အေစီမီလန်အသင်းဥက္ကဋ္ဌ ဂျယ်ရီ ကာဒီနေးလ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ စီစဉ်နေကြောင်း သိရှိရပါသည်။
“ဂျယ်ရီ ကာဒီနေးလ်က နွေရာသီတုန်းက ကျွန်တော်တို့ လုပ်ချင်ခဲ့သမျှ အားလုံးကို မလုပ်နိုင်ခဲ့ပါဘူး ဒါ့ကြောင့်လာမည့် ဇန်နဝါရီကာလမှာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူပြီးဆက်လက်အားဖြည့်သွားမှာဖြစ်ကြောင်း အသိပေးပြောကြားသွားခဲ့ပါသည်။

❤1
🇨🇳 ကီလီယန် မက်ဘတ်ပ်နဲ့ပတ်သက်တဲ့ အငြင်းပွားမှုဟာ အခုတော့ ကစားသမားတစ်ဦးရဲ့ ဂုဏ်သိက္ခာကိစ္စထက် ကျော်လွန်လာပြီး စပိန်ဘောလုံးလောကရဲ့ စီးပွားရေးအထိ ရိုက်ခတ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံပိုင် ရုပ်သံဌာနက လာလီဂါပွဲစဉ်တွေ ထုတ်လွှင့်မှုကို ရပ်ဆိုင်းထားတယ်လို့ သတင်းတွေထွက်ပေါ်လာပြီး မက်ဘတ်ပ်နဲ့ လက်တွဲထားတဲ့ ကုမ္ပဏီအချို့ကလည်း စပွန်ဆာစာချုပ်တွေကို အဆုံးသတ်ခဲ့ကြပါတယ်။
ဒီအခြေအနေကြောင့် လာလီဂါဟာ တစ်ရာသီကို ယူရိုသန်း ၁၀၀ အထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ တရုတ်နိုင်ငံက ရုပ်သံထုတ်လွှင့်ခွင့်တန်ဖိုးဟာ တစ်နှစ်ကို ယူရိုသန်း ၅၀ ဝန်းကျင်ရှိပြီး စပွန်ဆာနဲ့ စီးပွားရေးမိတ်ဖက်စာချုပ်တွေပါ ထိခိုက်လာမယ်ဆိုရင် ဆုံးရှုံးမှုက ပိုမိုကြီးမားလာနိုင်ပါတယ်။ လာလီဂါတာဝန်ရှိသူတွေကလည်း NBA ပြိုင်ပွဲဟာ တရုတ်ရုပ်သံမှာ နှစ်နှစ်ခွဲနီးပါး ပျောက်ကွယ်ခဲ့ရတဲ့ ဖြစ်ရပ်မျိုး ထပ်မဖြစ်လာဖို့ စိုးရိမ်နေကြပါတယ်။ 💰📺
အခြေအနေကို ပြေလည်စေဖို့ လာလီဂါဥက္ကဋ္ဌ ဟာဗီယာ တီဘတ်စ်ဟာ တရုတ်သံအမတ်နဲ့တောင် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

❤4
အင်တာမိုင်ယာမီအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ငယ်ဘဝကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းထံသို့ ပြန်လည်ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေဟာ အမှန်မဟုတ်ကြောင်း ငြင်းဆန်ပယ်ချလိုက်ပါသည်။
မက်ဆီဟာ အသင်းဟောင်း နယူးဝဲလ်အိုးဘွိုင်းစ်ထံသို့ ပြန်လည်ပြောင်းရွှေ့ရေးအတွက် လက်ရှိမှာ ဆွေးနွေးညှိနှိုင်းမှု လုံးဝမရှိသေးသလို မက်ဆီကိုယ်တိုင်က အင်တာမိုင်ယာမီအသင်းမှာ ပျော်ရွှင်နေပြီး ၎င်းရဲ့မိသားစုကလည်း မိုင်ယာမီမှာနေထိုင်ရသည်ကို ပျော်ရွှင်နေကြောင်းသိရှိရပါသည်။
ဒါ့အပြင် မက်ဆီအနေနဲ့လည်း အင်တာမိုင်ယာမီအသင်းနဲ့ ချုပ်ဆိုထားတဲ့ ၂၀၂၈ ခုနှစ်မှာကုန်ဆုံးမည့် စာချုပ်ကို အနည်းဆုံး အပြည့်အဝလိုက်နာသွားဖို့ ဆန္ဒရှိနေပြီး အဲဒီထက်ပိုပြီး ဆက်ကစားမလားဆိုတာကိုတော့ ၂၀၂၈နောက်ပိုင်းမှသာ ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်းသိရှိရပါသည်။

