသာ အပြည့်အဝဆက်လက် ထောက်ခံအားပေးနေဆဲဖြစ်ကြောင်း နာမည်ကြီးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားလျှက်ရှိပါသည်။
ချယ်လ်ဆီးအသင်းနည်းပြ ဇာဘီ အလွန်ဆိုဟာ ဒီနွေရာသီမှ ပြင်သစ်ကလပ် စထရာဘော့ခ်အသင်းမှရောက်ရှိလာတဲ့ အသက် ၂၂နှစ်အရွယ် နယ်သာလန်တိုက်စစ်မှူး အီမီဂါနဲ့ပတ်သက်၍ “အီမီဂါက အရမ်းထူးခြားတဲ့ ကစားသမားပါ။ သူသာ ကြံ့ခိုင်မှုပြည့်ဝလာရင် နောက်ခံလူတွေအတွက် တားဆီးရခက်တဲ့ ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။ သူက အရပ် ၁.၉၅ မီတာရှိပေမယ့် လျင်မြန်သလို နေရာလွတ်တွေကိုလည်း ကောင်းကောင်းအသုံးချနိုင်ပါတယ်။ သူကစားဖို့ အဆင်သင့်ဖြစ်လာတဲ့အခါ ကြီးမားတဲ့အရာတွေ လုပ်ပြနိုင်မှာပါ "ဟု အလွန်ဆိုက တိုက်စစ်မှူးသစ်နဲ့ပတ်သက်၍ ချီးကျူးပြောဆိုသွားခဲ့ပါသည်။
လိဒ်စ်ယူနိုက်တက်အသင်းသည် ပြီးခဲ့တဲ့ရာသီက အသင်းကိုတန်ူဆင်းဇုန်မှလွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ နည်းပြ ဒန်နီယယ် ဖာကီကို ၂၀၂၉ ခုနှစ် ဇွန်လအထိ စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
❤2
🧤ကော်တွိုက်စ် လက်သစ် ဖြစ်လာမလား မိုက် ပန်ဒါစ်

နည်းပြအဆက်ဆက် လက်အောက်မှာ နေရာပေးခံခဲ့ရတဲ့ ရောဘတ် ဆန်းချက်ဇ်လည်း နည်းပြ ဇာဗီ အလွန်ဆို နဲ့တွေ့မှ ကိုမို အသင်းဆီ အငှားချခံလိုက်ရတယ်။ အရန်ဂိုးသမား ဂျော်ဂင်ဆန်ကလည်း စထရက်စ်ဘော့ဂ်အသင်းဆီ အငှားထွက်သွားရပြန်တယ်။ အခု အီမီလီယာနို မာတီနက်ဇ်ကလည်း မေးရိုးဒဏ်ရာကြောင့် အနားယူရတော့မယ်။

ဒီလိုနဲ့ ချဲလ်ဆီးဂိုးပေါက်ကို ကာကွယ်ဖို့ အခွင့်အရေးရလာသူကတော့ လူငယ်ဂိုးသမားလေး မိုက် ပန်ဒါစ်ပါပဲ။

စိတ်ဝင်စားစရာကောင်းတာက ပန်ဒါစ်ဟာ အရပ် ၁.၉၈ မီတာ (၆ ပေ ၆ လက်မဝန်းကျင်) ရှိပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမား သီဘော့ ကော်တွိုက်စ်ရဲ့ ၆ပေ ၇ လက်မ နဲ့လည်း သိပ်မကွာလှပါဘူး။ ဘယ်ခြေသန်ပြီးအရပ်အမောင်းနဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံပိုင်းမှာလည်း ကော်တွိုက်စ်နဲ့ ဆင်တူတဲ့ ဂိုးသမားမျိုးလို့ မြင်နိုင်ပါတယ်။

BBC Sport ရဲ့ ဖော်ပြချက်အရလည်း ပန်ဒါစ်ဟာ ကော်တွိုက်စ်နဲ့ အရပ်တူရုံတင်မကဘဲ ကစားပုံနဲ့ ဘောလုံးကိုင်တွယ် ကစားကွက် တည်ဆောက်ပုံပိုင်းမှာပါ ဆင်တူတဲ့ အလားအလာရှိသူလို့ သုံးသပ်ခံထားရပါတယ်။

