Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.1K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
ဒီရာသီရဲ့ ပြိုင်ပွဲစုံ 15 ပွဲမှာ 9 ပွဲအထိတောင် Clean Sheet တွေယူထားနိုင်တဲ့ အာဆင်နယ် အသင်း 🔴🔥
❤5
အီဆက်ခ်ရဲ့ အင်္ကျီကို ဆွဲထားခဲ့ပေမယ့် လီဗာပူးအသင်း ပင်နယ်တီ မရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး 𝐈𝐚𝐧 𝐖𝐫𝐢𝐠𝐡𝐭 နဲ့ 𝐉𝐚𝐦𝐢𝐞 𝐂𝐚𝐫𝐫𝐚𝐠𝐡𝐞𝐫 တို့က

𝐉𝐚𝐦𝐢𝐞 𝐂𝐚𝐫𝐫𝐚𝐠𝐡𝐞𝐫 🗣

“ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နံပါတ် (၉) တိုက်စစ်မှူးတစ်ဦးက ဂိုးပေါက်နဲ့ (၅) ကိုက်လောက်ပဲ အကွာမှာ ရှိနေတဲ့အချိန် အင်္ကျီဆွဲပြီး တားဆီးခံခဲ့ရတာပါ။ ဒါဟာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးကို သိသိသာသာ တားဆီးလိုက်တာပါပဲ”

𝐈𝐚𝐧 𝐖𝐫𝐢𝐠𝐡𝐭 🗣

“ကျွန်တော်က အာဆင်နယ်ပရိသတ်တစ်ယောက် ဖြစ်ပေမယ့် ဒီဖြစ်ရပ်ဟာ ပင်နယ်တီ ပေးကိုပေးရမယ့် အနေအထားပါ။

𝐀𝐥𝐞𝐱𝐚𝐧𝐝𝐞𝐫 𝐈𝐬𝐚𝐤က ပင်နယ်တီရဖို့ လုံလောက်တဲ့ တုံ့ပြန်မှု မပြခဲ့ဘူးဆိုပြီး အကြောင်းပြနေလို့ မရပါဘူး။

ရှင်းရှင်းလင်းလင်း ပင်နယ်တီပေးရမယ့် ဖြစ်ရပ်တစ်ခုအတွက် ကစားသမားတစ်ယောက်ဟာ လဲကျပြတာ၊ အလွန်အကျွံ တုံ့ပြန်ပြတာမျိုး လုပ်နေစရာ မလိုပါဘူး။”

ဒိုင်တစ်ယောက် အနေနဲ့ ကစားသမား လာပြောတာကို မှီခိုနေစရာ မလိုဘူး။ ဘာဖြစ်ခဲ့လဲဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိရမယ်။

𝐉𝐮𝐫𝐫𝐢ë𝐧 𝐓𝐢𝐦𝐛𝐞𝐫 က 𝐀𝐥𝐞𝐱𝐚𝐧𝐝𝐞𝐫 𝐈𝐬𝐚𝐤 အင်္ကျီကို ဆွဲထားတဲ့ အတွက် ကျွန်တော့်အမြင် လီဗာပူး ပယ်နယ်တီ ရသင့်ပါတယ်။

𝐉𝐚𝐦𝐢𝐞 𝐂𝐚𝐫𝐫𝐚𝐠𝐡𝐞𝐫 🗣
“VAR အနေနဲ့လဲ သူ့တို့ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။”
❤2
ဈေးများတယ်ဆိုတဲ့သူတွေ အသံတိတ်ကုန်ကြပြီ။

ယန်း ဒီအိုမန်ဒီကို ရီးရဲလ်တို့ခေါ်ယူခဲ့တုန်းက ဒီကောင်းလေးက အဲ့လောက်မတန်ဘူး ၊ ဈေးများတယ် စသည်ဖြင့် ဝေဖန်သံတွေ ဆူညံစေခဲ့တယ်။

ခုတော့ ဒီချာတိတ်ဟာ ကြယ်စင်စုတို့အတွက် ပထမဆုံးရာသီမှာပဲ အသားကျခဲ့တယ်။ နောက်ဆုံး ၆ ပွဲမှာ ဂိုးပါ၀င်ပက်သက်မှု ၇ ကြိမ်အထိပြုလုပ်နိုင်ခဲ့တယ်။ သွင်းလိုက်တဲ့ဂိုးတွေကလည်း တကယ်လက်ဖျားခါလောက်တယ်။

