Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ချဲလ်ဆီးက ဒီတစ်ပတ် ယူနိုက်တက်ကို နိုင်ပွဲပြန်တွေ့စေမယ့် လက်ဆောင်တစ်ခုလို ဖြစ်နေပါတယ်

သြဂုတ်လကတည်းက ပရီးမီးယားလိဂ်နိုင်ပွဲ မရသေးတဲ့ ယူနိုက်တက်အတွက် ဒီပွဲက ရှုံးကြွေးဆပ်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပါ

ချဲလ်ဆီးကလည်း လတ်တလောပုံစံကောင်းမနေပါဘူး စပါးကို ရှုံးနိမ့်ခဲ့ပြီး လီဗာပူးနဲ့ပွဲမှာလည်း အမှတ်ဆုံးရှုံးခဲ့တာကြောင့် ယုံကြည်မှုကျဆင်းနေဖို့ များပါတယ်

ခံစစ်ကလည်း အားနည်းချက်တွေ ပြနေပြီး ယူနိုက်တက်ရဲ့ ခံစစ်နဲ့ယှဉ်ရင် ဘယ်အသင်းပိုစိတ်ချရလဲဆိုတာတောင် မေးစရာဖြစ်နေပါတယ်

ယူနိုက်တက်ကိုယ်တိုင်လည်း အရှိန်အဟုန်ပြန်ရဖို့ အသည်းအသန်ကြိုးစားနေရတာတော့ မှန်ပါတယ်

ဒါပေမယ့် အခုလို ယုံကြည်မှုလျော့နေတဲ့ ချဲလ်ဆီးနဲ့ သူတို့အိမ်ကွင်းမှာ တွေ့ရတာက အခွင့်အရေးကို အပြည့်အဝအသုံးချဖို့ အချိန်ကောင်းပါပဲ
🔴အဲဗာတန်အသင်းက ရက်ရှ်ဖို့ဒ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ဆွေးနွေးနေ

အဲဗာတန်အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စဉ်းစားနေပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်သမားကို တိုက်စစ်ပိုင်းအတွက် အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှုအပါအဝင် ဂိုးပါဝင်ပတ်သက်မှု တစ်ကြိမ်မှ မရှိသေးတာကြောင့် သူ့ရဲ့ခြေစွမ်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ရက်ရှ်ဖို့ဒ်အတွက် အဲဗာတန်ဟာ ခြေစွမ်းပြန်လည်ရှာဖွေနိုင်မယ့် နေရာတစ်ခု ဖြစ်လာနိုင်မလား။
ဘုန်းမောက်သည် မဆုံတွေ့လိုသည့် တစ်သင်းတည်းသောအသင်းဟု အီရာအိုလာ ပြောကြား

လီဗာပူးလ်နည်းပြ အီရာအိုလာက လိဂ်ဖလား ကွာတားဖိုင်နယ်တွင် အသင်းဟောင်း ဘုန်းမောက်နှင့် ဆုံတွေ့ရမည့်အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် အန်ဖီးလ်၌ ကစားရမည့်ပွဲအတွက် ဘုန်းမောက်သည် မဆုံတွေ့လိုသည့် တစ်သင်းတည်းသောအသင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘုန်းမောက်သည် လက်ရှိတွင် ပြိုင်ပွဲစုံ ၅ ပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းကောင်းပြသနေသည်။
အက်စတွန်ဗီလာအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာမှာ ဖီနာဘာချီအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် တူရကီတောင်ပံကစားသမား အိုဂူဇ် အိုင်ဒင် ကိုခေါ်ယူရန်ပစ်မှတ်ထားလျှက်ရှိပြီး ဗီလာအသင်းတာဝန်ရှိသူတွေဟာ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ တူရကီဒါဘီပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ကာ အိုင်ဒင်ရဲ့ခြေစွမ်းကို အကဲဖြတ်ခဲ့ကြကြောင်းသိရှိရပါသည်။