ဒါပေမဲ့ ကော်တွိုက်စ်လို ကမ္ဘာ့အဆင့် ဂိုးသမားဖြစ်လာဖို့ကတော့ အချိန်ယူပြီး သက်သေပြရဦးမှာပါ။ အသက် ၂၁ နှစ်ဝန်းကျင် လူငယ်ဂိုးသမားတစ်ယောက်အတွက် ဒီအခွင့်အရေးက သူ့ရဲ့အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီချာတိတ်လေးရဲ့ လက်စွမ်းကိုတော့ စောင့်ကြည့်ရမှာပဲ။
❤5
🚨 ဗစ်တာ ယောကရက်စ် အာဆင်နယ်ကနေ ဇန်နဝါရီမှာ ထွက်ခွာဖို့ ဆန္ဒရှိနေ

အာဆင်နယ်မှာ ပွဲထွက်ခွင့် နည်းပါးနေတာနဲ့ အသင်းက ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ဆက်လက်ခေါ်ယူဖို့ ကြိုးစားနေတာတွေကြောင့် ဆွီဒင်တိုက်စစ်မှူး ယောကရက်စ်ဟာ စိတ်ပျက်လာပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ TEAMtalk က ဖော်ပြထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့် မရသေးတဲ့ ယောကရက်စ်ကို အက်သလက်တီကို မက်ဒရစ်အပါအဝင် အသင်းတချို့က စိတ်ဝင်စားနေပါတယ်။
အာဆင်နယ်ဘက်ကလည်း အယ်လ်ဗာရက်ဇ်ကိုသာ ထပ်မံခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ယောကရက်စ်ကို ရောင်းချဖို့ လက်ခံစဉ်းစားလာနိုင်တယ်လို့ သိရပါတယ်။

ပေါင်သန်း ၆၀ ကျော်အကုန်အကျခံပြီး ခေါ်ယူထားတဲ့ တိုက်စစ်မှူးကို တစ်နှစ်မပြည့်ခင် ပြန်ရောင်းတော့မှာလား။
❤2
ဒီအသင်းကတော့ ဒီလောက်ပါဘဲ ။ အရင်ဆုံးဂိုးသွင်းမယ် ၊ ပြီးရင် ပြန်ပေးမယ် ။ ကံကောင်းရင် နိုင်ပြီး ၊ အခါမသင့်ရင် သရေကျမယ် ၊ ရှုံးမယ်၊ ဒါနဲ့ဘဲ သံသရာလည်နေတာ ဖြစ်ပါတယ် ။ တပတ်တပွဲ သရေတမှတ်ရရင် ကျေနပ်နေတဲ့အသင်းပါ ။

7 ပွဲ 7 မှတ် 38 ပွဲ 38 မှတ် တော်ပီလေး တန်းမဆင်းရတော့ဘူး 🫡
😁8🤣5❤2
PSGအသင်းနည်းပြ လူးဝစ် အန်နရီကေးက တိုက်စစ်မှူး အူစမန် ဒမ်ဘီလီနဲ့ ပတ်သက်၍ ချီးကျူးစကားပြောဆိုသွားခဲ့ပါသည်။

အန်နရီကေးက “ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံး ဘောလုံးပညာကို သင်ယူခဲ့တာပါ။ သူက အရာအားလုံးကို သိပြီးသားပါပဲ။ ဘာစီလိုနာအသင်းကနေ ရောက်လာတဲ့ ကစားသမားတစ်ယောက်ဟာ ကျွန်တော်နှစ်သက်တဲ့ ဘောလုံးကစားဟန်ကို အလွယ်တကူ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ပြီး ကျွန်တော်လိုချင်တာတွေကိုလည်း ကောင်းကောင်းနားလည်ပါတယ် ”ဟု အသက် ၂၉အရွယ် ပြင်သစ်တိုက်စစ်မှူးကို ထုတ်ဖော်ချီးကျူးသွားခဲ့ပါသည်
လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား အဲလက်စ်စကော့ကို မခေါ်ယူနိုင်ခဲ့ပါက ဒေါ့မွန်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမား ဖီးလစ် အန်မီချာကို အစားထိုးခေါ်ယူသွားရန် စောင့်ကြည့်နေပါသည်။
အေစီမီလန်အသင်းဟာ ဒီရာသီမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသနေတဲ့ အသက် ၃၁ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်းသိရှိရပါသည်။
❤1
နယူးကာဆယ်အသင်းသည် တူရကီကလပ် ဘီဆစ်တပ်စ်အသင်းမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဂျိုး ဝီလော့ခ် ကို စာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းနေပေမယ့်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးကြောင်းသိရှိရပါသည်။
အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် ယခုအချိန်ထိ အိမ်ကွင်း ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့ ဖောရက်စ်
ကားရစ်ပြောပြီ.. နည်းပြကိုပဲ အပြစ်တင်မနေနဲ့ ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်ကြဦး..

