Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲများမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြသူများ

🏅𝐏𝐒𝐆 𝟒 - 𝟐 Barcelona - 𝐃𝐞𝐬𝐢𝐫𝐞 𝐃𝐨𝐮𝐞

🏅𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 𝟒 - 𝟑 Villareal - 𝐑𝐢𝐨 𝐍𝐠𝐮𝐦𝐨𝐡𝐚

🏅𝐌𝐚𝐧 𝐂𝐢𝐭𝐲 𝟓 - 𝟏 AEK Athens - 𝐏𝐡𝐢𝐥 𝐅𝐨𝐝𝐞𝐧

🏅𝐒𝐭𝐮𝐭𝐭𝐠𝐚𝐫𝐭 𝟏 - 𝟏 Atletico Madrid - 𝐂𝐡𝐫𝐢𝐬 𝐅𝐮𝐡𝐫𝐢𝐜𝐡

🏅𝐅𝐞𝐧𝐞𝐫𝐛𝐚𝐡𝐜𝐞 𝟐 - 𝟐 Slavia Praha - 𝐌𝐚𝐭𝐭𝐞𝐨 𝐆𝐮𝐞𝐧𝐝𝐨𝐮𝐳𝐢

🏅Sabah 𝟏 - 𝟐 𝐃𝐨𝐫𝐭𝐦𝐮𝐧𝐝 - 𝐒𝐞𝐫𝐡𝐨𝐮 𝐆𝐮𝐢𝐫𝐚𝐬𝐬𝐲

🏅𝐑𝐨𝐦𝐚 𝟒 - 𝟎 Slovan Bratislava - 𝐍𝐢𝐜𝐜𝐨 𝐏𝐢𝐬𝐢𝐥𝐥𝐢

🏅Porto 𝟎 - 𝟏 𝐏𝐒𝐕 - 𝐋𝐮𝐭𝐬𝐡𝐚𝐫𝐞𝐥 𝐆𝐞𝐞𝐫𝐭𝐫𝐮𝐢𝐝𝐚
တကယ်ကို ကြက်သီးထလောက်တဲ့ မြင်ကွင်း။ 🥶

ဒူရေးဟာ ဘာစီလိုနာနဲ့ပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး MOTM ဆုကိုပါ သိမ်းပိုက်ခဲ့တယ်။

ဂိုးသွင်းယူအပြီး ဘာစီလိုနာပရိသတ်တွေရှေ့မှာ ရော်နယ်ဒိုရဲ့ I'm here ပုံစံနဲ့အောင်ပွဲခံသွားတာကြီးက တကယ် ကြက်သီးထလောက်တယ်။ ဘာစီဖန်တွေအတွက်တော့ မိအေး နှစ်ခါနာခဲ့ရတဲ့ ပွဲပါပဲ 🐐🇵🇹
❤5👏1
ဘာစီလိုနာအတွက် ပွဲ (၁၀၀) မြောက်ခဲ့တဲ့ 𝐃𝐚𝐧𝐢 𝐎𝐥𝐦𝐨
👍2
🚨 ဥရောပစူပါလိဂ် ကုန်ကျစရိတ် ခွဲဝေပေးရမယ့် အင်္ဂလန်ကလပ် ၆ သင်း

ရီးရဲလ်မက်ဒရစ်က ဥရောပစူပါလိဂ် ပျက်သွားပေမဲ့ အင်္ဂလန်ကလပ် ၆ သင်းကို ကုန်ကျစရိတ် ခွဲဝေပေးစေချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁ ခုနှစ်မှာ စတင်ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ ပျက်သွားခဲ့တဲ့ ဥရောပစူပါလိဂ် (ESL) စီမံကိန်းအတွက် ကနဦးကုန်ကျစရိတ်တွေကို အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ၆ သင်းကပါ ခွဲဝေပေးသင့်တယ်လို့ ယူဆနေပါတယ်။

အဲဒီ ၆ သင်းကတော့ -အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက် နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဖြစ်ပါတယ်။