အိုင်ဒင်ဟာ ဒီရာသီ ဖီနာဘာချီအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားထားပြီး ၃ ဂိုးသွင်း ၃ ဂိုးဖန်တီးမှုပြုလုပ်ပေးထားသော ကစားသမားတစ်ဦးလည်းဖြစ်သည်။
🚨 အယ်လ်ကလက်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ်ကစားသမား ကမာဗင်ဂါရဲ့ မျက်နှာကို အလံတိုင်နဲ့ ရိုက်ခဲ့တဲ့ ဘာစီလိုနာပရိသတ်ကို ရဲတွေ စုံစမ်းဖော်ထုတ်လိုက်ပါပြီ 🚔

​ရီးရဲလ်မက်ဒရစ်အသင်း ဒုတိယဂိုးရလို့ အောင်ပွဲခံနေတုန်းမှာ အဲဒီပရိသတ်က ရိုက်လိုက်တာဖြစ်ပါတယ်။

​အဲဒီပရိသတ်အနေနဲ့ -
​💰 ယူရို ၃,၀၀၀ ကနေ ၆၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရနိုင်ပါတယ်။
🚫 ကွင်းဝင်ခွင့် ၂ နှစ်ကနေ ၅ နှစ်အထိ ပိတ်ခံရနိုင်ပါတယ်။

​ဒါတင်မကသေးဘဲ ဘာစီလိုနာအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီကလည်း ဒီကိစ္စကို ဆက်လက်စစ်ဆေးသွားဦးမှာပါ။
❤1
Breaking News: ဖလိဝုဒ် တောင်းနဲ့ပွဲမှာ ဒိုင်လူကြီး မိုက်ကယ် ဆာလစ္စဘူရီက မှားယွင်းထုတ်မိတယ် ဝင်ခံထားတဲ့ မက်စ် ဒေါင်းမန်း အနီကတ်အတွက် အာဆင်နယ်အသင်းရဲ့ အယူခံဝင်မှုကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ပယ်ချခဲ့ပါတယ်။

အာဆင်နယ်အသင်းက အဆိုပါ အနီကတ်ပြသမှုသည် မှားယွင်းသော ထုတ်ပယ်မှုတစ်ခုဖြစ်သလို၊ ပြင်းထန်လွန်းသည့် အပြစ်ပေးမှုတစ်ခုလည်း ဖြစ်သည်ဟု တင်ပြခဲ့ပါတယ်။

ဒါပေမယ့် အက်ဖ်အေကတော့ ပယ်ချခဲ့တဲ့အတွက် ဒေါင်းမန်းဟာ အာဆင်နယ်အသင်းနဲ့ နောက်ပွဲစဉ် ၃ ပွဲဖြစ်တဲ့ လီဗာပူးလ်၊ ဟားလ်စီးတီးနဲ့ နယူးကာဆယ်တို့နဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဒါကတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဘက်က တော်တော်လေး အားနည်းတဲ့ လုပ်ရပ်ပါပဲ။ ဘောလုံးအဖွဲ့ချုပ်ဆိုတာ ကစားသမားတွေကို ကာကွယ်ပေးရမယ့် အဖွဲ့အစည်းပါ။ အက်ဖ်အေရဲ့ တရားစီရင်ရေးအဖွဲ့က အဖွဲ့ဝင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ စည်းမျဉ်းထိန်းသိမ်းရေး ကော်မရှင်ရဲ့ ဒီဆုံးဖြတ်ချက်ကို အက်ဖ်အေအနေနဲ့ ပြန်လည်ကန့်ကွက်သင့်ပါတယ်။

