လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်အထိ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ တော့တင်ဟမ်ဟော့စပါးဟာ အခုချိန်မှာတော့ နိုင်ပွဲ ၃ ပွဲ ၊ ၉ ပွဲကစား ၁၂ မှတ်နဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းလာခဲ့ပါပြီ ။
ပဲလေ့စ်ကို ၂-၀ နဲ့ အနိုင်ရအပြီးမှာ ရော်ဘတ်တို ဒီဇာဘီရဲ့အသင်းဟာ ၃ ပွဲဆက် အနိုင်ရရှိခဲ့တာဖြစ်ပြီး စိတ်ရှည်သည်းခံမှုတွေရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတာပါ။ စပါးရဲ့ ရှေ့လျောက်ခရီးကတော့ ဖြောင့်ဖြူးလာပြီလို့ ဆိုရတော့မှာပါပဲ။ တန်းဆင်းဇုန်မှသည် ချန်ပီယံလိဂ်ဝင်ခွင့်သို့ . . .

❤4
🚨 အာတီတာ ကစားသမားဘဝကနေ အန်ဖီးလ်မှာ ပရီးမီးယားလိဂ် နိုင်ပွဲမရသေး
အာဆင်နယ်အသင်းအနေနဲ့ အန်ဖီးလ်ကွင်းမှာ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့တာက ၂၀၁၂ ခုနှစ်တုန်းကပါ။ အဲဒီအချိန်တုန်းက မီကယ်လ် အာတီတာဟာ အာဆင်နယ်ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အာတီတာဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး အာဆင်နယ်နည်းပြအဖြစ် ခုနစ်နှစ်နီးပါး ဖြတ်သန်းခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့ပါပြီ။
ဒါပေမဲ့ အာဆင်နယ်အသင်းကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်း အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲတစ်ပွဲမှ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါဘူး။

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ တစ်နေ့နေ့မှာ သူအသင်းဟောင်း ရေးဗာပလိတ်အသင်းထံ ပြန်လည်ကစားဖို့ ဆန္ဒရှိနေကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
အန်ဇိုက “တစ်ချိန်ချိန်မှာ ရေး ဗာပလိတ်အသင်းဆီ ပြန်သွားချင်ပါတယ်။ ကျွန်တော် ဒီအကြောင်းကိုလည်း အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ကျွန်တော် အဲ့ဒီကို ပြန်သွားမှာ သေချာပါတယ်။ ဒါဟာ ကျွန်တော် တကယ်ကို ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပါ ”ဟုအသင်းဟောင်းနဲ့ပတ်သက်ပြီး ၎င်းရဲ့ခံစားချက်ကို ဖွင့်ဟပြောဆိုသွားခဲ့ပါသည်။

❤1
🚨👀 အာမက်ဒီယာလိုရဲ့ နောက်ဆုံးယူနိုက်တက်ဂိုးက သွင်းယူခဲ့တာ ၃၂၀ ရက်တောင် ရှိသွားပါပြီ။ 😳
အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ဘုန်းမောက်နဲ့ပွဲမှာ မန်ယူအတွက် နောက်ဆုံးဂိုးသွင်းယူခဲ့တာဖြစ်ပြီး အခုဆို ဂိုးပေါက်ပျောက်ဆုံးနေတာ ၃၂၀ ရက်တိုင်ခဲ့ပါပြီ။
⚽️ နောက်ဆုံးဂိုး – ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်
📅 ဂိုးမသွင်းနိုင်ခဲ့သည့်ကာလ – ၃၂၀ ရက်
အရင်က မန်ယူတိုက်စစ်မှာ အရေးပါတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့တဲ့ အာမက်အတွက်တော့ ဒီမှတ်တမ်းက စိတ်ပျက်စရာပါပဲ။ ၃၂၀ ရက်ကြာတဲ့အထိ မန်ယူဂျာစီနဲ့ ဂိုးပေါက်ပြန်မတွေ့နိုင်သေးတာ ဖြစ်ပါတယ်။ တနှစ်ပြည့်ဖို့ ၄၅ ရက်သာ လိုပါတော့တယ်။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်က လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖို့ဖြစ်နိုင်ခြေရှိမရှိနဲ့ပတ်သက်၍ "ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်လာမယ်ဆိုရင် ကျွန်တော်တို့ ခေါ်ယူသွားနိုင်ပါတယ်။ အသင်းကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကူညီပေးနိုင်မယ့် ဘယ်ကစားသမားကိုမဆို ခေါ်ယူဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့လည်း ဘာတွေဖြစ်လာမလဲဆိုတာဆက်လက် စောင့်ကြည့်ရပါဦးမယ် ”ဟု ဟန်စီဖလစ်ကပြောကြားသွားခဲ့ပါသည်။
ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့သည် ဂါလာတာစာရေးအသင်းရဲ့ အသက် ၂၁နှစ်အရွယ် ရုရှားကွင်းလယ်ကစားသမား အလက်ဆီ ဘာထရာကော့ဗ်ကို ခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေကြပါသည်။
ဘာထရာကော့ဗ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်သန်း ၅၀ ရှိပြီး အင်္ဂလန်ကလပ်နှစ်သင်းရဲ့ ကင်းထောက်တွေဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်လီအသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့ပွဲအတွင်း လာရောက်စောင့်ကြည့်ခဲ့ကြကြောင်းသိရှိရပါသည်။ ဂါလာတာဆာရေးအသင်းကတော့ ကစားသမားကို ဇန်နဝါရီလမှာလက်လွှတ်သွားရန် ဆန္ဒမရှိဘဲ နွေရာသီရောက်မှသာ အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေပိုများနေကြောင်း သိရှိရပါသည်။