ဒီအသင်းတွေဟာ စူပါလိဂ်တည်ထောင်ဖို့ သဘောတူခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုတွေကြောင့် စီမံကိန်းကနေ ပြန်လည်နုတ်ထွက်ခဲ့ကြတာပါ။

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ စီမံကိန်းကနေ နုတ်ထွက်သွားခဲ့တာနဲ့ ကနဦးကုန်ကျစရိတ်တွေအတွက် တာဝန်ကင်းလွတ်သွားတာမျိုး မဖြစ်သင့်ဘူးလို့ ယူဆနေပါတယ်။

သို့သော် အဲဒီကလပ် ၆ သင်းဟာ ကုန်ကျစရိတ်တွေကို တကယ်ပေးဆောင်ဖို့ တာဝန်ရှိ၊ မရှိဆိုတာကိုတော့ အတည်ပြုဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး။
🔥2
၁၁ ပွဲဆက် ရှုံးပွဲမရှိပါဘူးဆိုတဲ့ ဘာစီလိုနာလည်း PSG နဲ့တွေ့တော့ ဂိုးပြ၊တ်ကိုရှုံးတာပဲ။

ဒါတောင် နူနို မန်ဒက်စ် မပါခဲ့လို့၊ ပါများ ပါခဲ့ရင် ခါတိုင်းပွဲတွေလို ယာမယ်လ် လှုပ်ရမယ်ထင်ဘူး။ ရီးရဲလ်မက်ဒရစ်ရဲ့ UCL ၃ ကြိမ်ဆက်ချန်ပီယံမှတ်တမ်းကို အမှီလိုက်ဖို့အတွက် PSG အတွက် လက်တစ်ကမ်းလေးပဲလိုတယ်။

PSG ရဲ့ ဒီအစုအဖွဲ့၊ ဒီ Era ကို ရပ်တန့်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူတော့ဘူး။ 🔥🇫🇷
❤4
🚨||🎙 မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး ဖာဘရီဂတ်စ် ပြောကြားချက်

🗣 Cesc Fàbregas –

“မန်ချက်စတာယူနိုက်တက်ဟာ အသင်းကောင်းတစ်သင်းပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော်တို့အသင်းဟာ စီးရီးဘီ (Serie B) မှာ ကစားနေခဲ့တဲ့အချိန်ဆိုရင် မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးက ကျွန်တော်တို့ရဲ့ ဆီနီဂါဂလီယာ (Sinigaglia) ကွင်းကို လာကစားမယ်ဆိုတာ စိတ်ကူးထဲတောင် ထည့်လို့မရနိုင်တဲ့ အရာတစ်ခုပါပဲ။ဒါပေမဲ့ ဒီဗုဒ္ဓဟူးနေ့မှာတော့ အဲဒီအရာက တကယ်ဖြစ်လာတော့မှာပါ။

ကျွန်တော်တို့အတွက်တော့ ဒါဟာ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာတာပါပဲ။ ပွဲမှာ ရရှိလာမယ့် အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချသွားမှာပါ။”

စီးရီးဘီကနေ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးနဲ့ ရင်ဆိုင်ရမယ့်အထိ ရောက်လာခြင်းဟာ ဖာဘရီဂတ်စ်နဲ့ သူ့အသင်းအတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခြင်းပါပဲ။ လို့ ဆိုလိုက်တာပါ ⚽️✨
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဟိုဆေး မော်ရင်ညိုက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး အခုထက် အများကြီးကြိုးစားဖို့ လိုနေသေးပါတယ်လို့ ပြောကြားသွားခဲ့ပါသည်။

