Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဘရိုက်တန်နဲ့ပွဲက အာရူဟိုရဲ့ စွမ်းရည် :

• Clean sheet
• 11 defensive contributions
• 2 tackles won
• 8 clearances
• 6 recoveries
• 100% duels won
ပွဲတိုင်းနီးပါး ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်နေတာကြီးက ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ ဒဏ်ရာပြဿနာလည်း မယ်မယ်ရရ မရှိဘဲ ကူးညာ ပွဲထွက်ခွင့်မရတာဆို ၄ပွဲရှိပါပြီ၊ အခုလည်း နည်းဗျူဟာပိုင်းကို ဝေဖန်တဲ့ ဘရူနိုလည်း အရံခုံမှာပါ၊ ကာရစ် ဖြစ်ချင်တာကို သဘောပေါက်ပေမယ့် လက်ရှိလူအစုအဖွဲ့မှာ ဘရူနိုတို့ ကူညာတို့ထက် ပိုကောင်းတဲ့သူ မရှိပါ၊ ကစားသမားဘဝမှာ သွေးအေးလို့ ကျွန်တော်တို့ သဘောကျခဲ့တဲ့ ကာရစ်လည်း နည်းပြဘဝရောက်မှ အပူမီးတွေ တောက်လောင်နေတာကို မြင်ရတာလည်း အတော်အဆင်မပြေပါ။

ကားရစ်တစ်ယောက် ဘုန်းမောက်နဲ့ပွဲအပြီး အိမ်ကွင်းပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါသေးတယ် 👋🔴

အပြီး နှုတ်ဆက်ခြင်းများလား? 🥹
😢3❤1
🚨 ငါမအိုသေးမော်ကြီးရဲ့ အယ်ကလက်စီကိုနိုင်ပွဲ

ဂျိုဆေးမော်ရင်ညိုဟာ ရီးရဲမက်ဒရစ်နဲ့ သူရဲ့ နောက်ဆုံး အယ်ကလက်စီကိုဒါဘီ ရလဒ်အတိုင်းပဲ မနေ့ညကလည်း ဘာစီလိုနာကို အနိုင်ရရှိသွားပါတယ်။

ရီးရဲမက်ဒရစ်ရဲ့ဂိုးတွေကို ကီလီယံအမ်ဘာပေက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ရီးရဲဟာ အယ်ကလက်စီကိုဒါဘီနိုင်ပွဲ ၁၀၇ ပွဲရှိလာပြီဖြစ်ကာ ဒါဘီနိုင်ပွဲအများဆုံးအသင်းအဖြစ် သရဖူပြန်ဆောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
❤7
ဘာစီလိုနာရဲ့ တကယ့် Owner က အမ်ဘာပေပဲ။ 🤣

အမ်ဘာပေဟာ PSG မှာတုန်းကလည်း ဘာစီလိုနာကို ဂိုးသွင်းလေ့ကျင့်ခဲ့တယ်။ ရီးရဲလ်ရောက်ပြန်တော့လည်း အယ်လ်ကလက်စီကို ၇ ပွဲမှာ ၈ ဂိုးအထိသွင်းခဲ့တယ်။ အသင်း နိုင်နိုင်/ ရှူံးရှုံး ဘာစီဆိုရင်ကို ဘာပေက ဂိုးသွင်းပြီးသားပဲ။

တကယ့် ဘာစီလိုနာအသင်းပိုင်ရှင်တောင် လိပ်နင်ဂျာလောက် မပိုင်လောက်ဘူး။ 🥶🐢
❤3🤣3
🚨 မန်ချက်စတာယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး ဘုန်းမောက် နည်းပြ မာကို ရို့စ်ရဲ့ ပြောကြားချက်

​🗣 "အမှန်အတိုင်း ပြောရရင် ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ပွဲမစခင်တုန်းကတော့ ဒေါသထွက်နေမယ့် မန်ယူအသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။