🎙 သတင်းထောက်: နောက်ထပ် စိတ်ပျက်စရာ သရေရလဒ်တစ်ပွဲ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ဒီရလဒ်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပါသလားဆာ.. ဒါမှမဟုတ် ကစားသမားတွေကို အပြစ်တင်ပါသလား..

🗣 မိုက်ကယ်ကားရစ်: လူတွေ ကျွန်တော့်ကို ကြိုက်သလောက် အပြစ်တင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ကွင်းထဲက ကစားသမားတွေကိုလည်း ပြန်ကြည့်ဖို့ လိုအပ်လာပါပြီ။

ဒါက ကျွန်တော် သူတို့ကို ကစားစေချင်တဲ့ ဘောလုံးပုံစံလား.. ယူနိုက်တက် ကစားသမားတွေဆီက ကျွန်တော် မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်မျိုးလား.. လုံးဝမဟုတ်ပါဘူး။

ကျွန်တော်က အသင်းကို ပြင်ဆင်ပေးနိုင်တယ်..နည်းဗျူဟာတွေ ညွှန်ကြားပေးနိုင်တယ်..ပွဲအစီအစဉ်တွေ ချမှတ်ပေးနိုင်ပါတယ်။ဒါပေမဲ့ ကွင်းထဲဝင်ပြီး မိနစ် ၉၀ လုံး သူတို့ကိုယ်စား ကျွန်တော် ကစားပေးလို့တော့ မရပါဘူး။တချို့ကစားသမားတွေဟာ အပတ်တိုင်း အမှားတူတွေကို ထပ်ခါတလဲလဲ လုပ်နေကြတယ်။ဒါပေမဲ့ ထူးဆန်းတာက အဲဒီအတွက် ဖြေရှင်းချက်ပေးရမယ့်သူဟာ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေသလိုပါပဲ။

ရိုးရိုးသားသား ပြောရရင် ဒီနေ့ပွဲရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီးနောက်မှာတောင် ဒီအသင်းရဲ့ ပြဿနာအားလုံးဟာ နည်းပြတစ်ယောက်တည်းကြောင့်လို့ ယုံကြည်နေသေးတယ်ဆိုရင် ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတွေကို မမြင်ချင်ယောင်ဆောင်နေတာပါပဲ။

ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် ကျွန်တော် တာဝန်ယူပါမယ်။ဒါပေမဲ့ နေရာလွဲပေးလိုက်တဲ့ ဘောလုံးတိုင်း၊ဖြုန်းတီးလိုက်တဲ့ ဂိုးအခွင့်အရေးတိုင်းနဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ အမှားတိုင်းအတွက်တော့ ကျွန်တော်တစ်ယောက်တည်း တာဝန်ယူပေးမှာ မဟုတ်ပါဘူး။ယူနိုက်တက်ဟာ နည်းပြတွေကို အကြိမ်ကြိမ် ပြောင်းလဲနေရုံနဲ့ ရလဒ်ကောင်းတွေ ရလာမယ်လို့ မျှော်လင့်နေလို့ မရပါဘူး။

ကွင်းထဲမှာ ပြဿနာဟောင်းတွေကပဲ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတယ်ဆိုရင် ဒီကစားသမားတွေ ကိုယ်တိုင်လည်း မှန်ထဲကို ကြည့်ပြီး ‘ငါတို့ဟာ ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ဖို့ တကယ်ထိုက်တန်ရဲ့လား’ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်သင့်ပါပြီ။

ယူနိုက်တက်ရဲ့ အသင်းတံဆိပ်ဟာ အဝတ်လဲခန်းထဲက ဘယ်ကစားသမားထက်မဆို ပိုကြီးမြတ်ပါတယ်။ကျွန်တော်ကိုယ်တိုင်တောင် အဲဒီအထဲမှာ ပါပါတယ်။ဒီအသင်းအတွက် ကစားရတဲ့ ဖိအားကို မခံနိုင်ဘူးဆိုရင်တော့ ဒီဂျာစီကို ဝတ်ဆင်ဖို့ သင်တို့ တကယ်ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
👍4❤1
🚨 မန်ယူနိုက်တက်နဲ့ လိဒ်စ် ပွဲစဉ်အတွင်း အီသန် အမ်ပါဒူက ဘရူနို ဖာနန်ဒက်စ် ကို ဘယ်လိုပြောခဲ့လဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။

​🎙 သတင်းထောက် - အမ်ပါဒူ၊ မန်ယူနိုက်တက်နဲ့ လိဒ်စ် ပွဲတုန်းက အဲဒီဝင်တိုက်မှုပြီးတော့ ဘရူနိုကို ဘယ်လိုတွေပြောခဲ့လဲ?