အသက်က ၁၉ နှစ် ၊ ဘယ် , ညာ တောင်ပံတွေမှာ လိုအပ်သလိုကစားနိုင်တယ်။

ကဲ ... ဘာလိုသေးလဲဗျာ။ 🤷🇨🇮
❤9
မော်ဂန်ရော်ဂျာစ်ကတော့ ချဲလ်ဆီးအတွက် ၁၂ ပွဲသာ ကစားရသေးပေမယ့် ဂိုးနဲ့ဂိုးဖန်တီးမှု စုစုပေါင်း ၁၀ ကြိမ်အထိ ရှိလာပါပြီ

မေဆန်မောင့်ကတော့ ယူနိုက်တက်မှာ လေးနှစ်တာကာလအတွင်းမှ ရော်ဂျာစ်ရဲ့ အရေအတွက်ကို ရရှိခဲ့တာပါ

ရော်ဂျာက ချယ်ဆီးကို လက်ရှိရာသီမှ ရောက်လာတယ်ဆိုပေမယ့် ကိန်းဂဏန်းကို ယှဉ်ကြည့်လိုက်ရင် ရော်ဂျာစ်ရဲ့ ခြေစွမ်းက တော်တော်ထိရောက်နေပါတယ်

ကစားပွဲ ၁၂ ပွဲနဲ့ ၁၀ ကြိမ်ဆိုတာ ချဲလ်ဆီးအတွက် ရော်ဂျာ ခြေစွမ်းဘယ်လောက်ပြထားလဲဆိုတာ သက်သေပါပဲ

မောင့်ဘက်မှာတော့ ယူနိုက်တက်မှာ လေးနှစ်လောက်ကစားပြီးမှ ဂိုးနဲ့ဂိုးဖန်တီးမှု ၁၀ ကြိမ်ကို ရခဲ့တာမို့ ယူနိုက်တက်တို့ ချယ်ဆီးရဲ့ အမှိုက်တွေကို အသင်းမှာ လက်ခံနေသလို ဖြစ်နေပါပြီ
❤3
မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့မှ ခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေသည့်တိုင် ဘာစီလိုနာအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း သိရှိရပါသည်။
ရေဆင်းကို ၀-၃ နဲ့ အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ချူဝါမန်နီက ဂိုးကန်သွင်းဖို့ ကြိုးစားခဲ့ချိန် ဂိုးပေါက်မတည့်ခဲ့ဘဲ ဘောလုံးက စင်ပေါ်က ကလေးငယ် ပရိသတ်လေးကို သွားထိမှန်ခဲ့ပါတယ်။

ပွဲအပြီးမှာ ချူဝါမန်နီက ကလေးငယ်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ကန်ချက်ထိမှန်ခဲ့တာကို စိတ်မကောင်းကြောင်း ပြောကြားခဲ့ပါတယ်။ အဝတ်လဲခန်းထဲအထိကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ကလေးငယ် စိတ်သက်သာရာရအောင် ပြုမူပေးခဲ့တာပါ။

အမ်ဘာပေကလည်း ကလေးငယ်နဲ့ တွေ့ဆုံခဲ့ပြီး “ဒီကောင်က ဂိုးဘယ်လိုသွင်းရမလဲ မသိလို့ပါ” လို့ စနောက်ပြောဆိုပြီး ကလေးလေးကို ပျော်ရွှင်စေခဲ့ပါတယ်။ ပိုပြီးတော့ ပျော်ရွှင်စေခဲ့တာကတော့ ချူဝါမန်နီက သူ့ဂျာစီကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာပါပဲ။

ဘောလုံးထိမှန်ပြီး မျက်ရည်ပါထွက်တဲ့အထိ ဖြစ်ခဲ့တဲ့ ကလေးလေးဟာ ချူဝါမန်နီ နဲ့ အမ်ဘာပေတို့ရဲ့ အဆင့်အတန်းရှိတဲ့ ပြုမူဆက်ဆံမှုတွေကြောင့် နွေးထွေးမှုတွေကို ခံစားခဲ့ရမှာ အသေအချာပါပဲ။ တကယ်ကို ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။
👍5
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အသက်၂၉နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ဂျင်းဖိလစ်ပီ မာတီတာဟာ လာမည့် ဇန်နဝါရီလကာလမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါသည်။