သူတို့တစ်ပတ်အတွင်းမှာ ကိုမိုကို ရှုံးနိမ့်ထားခဲ့တာကြောင့် ပရိသတ်တွေကို တစ်ခုခု သက်သေပြဖို့ ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ပွဲဝင်ကစားကြလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ​ဒါပေမဲ့ ကျွန်တော်တို့ တကယ်တမ်း ကြုံတွေ့ခဲ့ရတာကတော့ ပင်ပန်းနွမ်းနယ်၊ နှေးကွေးပြီး အံ့ဩစရာကောင်းလောက်အောင် ထိတွေ့မှု မရှိတဲ့ မန်ယူအသင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့က မီးတောက်မီးလျှံတွေကို မျှော်လင့်ထားခဲ့ပေမဲ့ ပွဲမစခင်ကတည်းက ၉၀ မိနစ်လုံး ကစားထားပြီးသားပုံစံမျိုး ဖြစ်နေတဲ့ အသင်းကိုပဲ တွေ့ခဲ့ရပါတယ်။ ​သူတို့ မနိုင်တဲ့ ဘောလုံးယှဉ်လုပွဲတွေကို ကျွန်တော်တို့ အနိုင်ယူခဲ့တယ်။ သူတို့ မကာကွယ်နိုင်တဲ့ ကွက်လပ်တွေကို ကျွန်တော်တို့ ထိုးဖောက်တိုက်စစ်ဆင်ခဲ့တယ်။

အခွင့်အရေး ရလာတဲ့အခါမှာလည်း ကျွန်တော်တို့ အပိုင်အသုံးချခဲ့ပါတယ်။ အသင်းကောင်းတစ်သင်းဆိုတာ ဒီလိုပဲ လုပ်ဆောင်ကြတာပါ။ ဘရူနို ဖာနန်ဒက်စ်ကို အရန်ခုံမှာ တွေ့လိုက်ရချိန်မှာ မန်ယူအသင်းဟာ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုနဲ့ ခေါင်းဆောင်မှုရဲ့ အကြီးမားဆုံး အရင်းအမြစ်တစ်ခုကို ဖယ်ရှားလိုက်ပြီဆိုတာ ကျွန်တော်တို့ နားလည်လိုက်ပါတယ်။

ဒါကြောင့် ကွင်းလယ်ကို ဖိအားပေးဖို့၊ ဘောလုံးပေးပို့မှု လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့နဲ့ ဘရူနိုမပါဘဲ မန်ယူအသင်း ကစားကွက် စည်းချက်မရစေဖို့ ကျွန်တော်တို့ ကစားသမားတွေကို ညွှန်ကြားခဲ့ပါတယ်။ ကစားသမားတွေကလည်း ဒီအစီအစဉ်ကို အကောင်းဆုံး အကောင်အထည်ဖော်သွားခဲ့တာပါ။

​ပွဲမစခင်ကတည်းက ကျွန်တော့်ကစားသမားတွေကို 'အသင်းလိုဂိုကို ကြည့်ပြီး မကြောက်ကြပါနဲ့။ သူတို့ မသက်မသာဖြစ်အောင် လုပ်ပါ၊ သူတို့ရဲ့ အားနည်းချက်တွေကို ထိုးနှက်ပါ၊ ဖိအားအောက်မှာ ဆုံးဖြတ်ချက်တွေ ချရအောင် ဖိအားပေးပါ' လို့ မှာကြားခဲ့တာပါ။ အခု ပွဲထဲမှာလည်း အဲဒီအတိုင်း ကွက်တိ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
​မန်ယူတို့ ဘောလုံးပိုရတဲ့ အချိန်အချို့ ရှိခဲ့ပေမဲ့ ရည်ရွယ်ချက်မရှိတဲ့ ဘောလုံးပိုင်ဆိုင်မှုက ဘယ်သူ့ကိုမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ကို အန္တရာယ်မပေးနိုင်တဲ့ နေရာတွေမှာ ဘောလုံးကို သူတို့ဆီ ပေးထားပြီး ဘောလုံးဆုံးရှုံးသွားတာနဲ့ မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်ဖို့ ကျွန်တော်တို့ အသင့်ပြင်ထားခဲ့တာပါ။ သူတို့ နောက်တန်းရဲ့ အနောက်ဘက်မှာ ဟာကွက်တွေ ရှိနေမယ်ဆိုတာ သိထားတာကြောင့် အဲဒီဟာကွက်တွေကို အပြည့်အဝ အသုံးချသွားခဲ့ပါတယ်။

