Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🚨🇵🇹 ရော်နယ်ဒို — ၂၀၀၈ ခုနှစ်ရဲ့ သမိုင်းဝင်ဘောလုံးရာသီ! 🐐

⚽️ ပွဲ ၄၉ ပွဲ | ဂိုး ၄၂ ဂိုး | ဂိုးဖန်တီးမှု ၈ ကြိမ်
🏆 အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ
🏆 ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ
🏆 ဖီဖာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ
🎖 တစ်ဦးချင်းဆုတံဆိပ်များ
🏅 ၂၀၀၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or)
🏅 ၂၀၀၈ ခုနှစ် ဖီဖာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု
🏅 ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကလပ်ဘောလုံးသမားဆု
🏅 ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကလပ်တိုက်စစ်မှူးဆု
🏅 ဥရောပဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာအကောင်းဆုံးအသင်းဆု
🏅 ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း ပရိသတ်ရွေးချယ်မှု တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 အင်္ဂလန်ဘောလုံးကလောင်ရှင်များရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု
🏅 ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု — ၃၁ ဂိုး
🏅 ဥရောပရွှေဖိနပ်ဆု
🏅 ကမ္ဘာ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်းရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းရွေးချယ်မှု
🏅 ဘရာဗိုဆု (ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု)
🏅 မန်ချက်စတာယူနိုက်တက် ကစားသမားတွေရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ဆာမက်ဘတ်စ်ဘီ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု
🏅 ဖီဖာ ပူစကတ်စ်ဆု (၂၀၀၉) — တစ်နှစ်တာအကောင်းဆုံးဂိုးဆု
👑 ဂိုး ၄၂ ဂိုး။ တစ်ဦးချင်းဆု ၁၆ ခု။ ဆုဖလား ၃ လုံး။

🐐 Ballon d’Or ဆုရရှိခဲ့တဲ့ ဘောလုံးရာသီတွေထဲမှာတောင် တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ လွှမ်းမိုးနိုင်ခဲ့မှုအရ ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ်ရာသီဟာ လိုက်မီဖို့ခက်ခဲတဲ့ စံချိန်တစ်ခုအဖြစ် ရှိနေဆဲပါပဲ။
❤11
⭐️ အာဆင်နယ်က ပယ်ချခဲ့တဲ့ ကောင်လေးတစ်ယောက်ကနေ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့သူတစ်ယောက်အထိ…

ဟယ်ရီကိန်းရဲ့ ဘောလုံးသမားဘဝဟာ လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ ငယ်ငယ်က အာဆင်နယ်အကယ်ဒမီကနေ ပယ်ချခံခဲ့ရတယ်။အင်္ဂလန်အောက်တန်းလိဂ်တွေမှာ အသင်းပြောင်း အငှားကစားခဲ့ရတာ ၄ ကြိမ်။အသင်းဖော်ဟောင်းတွေကတောင် “ထူးခြားတဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး” လို့ ပြောခဲ့ကြတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါစေ… ဟယ်ရီကိန်းဟာ သူ့ကိုယ်သူ ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။

ဒီနေ့မှာတော့ တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကကို အောင်မြင်စွာ လွှမ်းမိုးချင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အိပ်မက်တွေကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ဒီနေ့မှာတော့…

သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီ။

ဒီလောက်အထိ ရောက်လာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

ဟယ်ရီကိန်း ဟာ လူတွေက သူ့ကို သံသယဝင်ခဲ့ပေမဲ့ သူကတော့ သူ့ကိုယ်သူ ဘယ်တော့မှ သံသယမဝင်ခဲ့ဘူး။
❤6
နောက်ဆုံး ၅ ပွဲဆက်နိုင်တယ်
သွင်းဂိုး ၁၄ ဂိုး ၊ ပေးဂိုးလုံးဝမရှိ
၃-၀ နဲ့ နိုင်တဲ့ပွဲက ၄ ပွဲ
၆ ရက်အတွင်းမှာ အေစီမီလန် ၊ မန်ယူ ၊ အက်စတွန်ဗီလာတို့ကို ၃-၀ ရလဒ်တွေနဲ့ အနိုင်ကစား . . .

