Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
မီလန်က ဘုန်းမောက်ကို (၃-၀) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီး

ဘုန်းမောက် ပရိတ်သတ်တွေက 𝐑𝐮𝐛𝐞𝐧 𝐀𝐦𝐨𝐫𝐢𝐦 ကို

“ ရှုံးပြန်ပြီ၊ ရှုံးပြန်ပြီ”

လို့ စနောက် လှောင်ပြောင်ခဲ့ကြပါတယ်။

𝐑𝐮𝐛𝐞𝐧 𝐀𝐦𝐨𝐫𝐢𝐦 ကတော့ ပြုံးရင်း ပြုံးရင်းနဲ့ အတိတ်ကို သတိရ နေမှာပါ။

နည်းပြ မန်ယူနိုက်တက်ကို (၂၀၂၄) ကိုင်တွယ်စဉ်ကလဲ ဘုန်းမောက်ကို အိမ်ကွင်းမှာ (၃-၀) ရှုံးနိမ့်ခဲ့ ဖူးတာ ဖြစ်ပါတယ်။
🚨 ယူနိုက်တက်ဘက်က ကာရစ်နဲ့အတူ ပုံမှန်အတိုင်း ဆက်သွားမယ်လို့ အတည်ပြု

မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခဟာ သောကြာနေ့မှာ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းမောက်နဲ့ပွဲမှာလည်း ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေမယ်လို့ ယူဆရပါတယ်။ဒါပေမဲ့ ကာရစ်ရဲ့ ရာထူးကတော့ လုံခြုံနေပြီလို့ မဆိုနိုင်သေးပါဘူး။ယူနိုက်တက်အသင်းတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ လက်ရှိအချိန်မှာ အသင်းရဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သို့သော် ကာရစ်ခ်ရဲ့ ရလဒ်ပိုင်းဆိုင်ရာ အခြေအနေကတော့ စောင့်ကြည့်ခံနေရဆဲ ဖြစ်ပါတယ်။

ကာရစ်ခ်အတွက် ဘုန်းမောက်နဲ့ပွဲက အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
🚨BREAKING : Como နဲ့ ပွဲအတွက် ယူနိုက်တဒ်နဲ့အတူ အီတလီကိုရောက်ရှိနေစဉ် Bruno ရဲ့ ပေါင် ၄ သန်းတန်အိမ်ကြီးကို မျက်နှာဖုံးစွပ်သူခိုး ၃ ဦးက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး တန်ဖိုးရှိပစ္စည်းတော်တော်များများကို မ,သွားတယ်လို့သိရပါတယ်။

Bruno ကတော့ အိမ်ဖောက်ထွင်းခံရတာကြောင့် တော်တော်လေး စိတ်ပျက်နေပါတယ်။ သူခိုးတွေက ဒီဇိုင်နာလက်ဝတ်ရတနာတွေနဲ့ တခြားတန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

[ The Sun ]
🚨 ဂျုဒ် ဘယ်လင်ဂမ်ရဲ့ အံ့မခန်းကြိုးစားအားထုတ်မှု

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဂမ်ဟာ ဗယ်လ်ဒီဘီဘာစ် လေ့ကျင့်ရေးစင်တာမှာ တစ်နေ့ကို ၈ နာရီအထိ အချိန်ပေးပြီး လေ့ကျင့်လေ့ရှိတယ် လို့ သိရပါတယ်။

အသင်းဖော်တွေကလည်း ဘယ်လင်ဂမ်ရဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်ဓာတ်၊ စည်းကမ်းရှိမှုနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုတွေကို အထင်ကြီးနေကြပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုဟာ သာမန်ကစားသမားတွေထက် အများကြီးသာလွန်တယ်လို့ ဆိုပါတယ်။

အသက်ငယ်ငယ်နဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပေမဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဘယ်လင်ဂမ်ရဲ့ မမြင်ရတဲ့ ကြိုးစားအားထုတ်မှုတွေ ရှိနေတာပါ။

ပါရမီက ကစားသမားတစ်ယောက်ကို ထူးချွန်စေနိုင်ပေမဲ့ အလုပ်ကြိုးစားမှုနဲ့ စည်းကမ်းရှိမှုကတော့ သူ့ကို ထိပ်ဆုံးအဆင့်မှာ ရေရှည်ရပ်တည်နိုင်စေပါတယ်။
❤5
ချန်ပီယံလိဂ် ပွဲစဉ် (၃) အပြီး ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားတဲ့ အသင်းများ
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒန်ကလန် ရိုက်စ်ဟာ ၂၀၂၆ ဘလွန်းဒီအော်ဆုအတွက် ၎င်းရဲ့ အဂ်လန်အသင်းဖော် ဟယ်ရီကိန်းကရရှိသင့်တယ်လို ပြတ်ပြတ်သားသား ရွေးချယ်လိုကိပါသည်။

