လက်မောင်းစပွန်ဆာ ရရှိခဲ့တဲ့ ချယ်လ်ဆီး
-------------------
👕 ချယ်လ်ဆီးအသင်းဟာ ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများ အသုံးပြုသည့် ငွေကြေးနှင့် ငွေပေးချေမှု ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Sokin နဲ့ နှစ်ရှည် လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။
👕 ဒါ့အပြင်...Sokin ဟာ အဓိကမိတ်ဖက် တစ်ဦးအနေနဲ့ ဒီနှစ်ရာသီကနေ စတင်ပြီး ချယ်လ်ဆီး အမျိုးသား၊ အမျိုးသမီး နဲ့ အကယ်ဒမီ အသင်းတွေရဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယဝတ်စုံများတွင် ကိုယ်စားပြုသွားမှာ ဖြစ်ပါတယ်။

❤2
ချန်ပီယံလိဂ်မှာ ဟယ်ရီကိန်း ဂိုးသွင်းလာတာ ၁၀ ပွဲဆက်ခဲ့ပါပြီ ။ နောက်လာမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ဦးမယ်ဆိုရင် ၂၀၁၇-၁၈ တုန်းက ခရစ္စတီယာနို ရိုနယ်လ်ဒို ရရှိထားတဲ့ ချန်ပီယံလိဂ် ပွဲဆက်အများဆုံးဂိုးသွင်းသူ ( ၁၁ ပွဲဆက် ) စံချိန်ကို လိုက်မီသွားတော့မှာပါ ။ ရွှေဘောလုံးဆုရှင်တယောက်လို ပုံစံကောင်းတွေနဲ့ ဂိုးတွေသွင်းနေတဲ့ ဟယ်ရီကိန်းကို အေတီကိုမက်ဒရစ်က တားဆီးနိုင်ပါ့မလား ....
❤3
မက်သီးယပ်စ် ဒီလစ်ရဲ့ ကစားသမားဘဝမှာ ဘယ်တုန်းကမှ နည်းပြတယောက်ကို ၂ ရာသီပြည့်အောင် အတူအလုပ်မလုပ်ခဲ့ဖူးပါဘူး ။ သူကစားသမျှအသင်းတိုင်းက နည်းပြတိုင်းဟာ နောက်ရာသီဆိုရင် ထုတ်ပယ်ခံရတာပဲ ဖြစ်ဖြစ် ၊ အသင်းပြောင်းတာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဒီလစ် အသင်းပြောင်းရတာပဲ ဖြစ်ဖြစ် ဖြစ်သွားခဲ့တာပါ ။ အခု ဒီလစ်တယောက် မန်ယူမှာ မြဲနေပါတယ် ၊ ဒီတော့ နည်းပြတွေပဲ ပြောင်းရတော့တာပေါ့ ။ ကာရစ်ကို ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် အသစ်ရောက်လာမယ့် မန်ယူနည်းပြ ပထမဆုံးလုပ်ရမှာက ဇန်နဝါရီ နဲ့ နွေရာသီအပြောင်းအရွှေ့တွေမှာ ဒီလစ်ကို အမြန်ဆုံးရောင်းထုတ်ဖို့ပါပဲ ။ မဟုတ်ရင်တော့ နောက်ရာသီမှာ မန်ယူကနေ နှုတ်ဆက်ရမှာက သူဖြစ်သွားနိုင်ပါတယ်
😁2
အိုလီဗာခန်းက မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို လက်မခံဖို့ နာဂယ်စ်မန်းကို သတိပေး
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းဖြစ်ခဲ့ဖူးသလို CEO ဟောင်းလည်းဖြစ်ခဲ့ဖူးသည့် ဂျာမန်ဂိုးသမားကြီး အိုလီဗာ ခန်းက ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဂျူလီယန် နာဂယ်စ်မန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို လက်ခံမယ်ဆိုရင် အလွန်ကြီးမားတဲ့ စွန့်စားမှုတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားသွားခဲ့ပါသည်။ အိုလီဗာခန်းက
“မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ ခန့်အပ်ခဲ့သမျှ နည်းပြတိုင်းကို အနှေးနဲ့အမြန်ထုတ်ပယ်ခဲ့သလို အသင်းဟာလည်း အောင်မြင်မှုမရရှိဘဲ ကျရှုံးတဲ့အသင်းတစ်သင်းအဖြစ်ရပ်တည်နေတာ အတော်ကြာပါပြီ။ နာဂယ်စ်မန်းအနေနဲ့ဘယ်အသင်းကို သွားရောက်နည်းပြမလဲဆိုတာ သေချာစဉ်းစားဖို့ လိုပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ သူ့အတွက် နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် သင့်တော်ရဲ့လားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိနိုင်မှာပါ။ ဒါ့အပြင် နိုင်ငံခြားကလပ်အသင်းတွေမှာ နည်းပြအတွေ့အကြုံမ ရှိသေးတဲ့ နာဂယ်စ်မန်းအတွက် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ အိုလီဗာခန်းက ယူနိုက်တက်နည်းပြရာထူးနဲ့ပတ်သက်၍ သတိပေးပြောဆိုမှုတွေပြုလုပ်ခဲ့ပါသည်။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ရဲ့ နည်းပြအဖွဲ့ဝင်အချို့ဟာ အသက် ၃၂နှစ်အရွယ် ပေါ်တူဂီနောက်ခံလူ ဂျာအို ကန်ဆယ်လိုရဲ့ ခံစစ်နေရာယူပုံနဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေကြောင်းသိရှိရပါသည်။
အထူးသဖြင့် အသက် ၁၉နှစ်အရွယ် လူငယ်ကစားသမားလေး ဇာဗီဇအက်စ်ပါ့တ် ပေါ်ထွက်လာပြီးနောက် အဲ့ဒီစိုးရိမ်မှုတွေ ပိုများလာခဲ့ပြီး လက်ရှိအချိန်မှာ ဇာဗီဟာ ခံစစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းမှာ ကန်ဆယ်လိုထက် ပိုကောင်းတယ်လို့ နည်းပြအဖွဲ့ဝင်တွေက သုံးသပ်ထားလျှက်ရှိပါသည်။ ဒါပေမဲ့လည်း နည်းပြအဖွဲ့ဝင်အချို့ရဲ့ သံသယတွေ ရှိနေသည့်တိုင် ဟန်ဆီ ဖလစ်ကတော့ ကန်ဆယ်လိုအပေါ် အပြည့်အဝ ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

🚨 မာတီးယက်စ် ဖာနန်ဒက်စ်က ကိုးလ် ပါလ်မာ အနီကတ် မပြခံရမီ စက္ကန့်ပိုင်းအလိုမှာ ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟပြောကြားလာခဲ့ပါတယ် 😳
🎙️ သတင်းထောက် - မာတီးယက်စ်၊ ကင်မရာထဲမှာ မင်း ပါလ်မာနဲ့ စကားပြောနေတာကို ရိုက်ကူးမိခဲ့တယ်။ သူ အနီကတ်နဲ့ ထွက်မသွားခင် မင်း သူ့ကို ဘာပြောခဲ့တာလဲ။