​ကျွန်တော့်ကို အံ့ဩစေခဲ့ဆုံး အချက်ကတော့ ပွဲက သူတို့အတွက် ခက်ခဲလာချိန်မှာ တုံ့ပြန်မှု ဘာမှ မရှိတာပါပဲ။ ပထမဂိုး ပေးလိုက်ရပြီးနောက် တုံ့ပြန်မှုတစ်ခုခု လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အဲဒီအစား စိတ်ပျက်အားလျော့မှုတွေ၊ ဘောလုံးပေးပို့မှု လွဲမှားတာတွေနဲ့ ကစားသမားတစ်ယောက်နဲ့တစ်ယောက် အဖြေရှာဖို့ မေးခွန်းထုတ်ကြည့်နေကြတာကိုပဲ မြင်တွေ့ခဲ့ရပါတယ်။

​ပြီးတော့ ပွဲထွက်လူစာရင်းကို ကြည့်လိုက်ပါဦး - ဗဟိုနောက်ခံလူက ညာနောက်ခံနေရာမှာ ကစားတယ်၊ ညာနောက်ခံလူက ဘယ်နောက်ခံနေရာမှာ ကစားတယ်၊ ဗဟိုကွင်းလယ်လူက ကစားကွက်ဖန်တီးသူ (နံပါတ် ၁၀) နေရာမှာ ကစားတယ်၊ ကစားကွက်ဖန်တီးသူက ဘယ်တောင်ပံမှာ ကစားတယ်၊ ညာတောင်ပံလူက တိုက်စစ်မှူးအဖြစ် ကစားသွားတာပါ။

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းက အမှန်အတိုင်း ပြောရရင် အစီအစဉ်တစ်ခုရှိတဲ့ အသင်းနဲ့ မတူဘဲ ပွဲမစခင် ၅ မိနစ်အလိုမှ နေရာတွေကို ကမောက်ကမ လဲလှယ်လိုက်တဲ့ အသင်းနဲ့ပဲ တူနေပါတယ်။ ​အိုးထရက်ဖို့ဒ်ကို လာပြီး ဘရူနို ဖာနန်ဒက်စ်ကို အရန်ခုံမှာ ထိုင်ခိုင်းထားတာ၊ ကစားသမားတွေကို သူတို့ သေချာနားမလည်တဲ့ နေရာတွေမှာ ရွှေ့ပြောင်းကစားခိုင်းတာတွေကို မြင်နေရပါလျက်နဲ့ ကျွန်တော်တို့ဘက်က အဲဒီအခွင့်အရေးတွေကို ဥက္ခာပြုထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

မန်ယူအသင်း အဲဒီလို ဆုံးဖြတ်ခဲ့မှုအတွက် ပေးဆပ်ရအောင် လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့သလို တကယ်လည်း အကောင်အထည်ဖော်ပြခဲ့ပါတယ်။ ဒီနေ့မှာတော့ ဘုန်းမောက်ဟာ စနစ်တကျရှိတဲ့ အသင်းတစ်သင်းလို ကစားသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကတော့ သူတို့ရဲ့ ကစားကွက် အစီအစဉ်က ဘာလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေရတဲ့ ကစားသမား ၁၁ ယောက်နဲ့ပဲ တူနေခဲ့ပါတယ်"
❤4
🔵 စီးရီးအေထိပ်သီးတွေနဲ့ ယှဉ်ပြိုင်လာနိုင်တဲ့ ကိုမိုအသင်းနဲ့ ဖာဘရီဂတ်စ်ရဲ့ အံ့မခန်းခရီးလမ်း!

ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဟာ မနေ့က ဆာဆူအိုလိုကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၅ မှတ်သာ ကွာဟတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာတွေကိုလည်း ပြန်လည်ရယူနိုင်ခဲ့ပါပြီ။

ကိုမိုအသင်းရဲ့ တိုးတက်လာမှုက တကယ်ကို ရုပ်ရှင်ဆန်လွန်းပါတယ်။အီတလီဘောလုံးလောကရဲ့ စတုတ္ထတန်းကနေ စီးရီးအေထိ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့တယ်။

၂၁ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ အီတလီထိပ်တန်းလိဂ်ဆီ ပြန်လည်ရောက်ရှိလာခဲ့တယ်။အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တယ်။ချန်ပီယံလိဂ် အမှတ်ပေးအဆင့်မှာလည်း အဆင့် ၉ နေရာအထိ ရောက်ရှိနေတယ်။

