Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
စပါးကို ရှုံးခဲ့တဲ့ ပွဲစဉ်အတွင်း အနီကဒ်ထိခဲ့တဲ့ ကိုးလ်ပါးလ်မားဟာ သူ့ရဲ့အနီကဒ်ပြစ်ဒဏ်ကို လီဗာပူးလ်နဲ့ ကာရာဘောင်းပွဲစဉ်မှာကျခံရမှာဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲမှာ ပြန်ကစားတော့မှာဖြစ်ပါတယ် 🔵

[via MEN]
🏆ဟယ်ရီကိန်းရဲ့ ဘလွန်းဒီအော်အောင်မြင်မှုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းကြီး အယ်လီယန့်ဇ်အရီနာဟာ ဒီညမှာ ရွှေရောင်တောက်ပလို့နေပါတယ်။

အင်္ဂလန်ဘောလုံးရဲ့ အထင်ကရ ဝင်ဘလေကွင်းကြီးကလည်း ဟယ်ရီကိန်းနဲ့ ဘလွန်းဒီအော်ဆုကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ ထွန်းလင်းနေခဲ့ပါတယ်။

ဟယ်ရီကိန်းအတွက် ဂုဏ်ယူစရာညတစ်ည၊ သူ့ရဲ့အောင်မြင်မှုကို ဘောလုံးကမ္ဘာကြီးကပါ ရွှေရောင်အလင်းတွေနဲ့ ဂုဏ်ပြုနေပါတယ်။
❤4
လာမည့်နွေရာသီမှာ ခံစစ်ကို ကြီးမားတဲ့ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ကာလရှည်ပစ်မှတ်တစ်ခုဖြစ်သည့် အဲဗာတန်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဂျာရတ် ဘရန့်သ်ဝိတ်ကို နွေရာသီတွင် ခေါ်ယူသွား ပစ်မှတ်ထားနေပါသည်။
❤2
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လီဗာပူးလ် ၊ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဂါလာတာဆာရေးအသင်းတို့မှခေါ်ယူရန်စိတ်ဝင်စားနေတဲ့ အသင်းရဲ့ အသက် ၂၈ နှစ်အရွယ်ဆီနီဂေါ တောင်ပံကစားသမား အစ္စမိုင်လာ ဆား ကိုလာမည့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ဆန္ဒမရှိဘဲ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရှိရပါသည်။
အေစီမီလန်အသင်းဟာ အသင်းရဲ့ အသက် ၂၈နှစ်အရွယ် အမေရိကန်လက်ရွေးစင် တောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်နဲ့ ရေရှည်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း Sky Sport မှာ ဖော်ပြထားလျှက်ရှိပါသည်။

စာချုပ်သစ်အရ ပူလီဆစ်ဟာ ၂၀၃၁ ခုနှစ် ဇွန်လအထိ အေစီမီလန်အသင်းမှာ ဆက်ရှိသွားမှာ ဖြစ်ပါသည်။
လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ဟာ ရန်းနက်စ်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးတိုက်စစ်မှူး အက်စတီဘန် လီပိုလ်ကို ခေါ်ယူရန် အပြိုင် ကြိုးပမ်းနေကြပေမယ့် ရန်းနက်စ်အသင်းဟာ ၎င်းတို့ရဲ့အဓိကတိုက်စစ်မှူးဖြစ်သူကို လာမယ့်ဇန်နဝါရီလတွင် ရောင်းချခြင်းထက် နွေရာသီမှာသာ ရောင်းချသွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။ ဒါ့အပြင် လီပိုလ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၃၀ ခုနှစ်အထိရှိနေသလို ကစားသမားကိုယ်တိုင်လည်း အသင်းကနေ အလျင်စလိုထွက်ခွာရန် ဆန္ဒမရှိကြောင်း သိရှိရပါသည်။
ဒီရာသီ မန်ချက်စတာစီးတီးအသင်းမှာ ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရတဲ့ လူငယ်ကစားသမား ရီကို လူးဝစ်ဟာ ပွဲထွက်ကစားခွင့် ပိုမိုရရှိနိုင်ဖို့အတွက် လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာရန် စဉ်းစားနေကြောင်း သိရှိရပါသည်။