မက်စ် ဒေါင်းမန်း အနေနဲ့ အန္တရာယ်များတဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုတစ်ခုကြောင့် သူ့ရဲ့ အားထား ကစားရတဲ့ ခြေထောက်မှာ ကျိုးသွားတဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာရသွားနိုင်ခဲ့ပေမယ့်၊ အဲဒီအပြုအမူအတွက် ဘာအရေးယူမှုမှ မရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းက အသက် ၁၆ နှစ်အရွယ် ကစားသမားလေးအနေနဲ့ ဒီလိုတုံ့ပြန်မှုမျိုး မလုပ်သင့်တာ မှန်ပေမယ့်၊ သူ့ရဲ့ စိတ်ပျက်ဒေါသထွက်မှုကိုတော့ နားလည်ပေးလို့ရပါတယ်။

တခြားကစားသမားတွေဆိုရင်တော့ မြေပြင်ပေါ် လူးလိမ့်ပြပြီး အဲဒီကြမ်းတမ်းတဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုအတွက် ပြစ်ဒဏ်ပေးခံရအောင် လုပ်ကောင်းလုပ်နိုင်ခဲ့မှာပါ။ ဒါပေမဲ့ မက်စ် ဒေါင်းမန်းကတော့ အဲဒီလို မလုပ်ခဲ့ပါဘူး။ သူက မြေပြင်ပေါ်မှာ ဆက်လဲနေတတ်တဲ့ ကစားသမားမျိုးလည်း မဟုတ်ပါဘူး။ အက်ဖ်အေအနေနဲ့ ဒေါင်းမန်းရဲ့ အခြေအနေကို နားလည်ပေးသင့်ပေမယ့်၊ အဲဒီအစား သူ့ကို ပွဲပယ်ပြစ်ဒဏ် ၃ ပွဲ ချမှတ်လိုက်ပါတယ်။

အက်ဖ်အေရဲ့ ဦးစားပေးသတ်မှတ်ချက်တွေက လုံးဝမှားယွင်းနေပါတယ်။ ကြမ်းတမ်းတဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုတွေနဲ့ အားနည်းတဲ့ ဒိုင်လူကြီးပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ခွင့်လွှတ်ထားပြီး၊ ပြင်းထန်တဲ့ ဒဏ်ရာရသွားနိုင်လောက်တဲ့ ကြမ်းတမ်းမှုကို ခံခဲ့ရပြီး တုန့်ပြန်ခဲ့မိတဲ့ ကလေးတစ်ယောက်ကိုတော့ ပြစ်ဒဏ်ပေးနေပါတယ်။ အက်ဖ်အေဟာ ကစားသမားတွေကို ကာကွယ်ပေးမယ့်အစား ဘက်လိုက်မှုတွေ ခံစားချက်တွေနဲ့ ဆုံးဖြတ်နေတယ်လို့ ထင်မြင်မိပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အာရွန်ရမ်ဆေးဟာဆိုလည်း ရှောခရော့ရဲ့ ယခုလိုမျိုး ပြင်းထန်တဲ့ဖျက်ထုတ်မှုခံခဲ့ရပြီး ခြေထောက်ကျိုးခဲ့ဖူးပါတယ်။
❤1
🚨🗣 SER သတင်းဌာနရဲ့ မားကို့စ် လိုပက်ဇ်က လာမင်း ယာမားလ် ရဲ့ ရွှေဘောလုံးဆုအပေါ် ရူးသွပ်စွဲလမ်းမှုကို ဝေဖန်လိုက်ပြီး ဒါဟာ ဗင်နီးရှပ်စ် လိုမျိုး နောက်ထပ် ပြဿနာတစ်ခု ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ 😳

​"လာမင်း ဟာ အမ်ဘာပေ လိုပဲ ရွှေဘောလုံးဆု ရချင်စိတ်နဲ့ အရမ်းရူးသွပ်နေခဲ့တာ ရှင်းပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဒါကိုပဲ အဓိက အရာတစ်ခုလို ဖြစ်အောင် လုပ်ခဲ့တယ်။ ရွှေဘောလုံးဆု ပေးပွဲ မတိုင်ခင်၊ ပွဲအတွင်းနဲ့ ပွဲအပြီးမှာ သူပြုမူခဲ့တဲ့ အပြုအမူ အချို့ကို ကျွန်တော် သဘောမကျခဲ့ဘူး။