ဟိုဆေးက “ကျွန်တော် ဒီကိုရောက်လာတာ ၃ လ၊ ၄ လပဲ ရှိသေးတယ်။ ကျွန် တော်လိုချင်တဲ့အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ရှေ့ဆက်လျှောက်ရမယ့် ခရီးက အများကြီးကျန်ပါသေးတယ်။ ဒါ့အပြင် ဟိုဆေးက "ကျွန်တော့်အသင်းမှာ ဘယ်ကစားသမားကိုမှ အထိမခံနိုင်တဲ့သူအဖြစ် သတ်မှတ်ထားတာ မရှိပါဘူး။ ‘ ဘယ်သူမှ မထိရဘူး ’ ဆိုတဲ့ အယူအဆကိုလည်း ကျွန်တော် မကြိုက်ပါဘူး။ နာမည်ကြီးကစားသမားဖြစ်နေတာနဲ့ အသင်းမှာ ပုံမှန်နေရာရမှာမဟုတ်ဘဲ ကွင်းထဲက ခြေစွမ်းနဲ့ပဲ ကိုယ့်နေရာကို ထိုက်တန်ကြောင်း သက်သေပြရမှာပါ “ ဟု ဟိုဆေးမော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပတ်သက်ပြီး ပြောကြားသွးခဲ့ပါသည်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရိုးမားအသင်းရဲ့ ညာနောက်ခံလူ ဝက်စလေကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူရန်အတွက် အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိရပါသည်။

အသက် ၂၃ နှစ် အရွယ် ဘရာဇီးကစားသမားကို ယူနိုက်တက်အသင်းအပြင် အာဆင်နယ် နဲ့ နယူးကာဆယ်အသင်းတို့ကလည်း ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး ရိုးမားအသင်းကတော့ ၎င်းတို့ရဲ့နောက်ခံလူ ဝက်စလေအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် သတ်မှတ်ထားတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကတော့ လွယ်လွယ်ကူကူဖြစ်လာနိုင်ဖွယ်မရှိကြောင်း သိရှိရပါသည်။
အက်သလက်တစ် ဘီလ်ဘာအိုအသင်းရဲ့ အသက် ၂၄နှစ်အရွယ် စပိန်တောင်ပံကစားသမား နီကို ဝီလျံစ်ဟာ ဘီလ်ဘာအိုအသင်းနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသည့်တိုင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးတွေကို ရှာဖွေဖို့ ၎င်းရဲ့ အေးဂျင့်ဖြစ်သူထံ ညွှန်ကြားထားတယ်လို့ သိရှိရပါသည်။

အကယ်၍ နီကို ဝီလျံစ်သာ အသင်းပြောင်းရွှေ့ခဲ့မည်ဆိုပါက ၎င်းကိုခေါ်ယူရန် ကာလရှည်ပစ်မှတ်ထားဖူးသည့် အာဆင်နယ် ဒါမှမဟုတ် ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကစားဖို့ဖြစ်နိုင်ချေရှိနေကြောင်း သိရှိရပါသည်။
🚨 မန်ယူနိုက်တက် နဲ့ ကိုမို ရဲ့ချန်ပီယံလိဂ်ပွဲ ရွှေ့ဆိုင်းရနိုင်

မိုးသည်းထန်မှုကြောင့် မန်ယူနိုက်တက်ရဲ့ ကိုမိုနဲ့ ချန်ပီယံလိဂ်ပွဲ ရွှေ့ဆိုင်းရနိုင်တဲ့ အခြေအနေရှိနေပါတယ်။