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋
ရီးယဲလ်မက်ဒရစ်အသင်းဟာ ယခုလက်ရှိ ကိုမိုအသင်းမှာကစားနေတဲ့ လူငယ်တိုက်စစ်မှူး ယာကိုဘို ရာမွန်ကို နောက်ရာသီမှာ ပြန်လည်ခေါ်ယူရန် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ရီးယဲလ်ဟာ ထိုကစားသမားကို ပြန်လည်ခေါ်ယူပြီးနောက် အသင်းမှာ ဆက်လက်ထားရှိမလား၊ ဒါမှမဟုတ် အခြားအသင်းတစ်သင်းထံ ရောင်းချမလားဆိုတာကို ကစားသမားရဲ့ ဆန္ဒအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
Source: Diarioas

ပီအက်စ်ဂျီအသင်းဟာ ACL ဒဏ်ရာကြောင့်ရာသီကုန်အထိ အနားယူရမည့် အသင်းရဲ့တောင်ပံကစားသမား ခဗီချာ ကဗာရက်စ်ခလီယာ ရဲ့နေရာကို အစားထိုးကစားသမားအဖြစ် လေဗာကူဆင်အသင်းရဲ့ အသက် ၂၀ အရွယ်အယ်လ်ဂျီးရီးယား ကွင်းလယ်တိုက်စစ်ကစားသမား အီဘရာဟင် မာဇာကို ခေါ်ယူရန် စိတ်ဝင်စားနေပါသည်။
သို့ပေမဲ့လည်း လေဗာကူဆင်အသင်းဘက်ကတော့ မာဇာကို အသင်းမှာ ဆက်လက်ထိန်းထားသွားဖို့ ဆန္ဒရှိနေပြီး ကစားသမားကို လစာတိုးမြှင့်ပေးကာ ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ဖြင် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရပါသည်။