အခုတော့ အီတလီဘောလုံးလောကရဲ့ ထိပ်ဆုံးအသင်းတွေနဲ့ပါ အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်လာခဲ့ပါပြီ။စတုတ္ထတန်းကနေ ဥရောပအထက်တန်းလွှာတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့အဆင့်အထိ… ဒါဟာ ကိုမိုအသင်းရဲ့ အံ့မခန်းခရီးလမ်းပါပဲ။

ဖာဘရီဂတ်စ်ဟာ နည်းပြကောင်းတစ်ယောက်ဆိုတာထက် ပိုပါတယ်။ ကိုမိုအသင်းရဲ့ အနာဂတ်ကိုပါ ပြောင်းလဲပေးနေသူတစ်ယောက်ပါ။
🚨 ဘိုင်ယန်ကစားသမားတွေ ကွန်ပနီရဲ့ ကျန်းမာရေးအတွက် ရက်သတ္တပတ်များစွာကတည်းက စိုးရိမ်နေခဲ့ကြ!

သတင်းထွက်ပေါ်မှုတွေအရ ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီရဲ့ ကျန်းမာရေးအခြေအနေအပေါ် အသင်းတွင်းမှာ အချိန်အတော်ကြာကတည်းက စိုးရိမ်မှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

စိုးရိမ်မှုတွေထဲမှာတော့—

▪️ အိပ်ချိန်မလုံလောက်ခြင်း
▪️ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်း
▪️ အစားအသောက်ကို ပုံမှန်မစားဘဲ အချိန်မမှန် စားသောက်ခြင်း
▪️ ကိုယ်အလေးချိန်ကို အလွန်အကျွံ လျော့ချဖို့ ကြိုးစားခြင်း တို့ဖြစ်ပါတယ်။

ဂျာမန်သတင်းဌာန ဘီလ် (BILD) ရဲ့ ဖော်ပြချက်အရအောက်တိုဘာ ၂၃ ရက်နေ့မှာတော့ ဘိုင်ယန်အသင်း လူငယ်ကစားသမားတွေရဲ့ လေ့ကျင့်ရေးကို ကြည့်ရှုနေစဉ် ကွန်ပနီဟာ ရုတ်တရက် လဲကျသွားခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ကုသမှု ခံယူနေရပါတယ်။
❤3
🚨 ဂျူလီယန် အယ်လ်ဗာရက်ဇ် အသလက်တီကို ပရိသတ်တွေကို တရားဝင် တောင်းပန်လိုက်ပြီ!

အသလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ ကမ္ဘာ့ဖလားကာလအတွင်း ပြောဆိုခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီး အသင်းပရိသတ်တွေကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

🗣 အယ်လ်ဗာရက်ဇ် –

“ကမ္ဘာ့ဖလားကာလအတွင်း ကျွန်တော်ပြောခဲ့တဲ့ စကားတွေအတွက် ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အဲဒီစကားတွေဟာ မှားယွင်းခဲ့ပါတယ်။ ပြောဆိုခဲ့တဲ့ပုံစံရော၊ ပြောခဲ့တဲ့အချိန်ကာလပါ မှားခဲ့တာပါ။

ပရိသတ်တွေ ဘာကြောင့် စိတ်ဆိုးခဲ့ကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်သာ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ရင် ကျွန်တော်လည်း စိတ်ဆိုးမိမှာပါပဲ။

အထူးသဖြင့် ပရိသတ်တွေက ကျွန်တော့်ကို အမြဲတမ်း ဘယ်လောက်အထိ အားပေးခဲ့ကြသလဲဆိုတာ သိထားလို့ပါ။ သူတို့ရဲ့ အားပေးမှုတွေအတွက် တကယ်ကျေးဇူးတင်ပါတယ်။ ဒီကာလတစ်လျှောက် ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့တဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

အခုတော့ ကျွန်တော် တဖြည်းဖြည်း ပိုကောင်းလာနေပါပြီ။ ကိုယ်ခန္ဓာပိုင်းရော၊ ဘောလုံးနဲ့ ကစားတဲ့အပိုင်းမှာပါ နောက်ဆုံးပွဲတွေမှာ ပိုကောင်းလာတယ်လို့ ခံစားရပါတယ်။ အသင်းကို ကူညီပေးပြီး အကောင်းဆုံးပေးဆပ်သွားချင်ပါတယ်။

