Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨 OFFICIAL :၂၀၂၆ ခုနှစ် ဘလွန်းဒီအော်ဆုပေးပွဲကို သီယာရီ အွန်နရီနဲ့ ကိတ် စကော့တို့က အစီအစဉ်တင်ဆက်သူတွေအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ အကြီးမားဆုံးဆုပေးပွဲကြီးမှာ ဘယ်သူတွေ ဆုရရှိသွားမလဲဆိုတာအပြင် အွန်နရီနဲ့ ကိတ်တို့ရဲ့ တင်ဆက်မှုကိုလည်း စောင့်ကြည့်ရတော့မယ်
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်သည် အသင်းရဲ့ နောက်တန်းတွင် ဒဏ်ရာပြသနာများစွာကြုံတွေ့နေရသည့်အတွက် PSGအသင်း နဲ့ကစားမည့်ချန်ပီယံလိဂ်ပွဲစဥ်၌ အရေးပေါ်ဖြေရှင်းချက်တစ်ခုအဖြစ် အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်ကြသည့် ရိုဒရီ ဒါမှမဟုတ် ဖရန်ကီဒီဂျောင်တို့ကို ဗဟိုနောက်ခံလူနေရာမှာ ထားကစားရန် စဉ်းစားနေကြောင်းသိရှိရပါသည်။
တော့တင်ဟမ်အသင်းသည် ဖရိုင်းဘတ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ဂျပန်ကွင်းလယ်ကစားသမား ယူအီတို ဆူဇူကီးကို ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။

အထူးသဖြင့် နည်းပြ ရောဘတ်တို ဒီဇာဘီက အသင်းလူစာရင်းကို ပိုမိုအားကောင်းလာစေဖို့ ကြိုးစားနေပြီး ဆူဇူကီဟာ စပါးအသင်းခေါ်ယူဖို့ကြိုးပမ်းနေတဲ့ ပစ်မှတ်တွေထဲက ကစားသမားတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
👍2❤1
အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့သည် ကလပ်ဘရုဂ်အသင်းရဲ့ တိုက်စစ်မှူး နီကိုလို ထရက်ဆိုဒီကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးကို ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်းက ထိပ်ဆုံးကရေပန်းစား နေတယ်လို့ သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

နီကိုလို ထရက်ဆိုဒီကို အာဆင်နယ်နှင့်တော့တင်ဟမ်ဟော့စပါးအသင်းတို့အပြင် စပိန်ချန်ပီယံ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပြီး ကလပ်ဘရုဂ်အသင်းကတော့ ၎င်းတို့ရဲ့တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဝန်းကျင်ခန့်သတ်မှတ်ထားကြောင်း သိရှိရပါသည်။
❤2
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ကွင်းလယ်ကစားသမား ဂျုဒ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်အသင်း နဲ့စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီထားပေမဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကစားသမားဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ပြန်လာကစားဖို့ ရေရှည်ရည်မှန်းချက် ရှိနေဆဲဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘယ်လင်ဟမ်ဟာ စာချုပ်သစ်တွင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေပြီးနောက် လစာအများဆုံးရရှိတဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာဖို့ ရှိနေပေမယ့် အနာဂတ်တွင် အင်္ဂလန်ဘောလုံးလောကဆီ ပြန်လာဖို့က ဘယ်လင်ဟမ်ရဲ့အဓိကရည်မှန်းချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
👏3
တော့တင်ဟမ်ဟော့စပါးအသင်းသည် အားနည်းနေသည့် တိုက်စစ်နေရာအတွက် ဖရန့်ဖတ်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူး ယူးနက်စ် အက်ဘ်နူးတာလစ်ဘ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားကိုစောင့်ကြည့်လေ့လာမှုများပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
အဂ်လန်ချန်ပီယံနဲ့ဂျာမနီချန်ပီယံတို့တွေ့ဆုံတဲ့ပွဲ

🔴🔴Bayern Munich vs 🔴⚪️Arsenal (preview)

🏟ဒီတပတ်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲကောင်းနောက်တပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့အာဆင်နယ်တို့ပွဲမှာ အာဆင်နယ်တို့ကဒီရာသီ on fire ဖြစ်နေတဲ့ဘိုင်ယန်အသင်းကိုအဝေးကွင်းသွားကစားရမှာဖြစ်ပါတယ်🔥🔥