ရိုက်စ်က “ကျွန်တော့်အမြင်မှာတော့ ဟယ်ရီကိန်းက ၂၀၂၆ ဘလွန်းဒီအော်ဆုကို ရသင့်တဲ့သူပါပဲ။ သူ့ရဲ့ သွင်းဂိုးနဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေက အားလုံးကို သက်သေပြနေပါတယ်။ ဒီနေ့ပွဲမှာဆိုရင်သူဟာ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အသင်းရဲ့ ပထမဂိုးအတွက် ဖန်တီးပေးနိုင်သလို ပင်နယ်တီကိုလည်း ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ခဲ့တာက တကယ်ကိုမယုံနိုင်စရာပါပဲ။ သူက အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ ” လို့ ဒန်ကလန် ရိုက်စ်က ပွဲအပြီးအင်တာဗျူးတွင် ပြောကြားသွားခဲ့ပါသည်။
❤3
🚨 👀🏆 The Athletic ဟာ ဘောလုံးလောကအတွင်းက လူပေါင်း ၁၀၀ ကို ဘလွန်းဒီအော်ဆုရှင်အဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ မဲပေးစေခဲ့ရာမှာ ဟယ်ရီကိန်းက မဲအများဆုံးရရှိပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ ကစားသမားတွေ၊ နည်းပြတွေ၊ နည်းစနစ်ပိုင်းနည်းပြတွေ၊ အားကစားဒါရိုက်တာတွေ၊ ကင်းထောက်တွေ၊ ကလပ်ဥက္ကဋ္ဌတွေနဲ့ ဘောလုံးလောကအမှုဆောင်တွေ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 🗳

📊 မဲပေးမှုအရ ထိပ်ဆုံး ၅ ဦးကတော့ —

🥇 အဆင့် ၁ — ဟယ်ရီကိန်း 🏴
🥈 အဆင့် ၂ — လာမိုင်းယာမယ်လ် 🇪🇸
🥉 အဆင့် ၃ — အမ်ဘာပေ 🇫🇷
4️⃣ အဆင့် ၄ — မိုက်ကယ် အိုလီဆေး 🇫🇷
5️⃣ အဆင့် ၅ — လီယွန်နယ် မက်ဆီ 🇦🇷

လန်ဒန်မှာ ကျင်းပမယ့် ဒီဆုပေးပွဲမှာ လန်ဒန်သားဖြစ်တဲ့ ဟယ်ရီကိန်း တကယ်ပဲ အောင်ပွဲခံခွင့်ရသွားမှာလားဆိုတာ မကြာခင်မြင်တွေ့ရပါတော့မယ်။
❤2
ပီအက်စ်ဂျီနဲ့ အေစီမီလန်အသင်းတို့သည် လီဗာပူးအသင်း မှခေါ်ယူရန်ပစ်မှတ်ထားနေသည့် အသက် ၁၈နှစ်အရွယ် မက္ကဆီကို လူငယ်ကြယ်ပွင့် ဂီလ်ဘတ်တို မိုရာကို ခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် လီဗာပူးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ အသက် ၁၈ နှစ်အရွယ် တီဟွာနာကွင်းလယ်ကစားသမား မိုရာကို ခေါ်ယူဖို့ ၎င်းရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေကြပေမယ့် ကစားသမားဖြစ်သူကိုယ်တိုင်ကတော့ ပုံမှန်ပွဲထွက် ကစားခွင့်ရရှိတဲ့အသင်းကိုပြောင်းရွှေ့ကစားနိုင်ဖို့ကိုသာ အဓိကဦးစားပေးရည်မှန်းချက်အဖြစ် သတ်မှတ်ထားကြောင်းသိရှိရပါသည်။
❤1
အဲဗာတန်အသင်းဟာ ဘယ်ရီတစ်ဦးတည်းသာရှိတဲ့ တိုက်စစ်နေရာအတွက် ဒိုင်နမိုဇာဂရက်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ခရိုအေးရှားတိုက်စစ်မှူး ဒီယွန်ဘယ်ဂျိုကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲခေါ်ယူသွားနိုင်ဖို့အတွက် ကစားသမားကို အနီးကပ်စောင့်ကြည့်မှုများပြုလုပ်နေတယ်လို့ သိရှိရပါသည်။
🚨 Ballon d’Or ဆုကို အမ်ဘာပေးသာရရှိနိုင် တယ်လို့ မက်ဒရစ်ဘက်က ယုံကြည်နေ

ရီးရဲလ် မက်ဒရစ် ဟာ ကီလီယန် အမ်ဘာပေ Ballon d’Or ဆုကို ဆွတ်ခူးနိုင်တဲ့ အခွင့်အရေး အမှန်တကယ်ရှိတယ် လို့ ယုံကြည်နေပါတယ်။