ဆုတစ်ခုကို မရရအောင် လိုချင်တပ်မက်တာ သဘာဝ ကျပေမဲ့ လုံးဝ ကြည့်မကောင်းတဲ့ အပြုအမူမျိုး ပြုမူတာကတော့ လက်ခံလို့မရပါဘူး။ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ရယူနိုင်တာက ရွှေဘောလုံးဆုဆီ သွားရာ အတိုဆုံး လမ်းကြောင်း ဖြစ်ပါလိမ့်မယ်။

​သူ့အတွက် အချိန်တန်ရင် အခွင့်အရေး ရလာမှာမို့လို့ ဆက်လက် တိုက်ပွဲဝင်သွားဖို့နဲ့ သူ့အခြေအနေဟာ ဗင်နီးရှပ်စ် ရဲ့ ဖြစ်စဉ်လိုမျိုး ဖြစ်မသွားအောင် ဘာစီလိုနာဘက်က လာမင်း ကို သေချာ နားလည်အောင် ပြောပြ ထိန်းသိမ်းရပါမယ်။"
❤2
ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖာဘရီဂက်စ် ရဲ့ ကိုမို အသင်းနဲ့အတူ ပြသနေတဲ့ နည်းပြဘဝ အောင်မြင်မှုတွေကို အနီးကပ် စောင့်ကြည့်လျက် ရှိပါတယ်။

အသက် ၃၉ နှစ်အရွယ် စပိန်နည်းပြဟာ လက်ရှိမှာ ကိုမိုအသင်းကို ဆီရီးအေ အဆင့် ၄ နေရာအထိ ပို့ဆောင်ပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်ပေးထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ဟန်စီ ဖလစ်ခ် အသင်းကနေ ထွက်ခွာသွားမယ့် အနာဂတ်မှာ ၎င်းရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဖာဘရီဂက်စ်ကို ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
❤1
🗣ဆာဒီယို မာနေး - "ပွဲပြီးသွားတော့ ခရစ်စတီယာနိုက ကျွန်တော့်ဆီ လာပြီး ဘယ်တော့မှ မေ့လို့မရနိုင်မယ့် စကားတစ်ခွန်း ပြောခဲ့တယ်။

​သူက 'ဆာဒီယို… ငါ မင်းကို ချစ်တယ် ညီလေး။ မင်းဟာ ငါ့ကစားသမားဘဝ ရည်မှန်းချက်ဖြစ်တဲ့ ဂိုး ၁,၀၀၀ ပြည့်ဖို့ ပိုနီးစပ်သွားအောင် ကူညီပေးခဲ့လို့ အမြဲတမ်း ကျေးဇူးတင်နေမှာပါ။' လို့ ပြောပါတယ်။

​သူက ကျွန်တော့်ကို အသင်းဖော် သို့မဟုတ် သူငယ်ချင်းတစ်ယောက်အနေနဲ့တင် မဟုတ်တော့ဘဲ ညီလေးအရင်းတစ်ယောက်လို မြင်ပါတယ်တဲ့။ ရိုးရိုးသားသား ပြောရရင် ခရစ်စတီယာနိုလို ကျွန်တော် အင်မတန် လေးစားရတဲ့သူဆီက အဲဒီစကားတွေကို ကြားရတာ တကယ်ပဲ အဓိပ္ပာယ်အများကြီး ရှိခဲ့ပါတယ်။

​အဲဒီအပြင် တစ်နေ့ကျရင် ဆီနီဂေါနိုင်ငံကို အတူတူသွားပြီး လှူဒါန်းမှုတွေကနေတစ်ဆင့် အဲဒီက ပြည်သူတွေအတွက် ထူးခြားတာတစ်ခုခု လုပ်ပေးချင်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။ ဒါဟာ ကျွန်တော့်ရင်ကို တကယ်ပဲ ထိခိုက်စေခဲ့တာပါ။