🗣️ ဖာနန်ဒက်စ် - "ကျွန်တော် ပါလ်မာဆီ လမ်းလျှောက်သွားပြီး 'ညီအစ်ကိုရာ၊ မင်းက လူတွေ ပိုပိုသာသာ ချီးမွမ်းခံထားရတာပဲ' လို့ မျက်နှာချင်းဆိုင် တည်တည်ငြိမ်ငြိမ် ပြောလိုက်တာ။ လူတွေက သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလိုမျိုး ဘာလို့ မြှောက်ပင့်နေကြလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ အဲဒီလို လူပြောများခံရအောင် သူ ဘာတွေ လုပ်ပြထားလို့လဲ။"
🎙️ သတင်းထောက် - အဲဒီစကားတွေက သူ့ခေါင်းထဲ ရောက်သွားပြီး သူ့ရဲ့ ခြေစွမ်းပေါ် သက်ရောက်မှု ရှိသွားတယ်လို့ မင်း ထင်သလား။
🗣️ ဖာနန်းဒီးစ် - "အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲသာ ကြည့်လိုက်လေ။ သူ စည်းကမ်းပျက်သွားပြီး အနီကတ်ပြ ခံလိုက်ရတာပဲ။ ကျွန်တော် သူ့ကို နှစ်ခါ စော်ကားစရာတောင် မလိုခဲ့ပါဘူး။ လူအများစု ပြောဖို့ ကြောက်နေကြတဲ့ အမှန်တရားကိုပဲ ကျွန်တော် ပြောလိုက်တာပါ။ ပါလ်မာက ကစားသမားကောင်း တစ်ယောက်ပါ၊ ပရိသတ်တွေ သူ့ကို ကိုးကွယ်နေကြပုံကတော့ လီယိုနယ် မက်ဆီရဲ့ အကောင်းဆုံး အချိန်တွေကိုတောင် ကြည့်နေရသလိုပဲ။"
🎙️ သတင်းထောက် - ဒါဆို မင်း ပါလ်မာကို လိုတာထက် ပိုပြီးမြှောက်ပင့်ခံထားရသူလို့ တကယ် ယုံကြည်တာပေါ့။
🗣️ ဖာနန်းဒီးစ် - "လုံးဝပဲ။ သူ့ကို ဒီလို ကာကွယ်မှုတွေ၊ မြှောက်ပင့်ပေးမှုတွေ မရှိတဲ့ တခြားအသင်းမှာ သွားထားကြည့်ပါဦး၊ လူတွေ သူ့ကို ကမ္ဘာ့အဆင့်မီလို့ ခေါ်ကြသေးလားဆိုတာ စောင့်ကြည့်တာပေါ့။ ချဲလ်ဆီး ပရိသတ်တွေ ကျွန်တော့်ကို ဒေါသထွက်ရင် ထွက်ကြပါစေ၊ ပါရမီရှိတာနဲ့ တကယ့် ထိပ်တန်းအဆင့် ဖြစ်တာက နှစ်ခု မတူပါဘူး။ ပါလ်မာ သက်သေပြဖို့ လိုတာတွေ အများကြီး ကျန်ပါသေးတယ်။"
🎙️ သတင်းထောက် - မင်းနဲ့ သဘောထားကွဲလွဲမယ့် ချဲလ်ဆီး ပရိသတ်တွေကိုရော ဘာပြောချင်သလဲ။
🗣️ ဖာနန်ဒက်စ် - "သူတို့ ကာကွယ်ချင်သလောက် ကာကွယ်လို့ ရပါတယ်။ ကျွန်တော် ပြောစရာရှိတာ ပြောပြီးပြီ။ စကားတစ်ခွန်းတည်းနဲ့တင် လူတိုင်း ဒေါသထွက်သွားကြတယ်ဆိုရင်၊ အဲဒီစကားထဲမှာ အမှန်တရား အနည်းငယ် ပါနေလို့ လည်း ဖြစ်နိုင်တာပေါ့။"

❤1
𝐌𝐚𝐫𝐜𝐞𝐥𝐨 က
“ဒီအပတ် ကစားမယ့် 𝐄𝐥 𝐂𝐥á𝐬𝐢𝐜𝐨 က ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာပါ။
ကျွန်တော့် အမြင်တော့ ရီးရဲယ်လ်က (၁-၀) ၊ (၂-၁) လောက်နဲ့ နိုင်မယ်ထင်တယ်။”
𝐉𝐨𝐫𝐝𝐢 𝐀𝐥𝐛𝐚 :
“ကျွန်တော်ကတော့ ဘာစီလိုနာက (၄-၁) ဂိုးနဲ့ အနိုင် ယူသွားမယ် ထင်တယ်။”
𝐌𝐚𝐫𝐜𝐞𝐥𝐨 :
“𝐉𝐨𝐫𝐝𝐢 ရေ ၊ မင်းဟာက မလွန် လွန်းဘူးလား၊ ငါက နိမ့်ချပြီးတော့ (၁-၀) ၊ (၂-၁) ပြောတာ