🔴ဘိုင်ယန်မြူးနစ်အသင်းကဒီရာသီမှာမနှစ်ကထက်ပိုကောင်းတဲ့ခြေစွမ်းကိုပြသထားပြီး တောင်ပံက အိုလီဆေးလ် နဲ့ လူးဝစ်ဒီယော့ဇ် တို့ကအကောင်းဆုံးပုံစံရနေပြီး ဒီယော့ဇ်က ပြီးခဲ့တဲ့ဘွန်ဒစ်လီဂါပွဲဖြစ်တဲ့လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း hat trick ရထားပြီးခြေစွမ်းပြထားနိုင်ပါတယ်။ တိုက်စစ်မှူးဟာရီကိန်းကလည်း အာဆင်နယ်နဲ့တွေ့တိုင်းဂိုးမြူးတတ်တာကြောင့် အာဆင်နယ်တို့အတွက်သတိထားစရာဖြစ်ပါတယ်🚨

🔴အာဆင်နယ်အသင်းကတော့ဒီရာသီနိုင်ပွဲတွေရနေပေမယ့် မနှစ်ကလောက်ပုံစံကောင်းမရသေးဘဲ တိုက်စစ်ပိုင်းအနည်းအငယ်အားနည်းနေပါတယ်။ သူတို့ရဲ့အားထားရတဲ့ ကစားသမားသစ် ဇိုလစ်ဒဏ်ရာရသွားပြီးတည်းက တောင်ပံတိုက်စစ်အားနည်းနေပြီး ပြီးခဲ့တဲ့ ဖောရက်စ်နဲ့ပွဲစဉ်မှာလည်း တိုက်စစ်ပိုင်းရုန်းကန်ရတာကိုမြင်ခဲ့ရပါတယ်။ မတူတာတချက်က ချန်ပီယံလိဂ်မှာတော့ အာဆင်နယ်အသင်းဟာနှစ်ပွဲလုံးနိုင်ပြီး နှစ်ပွဲလုံး clean sheet ရထားတာကြောင့်ခံစစ်ပိုင်းစွမ်းဆောင်ရည်ကအားရစရာကောင်းပါတယ်🛡

⚔️ထိပ်တိုက်တွေ့ဆုံမှု‌တွေမှာတော့ ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကိုအမြဲအသာစီးရတတ်ပေမယ့် မနှစ်ကတွေ့ဆုံမှုမှာတော့ အာဆင်နယ်တို့ကအနိုင်ရထားပါတယ်။

ဘာပဲပြောပြော ဘောလုံးချစ်ပရိသတ်တွေအတွက်နောက်ထပ် ဥရောပညချမ်းတွေရဲ့အကောင်းဆုံးပွဲစဉ်တပွဲဖြစ်တာကြောင့် နှစ်ဘက်အသင်းပရိသတ်တွေသာမက ကြားပရိသတ်တွေအနေနဲ့ပါကြည့်ကောင်းမယ့်ပွဲစဉ်တပွဲဖြစ်ပါတယ်

ဒါကြောင့် ကြာသ‌ပတေးနေ့ကစားမယ့်ဒီပွဲမှာ ဘိုင်ယန်နိုင်မလား? အာဆင်နယ်ကပဲအသာရသွားမလား? ကြည့်ရှုရမှာဖြစ်ပါတယ်
🔥 ဆာအဲလက်စ် ဖာဂူဆန် ရဲ့ Halftime Talk

ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပထမပိုင်းပြီး ချိန် အသင်းသားတွေကို ပြောခဲ့တဲ့ စကားတွေက မန်ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီးရဲ့ စံနှုန်းနဲ့ အနိုင်ရလိုစိတ် ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာကို ပြသနေပါတယ် ။

🗣 ဆာအဲလက်စ် ဖာဂူဆန် –

“ကစားပုံရဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားကြ။ ဒါပေမဲ့ နောက်တစ်ချက်က မင်းတို့ရဲ့ ပေးပို့မှုတချို့က တော်တော်လေး အဆင်မပြေဘူး။ ဘောလုံးပေးပို့တာကို ပိုချောမွေ့အောင် လုပ်ကြ။ ဘောလုံးထိန်းသိမ်းမှု ကောင်းကောင်းလုပ်ကြ။

ဘောလုံးရတာနဲ့ တစ်ချက်ထိပြီး ချက်ချင်းပြန်ပေးဖို့ အမြဲမလိုဘူး။ ပွဲအစ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာ အဲဒီလို တစ်ချက်ထိပေးဖို့ ကြိုးစားခဲ့တယ်မဟုတ်လား။ ဘောလုံးပျက်သွားတယ်လေ။ ဘောလုံးကို တစ်ချက်လောက် ထိန်းပြီးမှ ကစားကြ။

အခု ကိုယ့်ကိုယ်ကိုယ် ပြန်စုစည်းကြ။ အရှိန်လျှော့ဖို့ မစဉ်းစားနဲ့။

နားထောင်ကြ… ဒီပွဲမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်ကြနဲ့။ အဲဒီလိုဖြစ်ဖို့တောင် မကြိုးစားနဲ့။”