AFC Bournemouth ရောဟုတ်ရဲ့လား . . .
❤2
မိုင်ယာမီမှာတော့ မက်ဆီဟာ စာချုပ်သစ်ထပ်မချုပ်ဘဲ ၂၀၂၈ ခုနှစ်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်နေပါပြီ

မက်ဆီဟာ မိုင်ယာမီမှာ ကစားနေပေမယ့် ဘာစီလိုနာနဲ့ပတ်သက်တဲ့ သံယောဇဉ်ကိုတော့ မဖျောက်နိုင်သေးပါဘူး

မကြာသေးခင်က ဆုပေးပွဲမှာလည်း ဘာစီလိုနာအကြောင်း ထည့်ပြောခဲ့တာကြောင့် မက်ဆီရဲ့ စိတ်ထဲမှာ အသင်းဟောင်းကို လွမ်းဆွတ်နေတာ ဖြစ်နိုင်ပါတယ်

တစ်ချိန်က ဘာစီလိုနာအတွက် အမှတ်တရအောင်မြင်မှုတွေ အများကြီး ရယူပေးခဲ့တဲ့ မက်ဆီ ပြန်လာမယ်ဆိုရင် အိပ်မက်တစ်ခုလိုပါပဲ

ဘာစီလိုနာမှာ တစ်ရာသီလောက် ပြန်ကစားပြီးမှ အနားယူမယ်ဆိုရင်တော့ ပရိတ်သတ်တိုင်း ကျေနပ်နေကြမှာပါ

တကယ်သာ အဲဒီလိုဖြစ်လာခဲ့ရင် မက်ဆီရဲ့ ဘာစီလိုနာပြန်လာမှုဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ပြန်လည်အိမ်ပြန်လမ်းတွေထဲက တစ်ခု ဖြစ်လာမှာပါ

အခုတော့ အားလုံးက သတင်းကို စောင့်ကြည့်ရင်း မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ နောက်တစ်ခန်းကို မျှော်လင့်နေကြပါတယ်
❤4
🚨🔵 မော်ရင်ညိုက ကိုင်စီဒိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းနေ

သတင်းတွေအရ ဂျိုဆေး မော်ရင်ညိုဟာ ချဲလ်ဆီးကွင်းလယ်လူ မိုက်စ် ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အလေးအနက် ကြိုးစားသင့်တယ်လို့ ယူဆနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကိုင်စီဒိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာဖြစ်စေ၊ ရာသီကုန်မှာဖြစ်စေ ခေါ်ယူနိုင်ဖို့ ကြိုးစားလာနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဘရိုက်တန်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ အီကွေဒေါလက်ရွေးစင်ဟာ အသင်းကွင်းလယ်ရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဒါပေမဲ့ ကိုင်စီဒိုကို ချဲလ်ဆီးက လက်လွှတ်ဖို့ ဆန္ဒရှိမရှိနဲ့ ရီးရဲလ်မက်ဒရစ်ဘက်က တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
တိုက်စစ်မှူး ဒိုဗီကက်စ်ကို ကိုမိုအသင်း ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆို

အီတလီစီးရီးအေကလပ် ကိုမိုအသင်းဟာ ခြေစွမ်းပြနေတဲ့ ဂရိတိုက်စစ်မှူး ဒိုဗီကက်စ် (Anastasios Douvikas) ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း အောက်တိုဘာ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒိုဗီကက်စ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆယ်တာဗီဂိုအသင်းကနေ ကိုမိုအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ကိုမိုအတွက် ပြိုင်ပွဲစုံ ၆၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားပါတယ်။

ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၁၄ ဂိုးသွင်းယူခဲ့တဲ့ ဒိုဗီကက်စ်ဟာ ယခုရာသီမှာလည်း စီးရီးအေ ၈ ပွဲကစားပြီးချိန်အထိ ၅ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ကိုမိုအသင်းက ရေရှည်ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဖာဘရီဂတ်စ်ကလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့မှုကို ကြိုဆိုခဲ့ပြီး အသင်းအနေနဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
■ လိဂ်ဖလားစတုတ္ထအဆင့်ရလဒ်

အဲဗာတန် ၃-၁ နယူးကာဆယ်

စီးရီးအေရလဒ်

ဖရိုဆီနိုနီ ၅-၁ လက်ချီ
ဖီအိုရင်တီးနား ၂-၂ အတ္တလန်တာ
အန်ဆယ်လော့တီ ပြောသလိုပါပဲ။

ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးမသွင်းနိုင်တဲ့ ရော်နယ်ဒိုထက် ပိုပြီးကြော၊က်စရာကောင်းတဲ့သူ မရှိပါဘူး။