ဘဝမှာ အရာအားလုံး အဆင်ပြေနေတဲ့အခါ ကွင်းထဲက ကစားပုံမှာလည်း အဲဒါကို မြင်တွေ့ရပါတယ်။ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေ ဖြစ်ပေမဲ့ ကိုယ်ရေးကိုယ်တာအခြေအနေတွေကလည်း အများကြီး သက်ရောက်မှုရှိပါတယ်။

အခု ကျွန်တော် အဆင်ပြေနေပြီဖြစ်ပြီး အရာအားလုံးအတွက် ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။

ကြိုးစားအားထုတ်မှုနဲ့ နှိမ့်ချမှုတို့ကို အခြေခံပြီး ဒီအခြေအနေကို ပြန်လည်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

တောင်းပန်စကားနဲ့အတူ ကွင်းထဲမှာပါ သက်သေပြဖို့ အယ်လ်ဗာရက်ဇ် အသင့်ဖြစ်နေပြီ။ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် သူ့ရဲ့ ခြေစွမ်းနဲ့ သက်သေပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
❤3
(၂၀၂၆) ခုနှစ်ရဲ့ (𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫) ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန်ည (၆) နာရီ၊ လန်ဒန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာ စံတော်ချိန်အရဆိုရင်တော့ အင်္ဂါနေ့ (၂၇/၁၀/၂၀၂၆) ရက်နေ့ နံနက် (၀၀:၃၀) နာရီမှာ စတင်ကျင်းပမှာ ဖြစ်ပြီး၊ ထို အခမ်းအနားကို အောက်ပါလင့်မှာ တိုက်ရိုက် ကြည့်ရှု့နိုင်ပြီ ဖြစ်ပါတယ်။
❤2
ကိုးလ်ပါးမားရဲ့ အနီကတ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ခေတ်မှာ အကြိမ် ၁၀၀ မြောက် ပြသခံရတဲ့ အနီကတ်ဖြစ်လာစေခဲ့ပါတယ် ။ ဒါဟာ ပြိုင်ပွဲသမိုင်းတလျောက် တတိယအများဆုံး အသင်းဖြစ်လာစေခဲ့ပြီး သူတို့အထက်မှာ အဲဗာတန် ( ၁၁၃ ကတ် ) နဲ့ အာဆင်နယ် ( ၁၁၀ ကတ် ) တို့သာ ရပ်တည်နေကြပါတယ် ။ ထူးဆန်းတာကတော့ ဒီနေရာမှာလည်း အာဆင်နယ်က ဒုတိယပါပဲ ။
❤4
CBS သတင်းတင်ဆက်သူတွေ ဖြစ်တဲ့ 𝐓𝐡𝐢𝐞𝐫𝐫𝐲 𝐇𝐞𝐧𝐫𝐲 နဲ့ 𝐊𝐚𝐭𝐞 𝐒𝐜𝐨𝐭𝐭 တို့ရဲ့

မနက်ဖြန်ညနေမှာ ကျင်းပမယ့် 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 အခမ်းအနားအတွက် အကြိုလေ့ကျင့်နေစဉ် ဗွီဒီယိုလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်

𝐊𝐚𝐭𝐞 𝐒𝐜𝐨𝐭𝐭 : ကျွန်မတို့ မနက်ဖြန်မှာ ကျင်းပမယ့် အကြိမ် (၇၀) မြောက် 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ပွဲအတွက် အကြိုလေ့ကျင့်နေကြတာ ဖြစ်ပါတယ်။