​ဘောလုံးအားကစားဟာ ကျွန်တော့်ကို အရာအများကြီး ပေးခဲ့ပေမဲ့ ခရစ်စတီယာနို ရော်နယ်ဒိုလို လူမျိုးနဲ့ စစ်မှန်တဲ့ သံယောဇဉ် တည်ဆောက်နိုင်ခဲ့တာကတော့ ကျွန်တော် အမြဲတမ်း တန်ဖိုးထားသွားမယ့် အရာတစ်ခုပါပဲ။ ကျွန်တော့်အတွက်တော့ သူဟာ အသင်းဖော်တစ်ယောက်ထက် ပိုပါတယ်။ မိသားစုတစ်ယောက်လိုပါပဲ"
❤6
🚨ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ယူနိုက်တက် စတင်လှုပ်ရှားနေပြီ

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် တိုက်စစ်မှူး တွေကို စတင်ရှာဖွေနေပြီး စဉ်းစားနေတဲ့ ကစားသမားတွေထဲမှာ ဒိုမီနစ် ကယ်လ်ဗတ်လီဝင်ရဲ့ နာမည်လည်း ပါဝင်နေပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ လက်ရှိ လိဒ်စ်ယူနိုက်တက်မှာ ခြေစွမ်းပြနေသူဖြစ်ပြီး ယူနိုက်တက်နဲ့ အောက်တိုဘာ မှာ တွေ့ဆုံခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းယူထားသူပါ။

ဒါပေမဲ့ လိဒ်စ်ဘက်က သူတို့ရဲ့ အဓိကတိုက်စစ်မှူးကို ရောင်းချဖို့ ဆန္ဒမရှိသလို စာချုပ်သစ်ချုပ်ဆိုဖို့လည်း စီစဉ်နေပါတယ်။သို့ဖြစ်လို့ ကယ်လ်ဗတ်လီဝင်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးက နည်းပါးနေတယ်လို့ သိရပါတယ်။
🏟 တစ်မြို့တည်းက ပြိုင်ဘက်နှစ်သင်း အိမ်ကွင်းသစ်တစ်ခေတ်ကို စတင်

အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ကွင်းသစ်ကို ၂၀၃၁-၃၂ ဘောလုံးရာသီမှာ စတင်အသုံးပြုသွားမယ်လို့ တရားဝင်ကြေညာလိုက်ပါပြီ။

လက်ရှိအစီအစဉ်အရ ဘောလုံးသမိုင်းမှာ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဆန်စီရိုကွင်းကြီးကို ဖြိုချသွားမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ ကွင်းသစ်တွေကို တည်ဆောက်သွားမှာပါ။

ကွင်းအမည်ပေးပိုင်ခွင့်ကိုတော့ Generali ကုမ္ပဏီထံ ၂၀၅၂ ခုနှစ်အထိ ယူရိုသန်း ၆၅၀ နဲ့ ရောင်းချထားပါတယ်။

ဆန်စီရိုရဲ့ သမိုင်းဝင်အမှတ်တရတွေကို နှုတ်ဆက်ရတော့မယ့်အချိန် ရောက်လာခဲ့ပါပြီ။

ဘောလုံးသမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့ ဆန်စီရို… မကြာခင်မှာ အမှတ်တရတွေအဖြစ်သာ ကျန်ရှိတော့မှာပါ။
ယနေ့ကစားခဲ့တဲ့ Le Havre ကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲမှာ

(၃) ဂိုးသွင်းပြီး (၂) ဂိုးဖန်တီး ပေးခဲ့တဲ့ 𝐀𝐜𝐡𝐫𝐚𝐟 𝐇𝐚𝐤𝐢𝐦𝐢

ကစားသမားက ဘောလုံးသမားသက်တမ်းတစ်လျောက်မှာ ပထမဆုံးအကြိမ် 𝐇𝐚𝐭 𝐓𝐫𝐢𝐜𝐤𝐬 ရရှိခဲ့တာ ဖြစ်ပါတယ်။
❤4
အဝေးကွင်းမှာ ပီအက်စ်ဂျီက ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် 𝐋𝐮𝐢𝐬 𝐄𝐧𝐫𝐢𝐪𝐮𝐞 က ပီအက်စ်ဂျီ နည်းပြ သမိုင်းမှာ အများဆုံးနိုင်ပွဲ ယူနိုင်တဲ့ နည်းပြဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းကတော့ CIES Football ရဲ့ စစ်တမ်းကောက်ယူချက်အရ ကစားသမားအရောင်းအဝယ်နဲ့ စီးပွားရေးလုပ်တာမှာ အညံ့ဆုံး ဥရောပအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယူရို 405သန်း လောက်ထိဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်

[via CIES football]
🤡2
ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် အာနိုးလ် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် စဉ်းစားနေ

ရီးယဲလ်မက်ဒရစ်နောက်ခံလူ အာနိုးလ်သည် နည်းပြ မော်ရင်ဟိုလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လာရန် စဉ်းစားနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသလို အသင်းဟောင်း လီဗာပူးလ်နှင့် မန်ယူတို့ကလည်း ၎င်း၏အခြေအနေကို စောင့်ကြည့်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။
❤3
ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကြောင့်လက်ရှိအချိန်မှာ စပွန်ဆာဝင်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါသည်။

တရုတ်ကုမ္ပဏီ ၃ ခုက အမ်ဘာပေနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်တွေကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်အချို့ကလည်း တရုတ်နိုင်ငံအတွင်း အမ်ဘာပေရဲ့ကြော်ငြာတွေနဲ့ ဆိုရှယ်မီဒီယာက ပုံရိပ်တွေကို ဖယ်ရှားခဲ့ကြပါသည်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီအခြေအနေ တွေကြောင့် တရုတ်ဈေးကွက်အတွင်း အမ်ဘာပေရဲ့ ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ ထိခိုက်သွားနိုင်သွားမှာကို ရီးရဲလ်မက်ဒရစ်အသင်းဘက်မှ စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်းလည်း သိရှိရပါသည်။
❤3
"မန်ယူကို ပြောင်းမယ့် မန်စီးတီးကြယ်ပွင့်..."

- မန်စီးတီး wing-back အိတ်နူရီဟာ ဇန်နဝါရီဈေးကွက်မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေသလို သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ထွက်ပေါ်လာပါတယ်။ ၂၀၂၅ နွေရာသီမှာ ဝုဗ်ကနေ မန်စီးတီးကို ရောက်လာခဲ့တဲ့ အိတ်နူရီဟာ ဂွါဒီယိုလာ လက်အောက်မှာ ပရီးမီးယားလိဂ် ၁၇ ပွဲသာ ကစားခွင့်ရခဲ့သလို လက်ရှိ နည်းပြ မာရက်စကာ လက်ထက်မှာလည်း အကန့်အသတ်နဲ့သာ ပွဲကစားခွင့်ရနေသူဖြစ်တယ်။

မာရက်စကာဟာ ဘယ်တောင်ပံမှာ အိုရိုင်လေးနဲ့ ဂျီဗာဒီရော တို့ကိုသာ ဦးစားပေးအဖြစ် ပွဲထုတ်နေပြီး အယ်လ်ဂျီးရီးယားကြယ်ပွင့်ကို ပြိုင်ပွဲစုံ ၁၆၈ မိနစ်သာ ကစားခွင့်ပေးထားပါတယ်။ ဒီအခြေအနေက အိတ်နူရီကို ဇန်နဝါရီမှာ ထွက်ခွာဖို့ တွန်းအားပေးသလိုဖြစ်နေတာပါ။ ယူနိုက်တက်က စိတ်ဝင်စားမှုပြသထားသလို မန်စီးတီးအသင်းက ပေါင်သန်း ၃၀ ဈေးသတ်မှတ်ထားပါတယ်။