​🗣 အမ်ပါဒူ - "ခင်ဗျားက ဘာလို့ ငါးမိနစ်တစ်ခါ ဒိုင်လူကြီးကို အမြဲတမ်း ငိုယိုပြီး တိုင်တန်းနေရတာလဲလို့ ကျွန်တော် မေးခဲ့ပါတယ်။"

​🎙 သတင်းထောက် - အဲဒါကို ဘရူနို က ဘယ်လိုပြန်ပြောလဲ?

​🗣 အမ်ပါဒူ - "ကိုယ့်အလုပ် ကိုယ်လုပ်ဖို့နဲ့ သူ့ကိုပဲ လိုက်ကြည့်မနေဖို့ ပြောခဲ့ပါတယ်။"

​🎙 သတင်းထောက် - ဘာတွေ ဆက်ဖြစ်သေးလဲ?

​🗣 အမ်ပါဒူ -"လိဒ်စ် က ဇယားမှာ မန်ယူနိုက်တက်ရဲ့ အပေါ်မှာ ရှိနေပြီဆိုတာနဲ့ မန်ယူနိုက်တက် ကို အလယ်အလတ်အသင်းတစ်သင်း ဖြစ်သွားစေတဲ့အတွက် သူ့အစား ရှက်မိတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။"

​🎙 သတင်းထောက် - သူ ဘယ်လို တုံ့ပြန်ခဲ့လဲ?

​🗣 အမ်ပါဒူ - "သူက ဒိုင်လူကြီးဆီကို ချက်ချင်းပြန်လှည့်ပြီး ထပ်တိုင်တန်းပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော် ရယ်မိတော့တာပါပဲ။ ဘောလုံးကစားတဲ့ ကစားသမားတွေလည်း ရှိတယ်၊ ပွဲချိန်တစ်လျှောက် ဒိုင်လူကြီး ပါလာအောင်ပဲ အချိန်ကုန်ခံနေတဲ့ ကစားသမားတွေလည်း ရှိပါတယ်။"
😁3
🚀 ၉ နှစ်အတွင်း အဝေးဆုံး ကန်ချက်နဲ့ သွင်းဂိုး ရယူခဲ့တဲ့ ဂိုးမက်ဇ်

ဒါဘီပွဲမှာ ကွင်းလယ်စည်းကနေ ဂိုးသွင်းယူပြလိုက်တဲ့ ဒီယေဂို ဂိုမက်ဇ် ဒီဂိုးကတော့ တကယ်ကို လက်ဖျားခါရမယ့် ဂိုးပါပဲ။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုမက်ဇ်ရဲ့ အဝေးကန် ချက်ကြောင့် ပရိသတ်တွေ၊ ပွဲအစီအစဉ်တင်ဆက်သူတွေတင်မက သူ့အသင်းဖော် မက်ဆင် ဒီကွိုက်ပါကိုယ်တိုင်ပါ အံ့အားသင့်ခဲ့ရပါတယ်။

ပိုပြီးထူးခြားတာကတော့ ဒီဂိုးဟာ ဝိန်းရွန်နီ ဝက်စ်ဟမ်းဘက်ကို သွင်းယူခဲ့တဲ့ဂိုးနောက်ပိုင်း ၉ နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အဝေးဆုံးကန်ချက် သွင်းဂိုး ဖြစ်လာခဲ့တာပါ။
🔥2
ဗီနီထက် ဒီအိုမန်ဒီကို နေရာပေးသင့်ပြီလား?

ဗီနီမပါခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ဒီအိုမန်ဒီဟာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီး အကောင်းဆုံးပုံစံကိုပြသခဲ့တယ်။ သွင်းသွားတဲ့ ဂိုးရော ဖန်တီးမှုရောက အရည်အသွေ၊းပြည့်၀တယ်။

ဒါ့အပြင် ဒီအိုမန်ဒီဟာ သူပွဲထွက်ကစားခွင့်ရတဲ့ လာလီဂါ ၅ ပွဲမှာ ဂိုးပါ၀င်ပက်သက်မှု ၅ ကြိမ်ထိပြုလုပ်နိုင်ခဲ့တယ်။

ဒီတိုင်းဆိုရင်တော့ လက်ရှိခြေစွမ်းကျနေတဲ့ ဗီနီရဲ့နေရာမှာ ဒီအိုမန်ဒီက အကောင်းဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ⭐️