မင်းကကျတော့ (၄-၁) နဲ့ နိုင်မယ်တဲ့လား။” (ရယ်လျက်)

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟိုဆေး မော်ရင်ဟိုက လာမည့် အက်ကလက်စီကိုပွဲတွင် လာမင်းယာမယ်အတွက်အထူး ပြင်ဆင်မှုတွေပြုလုပ်ထားသလားဆိုသည့်မေးခွန်းအပေါ်တွင် “လာမင်း ယာမယ်ကို တားဆီးဖို့ သီးသန့်နည်းဗျူဟာဆိုတာမျိုး မရှိပါဘူး။သူကအရမ်း ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ သူ့ကြောင့် ကိုယ့်ရဲ့ နည်းဗျူဟာနဲ့ ကစားကွက်တည်ဆောက်ပုံတွေကို ပြောင်းလဲပစ်ဖို့တော့ မလိုအပ်ပါဘူး။ ဒါ့အပြင်မော်ရင်ဟိုက ယာမယ်အပြင် ဘာစီလိုနာအသင်းက အခြားကစားသမားတွေကလည်း ကောင်းသလို ကျွန်တော်တို့အသင်းက ကစားသမားတွေလည်း ဘာစီလိုနာအသင်းကကစားသမားတွေနည်းတူ ခြေစွမ်းပိုင်း ကောင်းမွန်ကြပါတယ်။”ဟုပြန်လည်ဖြေကြားသွားခဲ့ပါသည်။
🚨 ဂျော်ဂျင်ဟို ဆေးစစ်ဆေးမှုမှာ အဖြေမမှန်ထွက်ခဲ့တယ်လို့ သတင်းထွက်ပေါ်၊ ပွဲပယ်ပြစ်ဒဏ် ၂ နှစ်အထိ ရင်ဆိုင်ရနိုင်!
ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ တားမြစ်ဆေးဝါး စစ်ဆေးမှုမှာ ပထမအကြိမ် အဖြေမမှန်ထွက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးဖို့ ရှိတယ်လို့လည်း သတင်းဖော်ပြချက်တွေမှာ ပါရှိပါတယ်။
ဒုတိယအကြိမ် စစ်ဆေးမှုမှာလည်း အဖြေကို အတည်ပြုနိုင်ပြီး စည်းမျဉ်းချိုးဖောက်မှုရှိကြောင်း ဆုံးဖြတ်ခဲ့မယ်ဆိုရင် ၆ လကနေ ၂ နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ ဖလာမင်ဂိုအသင်းက တရားဝင်အကြောင်းကြားစာ လက်ခံရရှိထားခြင်းမရှိကြောင်း ပြောဆိုထားသလို၊ အမှုကိစ္စကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။
အခုအချိန်မှာတော့ ဂျော်ဂျင်ဟိုအပေါ် ပြစ်ဒဏ်ချမှတ်ပြီးပြီလို့ ပြောလို့မရသေးဘဲ ဒုတိယအကြိမ် စစ်ဆေးမှုနဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အေစီမီလန်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီနောက်ခံလူ ဒီယိုဂို ဒါလော့ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြပြီး ကစားသမား အခြေအနေကို ယူနိုက်တက်အသင်းထံစုံစမ်းမေးမြန်းမှုများပြုလုပ်ထား ကြောင်းသိရှိရပါသည်။
လက်ရှိအချိန်အထိတော့ တရားဝင် ကမ်းလှမ်းမှုမျိုး မရှိသေးပေမဲ့အဆိုပါပေါ်တူဂီ နောက်ခံလူကို အသင်းသုံးသင်းစလုံးက သဘောကျနေကြပြီး အပြောင်းအရွှေ့ဆွေးနွေးမှုတွေက ဆက်လက်တိုးတက်လာဖွယ်ရှိနိုင်ကြောင်းအီတလီသတင်းစာများမှာဖော်ပြထားလျှက်ရှိပါသည်။

အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီဟာ အသင်းမှာ နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပေမဲ့လည်း အထိမ်းအမှတ်ပွဲလုပ်ဖို့ စိတ်ကူးမရှိကြောင်း ပြောကြားခဲ့ပါသည်။
အူနိုင်း အမ်မရီက“ကျွန်တော် အောင်ပွဲခံမှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာ ရက်အနည်းငယ်လောက် အနားယူခွင့်ရတဲ့အချိန်ပါပဲ။ အထိမ်းအမှတ်ပွဲတွေ လုပ်နေမှမဟုတ်ပါဘူး။ ကျွန်တော်ကတော့ အလုပ်ကို ပိုကြိုးစားလုပ်ဆောင်ရင်း အသင်းရဲ့ လက်ရှိလုပ်ဆောင်နေပုံကို ပျော်ရွှင်ခံစားဖို့ပဲ ကြိုးစားနေပါတယ်။”ဟု အူနိုင်း အမ်မရီကပြောကြားသွားခဲ့ပါသည်။

'နောင်တတွေနဲ့ ကျန်ရစ်ခဲ့ရတဲ့ ဖလာမင်ဂို'
ဖိလစ်ပီလူးဝစ် ဖလာမင်ဂိုကနေထွက်ခွာသွားတော့ အသင်းမီဒီယာတွေ၊ ပရိသတ်တွေ ဝိုင်းပြောကြတာရှိတယ်။
အဲဒါကတော့ ဖလာမင်ဂိုဟာ သူ့ကိုလုံးဝမလိုအပ်ဘူး၊ သူမရှိလည်း ဖလာမင်ဂိုဟာ ဆုဖလားတွေဆွတ်ခူးနိုင်စွမ်းရှိတယ် ဆိုပြီးတော့ပါ။ လက်ရှိအချိန်မှာတော့ ဖလာမင်ဂိုဟာ အဆိုပါပြောကြားချက်တွေအတွက် နောင်တရနေတော့မှာပါ။
သူတို့ဟာ တောင်အမေရိကချန်ပီယံလိဂ်ပြိုင်ပွဲကနေ အရှက်တကွဲထွက်ခွာခဲ့ရတယ်။ အီကွေဒေါကလပ် အက်စတူးဒီးယန့်စ်ကို မိနစ်(၄၀)ကြာ တစ်ယောက်သာနေပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာအရေးနိမ့်ကာ ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်လိုက်ရတာပါ။
ပြီးခဲ့တဲ့နှစ်တုန်းက ဖလာမင်ဂိုဟာ ဖိလစ်ပီနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တာပါ။ သူတို့ဟာ ဘရာဇီးလ်စီးရီးအေဖလားမှာလည်း ချန်ပီယံဖြစ်ခဲ့သေးတယ်။ တိတိကျကျပြောရရင် ဖိလစ်ပီရဲ့ဦးဆောင်မှုအောက် ဆုဖလား(၅)လုံးတိတိ သိမ်းပိုက်နိုင်ခဲ့တာပါ။
ဖလာမင်ဂိုဟာ ချန်ပီယံဆုတွေကို အစဉ်အမြဲစိန်ခေါ်နိုင်တဲ့ အသင်းကြီးတစ်သင်းဖြစ်ပေမယ့် ဖိလစ်ပီကြောင့်သာ အရာအားလုံးပိုမိုလွယ်ကူခဲ့တယ်ဆိုတာကို သူမရှိတော့တဲ့အချိန်က ကွက်ကွက်ကွင်းကွင်းသက်သေပြနေပါတယ်။

မနက်ဖြန်ညမှာကျင်းပမယ့် ရွှေဘောလုံးဆုပေးပွဲကို မက်ဆီ တက်ရောက်ဖို့ မရှိတော့ပါဘူး ။ အစောပိုင်းတုန်းက Princess of Asturias ဆုကို လက်ခံရယူဖို့ စပိန်ကို ရောက်ရှိနေရင်း လန်ဒန်မှာကျင်းပတဲ့ ရွှေဘောလုံးဆုပေးပွဲကို တက်ရောက်လာမလားဆိုပြီး စောင့်ကြည့်ခဲ့ရပေမယ့် မက်ဆီဟာ မိုင်ယာမီကို ပြန်သွားခဲ့ပြီး ဒီမနက်ကစားတဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအတွက် လူစားဝင်ကစားသွားခဲ့ပါတယ် ။ လန်ဒန်က ဆုပေးပွဲကို ကိုယ်ပိုင်လေယာဉ်နဲ့ တက်ရောက်နိုင်ချေ ရှိတယ်လို့ တွေးလို့ရနိုင်ပေမယ့် မလာဖြစ်လောက်တော့ပါဘူး ။