"သူက စစ်မှန်တဲ့ full-back တစ်ယောက်ပါ၊ အဲ့ဒီနေရာအတွက် ကျွန်တော်တို့မှာ ဂျီဗာဒီရော ရှိနေတယ်၊ သူက အရမ်းကောင်းအောင် ကစားနေနိုင်တယ်၊ ပြီးတော့ နီကိုအိုရိုင်လေး လည်းရှိနေတယ်။ သူလည်း ကြံ့ခိုင်မှုကောင်းနေရင် ပုံစံကောင်းပြသနိုင်တယ်။ အိတ်နူရီနဲ့ နေရာတူ ကစားသမားတွေဖြစ်နေလို့ သူတို့ကြားမှာ ပြိုင်ဆိုင်မှုကတော့ရှိနေမှာပါပဲ" လို့ မန်စီးတီးနည်းပြ မာရက်စကာက ပြောဆိုထားပါတယ်။
❤3
ချဲလ်ဆီးအသင်းရဲ့ဒဏ်ရာရ ကစားသမားတွေနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်း

နည်းပြ ဇာဗီ အလွန်ဆိုရဲ့ အတည်ပြုချက်အရ မက်ဆင့်စ် လာခရွိုက်ဟာ တံကောက်ကြောဒဏ်ရာကြောင့် နိုင်ငံတကာပွဲစဉ်နားရက်ပြီးမှ ပြန်ကစားနိုင်မှာ ဖြစ်ကြောင်းဆိုထားပါတယ်။

တစ်ဖက်မှာတော့ မွိုက်စက်စ် ကိုင်စီဒိုက မန်ချက်စတာယူနိုက်တက်နဲ့ပွဲအတွက် ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ သိရပါတယ်။

အီမီ မာတီနက်ဇ်ကလည်း နိုင်ငံတကာပွဲစဉ်နားရက်မတိုင်ခင် အသင်းအတွက် ပြန်ပါဝင်လာနိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
❤3
ယူနိုက်တက်ပိုင်ရှင် Glazer မိသားစုဟာ Sir Jim Ratcliffe ရဲ့ စီမံခန့်ခွဲမှုတွေအပေါ် မကျေနပ်မှုတွေ ပိုပြီးပြင်းထန်လာနေတယ်လို့ သိရှိရပါတယ်။

(၂၀၂၄)ခုနှစ်မှာ Sir Jim Ratcliffe ဟာ ယူနိုက်တက်ရဲ့ရှယ်ယာ (၂၅)ရာခိုင်နှုန်းကို ပေါင်(၁.၂)ဘီလီယံဝန်းကျင်နဲ့ ဝယ်ယူခဲ့ပြီး ဘောလုံးဆိုင်ရာ လုပ်ငန်းတွေကို ကြီးကြပ်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် Ratcliffe ရဲ့ ဦးဆောင်မှုအောက်မှာ အသင်းရဲ့အခြေအနေ တိုးတက်မလာဘဲ ပိုမိုဆိုးရွားလာတယ်လို့ Glazer တို့က ယူဆနေတာပါ။ သူတို့က လက်ရှိအခြေအနေဟာ မျှော်လင့်ထားခဲ့တဲ့အရာနဲ့ ဂတိပေးထားခဲ့တဲ့အရာတွေ မဟုတ်ဘဲ စိတ်ပျက်စရာအခြေအနေဖြစ်တယ်လို့ ယူဆနေပြီး သူတို့လက်ထက်မှာ အခုလိုမျိုး စီမံခန့်ခွဲခဲ့တာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့သေးတယ်လို့ ဆိုပါတယ်။

ရလဒ်ပိုင်း ဆိုးရွားနေတဲ့ ယူနိုက်တက်အတွက်တော့ အသင်းပိုင်ရှင်တွေနဲ့ စီမံအုပ်ချုပ်သူတွေကြားမှာပါ သဘောထားကွဲလွဲမှုတွေ ရှိလာနေတဲ့အတွက် အရာရာဟာ အဆိုးဘက်ကို ပိုပြီးဦးတည်လာနေဦးမှာပါ။

NOVA
👍2