အီတလီနိုင်ငံ မြောက်ပိုင်း လွမ်ဘာဒီဒေသမှာ လိမ္မော်ရောင် မိုးလေဝသသတိပေးချက် ထုတ်ပြန်ထားပြီး ပွဲမစခင် မိုးရေချိန် ၆၀ မီလီမီတာကျော် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်မှုကြောင့် ကိုမိုအသင်းရဲ့ အိမ်ကွင်း မြက်ခင်းပြင် ရေဝပ်လာနိုင်တာကြောင့် ပွဲကျင်းပနိုင်မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ရှင် ကိုမိုအသင်းဘက်ကတော့ ပွဲကို သတ်မှတ်ချိန်အတိုင်း ကျင်းပနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ပွဲရွှေ့ဆိုင်းမယ်လို့ တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။
😂 PSG နည်းပြ လူးဝစ်အင်းနရစ်က ဘာစီလိုနာကစားသမား ရာဖင်ညာကို ဘေးကနေ နည်းဗျူဟာပိုင်းဆိုင်ရာ လမ်းညွှန်ချက်တွေ ပေးနေခဲ့တာပါ။ ပြိုင်ဘက်အသင်းရဲ့ နည်းပြတစ်ယောက်က ကိုယ့်ကို ဘယ်လိုကစားရမလဲဆိုပြီး လာသင်ပေးနေတဲ့အခိုက်အတန့်က ရာဖင်ညာအတွက်တော့ ရယ်စရာဖြစ်သွားခဲ့ပါတယ်။ 😭

ရာဖင်ညာကလည်း အင်းနရစ်ရဲ့ လမ်းညွှန်ချက်တွေကို ကြားပြီး ဘာမှပြန်မပြောနိုင်ဘဲ ရယ်မောနေခဲ့သလို၊ အင်းနရစ်ကိုယ်တိုင်လည်း အဆုံးမှာ မရယ်ဘဲ မနေနိုင်ခဲ့ပါဘူး။ 😂

ပြိုင်ဘက်အသင်းနှစ်သင်းကြားက ပွဲအတွင်း တင်းမာမှုတွေကြားမှာ အခုလို ပေါ့ပေါ့ပါးပါး အခိုက်အတန့်လေးက ပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။ နည်းပြနဲ့ ကစားသမားဟောင်းတို့ကြားက ရင်းနှီးမှုကိုပါ မြင်လိုက်ရတဲ့ မြင်ကွင်းလေးပါပဲ။ ❤️🤣
❤7
🔰ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ အလွန်ဆို အပြင် ကစားသမားအချို့နဲ့ပါ ဆွေးနွေးခဲ့တဲ့ အဲလက်စ် စကော့
---------------------
🔰🔰ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်သူ အဲလက်စ် စကော့ဟာ ယခုလာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီးအသင်းဆီသို့ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေပြီး လက်ရှိမှာလည်း ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ ဇာဘီအလွန်ဆို အပြင် ချဲလ်ဆီးကစားသမားအချို့နဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။

အဆိုပါ ကွင်းလယ်ကစားသမားဟာ ဇန်နဝါရီမှာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေသလို ချဲလ်ဆီးအသင်းကလည်း အဲလက်စ် စကော့ကို ဇန်နဝါရီမှာ အရခေါ်ယူသွားဖို့ ဆုံးဖြတ်ထားပြီးပြီလို့ သိရပါတယ်။
❤1
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဘရိုက်တန်အသင်းကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုနွေရာသီမှခန့်အပ်ထားသည့် နည်းပြ ပီယာဆေ့ချ်ကိုထုတ်ပယ်ရန် စဥ်းစားနေပြီး ၎င်းရဲ့နေရာကို အစားထိုးဖို့အတွက် ရော့ဘ် အက်ဒ်ဝပ်စ် အပါအဝင် စကော့ပါကား ၊ကီရန် မက်ကန်နာ နှင့် ဗစ်တာ မာတိုစ်တို့ကို ခန့်အပ်ရန် စဉ်းစားနေကြောင်း သိရှိရပါတယ်။

လက်ရှိအချိန်မှာ အသင်းတာဝန်ရှိသူတွေဟာ နည်းပြ ပီယာဆေ့ချ်ကို လူသိရှင်ကြား ဆက်လက်ထောက်ခံထားပေမဲ့ နောက်ကွယ်မှာတော့ ၎င်းရဲ့နေရာ အစားထိုးမည့်နည်းပြတွေနဲ့ ဆွေးနွေးနေကြောင်း သိရှိရပါသည်။
🚨ချဲလ်ဆီးတိုက်စစ်မှူး João Pedro ဟာ ဘောလုံးကွင်းပြင်ပမှာလည်း ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး သူ့ရဲ့ ထူးခြားတဲ့ ဂိုးသွင်းအောင်ပွဲခံပုံနဲ့ ‘JP9’ ဆိုတဲ့ နာမည်ကို ကုန်အမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ထားကြောင်း LinkedIn မှာ အသိပေးခဲ့ပါတယ်။