ဒါဟာ မက်ဆီ ဒီနှစ် ရွှေဘောလုံးဆုကို မရနိုင်လောက်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်လို့လည်း ယူဆလို့ရနိုင်ပါတယ် ။ မက်ဆီဟာ ဟယ်ရီကိန်း ၊ ယာမဲလ် ၊ အမ်ဘာပေတို့နဲ့အတူ ရွှေဘောလုံးဆုအတွက် အလားအလာကောင်းတဲ့ကစားသမားအဖြစ် တည်ရှိနေပါတယ် ။ မက်ဆီ ဆုပေးပွဲ တက်ဖို့ အလားအလာနည်းသွားတာ ၊ အမ်ဘာပေ ဆုရနိုင်ချေတွေ မနေ့ညပိုင်းက ရုတ်တရက်မြင့်တက်သွားတာ ၊ ရီးရဲမက်ဒရစ်ကစားသမားတွေ ဆုပေးပွဲ ပြန်တက်ဖို့ စီစဉ်ထားတာတွေကိုကြည့်မယ်ဆိုရင် မနက်ဖြန်ည ဆုပေးပွဲဟာ မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆရမှာဖြစ်ပါတယ် ။ France Football ကတော့ စာအိတ်ကို မဖွင့်ခင်အထိ ဘယ်သူက ဆုရှင်ဖြစ်တယ်ဆိုတာကို မသိရအောင် အစွမ်းကုန်ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ကြေညာသွားပါတယ် ။

ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းဟာ ဒူးဒဏ်ရာကြောင့်ရာသီကုန်အထိ အနားယူရမည့်ဂျော်ဂျီယာတောင်ပံကစားသမားခဗီချာ ကဗာရက်စ်ခလီယာရဲ့ နေရာမှာ အစားထိုးဖို့အတွက် အက်သလက်တစ် ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလျံစ်ကို လာမည့်ဇန်နဝါရီကာလမှာဘဲခေါ်ယူသွားရန် ပစ်မှတ်ထားနေပါသည်။
အသက် ၂၄ နှစ်အရွယ် စပိန်လက်ရွေးစင်ကစားသမားကို ပီအက်စ်ဂျီအသင်းက နှစ်အတော်ကြာ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိခဲ့ကြောင်း ကစားသမားရဲ့ အေးဂျင့်ကလည်း အတည်ပြုထားလျှက်ရှိပါသည်။

မီခေးလ် အာတီတာက ဇန်နဝါရီတွင် အသင်းပြောင်းရွှေ့ကစားတော့ မည်ဟု သတင်းတွေထွက်ပေါ်နေတဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်နဲ့ပတ်သက်၍“ကိုင် ဟာဗက်ဇ်ကို ကျွန်တော် အရမ်းချစ်သလို ဗစ်တာ ယိုကီရက်စ်ကိုလည်း အများကြီး သဘောကျပါတယ်။ ယိုကီရက်စ်က ဟာဗက်ဇ်နဲ့ စရိုက်ချင်း အတော်လေးကွာခြားပေမဲ့ သူနဲ့ဆိုရင် ရင်းနှီးနွေးထွေးမှုကို ခံစားရပါတယ်။ သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မကြာခင် မှာသူ့အတွက် ကစားခွင့်ရမယ့် အခွင့်အရေးတွေ ရောက်လာမှာပါ။ ”ဟု ဆွီဒင်တိုက်စစ်မှူးနှင့် ပတ်သက်၍ပြောကြားသွားခဲ့ပါသည်။