🇲🇲 ရွှေတိဂုံဘုရားကို ဖူးမြှော်ခဲ့ကြသည့် မန်ယူကစားသမားများမြင်ကွင်းပုံရိပ်များ
🔴 ပီတာရှမိုက်ကယ်ရဲ့ လီဆန်ဒရိုမာတီနက်ဇ်အပေါ် ပြင်းထန်တဲ့ ဝေဖန်မှု
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ဟာ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကစားပုံအပေါ် ဒေါသထွက်နေပြီး အသင်းရှုံးနိမ့်ခဲ့ရတာကို မာတီနက်ဇ်တစ်ဦးတည်းရဲ့ တာဝန်အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
မာတီနက်ဇ်ဟာ ပွဲကစားချိန် ၆၃ မိနစ်မှာ လေးမိနစ်အတွင်း အဝါကတ်နှစ်ကြိမ်ပြသခံခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရတာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ရှမိုက်ကယ်ကတော့ မာတီနက်ဇ်ရဲ့ ဒီနေ့ကစားပုံဟာ လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောဆိုခဲ့သလို လွန်ခဲ့တဲ့ နှစ်ပတ်က အသင်းဖော်တွေနဲ့ ကလပ်အသင်းအပေါ် ပြင်းထန်တဲ့ ဝေဖန်စကားတွေ ပြောဆိုခဲ့တာကိုလည်း ပြန်လည်ထောက်ပြခဲ့ပါတယ်။
🗣 ပီတာရှမိုက်ကယ် –
“ဒီရှုံးပွဲအတွက် ကျွန်တော်ကတော့ လီဆန်ဒရိုမာတီနက်ဇ်ကိုပဲ အပြည့်အဝ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ဒီနေ့ သူကစားသွားတဲ့ပုံစံဟာ လုံးဝအရှက်ရစရာပါပဲ။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း သူဟာ အသင်းဖော်တွေနဲ့ ယူနိုက်တက်အသင်းအပေါ် အတော်လေးပြင်းထန်တဲ့ စကားတွေ ပြောခဲ့ပါတယ်။ သူ့ရဲ့အပြုအမူတွေကိုကြည့်ရတာ အသင်းကနေ ထွက်ခွာဖို့ လမ်းကြောင်းဖန်တီးနေသလိုတောင် ခံစားခဲ့ရပါတယ်။
အခုဆို သူ့ရဲ့စာချုပ်ကလည်း နောက်ဆုံးနှစ်ထဲကို ရောက်နေပါပြီ။ ဒီနေ့ သူလုပ်ခဲ့တာတွေကိုတော့ ရိုးရိုးသားသားပြောရရင် ဘာမှပြောစရာစကားတောင် မရှိတော့ပါဘူး။”