ပဲလေ့စ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ မာတီတာကို ရောင်းချရမလား ၊ ဒါမှမဟုတ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်ထိန်းထားရမလားဆိုတာ မသေချာသေးပါဘဲ အကယ်၍နွေရာသီအထိဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ရမှာလည်းဖြစ်သည်။
ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားသည် မင်နီဆိုတာယူနိုက်တက်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် ဂါနာတိုက်စစ်မှူး ကယ်လ်ဗင် ယီဘိုအာကို ခေါ်ယူရန် စောင့်ကြည့်နေကြပြီး အဲဗာတန်အသင်းက အဆိုပါ ဂါနာကစားသမားကိုရရှိရန် ထိပ်ဆုံးက ရေပန်းစားနေကြောင်းလည်း သိရှိရပါသည်။
🚨🏴󠁧󠁢󠁥󠁮󠁧Morgan Rogers က Chelsea မှာ ဖြတ်သန်းနေရတဲ့ ဘဝအကြောင်း ပြောကြားလာခဲ့ပါတယ်။

🗣 “Chelsea မှာ နေရတာ အရမ်းပျော်ပါတယ်။ ဒါက စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပြီး အရည်အသွေးမြင့်တဲ့ ထူးချွန်ကစားသမားတွေနဲ့အတူ ကစားရဖို့ မျှော်လင့်နေပါတယ်။

အသင်းတစ်သင်းလုံး စည်းလုံးညီညွတ်လာဖို့က အရေးကြီးပါတယ်။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တယ်။ ကိုယ်အကောင်းဆုံး လုပ်နိုင်တဲ့အရာတွေကို ဆက်လုပ်ရင်း ဒီကောင်းမွန်တဲ့ အစပြုမှုကို ပိုမိုတည်ဆောက်သွားချင်ပါတယ်။ ဒီအတိုင်း ဆက်လက်ကြိုးစားသွားဖို့ လိုပါတယ်။”

စိန်ခေါ်မှုအသစ်ကို ပျော်ရွှင်စွာ လက်ခံထားပြီး အသင်းကို ကူညီပေးနိုင်ဖို့ အာရုံစိုက်နေတဲ့ ကစားသမားတစ်ဦးပါ။ 💙
❤1
ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းထံ ဆက်သွယ်မေးမြန်းထားပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူသွားရန် စဉ်းစားနေပါသည်။

ဒါ့အပြင် အဆိုပါ အာဂျင်တိုင်နောက်ခံလူကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အသင့်ရှိနေပြီး ယူနိုက်တက်ဘက်အသင်းဘက်မှာတော့ ကစားသမားရဲ့စာချုပ်ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ မာတီနက်ဇ်အပြင် ရီးရဲလ်ဘက်တစ်အသင်းရဲ့ နောက်ခံလူ နာတန်ကိုလည်း ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းထားလျှက်ရှိပြီး ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းသို့ အငှားချထားတဲ့ ရော်နယ်လ်အာရူဟိုကို ရောင်းချကာ အပြောင်းအရွှေ့အတွက် ငွေကြေးရှာဖွေသွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။
လီဗာပူးအသင်းဟာ စတုဂတ်အသင်းရဲ့ နောက်ခံလူဖင်း ဂျယ်လ်ရှ် ဖင်န် ယဲလ်ရှ်ကို ခေါ်ယူဖို့ ယူရိုသန်း ၄၀ နဲ့ စတင်ကမ်းလှမ်းသွားရန် ပြင်ဆင်နေပါသည်။

လက်ရှိအချိန်မှာ လီဗာပူးအသင်းဟာ အသက် ၂၀ အရွယ် ဂျာမန်နောက်ခံလူရဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံ၍ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး လီဗာပူးအသင်းဟာ အဆိုပါ ဂျာမန်နောက်ခံလူကို အသက်အရွယ်ကြီးမြင့်လာပြီဖြစ်သည့် အသင်းခေါင်းဆောင် ဗာဂျယ်လ် ဗန်ဒိုက်ရဲ့ ရေရှည်အစားထိုးမယ့်သူအဖြစ် ရှုမြင်ထားလျှက်ရှိကြောင်း သိရှိရပါသည်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ အယ်လ်အာလီအသင်းရဲ့ အသက်၃၀အရွယ် အဂ်လန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူရန် အလေးအနက်စိတ်ဝင်စားနေပြီး ကစားသမားအတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သိရှိရပါသည်။