အသက် ၂၁ နှစ်အရွယ် နောက်ခံလူကို နော်တင်ဟမ်ဖောရက်စ်အသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်အများအပြားကခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 🔴👀

မန်ချက်စတာယူနိုက်တက်အနေနဲ့ နည်းပြ Carrick ကို ချဲလ်ဆီးနဲ့ပွဲဆက်လက်ကိုင်တွယ်ခွင့်ပေးရမှာဖြစ်ပြီး လက်ရှိအခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့လည်းအခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်

[via Tier 1 Sources]
❤2
🔴ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကို လိဂ်တူးက ဖလိဝုဒ် ပင်နယ်တီအဆုံးအဖြတ်နဲ့ ဖြုတ်ချ

ဒီခါရာဘောင်းဖလားပွဲစဉ်ဟာ အံ့အားသင့်စရာ ရှုံးထွက်ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပါတယ်။လိဂ်တူးမှာ အဆင့် ၁၈ နေရာသာ ရပ်တည်နေတဲ့ ဖလိဝုဒ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကို ကာရာဘောင်းဖလားပြိုင်ပွဲကနေ အိမ်ပြန်ပို့နိုင်လိုက်ပါတယ်။

မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဖလိဝုဒ်အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လိဂ်အဆင့်အတန်း၊ အသင်းအင်အားနဲ့ ကစားသမားအရည်အသွေးတွေ ဘယ်လောက်ပဲ ကွာခြားနေပါစေ ဖလားပြိုင်ပွဲတွေမှာတော့ ဘောလုံးက အံ့အားသင့်စရာတွေကို အမြဲဖန်တီးပေးနိုင်ပါတယ်။

အာဆင်နယ်အတွက်တော့ မမျှော်လင့်ထားတဲ့ ရလဒ်ဆိုးတစ်ခု၊ ဖလိဝုဒ်အတွက်တော့ သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။
❤1
မကြာသေးခင်ရက်ပိုင်းကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ခီလီယံ အမ်ဘာပေဟာ တရုတ် ခေါင်းဆောင်ကြီး မော်စီတုန်းကို ထိခိုက်စေတဲ့ အသုံးအနှုန်းမျိုး ပြောဆိုမိခဲ့ပါတယ် ။ အဆိုပါဖြစ်ရပ် အပြီးမှာတော့ လာလီဂါပွဲစဉ်အားလုံးကို တရုတ်နိုင်ငံမှာ ပြသခွင့် ပိတ်ပင်လိုက်ပါပြီ ။ ဒါဟာ လာလီဂါအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတော့မှာပါ ။ ဒါ့အပြင် အမ်ဘာပေပါဝင်တဲ့ ဘယ်လိုမီဒီယာကိစ္စမျိုးမဆိုကိုလည်း အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ် ။ ကာယကံရှင် အမ်ဘာပေ နဲ့ လာလီဂါဉက္ကဌကြီး တီဘက်စ်ကတော့ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား တောင်းပန်ခဲ့သလို ကစားသမားရဲ့ လုပ်ရပ်အတွက်လည်း အလွန်အမင်း နောင်တရမိတယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

အိုဇေးလ်လိုဖြစ်ရပ်မျိုး အမ်ဘာပေ ကြုံတွေ့ရတော့မှာလား . . .
အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့်လေး Max Downman ဟာ

-အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံး အနီကဒ်ပြခံရသူ

-အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံး ကာရာဘောင်းဖလားပြိုင်ပွဲက ထွက်ခဲ့ရသူ

-အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံး Fleetwood Town ကို ပယ်နယ်တီမှာရှုံးတဲ့သူ

စတဲ့ စံချိန်တွေကိုတင်နိုင်ခဲ့ပါတယ် 🔥

ဒီလူငယ်လေးကိုဘယ်သူတားမလဲ?🔥
🤣1
‎'ကံဆိုးပြီးရင်း ‌ဆိုးနေတဲ့ အမ်ဘာပေ'
‎
‎ဘလွန်းဒီအောဆုပေးပွဲ ကျင်းပတဲ့နေ့ရက်ဟာ ကိုင်လီယန်အမ်ဘာပေရဲ့ဘဝမှာ အဆိုးရွား‌ဆုံးနေ့ရက်ပါပဲ။
‎
‎သူဟာ အဆိုပါကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ ထပ်မံလွဲချော်ခဲ့ပြန်တယ်။ သူ့ကို တရုတ်ကွန်မြူနစ်ဖခင်ကြီး မော်စီတုန်းနဲ့နှိုင်းယှဉ်တဲ့ meme တက်လာရာ အမ်ဘာပေကမော်ကို အာဏာရှင်ဆိုပြီး ပြန်လည်ရှုတ်ချခဲ့တာကြောင့် ပြဿနာတွေကြီးမားလာတယ်။
‎
‎အကျိုးဆက်အနေနဲ့ တရုတ်နိုင်ငံတွင်း သူနဲ့အကျိုးတူပူးပေါင်းထားတဲ့ စီးပွားရေးလုပ်ငန်းတွေ စပွန်ဆာစာချုပ်ဖျက်သိမ်းမယ့် အန္တရာယ်ရင်ဆိုင်နေရတယ်။ ပထမဆုံးအနေနဲ့ FC Online China ဟာ သူ့ပုံရိပ်ပါ promotion ကြော်ငြာတွေ ဖယ်ရှားလိုက်ပါပြီ။
‎
‎အဆိုပါ brand က သူ့ကိုမကြာသေးမီကမှ သံတမန်အဖြစ်ခန့်အပ်ထားရာ သူ့ပုံရိပ်ဖယ်ရှားလိုက်တာနဲ့ စတော့ဈေ:ကွက်တန်ဖိုး (၃.၅)ရာခိုင်နှုန်းလျော့ကျသွားတယ်။ ဒါဟာ ရီးယဲလ်မက်ဒရစ်ရဲ့ စီးပွားရေးကဏ္ဍကိုလည်း ထိခိုက်စေနိုင်တယ်။
‎
‎အဆိုးရွားဆုံးအချက်က သူဟာအသင်းလိုက်ဆုဖလား မဆွတ်ခူးနိုင်တာလည်း တော်တော်ကြာနေပါပြီ။ အမ်ဘာပေအတွက် ကံဆိုးမှုတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပွားနေတာကို ယုံတောင်မယုံနိုင်ပါဘူး။
ဘလွန်း‌‌ဒေါဆုနဲ့လွဲခဲ့ပြီး‌နောက် ယာမဲလ်ရဲ့ ထုတ်ပြန်ချက်🗣

"အချိန်တန်ရင် ဒီဆုကရောက်လာမှာပါ၊ ကောင်းတဲ့အရာတွေက အချိန်ယူရပါတယ်၊ ကျွန်တော်တည်ဆောက်နေတဲ့ အရာကို ယုံကြည်ပါတယ်။ အလျင်စလိုမဟုတ်ဘဲ၊ စိတ်လှုပ်ရှားမှု တည်ငြိမ်မှုတို့နဲ့အတူ တစ်နေ့မှာ ကျွန်‌တော့်အချိန်ရောက်လာမှာပါ။" 💪❤️
🤔4
🔥🚨 "မန်စီးတီးအသင်း ပြစ်ဒဏ်စီရင်ခံရပြီးနောက် အသင်းပိုင်ရှင် ရှိခ် မန်ဆူးမှ ပေါင် သန်း ၁၀၀ ထပ်မံ ရင်းနှီးမြှုပ်နှံကာ အသင်းအပေါ် သစ္စာရှိမှုကို ပြသလိုက်ခြင်း"

ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု ၁၁၅ ချက်အနက် ၁၁၄ ချက် အထိ ပြစ်ဒဏ်စီရင်ခံခဲ့ရအပြီးတွင် မန်ချက်စတာ စီးတီး အသင်းပိုင်ရှင် ရှိခ် မန်ဆူး (Sheikh Mansour) က City Football Group (CFG) ၏ ရှယ်ယာသစ်များကို ဝယ်ယူကာ ပေါင် သန်း ၁၀၀ ထပ်မံ ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။

မန်စီးတီးအသင်းသည် အဆိုပါ ဆုံးဖြတ်ချက်အပေါ် သီးခြား အယူခံကော်မရှင်သို့ အယူခံဝင်ထားဆဲ ဖြစ်ပြီး အပြစ်မရှိကြောင်း ငြင်းဆိုထားစဉ်အတွင်းမှာပင် အသင်းပိုင်ရှင်၏ ရင်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

၁။ ပေါင် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှုနှင့် ရှယ်ယာ အသစ်များ ခွဲဝေမှု
Companies House ၏ မှတ်တမ်းများအရ City Football Group သည် ရှယ်ယာအသစ် ၁၁,၃၂၇,၁၆၃ ခု ထုတ်ရောင်းကာ ပေါင် သန်း ၁၀၀ နီးပါး ရယူနိုင်ခဲ့တာဖြစ်ပြီး၊ အဆိုပါ ရှယ်ယာ အရေအတွက် အားလုံးကို ရှိခ် မန်ဆူး ၏ Newton Investment and Development ကုမ္ပဏီက အပြည့်အဝ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ယခု ရင်းနှီးမြှုပ်နှံမှုကြောင့် CFG တွင် မန်ဆူး ၏ ပိုင်ဆိုင်မှု ပမာဏ ပိုမို တိုးတက်လာခဲ့ပြီး၊ လက်ရှိ City Football Group ၏ စုစုပေါင်း တန်ဖိုးမှာ ပေါင် ၆ ဘီလီယံနီးပါး ရှိလာခဲ့ပါတယ်။ (CFG ကလပ်များတွင် မန်စီးတီး၊ ဂျီရိုနာ၊ လိုမဲလ်၊ ထရိုယက်စ်၊ ပလဲာမို၊ နယူးယောက် စီးတီး စသည့် အသင်းများ ပါဝင်ပါသည်)

၂။ အမှုဆောင်အရာရှိချုပ် ဖာရန် ဆူရီယာနို (Ferran Soriano) ၏ တုံ့ပြန်ရှင်းလင်းချက်
မန်ဆူး ကိုယ်တိုင် နှုတ်ဆိတ်နေသော်လည်း CEO ဖာရန် ဆူရီယာနို က ဝန်ထမ်းများထံ ပေးပို့သည့် သဝဏ်လွှာတွင် ပရီးမီးယားလိဂ်၏ စွပ်စွဲချက်များမှာ အဘူဒါဘီ စပွန်ဆာများမှတစ်ဆင့် ပိုင်ရှင်၏ ကိုယ်ပိုင်ငွေများကို မသိမသာ ထည့်သွင်းခဲ့သည်ဆိုသည့် "မမှန်ကန်သော စွပ်စွဲချက်" တစ်ခုတည်းပေါ်တွင်သာ အခြေခံထားကြောင်း ရှင်းလင်းခဲ့ပါတယ်။

ဘဏ်စာရင်းများ၊ ငွေလွှဲမှတ်တမ်းများနှင့် သက်သေအမြောက်အမြား တင်ပြခဲ့သော်လည်း ပရီးမီးယားလိဂ် ကော်မတီက လစ်လျူရှုခဲ့သဖြင့် ၎င်းတို့၏ ဥပဒေအဖွဲ့မှ အယူခံဝင်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် CAS (ခုံသမာဓိလူကြီးအဖွဲ့) တွင် အနိုင်ရရှိခဲ့သကဲ့သို့ ယခုအကြိမ်တွင်လည်း အနိုင်ရရှိအောင် အပြည့်အဝ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၃။ အယူခံဝင်မှု အချိန်ဇယားနှင့် နောက်ဆက်တွဲ ပြစ်ဒဏ်ဆိုင်ရာ အလားအလာ
အောက်တိုဘာလ ၁ ရက်နေ့ညတွင် တရားဝင် အယူခံလွှာ ပေးပို့ထားပြီး ဖြစ်သဖြင့် လာမည့် ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အတွင်း အယူခံကြားနာမှုများကို စတင် ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

သီးခြား အယူခံကော်မရှင်၏ နောက်ဆုံး အမိန့်ဒီကရီ ချမှတ်မည့် ကာလမှာ ဇန်နဝါရီ ၁၇ ရက် ဝန်းကျင်တွင် ထွက်ပေါ်လာမည်ဟု ခန့်မှန်းရပြီး၊ အကယ်၍ အယူခံ မအောင်မြင်ခဲ့ပါက မှတ်တမ်းဝင် ရမှတ် လျှော့ချခံရခြင်း (Point Deduction)၊ ဒဏ်ကြေး ပေါင်သန်းချီ ပေးဆောင်ရခြင်း သို့မဟုတ် တန်းဆင်းဇုန် သို့မဟုတ် လိဂ်မှ ထုတ်ပယ်ခံရခြင်း စသည့် ပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။
🔵ဇန်နဝါရီအပြောင်းအရွှေ့မှာ အဲလက်စ်စကော့ကို ခေါ်ယူဖို့ ချယ်လ်ဆီး ယုံကြည်မှုပိုရှိလာ

ချယ်လ်ဆီးအသင်းဟာ ဘုန်းမောက်ကွင်းလယ်ကစားသမား အဲလက်စ်စကော့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ယုံကြည်မှုပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

အဲလက်စ်စကော့ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အန်ဇိုဖာနန်ဒက်ဇ် မန်စီးတီးအသင်းထံ ပြောင်းရွှေ့သွားပြီးနောက် ချယ်လ်ဆီးရဲ့ ထိပ်တန်းပစ်မှတ် ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ဘုန်းမောက်အသင်းဘက်ကတော့ စကော့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်အထိ တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ နွေရာသီတုန်းကလည်း ချယ်လ်ဆီးဟာ စကော့ကို ခေါ်ယူဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။

တစ်ဖက်မှာတော့ နည်းပြ ဇာဘီအလွန်ဆိုရဲ့ အသင်းကလည်း အဲလက်စ်စကော့အတွက် ဆွေးနွေးမှုအသစ်တွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

လီဗာပူးလ်အသင်းကလည်း စကော့ကို စိတ်ဝင်စားနေတယ်လို့ ဆိုပေမဲ့ ဇန်နဝါရီမှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ အရေးတကြီး လိုအပ်နေခြင်းတော့ မရှိပါဘူး။

ဒါ့အပြင် ချယ်လ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ မိုနာကိုက လာမင်းကာမာရာနဲ့ ရိုးမားက မာနူကိုနေးတို့ကိုလည်း အခြားရွေးချယ်စရာ ပစ်မှတ်တွေအဖြစ် စောင့်ကြည့်နေပါတယ်။

အဲလက်စ်စကော့အတွက် ဘုန်းမောက်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးဟာ အလွန်မြင့်မားနေတာကြောင့် ချယ်လ်ဆီးအနေနဲ့ ဇန်နဝါရီမှာ ဘယ်လိုကမ်းလှမ်းမှုမျိုး ပြုလုပ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
❤2
🎖ဟယ်ရီကိန်းကို သူရဲကောင်းဘွဲ့ ချီးမြှင့်ဖို့ ဗြိတိန်အစိုးရ အရိပ်အမြွက်ပြောကြား

၂၀၂၆ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ဗြိတိန်နိုင်ငံရဲ့ သူရဲကောင်းဘွဲ့ (Knighthood) ကို ရရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ရုံးကလည်း ကိန်းရဲ့ အောင်မြင်မှုဟာ ထူးခြားပြောင်မြောက်ပြီး အင်္ဂလန်ဘောလုံးလောကအတွက် များစွာအကျိုးပြုခဲ့သူဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘွဲ့ချီးမြှင့်ဖို့ကိုတော့ တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။