🔴 မန်ယူအတွက် တစ်ပွဲမှ မကစားခဲ့ဘဲ မန်ယူကို ပေါင် ၁၂ သန်း ရှာပေးခဲ့တဲ့ ကစားသမား !!!
၂၀၀၅ ခုနှစ်မှာ အသက် ၁၈ နှစ်အရွယ် နိုင်ဂျီးရီးယား လူငယ်လေးတစ်ယောက်ဟာ မန်ချက်စတာယူနိုက်တက် ဂျာစီအနီကို ဝတ်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
နာမည်ကတော့ John Obi Mikel ပါ
ဖာဂူဆန်က သဘောကျလို့ နော်ဝေက Lyn Oslo အသင်းမှာ ကစားနေတဲ့ Mikel ကို ခေါ်ယူဖို့ သဘောတူညီချက် ရယူခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နှစ်အကြာမှာ Mikel ဟာ ယူနိုက်တက်ကို ရောက်မလာခဲ့ဘဲ Chelsea ကို ရောက်သွားခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ရဲ့ နောက်ကွယ်မှာ ဖြစ်ခဲ့တာတွေက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်။ တကယ်တော့ Chelsea ကလည်း Mikel ကို အစောပိုင်းကတည်းက ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ။
ယူနိုက်တက်နဲ့ သဘောတူညီချက် ရယူပြီးနောက်မှာတော့ နှစ်သင်းကြား အငြင်းပွားမှုတွေ ဖြစ်လာခဲ့ပါတယ်။ FIFA အထိ ရောက်ခဲ့ပြီး အပြောင်းအရွှေ့ကလည်း လနဲ့ချီ ကြန့်ကြာသွားခဲ့ပါတယ်။
နောက်ပိုင်း Mikel ကိုယ်တိုင် ပြန်ပြောပြချက်အရ ဖာဂူဆန်ဟာ သူ့ကို ယူနိုက်တက်ပြောင်းဖို့ မိနစ် ၃၀ လောက် သီးသန့်တွေ့ပြီး စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ယူနိုက်တက်က အောင်မြင်မှုသမိုင်း ရှိပြီးသားအသင်း။ သူကတော့ မော်ရင်ညိုနဲ့ Chelsea မှာ သမိုင်းသစ်တစ်ခု ရေးချင်ခဲ့တာလို့ နောက်ပိုင်းမှာ Mikel ရှင်းပြခဲ့ပါတယ်။
နောက်ဆုံး ၂၀၀၆ ခုနှစ်မှာ Chelsea က Mikel ကို ခေါ်ယူဖို့ ယူနိုက်တက်ကို ပေါင် ၁၂ သန်း၊ Lyn Oslo ကို ပေါင် ၄ သန်း ပေးချေပြီး သဘောတူညီမှု ရယူခဲ့ပါတယ်။
ယူနိုက်တက်က ကစားသမားကို မရခဲ့ပေမဲ့ ပေါင် ၁၂ သန်း ရခဲ့တယ်။ Chelsea ကတော့ နောက်ထပ် ၁၁ နှစ် အသုံးပြုနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ရခဲ့ပြီး Mikel ဟာ ၂၀၁၂ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားအများအပြား ဆွတ်ခူးနိုင်ခဲ့တယ်။
စဉ်းစားစရာက ...
ယူနိုက်တက်ဟာ ပေါင် ၁၂ သန်း ရခဲ့တာကြောင့် အပြောင်းအရွှေ့မှာ နစ်နာသူတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ Mikel ကို ရခဲ့ရင်ရော ... အသင်းအတွက် ဘယ်လောက် အကျိုးရှိခဲ့မလဲ ???
ဒီအပြောင်းအရွှေ့မှာ တကယ် အနိုင်ရခဲ့တာ ဘယ်အသင်းလဲ ???

❤6
■ အမေရိကန်တိုက်စစ်ကစားသမား ပူလီဆစ် အေစီမီလန်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုး
အေစီမီလန်အသင်းက အမေရိကန်တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။
အေစီမီလန်အသင်းက ကွင်းသစ်စီမံကိန်းအကြောင်း ကြေညာအပြီး နောက်တစ်ရက်မှာပဲ ပူလီဆစ်ကို စာချုပ်သစ်ချုပ်ဆိုမှု အတည်ပြုထုတ်ပြန်ခဲ့တာပါ။
အေစီမီလန်အနေနဲ့ "Captain America's Rossonero mission continues," လို့ ရေးသားပြီး သတင်းထုတ်ပြန်ခဲ့တာဖြစ်တယ်။
ပူလီဆစ်ရဲ့ မူလစာချုပ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
အခုစာချုပ်သစ်အရ ပူလီဆစ်အနေနဲ့ အေစီမီလန်အသင်းမှာ ၂၀၃၀ ကမ္ဘာ့ဖလားအပြီး နောက်တစ်နှစ်အထိ ဆက်ရှိဖို့ သေချာစေခဲ့ပါတယ်။
၎င်းဟာ ၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးကနေ ယူရို ၂၂ သန်းနဲ့ အေစီမီလန်အသင်းကို ရောက်ရှိလာတာဖြစ်တယ်။
အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၁ ပွဲကစားကာ ၄၄ ဂိုး သွင်းပေးခဲ့ပြီး ၂၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