မော်ရင်ဟို 🗣 “ရီးရဲလ်မက်ဒရစ်နဲ့ ကိုင်လီယန် အမ်ဘာပေတို့ဟာ ဒီကိစ္စကို ချက်ချင်းတုံ့ပြန်ခဲ့ကြတာကြောင့် အဆင့်အတန်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်အသင်းနဲ့ ကျွန်တော့်ကစားသမား နှစ်ဦးစလုံးအပေါ် ဂုဏ်ယူမိပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီအခြေအနေက ယနေ့ခေတ်ကမ္ဘာကြီးရဲ့ အန္တရာယ်တွေကို ပြသနေပါတယ်။ တစ်ခါတလေမှာ ကိုယ်ပြောလိုက်တဲ့စကား၊ မှတ်ချက်ပေးလိုက်တဲ့အရာတိုင်းမှာ အန္တရာယ်တွေ ရှိနေနိုင်တာကြောင့် အကောင်းဆုံးလုပ်သင့်တာက ပါးစပ်ပိတ်နေလိုက်ဖို့ပါပဲ။
ဒါပေမဲ့ အမ်ဘာပေက ဒီအခြေအနေကို အလွန်တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ အသင်းဘက်ကလည်း အတန်းအစားရှိရှိ တုံ့ပြန်ပြသခဲ့ပါတယ်။
ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ထပ်လုပ်စရာ ဘာမှမရှိတော့ပါဘူး။”

🚨 မန်စီးတီး ကို အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဆုဖလား စိန်ခေါ်မှုအပေါ် ဘရိုက်တန် နည်းပြ ဖေဘီယန် ဟာဇီလာ ရဲ့ ပြောကြားချက်
🗣 "ကျွန်တော်တို့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ရယူဖို့ မစ်ရှင်တစ်ခု လုပ်ဆောင်နေတာ ဖြစ်ပြီး မန်စီးတီးကို အနိုင်ရလိုက်တာဟာ ကျွန်တော်တို့ ဘာတွေ စွမ်းဆောင်နိုင်လဲဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအပေါ် လူအများစု အံ့အားသင့်သွားမယ်ဆိုတာ သိပေမဲ့ သူတို့ ထင်ထားတာတွေ မှားကြောင်း သက်သေပြဖို့ အသင့်ရှိနေပါတယ်။
ကျွန်တော်တို့ဟာ ယှဉ်ပြိုင်ရုံ သက်သက်အတွက်တင် ရောက်ရှိနေတာ မဟုတ်ဘဲ အကြီးမားဆုံး ဆုဖလားကြီးကို စိန်ခေါ်ဖို့ ရောက်ရှိနေတာပါ။
အချို့အသင်းတွေက ကျွန်တော်တို့ကို လျှော့တွက်ကြပါလိမ့်မယ်၊ ဒါဟာ လုံးဝ ပြဿနာမရှိပါဘူး။
ကျွန်တော်တို့ ကြိုးစားအားထုတ်မှုကို ဆက်လက်လုပ်ဆောင်သွားမယ်၊ ပွဲတွေကို အနိုင်ယူသွားမယ်၊ ပြီးတော့ အသင်းကြီးတွေဆီကနေ အမှတ်တွေ ရယူသွားပါမယ်။
ဘရိုက်တန် မှာ အရည်အသွေး၊ စိတ်ဓာတ်နဲ့ အထူးခြားဆုံး အရာတစ်ခုကို အကောင်အထည်ဖော်နိုင်မယ့် ယုံကြည်မှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ လာနေပါပြီ၊ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ အရာတွေအတွက် ပရီးမီးယားလိဂ် အနေနဲ့ အသင့်ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။
ကျွန်တော်တို့ရဲ့ မက်ဆေ့ချ်ကတော့ ရှင်းရှင်းလေးပါပဲ - ဘရိုက်တန် ကို လျှော့မတွက်ပါနဲ့၊ အကြောင်းကတော့ ကျွန်တော်တို့ ရာသီအကုန်ထိ ဖလား အတွက် တိုက်ပွဲဝင်သွားဖို့ ရည်ရွယ်ထားလို့ပဲ ဖြစ်ပါတယ်။"
ဖေဘီယန် ဟာဇီလာရဲ့ အသင်းဟာ ဒီရာသီမှာ အက်စတန် ဗီလာ၊ မန်ယူနိုက်တက်၊ အာဆင်နယ်တို့လို ထိပ်တန်းအသင်းကြီးတွေကို အလဲထိုးပြနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲထဲကနေ ထုတ်ပယ်ထားလို့မရတဲ့အသင်းဖြစ်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

