တစ်ချိန်က ကမ္ဘာ့ဖလားမှာ အံ့မခန်းဂိုးတွေ သွင်းယူခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ အခုတော့ စပါးအသင်း ယူ-၂၁ အသင်းမှာ ကစားနေရပြီပဲ ဖြစ်ပါတယ်။
လက်ရှိရာသီ နည်းပြ ဒီဇာဘီက စပါးအသင်းကြီးရဲ့ လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတဲ့ ရစ်ချာလီဆန်ဟာ အသင်းကနေ ထွက်ခွာဖို့ ကိုယ်တိုင်ဆန္ဒရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ သဘောတူညီမှု မရရှိခဲ့တာကြောင့် အသင်းမှာပဲ ဆက်နေခဲ့ရတာပါ။
အထူးသဖြင့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဆားဘီးယားဘက်ကို သွင်းယူခဲ့တဲ့ သူ့ရဲ့ အံ့မခန်းဘိုင်စကယ်ကစ်ဂိုးကို ဘယ်သူမေ့နိုင်မှာလဲ။ အဲဒီဂိုးဟာ ကမ္ဘာ့ဖလားရဲ့ အလှပဆုံးဂိုးတွေထဲက တစ်ဂိုးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့အထိ စွဲကျန်နေဆဲပါ။
တစ်ချိန်က ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် မျှော်လင့်ခံခဲ့ရတဲ့ ရစ်ချာလီဆန်ဟာ အခု အသက် ၂၉ နှစ်အရွယ်မှာ အသင်းကြီးအတွက် နေရာပြန်ရဖို့ ရုန်းကန်နေရပါတယ်။
ဘောလုံးလောကဆိုတာ တစ်ခါတလေ အောင်မြင်မှုရဲ့ အမြင့်ဆုံးနေရာကနေ မထင်မှတ်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နေရာတစ်ခုပါပဲ။ဒါကြောင့် ရစ်ချာလီဆန်
တစ်ယောက် သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

အက်သလက်တီကို မက်ဒရစ် အတွက် ယခုရာသီမှာ ဂိုးပေါက် ပျောက်ဆုံးနေပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့ ဟူလီယန် အာလ်ဗာရက်ဇ်
အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အာလ်ဗာရက်ဇ် ရဲ့ ၂၀၂၆/၂၇ ရာသီ အစပြုမှုကတော့ မျှော်လင့်ထားသလောက် ချောမွေ့မနေပါဘူး။ အာလ်ဗာရက်ဇ် ဟာ ယခုရာသီ အက်သလက်တီကို အတွက် ပြိုင်ပွဲစုံမှာ ပါဝင်ကစားထားခဲ့ပေမဲ့ ဂိုး လုံးဝ မသွင်းယူနိုင်သေးဘဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဂိုးပေါက် ဝေးကွာနေပေမဲ့ အာလ်ဗာရက်ဇ် ဟာ လီဗာပူးလ် နဲ့ အက်စပါညို တို့လို ပွဲစဉ်တွေမှာ အသင်းအတွက် အဓိက ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်း ကစားကွက်မှာ ပါဝင်ကူညီပေးနေဆဲ ဖြစ်ပါတယ်။ဒီယေဂို ဆီမီယိုနီ ရဲ့ နည်းဗျူဟာအောက်မှာ အာလ်ဗာရက်ဇ် တစ်ယောက် ဘယ်ပွဲမှာ စတင် ဂိုးပေါက်ပြန်ရှာတွေ့ပြီး ခြေစွမ်းပြလာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ
(Source: Stats & Match Reports)

ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်ယူထားသူ (၁၀) ဦး
RSSSF ရဲ့ စာရင်းအင်းများအရ ဟန်ဂေရီဘောလုံးသမားကြီး Lajos Tichy ဟာ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း (၁၉၁၇) ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ထာဝရ သွင်းဂိုးအများဆုံး ကစားသမားပဲဖြစ်ပါတယ်။
“The Nation’s Bomber” (နိုင်ငံတော်ရဲ့ ဂိုးသွင်းစက်) ဆိုပြီး အမည်ပြောင်ပေးခံထားရတဲ့ Tichy ဟာ ၁၉၅၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဟန်ဂေရီနိုင်ငံ၌သာ ကစားသမားဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။
သူနဲ့အတူ ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့စာရင်းမှာပါဝင်တဲ့ ထိပ်ဆုံး (၁၀) ဦးကတော့ ....
1. Lajos Tichy 🇭🇺 — (1,917) goals
2. Josef Bican 🇨🇿 — (1,813) goals
3. Erwin Helmchen 🇩🇪 — (1,611) goals
4. Ferenc Puskás 🇭🇺 — (1,569) goals
5. Gerd Müller 🇩🇪 — (1,483) goals
6. Ferenc Bene 🇭🇺 — (1,424) goals
7. Ferenc Deák 🇭🇺— (1,374) goals
8. Arthur Friedenreich 🇧🇷 — (1,329) goals
9. Pelé 🇧🇷 — (1,283) goals
10. Ernst Wilimowski 🇵🇱🇩🇪 — (1,175) goals
ဒီကစားသမားတွေထဲကမှ ဘရာဇီးလ်ဂန္တဝင် ဘောလုံးသမားကြီး ပီလီကတော့ သက်ရှိထင်ရှားရှိစဉ်မှာ ခိုင်လုံတဲ့ တရားဝင်သွင်းဂိုးမှတ်တမ်းအထောက်အထားတွေနဲ့ အတူ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
နောက်ပြီးတော့ RSSSF ရဲ့ ဘောလုံးသမိုင်းရဲ့ သွင်းဂိုးမှတ်တမ်းအချက်အလက်တွေမှာ ဂိုးပေါင်း (၁,၀၀၀) နဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအရေအတွက်က အယောက် (၂၀) နီးပါးအထိရှိနေတာကိုတွေ့ရပါတယ်။
📝 According to Planet Football

❤1
🚨ကြားရက်ကစားမယ့်ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာဒဏ်ရာကြောင့် နူနိုမန်ဒက်စ်လွဲချော်မယ်လို့သိရပါတယ်။
🗣 Fabrizio romano ရဲ့အဆိုရ PSG ရဲ့ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်က ကြွက်သားဒဏ်ရာကြောင့် လာမယ့်ဘာစီလိုနာနဲ့ပွဲမှာပါဝင်ဖို့မရှိဘူးလို့သူရဲ့ FB စာမျက်နှာထက်မှာတင်ထားတာတွေ့ရပါတယ်
နူနိုမန်ဒက်စ်ဟာ PSG ရဲ့အားထားရတဲ့ တောင်ပံခံစစ်ကစားသမားဖြစ်ပြီး ဒီပွဲလွဲချော်တာဟာ PSG အတွက်ထိုးနှက်ချက်ဖြစ်သလို အနည်းအငယ်အင်အားနည်းသွားစေပြီး နည်းပြအင်းနရစ်ကေးအနေနဲ့လည်း ခေါင်းခဲစရာဖြစ်သွားပါတယ်

🚨💣 ဗန်ဒိုက် ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဗာဂျယ်လ် ဗန်ဒိုက် (၃၅ နှစ်) ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခံရခြင်း မရှိသေးပါဘူး။
သူ့ရဲ့ အန်းဖီးလ်က စာချုပ်ကတော့ ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ကိုနာတေးနဲ့ ထရန့် အလက်ဇန္ဒား အာနိုးတို့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ အန်းဖီးလ်ကွင်းကနေ နောက်ထပ် အလွတ်ခေါ်ယူမှု တစ်ရပ်ကို ထပ်မံလုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ 👀
အေစီမီလန်၊ ဂါလာတာစာရေးနဲ့ အင်တာမိုင်ယာမီ အသင်းတွေကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
အီမိုင်းလ် ဟက်စကီးက "ရီးရဲလ်မက်ဒရစ်က ခေါ်တဲ့အခါ လူတိုင်းရဲ့ဦးခေါင်းက လှည့်သွားရစမြဲပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ဘာပြောင်းရွှေ့ကြေးမှမရဘဲ လက်လွှတ်သင့်ပါသလား 🤯