🏆 ဟယ်ရီကိန်းနဲ့ အမ်ဘာပေကြား ဘလွန်းဒီအော်အမှတ်ကွာဟချက် ၂၈ မှတ်တည်းသာရှိခဲ့
၂၀၂၆ ခုနှစ် ဘလွန်းဒီအော်ဆုအတွက် မဲပေးမှုရလဒ်အပြည့်အစုံ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဆုရှင် ဟယ်ရီကိန်းနဲ့ ဒုတိယနေရာက ကီလီယန် အမ်ဘာပေတို့ကြား အမှတ်ကွာဟချက်ဟာ ၂၈ မှတ်တည်းသာ ရှိခဲ့ပါတယ်။ ဒါဟာ ၂၁ ရာစုအတွင်း ဘလွန်းဒီအော်ဆုရှင်နဲ့ ဒုတိယနေရာရသူကြား အမှတ်ကွာဟချက် အနည်းဆုံး ဒုတိယမြောက် ရလဒ်လည်း ဖြစ်ပါတယ်။
ဒီရာစုအတွင်း အမှတ်အကွာအဟာ အနည်းဆုံး ဘလွန်းဒီအော်ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်မှာ လီယိုနယ်မက်ဆီက ဗာဂျယ်ဗန်ဒိုက်ကို ၇ မှတ်တည်းနဲ့ အနိုင်ရခဲ့တာက အနီးကပ်ဆုံးဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာတော့ ဟယ်ရီကိန်းက အမ်ဘာပေကို ၂၈ မှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း ရိုဒရီက ဗင်နီစီးယပ်စ်ကို ၄၁ မှတ်အသာနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။
၂၀၂၆ ဘလွန်းဒီအော် မဲပေးမှုရလဒ်မှာတော့ ဟယ်ရီကိန်းက ၁,၀၅၅ မှတ်နဲ့ ပထမ၊ အမ်ဘာပေက ၁,၀၂၇ မှတ်နဲ့ ဒုတိယ၊ လာမင်းယာမယ်က ၈၈၁ မှတ်နဲ့ တတိယနေရာတို့ကို အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဘလွန်းဒီအော်ဆုအတွက် အပြိုင်အဆိုင် ပြင်းထန်ခဲ့ပုံကို ဒီ ၂၈ မှတ်တည်းသာ ကွာဟခဲ့တဲ့ ရလဒ်က အထင်အရှား ဖော်ပြနေပါတယ်။

🚨 အဆင်နယ် အသင်းသားတွေအတွက် အာတီတာရဲ့ ထူးခြားတဲ့ လေ့ကျင့်ခန်း
အာတီတာဟာ တစ်ချိန်က အာဆင်နယ်ကစားသမားတွေကို အသင်းလိုက်ညစာစားပွဲမှာ အံ့အားသင့်စေမယ့် ထူးခြားတဲ့ Team Building လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့ဖူးပါတယ်။
သူဟာ ပရော်ဖက်ရှင်နယ် ခါးပိုက်နှိုက်သူတစ်စုကို ငှားရမ်းပြီး ကစားသမားတွေနဲ့အတူ ရောနှောစေခဲ့ပါတယ်။ အဲဒီလူတွေဟာ ကစားသမားတွေ သတိမထားမိအောင် ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေနဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို တိတ်တဆိတ် ခိုးယူခဲ့ကြပါတယ်။
ညစာစားပွဲပြီးဆုံးချိန်မှာတော့ အာတီတာက ကစားသမားတွေကို သူတို့ရဲ့ အိတ်ကပ်တွေ စစ်ဆေးကြည့်ဖို့ ပြောခဲ့ပါတယ်။ အဲဒီအခါ ပစ္စည်းတွေ ပျောက်ဆုံးနေမှန်း သိလိုက်ရတဲ့ ကစားသမားတချို့ဟာ အတော်လေး အံ့အားသင့်သွားခဲ့ကြပါတယ်။
တကယ်တော့ ဒါဟာ ကစားသမားတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အာရုံစူးစိုက်မှုရှိဖို့၊ ပတ်ဝန်းကျင်ကို သတိထားဖို့နဲ့ အချိန်တိုင်း နိုးနိုးကြားကြားရှိနေဖို့ သင်ကြားပေးတဲ့ အာတီတာရဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုပါပဲ။