နောက်တစ်ဆင့်ကတော့ Sir Harry Kane
❤1
🚨 ချဲလ်ဆီး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ အပြိုင်စောင့်ကြည့်နေတဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်

ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ စပါးနဲ့ နယူးကာဆယ်တို့ဟာ ကလပ်ဘရုဂေးတိုက်စစ်မှူး နီကိုလို ထရက်ဆိုဒီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ရက်ပေါင်း ၂၆ ရက်အတွင်း ဟက်ထရစ် ၃ ကြိမ်အထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းကြီး ၅ သင်းရဲ့ ကင်းထောက်တွေကပါ သူ့ရဲ့ခြေစွမ်းကို လာရောက်စောင့်ကြည့်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကလပ်ဘရုဂေးဘက်ကတော့ သူ့ကို လွယ်လွယ်ကူကူ လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင်လည်း ကလပ်သမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမယ့် ယူရိုသန်း ၄၀ ကျော်အထိ တောင်းဆိုသွားဖွယ်ရှိနေပါတယ်။

ဟက်ထရစ် ၃ ကြိမ်၊ ရက်ပေါင်း ၂၆ ရက်၊ အသင်းကြီး ၅ သင်းရဲ့ စိတ်ဝင်စားမှု။ ဒီခြေစွမ်းမျိုး ဆက်ထိန်းထားနိုင်မယ်ဆိုရင် လာမယ့်အပြောင်းအရွှေ့မှာ သူဟာ စောင့်ကြည့်ရမယ့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာနိုင်ပါတယ်။
❤1
ဂါလာတာစာရေးအသင်းဟာ ထရက်ဇွန်စပေါ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အသက် ၃၀ အရွယ်ဂိုးသမား အန်ဒရေ အိုနာနာကို လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်ဖို့ အသင့်ရှိနေကြောင်း သိရှိရပါသည်။

အိုနာနာကို ဂါလာတာစာရေးအသင်းအပြင် လက်ရှိကစားနေသည့် ထရက်ဇွန်စပေါ်အသင်းကလည်း အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိနေပြီးယူနိုက်တက်အသင်းဘက်ကတော့ အိုနာနာအတွက်ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းခန့်ရရှိပါက ရောင်းချသွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။
❤3
ရိုးမားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်နဲ့ စတုဂတ်အသင်းရဲ့ တောင်ပံကစားသမား ဂျေမီ လီဝဲလင်းတို့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ထပ်မံကြိုးပမ်းသွားဖွယ်ရှိနေပါသည်။
❤2
ချဲလ်ဆီးအသင်းဟာ လက်ရှိ ချယ်လ်ဆီးလူငယ်အသင်းမှာ ကစားနေတဲ့ အသက် ၁၉နှစ်အရွယ် အီကွေဒေါကွင်းလယ်တိုက်စစ်ကစားသမား ကန်ဒရီ ပါအက်ဇ်ကို ဥရောပကလပ်အသင်းတွေထံ ရောင်းချနိုင်ခြင်းမရှိပါက လာမည့် ၂၀၂၇ ခုနှစ်တွင် တောင်အမေရိကအသင်းတစ်သင်းထံ အငှားဖြင့်ပြန်လည်စေလွှတ်ဖို့ စဉ်းစားနေကြောင်း သိရှိရပါသည်။

ချယ်လ်ဆီးဟာ ပါအက်ဇ်အတွက် ယူရိုသန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံထားတာကြောင့် တောင်အမေရိကကို ပြန်လည်စေလွှတ်ခြင်းက ကစားသမားရဲ့ အပြောင်းအရွှေ့တန်ကြေးကို ပြန်လည်မြင့်တက်လာစေလိမ့်မယ်လို့ ယုံကြည်နေပြီး အခြားရွေးချယ်စရာ Option တစ်ခုအဖြစ် အင်္ဂလန် ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းထံ အငှားချဖို့လည်း စဥ်းစားနေကြောင်း သိရှိရပါသည်။
❤2