နည်းပြတစ်ယောက် ပြောင်းလိုက်တာနဲ့ အသင်းရဲ့ပြဿနာတွေ ချက်ချင်းပျောက်ကွယ်သွားမယ်လို့ ယူဆထားရင်တော့ ဒီဇာဘီရဲ့ စပါးနဲ့အခြေအနေကို ပြန်ကြည့်သင့်ပါတယ်
စပါးဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပေါင်သန်း ၃၀၀ ကျော် အသုံးပြုခဲ့ပေမယ့် အသင်းရဲ့ကစားပုံနဲ့ ရလဒ်တွေက မျှော်လင့်ထားသလို တိုးတက်မလာခဲ့ပါဘူး
အခုရာသီ ပထမ ၆ ပွဲကစားပြီးတဲ့အချိန်အထိ လိဂ်နိုင်ပွဲမရသေးတာကလည်း နည်းပြအပြောင်းအလဲတစ်ခုတည်းနဲ့ အရာအားလုံးကို ပြင်ဆင်လို့မရကြောင်း ပြသနေပါတယ်
အသင်းတစ်သင်း အောင်မြင်ဖို့ဆိုရင် နည်းပြကောင်းတစ်ယောက်ရှိရုံနဲ့ မလုံလောက်ပါဘူး
ကစားသမားခေါ်ယူမှုတွေ မှန်ကန်ဖို့လိုသလို အသင်းလူစာရင်းကလည်း ဟန်ချက်ညီဖို့ လိုပါတယ်
လီဗာပူး၊ အာဆင်နယ်နဲ့ စီးတီးတို့ဟာလည်း အခက်အခဲတွေကြားကနေ ချက်ချင်းအောင်မြင်လာခဲ့တာ မဟုတ်ပါဘူး
သူတို့အသင်းတွေ ပြန်လည်တည်ဆောက်ဖို့ အချိန်ယူခဲ့ရသလို မှန်ကန်တဲ့ကစားသမားတွေနဲ့ စနစ်တစ်ခု တည်ဆောက်ဖို့လည်း နှစ်တွေကြာခဲ့ပါတယ်
ဒါကြောင့် ယူနိုက်တက်ရဲ့ လက်ရှိကျဆင်းနေတဲ့အခြေအနေကို နည်းပြတစ်ယောက်ထုတ်ပြီး နည်းပြအသစ်တစ်ယောက် ခန့်လိုက်ရုံနဲ့ ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်သင့်ပါဘူး

❤2
'ရီးယဲလ်မက်ဒရစ် ကျရှုံးရတဲ့ အဓိကအကြောင်းရင်း'
ပီအက်စ်ဂျီဟာ ရီးယဲလ်မက်ဒရစ်ချမှတ်ခဲ့တဲ့ ကြယ်စင်စုလမ်းစဉ်ကို စွန့်ပယ်ခဲ့ပါတယ်။
သူတို့ဟာ မာနထောင်လွှားမှုကင်းရှင်းတဲ့ ကစားသမားတွေနဲ့ အသင်းကိုတည်ဆောက်ရာမှာ ဥရောပကို ချက်ချင်းလက်ငင်းလွှမ်းမိုးနိုင်ပြီး ချန်ပီယံလိဂ်ဖလား (၂)ရာသီဆက်ဆွတ်ခူးနိုင်ပါတော့တယ်။ တစ်ဘက်မှာ ရီးယဲလ်ကတော့ အတိတ်မှာပိတ်မိနေတုန်း။
ဖလော်ရန်တီနိုပီးရက်ဇ်ဟာ လက်ရှိဘောလုံးလောကကို ၁၉၉၀ ခုနှစ်များလိုထင်မှတ်နေပြီး ကြယ်စင်စုကစားသမားတွေချည်း တောက်လျှောက်ခေါ်ယူကာ တော်ဝင်ကလပ်ထံ ပြဿနာတပုံတပင်သယ်ဆောင်လာပါတယ်။
အသင်းတွေဟာ ကြိုးစားအားထုတ်မှုပြင်းပြတဲ့ကစားသမားတွေနဲ့ သူတို့ကိုသေချာလမ်းညွှန်ပေးမယ့် နည်းဗျူဟာရှင်တစ်ယောက်မရှိဘဲ ဘယ်လိုမှမအောင်မြင်ပါဘူး။ ရီးယဲလ်ဟာ အဆိုပါလိုအပ်ချက်တွေကို သတိလွတ်နေသ၍ ဘာစီလိုနာအပါအဝင် ဥရောပထိပ်သီးအသင်းတွေနောက် ပြတ်ကျန်နေရဦးမှာပါ။
ဆိုတော့ တော်ဝင်ကလပ် အကြီးစားအောင်မြင်မှုတွေ ပြန်လည်ရရှိချင်တယ်ဆိုရင် အသင်းမှာရှိတဲ့ မာနထောင်လွှားသူ ကြယ်ပွင့်ကစားသမားတွေကို စတေးပစ်ရမယ့်အကြောင်း ပီးရက်ဇ်နဲ့တကွဦးဆောင်သူတွေ နားလည်သဘောပေါက်သင့်ပါတယ်။