ရော်နယ်ဒိုဟာ ခုချိန်ထိနိုင်ပွဲတွေ၊ သွင်းဂိုးတွေ ဆာလော၊င်နေဆဲပါပဲ။ ဂုတ်ကြီးဟာ ဟက်ထရစ်ဂိုးနဲ့အတူ ၉၈၅ ဂိုးပြည့်ခဲ့ပြီ။

ရော်နယ်ဒိုရဲ့ ဂိုး ၁,၀၀၀ ခရီးအိပ်မက်ဟာ ဒီရာသီမှာပဲပြည့်မြောက်သွားဖို့ရှိနေပါတယ်။ 🐐🇵🇹
❤4
ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ 🏆

→ Fleetwood Town vs Everton
→ Manchester City vs Bradford City
→ Crystal Palace vs Sunderland
→ Liverpool vs Bournemouth
ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့သည် အေဂျက်စ်အသင်းရဲ့ အသက် ၁၇ နှစ်အရွယ် မော်ရိုကိုကွင်းလယ်ကစားသမား ကစားသမားအဗ္ဗဒူလာ အိုဇန်( Abdellah Ouazane) ကို ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြလျှက်ရှိပါသည်။

အေဂျက်စ်အသင်းဘက်ကတော့ ၎င်းတို့ရဲ့လူငယ်ကြယ်ပွင့်ကစားသမားကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ စာချုပ်ကို ထပ်မံသက်တမ်းတိုးချင်နေပေမဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေက တစ်နှစ်လုပ်ခ ယူရို ၄ သန်းကနေ ၅ သန်းအထိ တောင်းဆိုနေသည့်အတွက် အားကစားဒါရိုက်တာ ဂျော်ဒီ ခရိုက်ဖ်ကတော့ အဲဒီတောင်းဆိုမှုအပေါ် လိုက်လျောပေးဖို့ တွန့်ဆုတ်နေကြောင်း သိရှိရပါသည်။
အာဆင်နယ်အသင်းအတွက် အနာဂတ်ကြယ်ပွင့်တစ်ဦးကို ဆုံးရှုံးရနိုင်တဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား မက်စ် ဒေါင်းမန်းဟာ ဖလိဝုဒ်တောင်းနဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရပြီးနောက် နည်းပြ မီခေးလ် အာတီတာရဲ့ လူသိရှင်ကြား ဝေဖန်မှုတွေကြောင့် အာဆင်နယ်ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

သတင်းတွေအရ ဒေါင်းမန်းရဲ့ မိဘတွေကလည်း ဒီအခြေအနေအပေါ် မကျေနပ်ကြဘဲ သူတို့ရဲ့သားအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝဆီ တက်လှမ်းနိုင်မယ့် ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု လိုအပ်နေတယ်လို့ ယုံကြည်နေကြပါတယ်။
ချယ်လ်ဆီးအသင်းဟာ အားနည်းနေတဲ့ခံစစ်နေရာအတွက် မန်ချက်စတာယူနိုက်တက်အသင်းမှခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အဲဗာတန်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဂျာရတ် ဘရန့်သ်ဝိတ်ကို ခေါ်ယူရနမ ပစ်မှတ်ထားနေကြောင်းသိရှိရပါသည်။
❤3
မန်​ချက်​စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဘင်ဂျမင် ရှက်ရှ်ကိုသည် ခြေသလုံးရိုးဒဏ်ရာကြောင့် အသင်းအတွက် အနည်းဆုံး ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိပြန်လည်ကစားနိုင်အုံးမည်မဟုတ်ကြောင်း သိရှိရပါသည်။

အစောဆုံးပြန်လည်ကစားနိုင်မည့် ကာလအဖြစ် ၂၀၂၇ ၁လပိုင်းလို့ခန့်မှန်းထားပေးမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ ၎င်းတို့ရဲ့ တိုက်စစ်မှူးကို ဒဏ်ရာအပြည့်အဝသက်သာပြီး ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရရှိမှသာ အသင်းအတွက် ပြန်လည်ကစားစေလိုကြောင်း သိရှိရပါသည်။
❤3
ချဲလ်ဆီးက ဒီတစ်ပတ် ယူနိုက်တက်ကို နိုင်ပွဲပြန်တွေ့စေမယ့် လက်ဆောင်တစ်ခုလို ဖြစ်နေပါတယ်