ယူနိုက်တက်အသင်းဟာ ဘင်ဂျမင် ဆက်စ်ကို ဒဏ်ရာရရှိနေတဲ့အတွက် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ဦးကို အငှား ဒါမှမဟုတ် ပြောင်းရွှေ့ကြေးသက်သာတဲ့ပုံစံနဲ့ ခေါ်ယူဖို့ ယူနိုက်တက်က ဦးစားပေးစီစဉ်လျှက်ရှိသလို တိုနေးကိုယ်တိုင်ကလည်း ဆော်ဒီမှာ ပျော်ရွှင်နေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လည်ကစားဖို့ စိတ်ဝင်စားမှုရှိနေပြီး ၎င်းကို ယူနိုက်တက်အသင်းအပြင် နယူးကာဆယ်၊ စပါးနဲ့ အဲဗာတန်အသင်းတို့ကလည်းခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။
ဘိုင်ယန်မြူးနစ် ၊ အာဆင်နယ် ၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ မိုနာကိုအသင်းရဲ့ အသက် ၂၀ အရွယ် ဂျာမန်တိုက်စစ်မှူး ပါရစ်စ် ဘရွန်နာကို ခေါ်ယူရန် စောင့်ကြည့်နေကြပါသည်။

အဆိုပါတိုက်စစ်မှူးလေးဟာ ဒီရာသီမိုနာကိုအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိတဲ့ ၈ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ချဲလ်ဆီးနဲ့ စပါးအသင်းတို့ကလည်း ကင်းထောက်တွေ စေလွှတ်၍ လေ့လာမှုများပြုလုပ်လျှက်ရှိပါသည်။ ဒါ့အပြင်မိုနာကိုအသင်းကလည်း အသင်းရဲ့ ဘဏ္ဍာရေးအတွက် လာမည့် ဇန်နဝါရီမှာ ဘရွန်နာကို ရောင်းချကာ လက်ကျန်ရာသီဝက်အတွက် အသင်းမှာ အငှားဖြင့်ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း သိရှိရပါသည်။
🚨 အေစီမီလန်ဟာ လာမယ့်နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းထံမှ အငှားဖြင့်ခေါ်ယူထားတဲ့ အသက်၂၃နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား အိုမာရီ ဟတ်ချင်ဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြန်လည်ပို့ဆောင်ဖို့ရှိနေပြီး ၎င်းအစား ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး အန်ဒရစ်ကို ခေါ်ယူသွားရန် ပစ်မှတ်ထားနေပါတယ်။

အန်ဒရစ်ဟာ အသင်းပိုင်ရှင် ဂျယ်ရီ ကာဒီနေးလ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဘက်က ရောင်းချလိုတဲ့ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ကတော့ လွယ်လွယ်ကူကူ ဖြစ်ပေါ်လာဖွယ်မရှိနိုင်ကြောင်း သိရှိရပါသည်။
"ပွဲပယ် ၄ ပွဲထိခံထားရလို့ ကွင်းတွင်းမကစားရတာကို ငြိမ်ငြိမ်မနေပဲ ကွင်းပြင်မှာ မင်းသမီး ဆေဒီ ဆင့်ခ်ကို ကျူးဖို့ ကြံခဲ့ပေမယ့် အငြင်းခံရတဲ့ ဗီနီစီယပ်စ်"💔

ရီးရဲလ် မက်ဒရစ် ကစားသမား ဗီနီစီယပ်စ် ဂျူနီယာက Spider-Man: Brand New Day ဇာတ်ကားမှာ Jean Grey နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဆေဒီ ဆင့်ခ်ကို ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ပွဲစဉ်တစ်ပွဲ လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပေတယ်လို့ သိရှိရပြီး ဒီမင်းသမီးကတော့ သူ့ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပါတယ်။