ဒဏ်ရာကြောင့် (၂) လခန့် အနားယူရမယ့် 𝐀𝐧𝐭𝐨𝐢𝐧𝐞 𝐒𝐞𝐦𝐞𝐧𝐲𝐨
မန်စီးတီး တောင်ပံ ကစားသမား 𝐒𝐞𝐦𝐞𝐧𝐲𝐨 ဟာ ဒဏ်ရာကြောင့် ၈ ပတ်ကြာ အနားယူရတော့မယ်လို့ သိရပါတယ် ။
နည်းပြ မာရက်စကာရဲ့ ပြောကြားချက်အရ 𝐒𝐞𝐦𝐞𝐧𝐲𝐨 ၏ ဒဏ်ရာမှာ ထင်သလောက် မဆိုးရွားပေမဲ့ ၈ ပတ်ကြာ အနားယူမှာ ဖြစ်ပြီး ဒီဇင်ဘာမှသာ ပြန်လာနိုင်တော့မယ်လို့ အတည်ပြုခဲ့ပါတယ် ။

🔴 Set-piece အသင်းဆိုတဲ့ ဝေဖန်မှုတွေကို ခြေဖျက်ပြလိုက်တဲ့ အာဆင်နယ်
ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်သွင်းယူထားတဲ့ ဂိုး ၂၂ ဂိုးအနက် ၂၁ ဂိုး (၉၅%) ဟာ Open Play ကနေ ရရှိခဲ့တာပါ။ ဒီရာခိုင်နှုန်းက လိဂ်တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်ပါတယ်။
ပိုစိတ်ဝင်စားစရာကောင်းတာက ရာသီအစ ပထမဆုံး လိဂ် ၆ ပွဲမှာ Set-piece ကနေ ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက Set-piece တွေနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာတော့ Open Play ကနေပဲ ဂိုးတွေ သွင်းယူနေပါတယ်။
Set-piece နဲ့ပဲ ဂိုးသွင်းတယ်လို့ ဝေဖန်ခံခဲ့ရတဲ့ အာဆင်နယ်က အခုတော့ Open Play နဲ့ အဖြေပေးနေပါပြီ။

🚨 မန်ယူနိုက်တက် ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ရလာဒ်
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါတယ်။ သွင်းဂိုး ၁၀ ဂိုး ရရှိထားပေမယ့် ပေးဂိုးကလည်း ၁၀ ဂိုးအထိ ခွင့်ပြုထားခဲ့ရပါတယ်။
၁၉၈၆-၈၇ ရာသီနောက်ပိုင်း ထိပ်တန်းလိဂ်ပွဲစဉ် ၇ ပွဲအပြီး နိုင်ပွဲအနည်းဆုံး ရရှိထားတဲ့ အခြေအနေကို ပြန်ရောက်လာခဲ့ပါပြီ။
အဆိုးဆုံးကတော့ နည်းပြ ကာရစ်လက်ထက် ရလဒ်တွေဟာ အရင်နည်းပြ အမိုရင် ရာထူးက ထုတ်ပယ်ခံရခါနီးကာလထက်တောင် ပိုဆိုးလာတယ်လို့ ဝေဖန်ခံနေရပါတယ်။
မေးခွန်းကတော့ ရှင်းပါတယ်…
နည်းပြတစ်ယောက် ထပ်ပြောင်းပြီး ကံစမ်းရမလား။ ဒါမှမဟုတ် ကာရစ်ကို အချိန်ထပ်ပေးပြီး သူ့ရဲ့ပရောဂျက်ကို ဆက်ယုံကြည်ရမလား။