𝐓𝐡𝐢𝐞𝐫𝐫𝐲 𝐇𝐞𝐧𝐫𝐲 : ဘယ်သူဆု ရရှိမလဲဆိုတာ သူမ သိတယ်လေ

𝐊𝐚𝐭𝐞 𝐒𝐜𝐨𝐭𝐭 : မသိပါဘူး။

𝐓𝐡𝐢𝐞𝐫𝐫𝐲 𝐇𝐞𝐧𝐫𝐲 : သူမ ပဲသိတာ။ ကျွန်တော် မသိဘူး။

𝐊𝐚𝐭𝐞 𝐒𝐜𝐨𝐭𝐭: ကျွန်မတို့ မသိဘူးနော်။

𝐓𝐡𝐢𝐞𝐫𝐫𝐲 𝐇𝐞𝐧𝐫𝐲 : မနက်ဖြန်နော်။ သူမ သိတယ်။
အေစီမီလန်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြရန် ရုန်းကန်နေရတဲ့ အသက် ၂၀ အရွယ်ပြင်သစ်ခံစစ်မှူး လီနီယိုရိုကို နွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ခေါ်ယူသွားရန် ပစ်မှတ်ထားနေပါသည်။
နယူးကာဆယ်နဲ့ စပါးအသင်းတို့သည် ရာသီကုန်တွင် အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသက် ၃၀ အရွယ် အဂ်လန် ကွင်းလယ်ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ် နဲ့ အသက် ၂၈နှစ်အရွယ် နောက်ခံလူ ဖီကာယို တိုမိုရီတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူသွားရန် ပစ်မှတ်ထားနေကြပါသည်။
မနေ့ညက ဘုန်းမောက်အသင်းအား အိမ်ကွင်းမှာ ၃ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲစဥ်တွင် အသင်းခေါင်းဆောင်တာဝန်ယူခဲ့တဲ့ အသက် ၃၃နှစ်အရွယ် အဂ်လန်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက “လက်ရှိမှာ အသင်းရဲ့ကစားပုံက အဆင်မပြေသေးပါဘူး။ ရလဒ်တွေကလည်း လက်ခံနိုင်စရာမရှိသလို ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပြသခဲ့တဲ့ ခြေစွမ်းတွေကလည်း မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ အခုမှရာသီအစပိုင်းပဲ ရှိသေးပြီး ကျွန်တော်တို့ အခြေအနေကို ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီး ကိုယ်ဘာတွေ ထပ်လုပ်နိုင်မလဲဆိုတာ မှန်ထဲကြည့်သလို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ " ဟုပွဲအပြီးအင်တာဗျူးတွင် ပြောကြားသွားခဲ့ပါသည်။
❤4
⚪️ ရီးရဲလ်မက်ဒရစ်က အယ်လ်ကလက်စီကို သမိုင်းမှာ ဘာစီလိုနာကို အသာရ

မနေ့ညက အယ်လ်ကလက်စီကိုပွဲမှာ အနိုင်ရပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ သမိုင်းတစ်လျှောက် အယ်လ်ကလက်စီကို အနိုင်ရတဲ့အရေအတွက်မှာ ဘာစီလိုနာကို ကျော်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါပြီ။

ပွဲမစခင်အထိ နှစ်သင်းစလုံး အနိုင်ပွဲ ၁၀၆ ပွဲစီနဲ့ တူညီနေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မက်ဒရစ်တို့က သမိုင်းမှတ်တမ်းမှာ တစ်ပွဲအသာနဲ့ ဦးဆောင်သွားခဲ့ပါပြီ။

ရီးရဲလ်မက်ဒရစ် — ၁၀၇ ပွဲနိုင်
သရေ — ၅၂ ပွဲ
ဘာစီလိုနာ — ၁၀၆ ပွဲနိုင်

အယ်လ်ကလက်စီကို သမိုင်းမှာ ဘယ်အသင်းက ဦးဆောင်နိုင်သူဆိုတာ မက်ဒရစ်တို့က ထပ်မံသက်သေပြလိုက်ပြီလား။
❤2
🏆အာဆင်နယ်ရဲ့ ရွှေဖလား စံချိန်ကို ဒီရာသီလည်း မချိုးဖျက်နိုင်သေးပါဘူး

မန်စီးတီးက အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီနှစ်ရာသီမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းမရှိတော့ပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ အဆုံးသတ်နိုင်ခဲ့တဲ့ အသင်းအဖြစ် အာဆင်နယ်တစ်သင်းတည်းသာ မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။

၂၀၀၃-၀၄ ရာသီမှာ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်း ရေးထိုးခဲ့တဲ့ မယုံနိုင်စရာ စံချိန်ဟာ ယနေ့အချိန်အထိ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်ပါတယ်။

နှစ်တွေ ဘယ်လောက်ကြာကြာ Invincibles ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ အာဆင်နယ်အပိုင်ပဲ ဖြစ်နေပါသေးတယ်။
❤5