ဘရာဇီးသား João Pedro ဟာ Beats နဲ့ ပူးပေါင်းပြီး JP9 အတွက် စိတ်ကြိုက်လိုဂိုတစ်ခု ဖန်တီးခဲ့ကာ အဲဒီလိုဂိုကိုလည်း သူ့အတွက် သီးသန့်ပြုလုပ်ထားတဲ့ နားကြပ်တွေမှာ ထည့်သွင်းထားပါတယ်။ သူဟာ အနာဂတ်မှာ ဒီအမှတ်တံဆိပ်ကို ထုတ်ကုန်တွေနဲ့ ပရောဂျက်အသစ်တွေအထိ တိုးချဲ့သွားဖို့ မျှော်လင့်ထားပြီး သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသား၊ ဘရာဇီးလ်အမွေအနှစ်နဲ့ ဘောလုံးကွင်းပြင်ပက စိတ်ဝင်စားမှုတွေကိုပါ ထင်ဟပ်စေဖို့ ရည်ရွယ်ထားပါတယ်။

(Standard Sport)
❤4😁1
🏆 တစ်ခေတ်တစ်ယောက်မဟုတ်၊ ခေတ်တိုင်းရဲ့ အကောင်းဆုံးကို ရွေးရမယ့်အချိန်!

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက အကောင်းဆုံးတစ်ယောက်ကို ရွေးချယ်ရမယ့် All-Time Ballon d’Or ဆန်ခါတင်စာရင်း ထွက်ပေါ်လာပါပြီ။

ဒီစာရင်းမှာတော့ ဘောလုံးလောကရဲ့ သမိုင်းကို ရေးထိုးခဲ့ကြတဲ့ ဂန္ထဝင်ကစားသမားတွေနဲ့ ခေတ်သစ်ဘောလုံးရဲ့ အိုင်ကွန်တွေ ပါဝင်လာပါတယ်။

အယ်လ်ဖရက်ဒို ဒီစတီဖာနို
လီယွန်နယ် မက်ဆီ
ခရစ္စတီယာနို ရော်နယ်ဒို
မာကို ဗန် ဘက်စတန်
ယိုဟန် ခရိုက်ဖ်
ကားလ်-ဟိုင်းဇ် ရူမင်နစ်ဂေး
မီရှဲလ် ပလာတီနီ
ရော်နယ်ဒို နာဇာရီယို
ကီဗင် ကီးဂန်
ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ

တစ်ယောက်က ဘောလုံးသမိုင်းကို ပြောင်းလဲခဲ့တယ်။ တစ်ယောက်က ဂိုးသွင်းစက်တစ်လုံးလို ဖြစ်ခဲ့တယ်။ တစ်ယောက်ကတော့ ဘောလုံးကစားပုံကိုတောင် ပြောင်းလဲပစ်နိုင်ခဲ့တယ်။

ဒါပေမဲ့ အားလုံးထဲက အကောင်းဆုံးတစ်ယောက်တည်းကို ရွေးရမယ်ဆိုရင် ဘယ်သူဖြစ်မလဲ။

မက်ဆီရဲ့ ပါရမီလား၊ ရော်နယ်ဒိုရဲ့ မရပ်မနားကြိုးစားမှုလား၊ ဒါမှမဟုတ် ခရိုက်ဖ်နဲ့ ဒီစတီဖာနိုတို့လို ဂန္ထဝင်တွေလား။

ဒီတစ်ခါတော့ ဆုတံဆိပ်အရေအတွက်ထက် ဘောလုံးလောကအပေါ် ဘယ်သူက အကြီးမားဆုံး သက်ရောက်မှုရှိခဲ့သလဲဆိုတာက ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။
👍1
🔵 ဂျာအို ဖီးလစ်သာ ချယ်လ်ဆီးမှာ ဆက်ရှိခဲ့ရင်