သတင်းတွေအရ အနီကတ်ပြစ်ဒဏ်ကြောင့် လက်ရှိ ၄ ပွဲ ပယ်ပြစ်ဒဏ်ထိထားတဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဘရာဇီးလ်ကစားသမားဟာ နာမည်ကျော်မင်းသမီးဆီကို အင်စတာဂရမ်ကနေတစ်ဆင့် ဆက်သွယ်ပြီး ဆန်တီဂို ဘာနေမြူးu ကွင်းရှိ VIP နေရာကနေ ပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် 'Stranger Things' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကတော့ ဗီနီစီယပ်စ် ဂျူနီယာကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ်နည်းပြ မော်ရင်ညိုရဲ့ လက်အောက်မှာ အနာဂတ် မရေရာတော့တဲ့ ဗီနီစီယပ်စ် ဂျူနီယာကတော့ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာ ပြခံရတဲ့ အနီကတ်ကြောင့် ၄ ပွဲ ပယ်ပြစ်ဒဏ် ( ၂ ပွဲက တိုက်ရိုက်အနီကတ်ကြောင့်နဲ့ ကျန် ၂ ပွဲကတော့ အနီကတ်ကို စောဒကတက်မှု) ခံထားရပြီး ငြိမ်ငြိမ်မနေနဲ့ နာမည်ကျော် မင်းသမီးကို သွားကျူးတဲ့ သတင်းထွက်လာတာကြောင့် မော်ရင်ညိုရဲ့ ငြိုငြင်မှုကို ပိုခံရလာနိုင်ပါတယ်။

ဒီထက်ဆိုးတာကတော့ သူ့ရဲ့ ဖိတ်ကြားမှုကို မင်းသမီး ဆေဒီ ဆင့်ခ်က ငြင်းပယ်လိုက်တာကြောင့် ဗီနီစီယပ်စ် ၂ ခါနာဖြစ်ခဲ့ရပြီဖြစ်ပါတယ် 😬
🤣3😁1
🚨 ကော်နာ ဂယ်လဂါကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ၃ သင်း စိတ်ဝင်စားနေ!

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ကော်နာ ဂယ်လဂါကို အက်စတွန်ဗီလာ၊ အဲဗာတန်နဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာတော့ ဂယ်လဂါ ဟာ တော့တင်ဟမ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်နေရာမရတော့ဘဲ ဆန်ဒရို တိုနာလီနဲ့ မာတေး ဖာနန်ဒက်စ်တို့ရဲ့ နောက်မှာ အခွင့်အရေးစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ပွဲထွက်ခွင့် ပုံမှန်မရရှိဘူးဆိုရင် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားလာနိုင်တယ်လို့ သိရပါတယ်။

လာမယ့်အပြောင်းအရွှေ့ကာလမှာ ဂယ်လဂါရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရတော့မှာပါ။
🔴အာဆင်နယ်က ဒေးဗစ် ရာယာကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေ!

အာဆင်နယ်အသင်းဟာ ဂိုးသမား ဒေးဗစ် ရာယာရဲ့ ရေရှည်အနာဂတ်ကို အမ်းမရိတ်စ်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ စာချုပ်သစ်ဆွေးနွေးမှုတွေ စတင်ဖို့ ပြင်ဆင်နေပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားကို ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားလာနိုင်တာကြောင့် အာဆင်နယ်ဘက်က ကြိုတင်ကာကွယ်ဖို့ ကြိုးစားနေတာပါ။

ရာယာကိုယ်တိုင်ကလည်း အနာဂတ်တစ်ချိန်ချိန်မှာ စပိန်နိုင်ငံကို ပြန်လာပြီး လာလီဂါမှာ ကစားချင်တဲ့ဆန္ဒရှိကြောင်း မကြာသေးမီက ဖွင့်ဟထားပါတယ်။

ဒါကြောင့် အာဆင်နယ်အတွက် အဓိကစိန်ခေါ်မှုကတော့ အသင်းရဲ့ အဓိကဂိုးသမားကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းကို ကိုင်တွယ်ဖို့အတွက် လိုင်ယွန်ကို ထွက်ခွါခွင့်တောင်းခဲ့တဲ့ 𝐏𝐚𝐮𝐥𝐨 𝐅𝐨𝐧𝐬𝐞𝐜𝐚

လက်ရှိအခြေအနေအရ နည်းပြကို လိုင်ယွန်က ထွက်ခွါခွင့်မပြုမီ နည်းပြအစားထိုးဖို့ ရှာဖွေနေဆဲဖြစ်ပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂျူဗီတပ်စ် နည်းပြဟောင်း 𝐓𝐡𝐢𝐚𝐠𝐨 𝐌𝐨𝐭𝐭𝐚 က လိုင်ယွန်ကို ကိုင်တွယ်ဖို့ ရေပန်းစားနေပြီး ၊ နည်းပြ တစ်ဦးