မန်ချက်စတာယူနိုက်တက်အသင်းမှာအနာဂတ် မရေမရာဖြစ်လာသည့်နည်းပြ မိုက်ကယ် ကာရစ်
ပရီးမီးယားလိဂ်မှာ ၈ပွဲကစား ၇မှတ်သာရရှိထားသလို
ချန်ပီယံလိဂ်မှာလည်း Sabah Fk တစ်သင်းတည်းကိုသာအနိုင်ရရှိထားပြီး ရလဒ်တွေဆိုးရွားနေသည့် မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမိုက်ကယ်ကားရစ်ကို ရာထူးမှထုတ်ပယ်ရန်စီစဥ်နေကြောင်း သိရှိရပါသည်။
၎င်းတို့နှင့်မိုက်ကယ် ကာရစ်အကြား ချုပ်ဆိုထားတဲ့ စာချုပ်အရ အချိန်မတိုင်မီ စာချုပ်ဖျက်သိမ်းနိုင်တဲ့ဆိုတဲ့ အချက် ပါဝင်နေပြီး ၊ အသင်းအဝတ်လဲခန်းအတွင်းကလာတဲ့ သတင်းရင်းမြစ်တွေအရ ကားရစ်ကို နည်းပြရာထူးကနေ မကြာခင် ထုတ်ပယ်ခံရမယ်လို့ အသင်းသားတွေဘက်က မျှော်လင့်နေကြကြောင်းသိရှိရပါသည်။
အသင်းပိုင်ရှင်တွေဟာ မနေ့ညက ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ကာရစ်ရဲ့ အနာဂတ်နဲ့ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ကာရစ်ရဲ့ယူနိုက်တက် နည်းပြရာထူးဟာ ပိုမိုမရေမရာ ဖြစ်လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။
(Sources : Alex_Crook , BBCSport)

❤2
ဝက်ဖို့ဒ် ၊ ဘန်လေ၊ အဲဗာတန်နှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့၏ နည်းပြဟောင်း ရှောင်ဒိုက်ချ်သည် ရလဒ်တွေဆိုးရွားနေသည့် ခရစ္စတယ်ပဲလေ့စ်အသင်းသာ ၎င်းတို့ရဲ့ မန်နေဂျာ ပီယာဆေ့ဂျ်ကို ရာထူးမှ ထုတ်ပယ်ပါက ခရစ္စတယ်ပဲလေ့စ်အသင်း၏ နည်းပြဖြစ်လာရန် ထိပ်ဆုံးက ရေပန်းစားနေပြီး ရှောင်ဒိုက်ချ် ရဲ့နောက်တွင် ဘရန့်ဖို့ဒ်အသင်း၏ နည်းပြဟောင်း သောမတ်စ် ဖရန့်ခ် ၊ ဝုဖ်အသင်းရဲ့ နည်းပြဟောင်း ဗစ်တာ ပါရဲရားနှင့် ဖီရန်ဗာရော့စ်အသင်းရဲ့ နည်းပြဟောင်း ရော်ဘီကိန်းတို့က အစဥ်အလိုက်ရပ်တည်လျှက်ရှိနေကြောင်းသိရှိရပါသည်။
❤1
လက်ရှိမှာ ရိုနယ်လ်ဒိုက မဲအပြတ်နဲ့ ဦးဆောင်နေတဲ့ B.O.A.T ဆုကြီးဟာ တရားဝင်ဆုတခုမဟုတ်ဘဲ ဘောလုံးဝါသနာရှင်တွေရဲ့ စိတ်အားထက်သန်မှုကို ရည်ညွှန်းတဲ့အရာတခုကို ဖော်ပြတာပါလို့ ရွှေဘောလုံးဆု ချီးမြှင့်တဲ့ France Football က တရားဝင် ကြေညာသွားခဲ့ပါတယ်။
ဒါကြောင့် လာမယ့် ရွှေဘောလုံးဆုပေးပွဲမှာ ဒီဆုရရှိသူကို ပေးအပ်ချီးမြှင့်မှာ မဟုတ်ဘဲ သူတို့ရဲ့ website မှာသာ ဖော်ပြပေးသွားမှာပါ ။ မဲတခုအတွက် ၁ ယူရိုနဲ့ ပါဝင်ခဲ့သူတွေထဲက ကံထူးရှင်တဦးကို လာမယ့်နှစ် ( ၂၀၂၇ ခုနှစ် ) ရွှေဘောလုံးဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်မယ့် လက်မှတ် ၂ စောင် ပေးအပ်သွားမယ်လို့ သိရပါတယ်

❤4
ဘလွန်ဒေါ Official website ကနေပြီး ဟာရီကိန်း ဘလွန်ဒေါ ရရှိကြောင်း မတော်တဆ မှားတင်မိခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေနဲ့ ယာမယ်လ်တို့ ရရှိကြောင်းတွေပါ ဆက်တိုက်တင်ခဲ့တဲ့အတွက်ပရော်ဖက်ရှင်နယ် မဆန်လွန်းသော မှားယွင်းမှုလို့ ပရိသတ်တွေက ဝေဖန်နေကြပါပြီ။
ဟာရီကိန်း ရရှိတာ သေချာသလောက်ရှိနေပြီး မှားယွင်းတင်မိပြီးမှ သို့လော သို့လော ဖြစ်စေရန် အမ်ဘာပေနဲ့ ယာမယ်တို့ကို ထပ်တင်သည်ဟု ထင်ကြေးပေးနေကြတဲ့အတွက် အင်္ဂလန်မြေမှာကျင်းပတဲ့ နှစ်မှာ အင်္ဂလန်သားတိုက်စစ်မှူးကြီး ရရှိသွားတာ သေများ သေချာနေပြီလားဆိုတာကတော့...
ယခုတော့ အကုန်ပြန်ဖျက်သွားပြီဖြစ်ပေမယ့် စကရင်ရှော့များ ရရှိထားလိုက်ကြပါတယ်။

စပါးမှာ ရသင့်တဲ့ ဖလားတစ်ခုမှ မရဘဲ ဂိုးတွေဒိုင်ခံသွင်ပေး အနစ်နာခံပေးနေကတည်းက ကိန်းဆိုရင် တခုခု အောင်မြင်မှုတွေရစေချင်တာ အခုတော့ ဘိုင်ယန်နဲ့အတူ ဆုဖလားတွေပါရရင်း ဘောလုံးလောကရဲ့အမြင့်ဆုံး Individual Reward ဖြစ်တဲ့ Ballon'dor ကိုပါ ဟယ်ရီကိန်းတစ်ယောက် ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ် 🔴🏴
ဟယ်ရီကိန်းဟာ Ballon'dor ဆုကို 2001 ခုနှစ်မှာ မိုက်ကယ်အိုဝင် နောက်ဆုံးရရှိခဲ့ပြီးနောက် 25 နှစ်အကြာမှာ ဘလွန်းဒီအော်ဆုကိုပြန်လည် ရရှိခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားလည်း ဖြစ်လာခဲ့ပါသည်။ ဒုတိယနဲ့ တတိယနေရာမှာတော ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ကီလီယန်အမ်ဘာပေ နှင့် ဘာစီလိုနာအသင်းရဲ့ စပိန်တောင်ပံကစားသမား လာမင်းယာမယ်တို့ရပ်တည်နေပြီး ရိုဒရီက စတုတ္ထနှင့် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတို့က ပဉ္စမနေရာမှာအသီးသီးရပ်တည်လျှက်ရှိပါသည်။
Congrats Harry 👏

❤5
• Ballon d'Or ဆု - ဟာရီကိန်း
• အမျိုးသမီး Ballon d'Or ဆု - ပူတဲလက်စ်
• အကောင်းဆုံး တိုက်စစ်မှူးဆု (Gerd Muller Trophy) ဆု - ဟာရီကိန်း
• ရွှေလက်အိတ်ဆု - အူနိုင်း ဆီမွန် (စပိန်)
• အကောင်းဆုံး နည်းပြဆု - ဒီလာဖွန်တေး (စပိန်)
• အကောင်းဆုံး လူငယ်ကစားသမားဆု - ယာမဲလ်
• အကောင်းဆုံး ကလပ်အသင်းဆု - PSG
• လူသားချင်းစာနာမှုဆိုင်ရာ ထူးချွန်ဆု (Socrates Award) - ဘူကာယို ဆာကာ
၂၀၂၆ Ballon d'Or ဆုပေးပွဲကြကတော့ အငြင်းပွါးဖွယ်ရာမရှိ ပြီးဆုံးသွားခဲ့ပါပြီ။ 👏🏆

❤8
ဖာဂူဆန် မရှိတော့တဲ့နောက် မန်ယူနိုက်တက်ဟာ ဘာကြောင့် ဒီလောက်အထိ ကျဆင်းသွားခဲ့ရသလဲဆိုတဲ့ အဓိက အကြောင်းအရင်းတွေကို ကြည့်ရင် အသင်းရဲ့ အုပ်ချုပ်မှုပုံစံကစလို့ ကွင်းတွင်းစွမ်းဆောင်ရည်အထိ လွဲမှားမှုပေါင်းများစွာ ရှိခဲ့တာကို တွေ့ရပါလိမ့်မယ်။
1. ခေါင်းဆောင်မှုနဲ့ အသင်း၏ ဖွဲ့စည်းပုံ မရှိခဲ့ခြင်း
ဖာဂူဆန်ဆိုတာ နည်းပြတစ်ယောက်တင် မကဘဲ အသင်းတစ်သင်းလုံးရဲ့ ပင်မမဏ္ဍိုင်ဖြစ်ခဲ့တာပါ။ သူ ထွက်ခွာသွားချိန်မှာ အသင်းရဲ့ ဘောလုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို သေချာ တည်ဆောက်မသွားနိုင်ခဲ့သလို၊ အလုပ်အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ David Gill ပါ တစ်ပြိုင်နက်တည်း နှုတ်ထွက်သွားခဲ့တာကြောင့် အသင်းရဲ့ အဓိက ခေါင်းဆောင်နှစ်ယောက်စလုံး တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့ပါတယ်။
2. ဘောလုံးအမြင် မရှိသော စီမံခန့်ခွဲသူများ
David Gill နေရာကို ဆက်ခံခဲ့တဲ့ Ed Woodward ဟာ စီးပွားရေးပိုင်းမှာ အလွန်တော်ပေမဲ့ ဘောလုံးပိုင်းဆိုင်ရာ အမြင်မျိုး လုံးဝမရှိခဲ့ပါဘူး။ စီးပွားရေးသမားတွေကပဲ ကစားသမားသစ်ဝယ်ယူရေးနဲ့ နည်းပြရွေးချယ်ရေးတွေကို လုပ်ဆောင်ခဲ့တာကြောင့် အစီအစဉ်မရှိဘဲ ရမ်းသန်း လုပ်ဆောင်မှုတွေ ဖြစ်ခဲ့ပါတယ်။
3. ရေရှည်စီမံကိန်း မရှိဘဲ နည်းပြ အမျိုးမျိုး ပြောင်းလဲခြင်း
David Moyes, Louis van Gaal, José Mourinho, Ole Gunnar Solskjær, Erik ten Hag အစရှိတဲ့ နည်းပြတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကစားဟန်တွေ လုံးဝမတူကြပါဘူး။ နည်းပြတစ်ယောက် ပြောင်းတိုင်း ကစားသမားသစ်တွေ ဈေးကြီးပေးဝယ်လိုက်၊ နည်းပြအသစ်ရောက်ရင် အဲ့ဒီကစားသမားတွေက အသုံးမဝင်တော့လိုက်နဲ့ အသင်းရဲ့ ကစားသမားအင်အားဟာ စနစ်မကျဘဲ စိစစ်မထားတဲ့ စုဆောင်းမှုကြီး ဖြစ်သွားခဲ့ပါတယ်။
4. ကစားသမားသစ် ဝယ်ယူရေး အလွဲများ
အသင်းဟာ ယူရို သန်းပေါင်းများစွာ သုံးစွဲခဲ့ပေမဲ့
မှန်ကန်တဲ့ ကစားသမားတွေကို မဝယ်ယူနိုင်ခဲ့ပါဘူး။
နာမည်ကြီးတာတစ်ခုတည်းနဲ့ ဈေးကြီးပေးဝယ်ခဲ့တဲ့ ကစားသမားအများစု (ဥပမာ- Alexis Sánchez, Ángel Di María, Paul Pogba) ဟာ အသင်းမှာ အဆင်မပြေခဲ့ပါဘူး။ စီးပွားရေးကိုပဲ ဦးစားပေးခဲ့တာကြောင့် အသင်းရဲ့ အဓိက လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။
5. Glazer မိသားစု၏ အမြတ်ထုတ် စီမံခန့်ခွဲမှု
အသင်းပိုင်ရှင် Glazer မိသားစုဟာ အသင်းထဲကို ကိုယ်ပိုင်ငွေကြေး ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ဘဲ အသင်းရဲ့ ဝင်ငွေတွေထဲကနေ အမြတ်ဝေစုတွေကိုပဲ နှစ်စဉ် ထုတ်ယူခဲ့ကြပါတယ်။ Old Trafford ကွင်းကြီး ယိုယွင်းလာတာနဲ့ လေ့ကျင့်ရေးကွင်းရဲ့ နည်းပညာတွေ ခေတ်နောက်ကျကျန်ခဲ့တာတွေကို လစ်လျူရှုခဲ့ကြပါတယ်။
6. အသင်း၏ စိတ်ဓာတ်နှင့် ယဉ်ကျေးမှု ပျက်စီးသွားခြင်း
ဖာဂူဆန်ရဲ့ လက်ထက်မှာ မန်ယူနိုက်တက်ရဲ့ အဓိက အသက်ရှူသံဟာ နိုင်ပွဲရရှိရေး စိတ်ဓာတ်နဲ့ စည်းကမ်းပဲ ဖြစ်ပါတယ်။ သူ ထွက်သွားပြီးနောက်ပိုင်းမှာ ကစားသမားတွေရဲ့ စည်းကမ်းပိုင်း လှုပ်ခါလာခဲ့သလို၊ အဝတ်လဲခန်းအတွင်း ဩဇာညောင်းတဲ့ ခေါင်းဆောင်ကစားသမားတွေမရှိတော့တာကြောင့် အသင်းရဲ့ Standard တွေ လျော့ကျသွားခဲ့ရပါတယ်။
ဖာဂူဆန်ဟာ အသင်းရဲ့ အားနည်းချက်ပေါင်းများစွာကို သူ၏ ပါရမီ၊ ဩဇာနဲ့ စွမ်းဆောင်ရည် တွေနဲ့ ဖုံးကွယ်ပေးထားခဲ့တာပါ။ သူ မရှိတော့တဲ့အခါ ကလပ်အသင်းရဲ့ အမြစ်တွယ်နေတဲ့ စီမံခန့်ခွဲမှု အလွဲတွေ၊ ခေတ်မမီတော့တဲ့ စနစ်တွေ အကုန်လုံး အပြင်ကို ပေါ်ထွက်လာပြီး ဒီနေ့လို အခြေအနေအထိ ဆုတ်ယုတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

👏3
မော်ရင်ညိုက ဘာစီလိုနာနဲ့ပွဲတွင်လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့သည့် လူနင်အကြောင်းမမေးမြန်းခဲ့သည့် မီဒီယာတွေကိုပြန်လည် မေးခွန်းထုတ်ခဲ့
ဟိုဆေးမော်ရင်ညိုက မနေ့ညက ကစားခဲ့သည့် အက်ကလက်စီကိုပွဲစဥ်တွင် ဘာစီလိုနာနောက်ခံလူ ဂျရတ်မာတင်ရဲ့ ခေါင်းတိုက်ဂိုးအပါအဝင် ဘာစီလိုနာအသင်းရဲ့ အခွင့်အရေးတချို့ကို အကောင်းဆုံးလက်စွမ်းပြကာကွယ်သွားနိုင်တဲ့ အသက် ၂၇နှစ်အရွယ် ယူကရိန်းဂိုးသမား လူနင် နဲ့ပတ်သက်၍ “ခ င်ဗျားတို့ လူနင်အကြောင်းနဲ့ပတ်သက်ပြီးတော့ မေးခွန်းတစ်ခုတောင် မမေးကြဘူးနော်။အကယ်၍ လူနင်ကြောင့်သာ ကျွန်တော်တို့ ရှုံးခဲ့ရင် ဒါက ခင်ဗျားတို့ ကျွန်တော့်ကိုမေးမယ့် ပထမဆုံးမေးခွန်း ဖြစ်နေမှာပဲ။လေ့ကျင့်ရေးဆင်းတာဟာ ပွဲမှာ ကစားနိုင်ဖို့အတွက်ပဲဆိုပြီး ကျွန်တော် သူ့ကို အမြဲပြောလေ့ရှိတယ်။ ဒီနေ့ညမှာတော့ လူနင် ဟာ ပွဲအတွင်း အေးအေးဆေးဆေးနဲ့ ယုံကြည်မှုရှိရှိ ကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ထိုးဖောက်မှုအချို့ကိုလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ လူနင်ရဲ့လက်စွမ်းပြကာကွယ်မှုတွေက တကယ်ပဲအသင်းကို အထောက်အပံ့ဖြစ်စေခဲပါတယ်ဟု " မော်ရင်ညိုက အရံဂိုးသမားလူနင်ရဲ့ လက်စွမ်းနဲ့ပတ်သက်ပြီးတော့ ချီးကျူးပြောကြားသွားခဲ့ပါသည်။

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းတို့သည် အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်မရရှိသည့် အသက် ၂၇နှစ်အရွယ် စပိန်ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ ကိုခေါ်ယူရန် စောင့်ကြည့်နေပြီး ကစားသမားကိုယ်တိုင်ကလည်း လက်ရှိအတိုင်းသာ အရံခုံဆက်လက်ထိုင်နေရပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ စဉ်းစားလာဖွယ်ရှိနေကြောင်း သိရှိရပါသည်။
မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့သည် ယူနိုက်တက်အသင်းရဲ့ အသက် ၂၈နှစ်အရွယ် အဂ်လန် တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်နေကြကြောင်း သိရှိရပါသည်။
အဲဗာတန်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက်အဓိကထား ဆွေးနွေးနေသလိုမာကပ်စ်ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း အပြီးသတ်အပြောင်းအရွှေ့နဲ့ဖြစ်စေ၊ အငှားနဲ့ဖြစ်စေ လာမည့်ဆောင်းရာသီစျေးကွက်ဖွင့်ချိန်တွင် ယူနိုက်တက်အသင်းကနေ ထွက်ခွာရန်အလိုရှိနေကြောင်းသိရှိရပါသည်။

ရာသီကုန်တွင် ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၂၇ နှစ်အရွယ် ဘရာဇီးညာတောင်ပံခံစစ်မှူး ဒိုဒိုဟာ နွေရာသီမှာ ဖီအိုရင်တီးနားအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ စီစဉ်ထားပြီး အဆိုပါဘရာဇီးညာနောက်ခံလူကိုခေါ်ယူရန် အေစီမီလန် ၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြကြောင်းသိရှိရပါသည်။
'အားကစားစိတ်ဓါတ် ပြည့်ဝတဲ့ အိုလီဆေး'
"အရှုံးအနိုင်မဆိုရ အားကစားသာအဓိက" ဆိုတဲ့စကားတစ်ခွန်းရှိရာ မိုက်ကယ်အိုလီဆေးက ကိုက်ညီသူပါပဲ။
၂၀၂၆ ဘလွန်းဒီအောဆုကို ဟာရီကိန်းလက်ခံရရှိသွားကြောင်း ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုနာဇာရီယိုကကြေညာတော့ ဆုပေးပွဲတက်ရောက်သူ ဆန်ကာတင်ကစားသမားအားလုံးနီးပါး မျက်နှာပျက်သွားကြပါတယ်။
တစ်ဘက်မှာ ထိုသူတွေနဲ့မတူဘဲ တစ်ချိန်လုံးပြုံးရွှင်နေသူကတော့ မိုက်ကယ်အိုလီဆေးပါ။ သူဟာ ဘိုင်ယန်မြူးနစ်အသင်းဖော် သူငယ်ချင်းဖြစ်သူ ကိန်းတစ်ယောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိသွားတဲ့အပေါ် ပျော်ရွှင်နေပါတယ်။
ပြင်သစ်သားဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံဆုတွေဆွတ်ခူးချိန်မှာတောင် ပြုံးရွှင်နေတာမတွေ့ခဲ့ရပေမယ့် ဟာရီကိန်းဘလွန်းဒီအောရလို့ ဝမ်းသာနေချိန်မှာတော့ သူ့ဆီအပျော်တွေကူးစက်လာပါတယ်။ ဒါဟာ လူကြီးလူကောင်းပီသတဲ့ လေးစားဖွယ်စိတ်ဓါတ်ပါ။
အမ်ဘာပေ၊ ဒမ်ဘီလီ၊ ယာမဲလ်တို့ မျက်နှာမဲ့နေချိန် အိုလီဆေးရဲ့အားကစားသမားပီသမှုဟာ အထင်းသားပေါ်လွင်နေခဲ့ပါတယ်။

❤6
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ CEO အိုမာ ဘရာဒါနဲ့ Sporting ဒါရိုက်တာဖြစ်သူ ဂျေဆန် ဝီလ်ကော့စ်တို့ဟာ လက်ရှိရလဒ်တွေဆိုးရွားနေတဲ့ နည်းပြ မိုက်ကယ် ကာရစ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂျိုးလ် ဂလေဇာ၊ အဗရမ် ဂလေဇာနဲ့ ဆာဂျင် ရက်ကလစ်ဖ်တို့နဲ့ တွေ့ဆုံကာ ဆွေးနွေးသွားဖို့ ရှိနေကြောင်း သိရှိရပါသည်။
အဆိုပါ ဆွေးနွေးမှုတွင် ကာရစ်ရဲ့အနာဂတ်အပြင် ကားရစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါက အစားထိုးခန့်အပ်မယ့် နည်းပြရှာဖွေရေးကိစ္စကိုလည်း အဓိကထား ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရပါသည်။