❤3
🔴ဆာအဲလက်စ်ရဲ့ စံချိန်ကို ဘယ်သူမှ မမီသေး
ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၂၁ ရာသီလုံးမှာ အဆင့် ၃ အောက်ကို တစ်ကြိမ်မှ မရောက်ခဲ့ဖူးပါဘူး။
🏆 အဆင့် ၁ – ၁၃ ကြိမ်
🥈 အဆင့် ၂ – ၅ ကြိမ်
🥉 အဆင့် ၃ – ၃ ကြိမ်
စုစုပေါင်း ၂၁ ရာသီ၊ ထိပ်ဆုံး ၃ သင်းစာရင်းထဲကနေ တစ်ကြိမ်မှ မထွက်ခဲ့တဲ့ မှတ်တမ်းပါ။
ဒါဟာ ဆုဖလားတွေ ရယူနိုင်ခဲ့ရုံတင်မကဘဲ နှစ်ပေါင်းများစွာ အသင်းတစ်သင်းကို အမြင့်ဆုံးအဆင့်မှာ တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့တဲ့ ဖာဂူဆန်ရဲ့ ကြီးမြတ်မှုကို သက်သေပြနေတဲ့ စံချိန်တစ်ခုပါ။အိုးထရက်ဖို့ဒ်မှာ ဖာဂူဆန်ချန်ထားခဲ့တဲ့ အမွေအနှစ်ဟာ တကယ်ကို ကြီးမားလွန်းပါတယ်။
ဒါပေမဲ့ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း မန်ယူနိုက်တက်ရဲ့ အခြေအနေကတော့ တစ်စတစ်စ ကျဆင်းလာခဲ့ပါတယ်။ နည်းပြတွေ အပြောင်းအလဲများစွာ ဖြစ်ခဲ့သလို အသင်းရလဒ်တွေလည်း တည်ငြိမ်မှုမရှိတော့ဘဲ တစ်ချိန်က အမှတ်ပေးဖလားအတွက် အမြဲတိုက်ပွဲဝင်ခဲ့တဲ့ အသင်းကြီးဟာ အခုဆိုရင် ထိပ်ဆုံးလေးသင်းဝင်ခွင့်အတွက်တောင် ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။
ပိုပြီး စိတ်ပျက်စရာကောင်းတာက နည်းပြအရည်အသွေးနဲ့ အသင်းကို တည်ဆောက်နိုင်စွမ်းပိုင်းမှာပါ။ ဖာဂူဆန်လို အသင်းတစ်သင်းလုံးကို စည်းလုံးညီညွတ်အောင် ထိန်းကျောင်းနိုင်ပြီး အနိုင်ရလိုစိတ်ကို ရိုက်သွင်းပေးနိုင်တဲ့ ခေါင်းဆောင်မျိုးကို ပြန်လည် ရှာဖွေဖို့ မန်ယူနိုက်တက် အတွက် အခုအချိန်အထိ ခက်ခဲနေဆဲပါ။
တစ်ချိန်က ပြိုင်ဘက်အသင်းတွေ ကြောက်ရွံ့ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ အခုတော့ နည်းပြအပြောင်းအလဲ၊ ရလဒ်ဆိုးတွေနဲ့ အနာဂတ်မသေချာမှုတွေကြားမှာ လမ်းပျောက်နေသလိုပါပဲ။ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက်ဟာ နည်းပြတစ်ယောက်ကိုပဲ ဆုံးရှုံးခဲ့တာမဟုတ်ပါဘူး။ အနိုင်ရလိုစိတ်ပြင်းပြ မှုကိုပါ ပူးတွဲ ဆုံးရှုံးခဲ့ရတာပါ။

❤5
🔴ကာရစ် ရဲ့အနာဂတ်နိုင်ငံတကာပွဲစဉ်နားရက်အထိ ဆိုင်းငံ့ထား
ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ပြုလုပ်ခဲ့တဲ့ အရေးပေါ်ဆွေးနွေးမှုတွေမှာ မန်ချက်စတာယူနိုက် တက်ရဲ့ တာဝန်ရှိသူတွေဟာ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာပွဲစဉ်နားရက် မရောက်မချင်း အတတ်နိုင်ဆုံး ရွှေ့ဆိုင်းထားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
လော်ရီ ဝစ်ဝဲလ်ရဲ့ ဖော်ပြချက်အရ ဘုတ်အဖွဲ့ဟာ ချက်ချင်းနည်းပြအပြောင်းအလဲလုပ်ဖို့ထက် လက်ရှိအခြေအနေကို နိုင်ငံတကာပွဲစဉ်နားရက်အထိ စောင့်ကြည့်ပြီးမှ နောက်ဆုံးဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဆိုလိုတာက ကာရစ်ခ်ဟာ လောလောဆယ် အလုပ်ဆက်လုပ်ခွင့်ရထားပေမဲ့ သူ့ရဲ့အနာဂတ်ကတော့ အာမခံချက်မရှိသေးပါဘူး။

❤2