'ဂွါဒီယိုလာကို အတုယူရမယ့် ဖလစ်ခ်'
ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးချင်တယ်ဆိုပါက ဟန်ဆီဖလစ်ခ်အနေနဲ့ ပပ်ဂွါဒီယိုလာဆီကနေ သင်ခန်းစာယူရပါမယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးနည်းပြဘဝ အစောပိုင်းကာလမှာ ပြိုင်ဘက်အသင်းတွေရဲ့ စနစ်ကျတဲ့တန်ပြန်တိုက်စစ်နဲ့ အနိုင်ကျင့်ခံရဖူးတယ်။ ဥပမာအားဖြင့် ဂျာဂျင်ကလော့ပ်ရဲ့လီဗာပူးလ်ဟာ ပပ်ရဲ့စီးတီးကို တန်ပြန်တိုက်စစ်နဲ့ဆုံးမဖူးတဲ့ အသင်းတစ်သင်းပါ။
ပပ်ဟာ အဆိုပါအကွက်နဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲရှုံးထွက်အဆင့်တွေကနေ တောက်လျှောက်ထွက်ခွာခဲ့ရတာကြောင့် နောက်ဆုံးမှာ သူ့အမှားသူသဘောပေါက်နားလည်သွားတယ်။ ဒါနဲ့ပဲသူဟာ ခံစစ်ပိုင်းလုံခြုံအောင် ပိုမိုဦးစားပေးလာတဲ့အလျောက် ချန်ပီယံလိဂ်ဖလား ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားတယ်။
လက်ရှိအချိန်မှာ ဘာစီလိုနာနည်းပြဖလစ်ခ်ဟာလည်း high press နဲ့ တိုက်စစ်ပြီးရင်းတိုက်စစ်အားသန်လွန်းရာ သူတို့ရဲ့ဖ-င်ဟောင်းလောင်းခံစစ်ကြောင်းက တစ်ဘက်အသင်းအညှာကိုင်စရာ အားနည်းချက်ဖြစ်လာပါတော့တယ်။
သူဟာ အသင်းကြီးနဲ့တွေ့တွေ့၊ အသင်းငယ်နဲ့ပဲဆုံဆုံ အဆိုပါချဉ်းကပ်ပုံကိုမပြောင်းလဲရာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့၊ မကြာသေးမီက ရီးယဲလ်မက်ဒရစ်နဲ့ အယ်ကလက်စီကိုပွဲစဉ်တွေမှာ သွင်းဂိုးတွေမထိန်းနိုင်ဘဲ ချေပဂိုး၊ အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုလိုက်ရပြီး အသည်းကွဲခဲ့ပါတယ်။
ဖလစ်ခ်အနေနဲ့ ဒီပုံစံအတိုင်းဆက်လက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် မဖြစ်သင့်တဲ့ရှုံးပွဲများနဲ့ ဆုဖလားတွေဆက်လက်လက်လွှတ်ရပါလိမ့်မယ်။

João Pedro ❌
Alexis Mac Allister ❌
Moises Caicedo ❌
Marc Cucurella ❌
Ben White ❌
Leandro Trossard ❌
Carlos Baleba ❌
Jan Paul van Hecke ❌
Danny Welbeck ❌
Dan Burn ❌
Pervis Estupiñán ❌
Billy Gilmour ❌
Yves Bissouma ❌
စတဲ့အဓိကကစားသမားတွေ ရောင်းထုတ်လိုက်ရချိန်မှာတောင် ဘရိုက်တန်အနေနဲ့ အီတီဟက်ကွင်းထဲ မန်စီးတီးကို အနိုင်ကစားပြီး ပရီးမီးယားလိဂ် အဆင့် 3 မှာ ရပ်တည်နေပြီဖြစ်ပါတယ် 🔵🔥