အနိုင်ရဖို့ဆိုတာ အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ စည်းကမ်း၊ အာရုံစူးစိုက်မှုနဲ့ ကိုယ့်အသင်းအတွက် အကောင်းဆုံးပေးဆပ်လိုစိတ် လိုအပ်တယ်ဆိုတာကို ဖာဂူဆန်က သူ့ကစားသမားတွေကို အမြဲတမ်း သတိပေးခဲ့တာပါ။

ဒါကြောင့်ပဲ မန်ယူနိုက်တက် အသင်းဟာ သူ့လက်ထက်မှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တာလို့ ပရိသတ်တွေက ယုံကြည်ကြပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ ၁ စက္ကန့်ကို ယူရို ၆.၆၁ ရရှိပါတယ်။

ဒါကြောင့် ပေါ်တူဂီအသင်းကချမှတ်ခဲ့တဲ့ ဒ၊ဏ်ကြေးပမာဏဟာ ရော်နယ်ဒိုအတွက် ၃၉ စက္ကန့်စာသာရှိပါတယ် 🤯🇵🇹
😁5❤1
🚨အဲရစ်တန်ဟက်ဂ်ရဲ့ ယူနိုက်တက် နည်းပြဘဝနောက်ကွယ်က အတွင်းရေးတွေ ပြောကြားလာ

ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဘုတ်အဖွဲ့အပေါ် စိတ်ပျက်ခဲ့ရတဲ့အကြောင်း၊ ကစားသမားတွေကို စည်းကမ်းပိုင်းအရ အရေးယူရာမှာ အထောက်အပံ့မရခဲ့တဲ့အကြောင်းနဲ့ သူတကယ်ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတွေအကြောင်းကို တန်ဟက်ဂ်က The Athletic နဲ့ အင်တာဗျူးမှာ ဖွင့်ဟလာခဲ့ပါတယ်။

▪️ဘုတ်အဖွဲ့နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တဲ့ တန်ဟက်ဂ်

တန်ဟက်ဂ်က ဆာဂျင်ရက်ကလစ်ဖ်နဲ့ ပထမဆုံးတွေ့ဆုံချိန်မှာပဲ မန်ယူနိုက်တက်အသင်းရဲ့ ဖွဲ့စည်းပုံနဲ့ နည်းပြရဲ့အခန်းကဏ္ဍအကြောင်း ဆွေးနွေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆက်သွယ်မှုမရှိသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အသင်းတစ်သင်း အောင်မြင်ဖို့ဆိုတာ နည်းပြတစ်ယောက်တည်းနဲ့ မဖြစ်နိုင်ဘဲ အသင်းရဲ့ကစားဟန်၊ နည်းစနစ်နဲ့ ကစားသမားအမျိုးအစားတွေအပေါ် အားလုံးတစ်သဘောတည်းရှိဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

▪️ကစားသမားတွေရဲ့ စည်းကမ်းပိုင်းကိုလည်း အပြည့်အဝ ထိန်းချုပ်ခွင့်မရခဲ့

တန်ဟက်ဂ်က စည်းကမ်းဖောက်ဖျက်တဲ့ ကစားသမားတွေကို အရေးယူတဲ့အခါ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုမရခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

မာကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီးတော့လည်း သူ့ရဲ့စိတ်နေသဘောထား မှန်ကန်နေမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ လိုအပ်တဲ့အချိန်မှာ စည်းကမ်းပိုင်းအရ ပြုပြင်ထိန်းကျောင်းမှုတွေ လုပ်ရမယ်လို့ ပြောပါတယ်။

▪️မက်တိုမီနေးကို မရောင်းဖို့ ပြောခဲ့ပေမဲ့ အသင်းက ရောင်းချခဲ့

တန်ဟက်ဂ်က စကော့ မက်တိုမီနေးဟာ ယူနိုက်တက်အသင်းကို နှလုံးသားထဲကနေ ချစ်မြတ်နိုးသူဖြစ်လို့ အသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ အသင်းက ရောင်းချခဲ့တဲ့အတွက် အလွန်စိတ်ပျက်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

▪️တကယ်ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတွေက ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်

တန်ဟက်ဂ်က ယူနိုက်တက်အသင်းကို ဟယ်ရီကိန်း ခေါ်ယူပေးဖို့ အပြင်းအထန် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကလန်ရိုက်စ်ကိုလည်း ခေါ်ယူချင်ခဲ့ပေမဲ့ ဝက်စ်ဟမ်းအသင်းက ရောင်းချလိုစိတ်မရှိခဲ့တာက အဓိကအခက်အခဲ ဖြစ်ခဲ့ပါတယ်။