Ballon d'Or ဆုရဲ့ တရား၀င်စာမျက်နှာမှာ Voting စနစ်နဲ့ သမိုင်းတစ်လျှောက်အကောင်းဆုံး Ballon d'Or ဆုရှင်ကို ရွေးချယ်နေပါတယ်။
လက်ရှိ ပရိသ၊တ်တွေရဲ့ မဲပေးရွေးချယ်မှုအရ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ၂၀၀၈ ခုနှစ် ဘလွန်းဒီအောဆုဟာ ပြိုင်ဘက်ကင်းဦးဆောင်နေပြီး မဲပေးရွေးချယ်မှု (၆၂%) နဲ့ ထိပ်ဆုံးမှ ဦးဆောင်ထားပါတယ်။ 🐐🇵🇹

❤2👏1
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒိုကိုတော့ ပွဲပယ် ရက် ၃၀ နဲ့ ယူရို ၂၅၅ သတ်မှတ်ဒဏ်ရိုက်ခဲ့ပါတယ် ။
ထရိန်နင် ကနေ ပြန်ထွက်သွားတဲ့ ပြစ်ချက်အတွက် ရော်နယ်ဒို ကို ဖိုင်းကြေး နဲ့ ပွဲပယ် ပေးခဲ့တာဖြစ်ပြီး ထူးခြားတာက ရော်နယ်ဒို ကို ချမှတ်တဲ့ ဒဏ်ကြေးငွေက ၂၅၀ ၊ ၃၀၀ ဆိုပြီး ကိန်းပြတ် မဟုတ်ဘဲ ၂၅၅ ဆိုတဲ့ ဟိုမရောက် ဒီမရောက် ဂဏန်း ဖြစ်နေတာပါ ။
ဒီ အကြောင်းရင်း ကတော့ အဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေစည်းမျဉ်းတွေထဲက "အမြင့်ဆုံးပြစ်ဒဏ် တွက်ချက်မှုစနစ်" ကြောင့် ဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ဥပဒေစာအုပ်မှာ ပြစ်မှုတစ်ခုချင်းစီအတွက် အခြေခံသတ်မှတ်ထားတဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ဒဏ်ကြေးနှုန်းထားတွေ ရှိကြပြီး အဆိုပါနှုန်းထားကို ကစားသမားရဲ့ အခြေအနေတွေနဲ့အညီ တိတိကျကျ ပြစ်ဒဏ် ချမှတ်ပေးရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ခု ဖြစ်ရပ်မှာ သူဟာ လေ့ကျင့်ရေးကွင်း ကနေ စိတ်လိုက်မာန်ပါ ထွက်ခွာသွားခဲ့တဲ့ ပြစ်မှုကို ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းမှာ အမှားကို အပြည့်အဝ ဝန်ခံခဲ့သလို ယခင်ကလည်း ပြစ်ဒဏ်မှတ်တမ်းဆိုး လုံးဝမရှိခဲ့တဲ့ သက်ညှာခွင့် အကြောင်းရင်း (Mitigating Circumstances) တွေ ရှိခဲ့ပါတယ်။
အဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒီလိုသက်ညှာခွင့် ပြဌာန်းချက်တွေကို ဥပဒေကြောင်းအရ အချိုးကျ ပြန်လည်စိစစ် တွက်ချက်လိုက်တဲ့အခါ ကိန်းပြည့်မဟုတ်ဘဲ ဒသမကိန်းကနေ ပြောင်းလဲလာတဲ့ နောက်ဆုံး ဥပဒေအရ အတည်ပြု ဒဏ်ငွေပမာဏက ၂၅၅ ဖြစ်သွားရတာပါ။
ဒါ့အပြင် ဥပဒေကြောင်းအရ ကြည့်ရင် ဒီဒဏ်ကြေးစနစ်ဟာ ကစားသမားရဲ့ ဝင်ငွေအပေါ် မူတည်ပြီး ရိုက်တာမျိုး မဟုတ်ဘဲ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအာဏာ သက်ရောက်မှုကို ပြသတဲ့ သင်္ကေတတစ်ခုသာ ဖြစ်ပါတယ်။
ဒီပမာဏဟာ ရော်နယ်ဒိုအတွက် မပြောပလောက်တဲ့ ငွေကြေးသာ ဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ ရော်နယ်ဒိုကို ငွေကြေးအရ ကျပ်တည်းသွားစေဖို့ ရည်ရွယ်တာ မဟုတ်ဘဲ မည်သူမဆို အသင်းရဲ့ ဥပဒေနဲ့ စည်းကမ်းအောက်မှာ တန်းတူရှိရမယ်ဆိုတဲ့ အချက်ကို တရားဝင် မှတ်တမ်းတင်ဖို့အတွက်သာ အခုလို ဥပဒေကြောင်းအရ တိကျလွန်းတဲ့ ကိန်းဂဏန်းနဲ့ အပြစ်ပေး အရေးယူခဲ့ခြင်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းရနိုင်တဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာပါပြီ။ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားလာနိုင်တဲ့ အဓိကရုဏ်းတွေကို စိုးရိမ်နေတဲ့ ပြင်သစ်ရဲတပ်ဖွဲ့သမဂ္ဂတစ်ခုက ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
သတင်းဖော်ပြချက်တွေအရ ပွဲနေ့မှာ ပါရီမြို့အတွင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပွဲကို အခြားရက်တစ်ရက်သို့ ပြောင်းရွှေ့ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။ ဒီပွဲဟာ ဥရောပဘောလုံးပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တာကြောင့် ပွဲမတိုင်ခင်မှာပဲ လုံခြုံရေးကိစ္စက အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ပြင်သစ်အစိုးရဘက်ကတော့ ပွဲရွှေ့ဆိုင်းဖို့ အစီအစဉ်ကို ပယ်ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ လက်ရှိအခြေအနေအရ ပွဲကို မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပဖို့ မျှော်လင့်ထားကြပေမဲ့ လုံခြုံရေးအခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ...

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ အဲရစ်ဂါစီယာသည် ရီးရဲလ်ဘက်တစ်အသင်းကို အဝေးကွင်းတွင်အနိုင်ရရှိခဲ့သည် ပွဲစဥ်၌ ရရှိခဲ့တဲ့ကြွက်သားဒဏ်ရာကြောင့် ၃ ပတ်မှ ၄ ပတ်အထိ အနားယူရမည်ဖြစ်ပြီး နက်ဖြန်မှာကစားမယ့် PSG အသင်းနှင့်ချန်ပီယံလိဂ်ပွဲအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် အယ်လ်ကလက်စီကိုပွဲစဥ်ကိုလည်း လွဲချော်သွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဘက်က အတည်ပြုပြောကြားသွားခဲ့ပါသည်။
ဒါ့အပြင်နောက်ထပ် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျူးလ် ကွန်ဒေး ကလည်း ဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်သွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲမှာလည်း ပါဝင်ကစားနိုင်မလားဆိုတာ မသေချာသေးကြောင်းသိရှိရပါသည်။

လီဗာပူးလ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ဂျာမနီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန် ဝက်ဇ်သည် ၎င်းရဲ့ဆရာဟောင်းဇာဘီအလွန်ဆို ကိုယ်တွယ်နေတဲ့ ချဲလ်ဆီးအသင်းအပါအဝင် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းတို့မှခေါ်ယူရန် စိတ်ဝင်စားမှုများရှိနေသည့်တိုင် လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ချက်မရှိကြောင်း သိရှိရပါသည်။