အသက် ၂၇ နှစ်အရွယ် ပြင်သစ်စူပါစတားဟာ တနင်္လာနေ့ကျင်းပမယ့် ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ဆုရရှိနိုင်တယ်လို့ မက်ဒရစ်ဘက်က မျှော်လင့်နေပါတယ်။
Ballon d'Or တရား၀င်စာမျက်နှာမှာ ပရိသတ်တွေမဲပေးရွေးချယ်တဲ့ Ballon d'Or of All Time ( BOAT ) ရွေးချယ်ပွဲမှာလည်း ရော်နယ်ဒိုက အပြတ်သတ်အနိုင်ရခဲ့တယ်။

Sky Sports မှာ ပရိသတ်တွေမဲပေးရွေးချယ်တဲ့ ဘလွန်းဒေါသမိုင်းတစ်‌လျှောက် အကောင်းဆုံးဆုရှင်ရွေးချယ်ပွဲမှာလည်း ရော်နယ်ဒိုက အပြတ်သတ်အနိုင်ရခဲ့တယ်။

တရားမျှတမှုမရှိတဲ့ အဖွဲ့အစည်းတွေနဲ့၊ တခြားအကူညီမပါတဲ့နေရာတွေ့မှာ ရော်နယ်ဒိုက ပြိုင်ဘက်ကင်းပါပဲ။

ပရိသတ်တွေရွေးချယ်တဲ့ မှတ်တမ်းတွေအရ ဘောလုံးသမိုင်းရဲ့ ဂုတ်အစစ်က ဘယ်သူလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလွန်းလှပါတယ်။🐐🇵🇹
❤5
ကွန်တီကို မန်ယူအသင်း နည်းပြအဖြစ် မခန့်အပ်သင့်ကြောင်း အက်ရှ်လေယန်း သတိပေး

မန်ယူအသင်း၏ ကစားသမားဟောင်းဖြစ်သည့် အက်ရှ်လေယန်းက မန်ယူအသင်းအနေဖြင့် ကွန်တီကို နည်းပြအဖြစ် မခန့်အပ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။

မန်ယူအသင်းသည် လက်ရှိအချိန်တွင် ရလဒ်များဆိုးရွားနေသည့်အတွက် နည်းပြ ကာရစ်ကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြသစ် ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်
။
ကွန်တီသည် မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် အလေးပေးခံထားရသူများထဲမှ တစ်ဦးဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူများက ၎င်းနှင့် နာဂယ်စ်မန်းတို့ထဲမှ တစ်ဦးဦးကို ရွေးချယ်ဖွယ်ရှိကြောင်း ဖော်ပြမှုများလည်း ရှိနေသည်။

မန်ယူအသင်းအတွက် ပွဲပေါင်း(၂၆၀)ကျော် ကစားခဲ့သည့် အက်ရှ်လေယန်းသည် အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ကစားချိန်တွင် နည်းပြ ကွန်တီနှင့် လက်တွဲခဲ့ဖူးသူဖြစ်သည်။

အက်ရှ်လေယန်းက ကွန်တီသည် အလွန်စကားများသူဖြစ်ကြောင်းနှင့် ၎င်းအား နည်းပြအဖြစ် ခန့်အပ်ခဲ့ပါက မန်ယူအသင်း ဘေးဒုက္ခရောက်လိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

''ကျွန်တော် မီလန်မှာ သူ့လက်အောက်မှာ ကစားခဲ့ဖူးပါတယ်။ သူက ရူးသွပ်နေသူပါ။ သူက ဆီမြွန်နီလိုမျိုး ကွင်းဘေးမှာ ရှိနေတတ်ပြီး သူ့အသံကို မပြတ်တမ်းကြားနေရပါတယ်။ အစည်းအဝေးတွေကလည်း ရှည်ကြာလွန်းပါတယ်။ ရှုံးပွဲတွေ့ရင် သုံးလေးနာရီလောက် ကြာတတ်ပါတယ်။ လေ့ကျင့်ရေးမှာလည်း အများကြီးပြေးခိုင်းတတ်ပါတယ်။ သူ့ကို ခန့်အပ်ရင် မန်ယူအသင်း ဘေးဒုက္ခရောက်သွားမှာပါ'' ဟု အက်ရှ်လေယန်းက ပြောကြားခဲ့သည်။
🔴ယူနိုက်တက်ကနေ လီဆန်ဒရို မာတီနက်ဇ် ထွက်ခွာဖို့ သေချာသလောက်ရှိလာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ လာမယ့်ရာသီအကုန်မှာ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာရဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂၈ နှစ်အရွယ် နောက်ခံလူရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမဲ့ မန်ယူနိုက်တင်ဘက်ကတော့ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် အသင်းဟာ စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုပြီး မာတီနက်ဇ်ရဲ့ စာချုပ်ကို ၂၀၂၈ ခုနှစ်အထိ တိုးမြှင့်ကာ အပြောင်းအရွှေ့ကြေးတစ်ရပ် ပြန်လည်ရရှိဖို့ ကြိုးစားလာနိုင်ပါတယ်။