ဖရန်ကီ ဒီယောင်ကိုလည်း ယူနိုက်တက်ကို ပြောင်းလာဖို့ ကိုယ်တိုင်တွေ့ဆုံစည်းရုံးခဲ့ပေမဲ့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

▪️ရော်နယ်ဒိုနဲ့ကြားက ပြသနာတချို့

တန်ဟက်ဂ်က ရော်နယ်ဒိုဟာ အသင်းအတွက် အစီအစဉ်တွေ ချမှတ်ထားတဲ့အချိန်မှာ အသင်းကို စိတ်ပျက်စေခဲ့သလို သူ့ကိုယ်တိုင်ကိုလည်း စိတ်ပျက်စေခဲ့တယ်လို့ ဆိုပါတယ်။

လေ့ကျင့်ရေးမှာ ဘောလုံးပိုင်ဆိုင်ချိန်နဲ့ ဘောလုံးမပိုင်ဆိုင်ချိန် နှစ်မျိုးစလုံးမှာ လိုအပ်တဲ့အလုပ်တွေ မလုပ်ခဲ့ဘူးလို့ ဝေဖန်ခဲ့ပြီး ရော်နယ်ဒိုက တခြားကစားသမားတွေကို လေ့ကျင့်ရေးမှာ အားမစိုက်ဖို့ ပြောခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့အမြင်အရ ထိပ်တန်းကစားသမားတစ်ယောက်ကို အသင်းက လက်ခံပံ့ပိုးပေးရသလို အဲဒီကစားသမားကိုယ်တိုင်လည်း အသင်းအတွက် အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

▪️လူငယ်ကစားသမားတွေချည်းနဲ့ အောင်မြင်ဖို့ မလုံလောက်

နောက်ဆုံးမှာ တန်ဟက်ဂ်က မန်ယူနိုက်တက်အသင်း ခေါ်ယူခဲ့တဲ့ လူငယ်ကစားသမားတွေဟာ အလားအလာကောင်းသူတွေဖြစ်ပေမဲ့ အဆင်သင့်ဖြစ်နေတဲ့ ထိပ်တန်းကစားသမားတွေ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

ဟယ်ရီကိန်း၊ ဒီကလန်ရိုက်စ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့လို အတွေ့အကြုံရှိတဲ့ ကစားသမားတွေရဲ့ လမ်းညွှန်မှုမျိုး နဲ့ ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ သူက ယူဆခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ပြောစကားတွေကို ကြည့်ရင် မန်ယူအသင်းမှာ သူ့ရဲ့ကျရှုံးမှုဟာ နည်းပြတစ်ယောက်တည်းရဲ့ အမှားလား၊ ဒါမှမဟုတ် ဘုတ်အဖွဲ့၊ အပြောင်းအရွှေ့နဲ့ ကစားသမားစည်းကမ်းပိုင်းတွေပါ ပါဝင်ခဲ့သလားဆိုတာ ပြန်လည်ဆွေးနွေးစရာ ဖြစ်လာပါတယ်။
❤1
🚨 အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ် အဲဗာတန်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိလို့ ခွဲစိတ်ကုသမှုခံယူခဲ့ရချိန်မှာ လီယွန်နယ် မက်ဆီဟာ ဆေးရုံကို လျှို့ဝှက်သွားရောက် တွေ့ဆုံအားပေးခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်

​အာဂျင်တီးနား စူပါစတား မက်ဆီဟာ မာတီနက်ဇ်ကို ကူညီဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အထူးကု ဆေးဘက်ဆိုင်ရာအဖွဲ့ကိုပါ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ် 🇦🇷

ဒါဟာ စစ်မှန်တဲ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းကြီးရဲ့ လေးစားစရာ အပြုအမူပါပဲ❤️
❤8
■ ချန်ပီယံလိဂ် ပွဲစဉ်-၃ ပွဲပြီးရလဒ်

ဖီနာဘာချီ ၂-၂ ဆလားဗီးယားပရပ်ဂ်

ဆာဘာ ၁-၂ ဒေါ့မွန်

ရိုးမား ၄-၀ ဆလိုဗန်

ပေါ်တို ဝ-၁ PSV

လီဗာပူးလ် ၄-၃ ဗီလာရီးယဲလ်

မန်စီးတီး ၅-၁ AEKအေသင်

PSG ၄-၂ ဘာစီလိုနာ

နာပိုလီ ၄-၃ ဘိုဒယ်ဂလင့်

စတုဂတ် ၁-၁ အက်သလက်တီကို
❤2