❤2
မန်ယူအသင်းဟာ တဖြည်းဖြည်းနဲ့ရလဒ်ပိုင်းဆိုင်ရာမက အသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာပါ ပြိုလဲနေတဲ့ အသင်းလို့ ပြောရမလိုပါပဲ။ နည်းပြနဲ့အသင်းခေါင်းဆောင်ကြား ဝေဖန်မှုတွေ၊ အသင်းနဲ့ဘုတ်အဖွဲ့ကြား ပြစ်တင်မှုတွေနဲ့ အဆိုးဆုံးအခြေနေကို ရောက်နေတာပါ။
ယနေ့ည ချဲလ်ဆီးအသင်းကို ၂-၀ ဖြင့် ရူံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲချိန် ၅၉ မိနစ်မှာ အဝါကတ်တစ်ကြိမ် ပြသခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ ၆၃ မိနစ်မှာ ဒုတိယအဝါကတ် ထပ်မံပြသခံခဲ့ရတာကြောင့် အနီကတ်နဲ့ ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရပါတယ်။
မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု ၂ ကြိမ်ဆက်တိုက်ကြောင့် အသင်းကို လူအင်အားလျော့နည်းစေခဲ့တဲ့ “The Butcher” အတွက်တော့ ဒီနေ့ပွဲဟာ မေ့ပစ်ချင်စရာ ဖြစ်သွားခဲ့ပါပြီ။
ပရိသ၊တ်တချို့ကတော့ ဒီလိုစည်းကမ်းမဲ့ကစားပုံမျိုးနဲ့ဆိုရင် မန်ချက်စတာယူနိုက်တက်ဂျာစီကို နောက်တစ်ကြိမ် မဝတ်ဆင်သင့်တော့ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
မာတီနက်ဇ်ဟာ အသင်းရဲ့ဘုတ်အဖွဲ့ကိုပြစ်တင်ဝေဖန်ခဲ့တဲ့အတွက် ပြောစရာဖြစ်နေချိန်မှာ ခုလို မလိုအပ်ပဲစည်းကမ်းမဲ့ကစားခဲ့တာဟာ အသင်းကထွက်ခွါချင်နေပြီလားလို့ မေးရလောက်အောင်ပါပဲ။

👏2
'ကားရစ်ကို ပူးသ-တ်နေသူ (၂)ဦး'
ဂိုးရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းရတဲ့ဘောလုံးကို ဘရူနိုဖာနန်ဒက်စ် မိုးပေါ်ထောင်ကန်လိုက်တာဟာ နည်းပြရဲ့အမှားလား။
အဆိုပါသွင်းဂိုးသာ ဂိုးပေါက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်သွားမယ်ဆိုပါက ချဲလ်ဆီးကွင်းမှာ မန်ချက်စတာယူနိုက်တက်ရဲ့အခြေအနေဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ကားရစ်ရဲ့ game plan ထိရောက်ခဲ့ပြီး ချဲလ်ဆီးဂိုးပေါက်ဘက် တရစပ်ထိုးဖောက်တိုက်စစ်ဆင်ခွင့်တွေရရှိခဲ့ရာ ဘရူနိုဦးဆောင်တဲ့ကစားသမားတွေ အဆုံးသတ်ညံ့ဖျင်းခြင်းကြောင့် အရာမထင်ခဲ့ပါဘူး။
ချဲလ်ဆီးကို ၂-၀ နဲ့ရှုံးနိမ့်တဲ့ဒီပွဲစဉ်မှာ ကားရစ်ကျူးလွန်ခဲ့တဲ့ တစ်ခုတည်းသောအမှားကို ပြောပါဆိုရင် မိမိရဲ့နည်းဗျူဟာပိုင်းအပေါ် မေးခွန်းထုတ်ခဲ့တဲ့ကစားသမားကို ပွဲထွက်ခွင့်ပြန်လည်ပေးအပ်ခြင်းပါပဲ။ အဆိုပါကစားသမားက အပိုင်အခွင့်အရေးကို မိုးပေါ်ထောင်ကန်တယ်။ နည်းပြက ထိုင်ခုံဆုံးရှုံးရတော့မယ်။
ဒီပွဲမှာ ဘရူနိုအပြင် နည်းပြကိုမကောင်းကြံနေတဲ့ နောက်ထပ်ကစားသမားတစ်ဦးကတော့ လီဆန်ဒရိုမာတီးနက်ဇ်ပါပဲ။ သူ့ရဲ့မလိုလားအပ်ဘဲ ရန်ရှာတဲ့အပြုအမူတွေကြောင့် ယူနိုက်တက်တစ်ယောက်လျော့ပြီး ပင်နယ်တီပါခွင့်ပြုလိုက်ရကာ ရှုံးပွဲကနေပြန်လာနိုင်ဖို့ ခက်ခဲသွားပါတော့တယ်။
သူဟာလည်း ဘရူနိုနည်းတူ နည်းပြအပေါ်ဝေဖန်စကား ပြောကြားထားသူဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်ကနေ ကားရစ်ထွက်ခွာသွားရပါက ဘရူနို၊ မာတီးနက်ဇ်တို့ရဲ့စနက်တွေ အများကြီးပါဝင်နေမှာပါ။

❤3👍1