မကြာသေးခင်က အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့ ပတ်သက်ပြီး မာတီနက်ဇ်ရဲ့ ဝေဖန်ပြောဆိုမှုတွေလည်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ပိုမိုစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။
👍1
🔴 မန်ယူနိုက်တက်နည်းပြသစ်အဖြစ် နာဂယ်စ်မန်းကို ခန့်အပ်နိုင်ဖွယ်ရှိနေ

The Telegraph ရဲ့ အဆိုအရ ဂျာမနီလက်ရွေးစင်နည်းပြဟောင်းနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂျူလီယန် နာဂယ်စ်မန်းဟာ မိုက်ကယ် ကာရစ်ကိုသာ ရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို နားထောင်ဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

နာဂယ်စ်မန်းဟာ ယူနိုက်တက်ရဲ့ နည်းပြသစ်အတွက် အဓိကဦးစားပေးသူ တစ်ဦး ဖြစ်လာနိုင်ပြီး ပရီးမီးယားလိဂ်အသင်း တသင်း မှာ နည်းပြလုပ်ဖို့လည်း ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဘရိုက်တန်နည်းပြ ဖာဘီယန် ဟာဇယ်လာကိုလည်း သဘောကျနေပြီး အူနိုင်း အမ်မရီနဲ့ အက်ဒီ ဟောင်းတို့ကိုလည်း ဖြစ်နိုင်ခြေရှိတဲ့ နည်းပြစာရင်းထဲ ထည့်သွင်းစဉ်းစားလာနိုင်ပါတယ်။

လက်ရှိ ကာရစ်ရဲ့ ရလဒ်တွေ ဆက်လက်ဆိုးရွားနေမယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ နည်းပြအပြောင်းအလဲ ဖြစ်လာနိုင်ခြေက ပိုမိုစိတ်ဝင်စားစရာကောင်းလာပါပြီ။
👍1😁1
ရီးရဲလ်အသင်းရဲ့ တောင်ပံကစားသမား ဗင်နီစီးယပ်စ် ဂျူနီယာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ အလေးအနက် စဉ်းစားခဲ့ကြောင်းသိရှိရပါသည်။

ဗင်နီစီးယပ်စ်ရဲ့ ကိုယ်စားလှယ်တွေကလည်း အာဆင်နယ်အသင်းဘက်ကအပြင်းအထန် ကြိုးပမ်းခဲ့ပြီး အကောင်းဆုံး ကြိုဆိုမှုတွေနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပေမယ့်ပေမဲ့ဗင်နီစီးယပ်စ်ကိုယ်တိုင်ကတော့ နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရှိရပါသည်။
ယန်ဒီယိုမန်ဒီနဲ့ ကာမာဗင်ဂါတို့ကိုဘာစီလိုနာအသင်းနှင့်ကစားမည့် ပွဲစဥ်တွင် ပွဲထွက်လူစာရင်း၌စတင်အသုံးပြုသွားမည့် နည်းပြ မော်ရင်ဟို

ရီးရဲလ်နည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ နောက်ပိုင်းပွဲစဥ်တွေမှာခြေစွမ်းပြကစားလာတဲ့ တောင်ပံကစားသမား ယန် ဒီယိုမန်ဒီနဲ့ကွင်းလယ်လူ အက်ဒွာဒို ကာမာဗင်ဂါတို့ကို လာမည့်တနင်္ဂနွေနေ့မှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲမှာ ပွဲထွက်ကစားသမားတွေအဖြစ်စတင်အသုံးပြုဖွယ် ရှိနေကြောင်းသိရှိရပါသည်။ အထူးသဖြင့် ဒီယိုမန်ဒီဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားပြီး ခြေစွမ်းပြကစားထားသလို နောက်ထပ်ကွင်းလယ်ကစားသမားဖြစ်သည့် ကာမာဗင်ဂါကလည်း ၎င်းရဲ့ဘောလုံးကိုင်ပြီး ကောင်းမွန်စွာကစားနိုင်မှု ၊ ရှေ့တက်နောက်ဆင်း အားအင်ပြည့်ဝစွာကစားနိုင်မှုနဲ့ တစ်ဦးချင်းယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်မှုရှိတဲ့အတွက်ကြောင့် နည်းပြ ဂျိုဆေး မော်ရင်ညိုဟာ ကာမာဗင်ဂါကို အယ်လ်ကလက်စီကိုပွဲအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားလျှက်ရှိကြောင်း စပိန်သတင်းစာ မာကာမှာဖော်ပြထားလျှက်ရှိပါသည်။
❤1