ဂျာအို ဖီးလစ်သာ ချယ်လ်ဆီးမှာ ဆက်ရှိနေခဲ့ရင်… အခု အလွန်ဆိုလက်အောက်မှာ ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲဆိုတာ တွေးမိတယ်။

ဖီးလစ်ဟာ တိုက်စစ်ပိုင်းမှာ နေရာစုံကစားနိုင်တဲ့ Versatile Attacking Player တစ်ယောက်ပါ။ ဘောလုံးကိုင်တွယ်မှု၊ အခွင့်အရေးဖန်တီးနိုင်စွမ်းနဲ့ တိုက်စစ်ပိုင်းမှာ နေရာလွတ်ရှာဖွေပြီး လှုပ်ရှားနိုင်မှုတွေက သူ့ရဲ့အားသာချက်တွေ ဖြစ်ပါတယ်။

အထူးသဖြင့် အလွန်ဆိုရဲ့ နည်းစနစ်ပိုင်းမှာ Fluid Formation ကစားမှု၊ တိုက်စစ်ပိုင်းကစားပုံနဲ့ နည်းဗျူဟာအရ လိုက်လျောညီထွေကစားနိုင်မှုတွေက အရေးပါလာနိုင်တာကြောင့် ဖီးလစ်ရဲ့ ကစားပုံ နဲ့လည်း အတော်လေး ကိုက်ညီနိုင်ပါတယ်။

ဖီးလစ်ကိုယ်တိုင်ကလည်း ချယ်လ်ဆီးမှာ ပျော်ရွှင်ခဲ့တယ်လို့ ဝန်ခံထားပေမဲ့ ကိုယ့်အတွက် မှန်ကန်တယ်လို့ ခံစားရတဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့တာပါ။

တစ်ခါတလေ ဘောလုံးလောကမှာ ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းတင်မကဘဲ သူနဲ့ကိုက်ညီတဲ့ နည်းပြ၊ နည်းစနစ်နဲ့ အချိန်အခါကလည်း အရေးကြီးပါတယ်။

ဂျာအို ဖီးလစ်သာ အခုအချိန်အထိ ချယ်လ်ဆီးမှာ ရှိနေခဲ့မယ်ဆိုရင် အလွန်ဆိုလက်အောက်မှာ သူ့ရဲ့ အရည်အချင်းတွေကို ပိုပြီး ထုတ်ဖော်ပြသနိုင်မလား။

ဒါကတော့ ပြန်ပြင်လို့မရတော့တဲ့ ဘောလုံးလောကရဲ့ “What if” အတွေးတစ်ခုပါပဲ။
❤2
ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ အက်စတွန်ဗီလာအသင်းကို ဒီနွေရာသီမှ ဖရိုင်းဘက်အသင်းမှ ပေါင်သန်း ၆၀နီးပါးနဲ့ ပြောင်းရွှေ့လာသည့် အသက် ၂၁နှစ်အရွယ် ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဂျိုဟန် မန်ဇမ်ဘီကို ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြပြီး ကစားသမားရဲ့ခြေစွမ်းကို အနီးကပ်လေ့လာစောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။
■ ချန်ပီယံလိဂ်ရလဒ်

အက်စတွန်ဗီလာ ၃-၁ ဗိုက်ကင်း
ဘိုင်ယန်မြူးနစ် ၂-၂ အာဆင်နယ်
ကလပ်ဘရုဂေး ၃-၀ လန်းစ်
အင်တာမီလန် ၁-၀ ရှက်တာဒိုးနက်
ဘက်တစ် ၁-၀ ဖီယင်နု
ရီးယဲလ်မက်ဒရစ် ၄-၁ လိုက်ပ်ဇစ်
စပို့တင်းလစ္စဘွန်း ၂-၃ LASK