သြဂုတ်လကတည်းက ပရီးမီးယားလိဂ်နိုင်ပွဲ မရသေးတဲ့ ယူနိုက်တက်အတွက် ဒီပွဲက ရှုံးကြွေးဆပ်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပါ

ချဲလ်ဆီးကလည်း လတ်တလောပုံစံကောင်းမနေပါဘူး စပါးကို ရှုံးနိမ့်ခဲ့ပြီး လီဗာပူးနဲ့ပွဲမှာလည်း အမှတ်ဆုံးရှုံးခဲ့တာကြောင့် ယုံကြည်မှုကျဆင်းနေဖို့ များပါတယ်

ခံစစ်ကလည်း အားနည်းချက်တွေ ပြနေပြီး ယူနိုက်တက်ရဲ့ ခံစစ်နဲ့ယှဉ်ရင် ဘယ်အသင်းပိုစိတ်ချရလဲဆိုတာတောင် မေးစရာဖြစ်နေပါတယ်

ယူနိုက်တက်ကိုယ်တိုင်လည်း အရှိန်အဟုန်ပြန်ရဖို့ အသည်းအသန်ကြိုးစားနေရတာတော့ မှန်ပါတယ်

ဒါပေမယ့် အခုလို ယုံကြည်မှုလျော့နေတဲ့ ချဲလ်ဆီးနဲ့ သူတို့အိမ်ကွင်းမှာ တွေ့ရတာက အခွင့်အရေးကို အပြည့်အဝအသုံးချဖို့ အချိန်ကောင်းပါပဲ
🔴အဲဗာတန်အသင်းက ရက်ရှ်ဖို့ဒ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ဆွေးနွေးနေ

အဲဗာတန်အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စဉ်းစားနေပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်သမားကို တိုက်စစ်ပိုင်းအတွက် အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှုအပါအဝင် ဂိုးပါဝင်ပတ်သက်မှု တစ်ကြိမ်မှ မရှိသေးတာကြောင့် သူ့ရဲ့ခြေစွမ်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ရက်ရှ်ဖို့ဒ်အတွက် အဲဗာတန်ဟာ ခြေစွမ်းပြန်လည်ရှာဖွေနိုင်မယ့် နေရာတစ်ခု ဖြစ်လာနိုင်မလား။
ဘုန်းမောက်သည် မဆုံတွေ့လိုသည့် တစ်သင်းတည်းသောအသင်းဟု အီရာအိုလာ ပြောကြား

လီဗာပူးလ်နည်းပြ အီရာအိုလာက လိဂ်ဖလား ကွာတားဖိုင်နယ်တွင် အသင်းဟောင်း ဘုန်းမောက်နှင့် ဆုံတွေ့ရမည့်အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် အန်ဖီးလ်၌ ကစားရမည့်ပွဲအတွက် ဘုန်းမောက်သည် မဆုံတွေ့လိုသည့် တစ်သင်းတည်းသောအသင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘုန်းမောက်သည် လက်ရှိတွင် ပြိုင်ပွဲစုံ ၅ ပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းကောင်းပြသနေသည်။
အက်စတွန်ဗီလာအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာမှာ ဖီနာဘာချီအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် တူရကီတောင်ပံကစားသမား အိုဂူဇ် အိုင်ဒင် ကိုခေါ်ယူရန်ပစ်မှတ်ထားလျှက်ရှိပြီး ဗီလာအသင်းတာဝန်ရှိသူတွေဟာ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ တူရကီဒါဘီပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ကာ အိုင်ဒင်ရဲ့ခြေစွမ်းကို အကဲဖြတ်ခဲ့ကြကြောင်းသိရှိရပါသည်။

အိုင်ဒင်ဟာ ဒီရာသီ ဖီနာဘာချီအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားထားပြီး ၃ ဂိုးသွင်း ၃ ဂိုးဖန်တီးမှုပြုလုပ်ပေးထားသော ကစားသမားတစ်ဦးလည်းဖြစ်သည်။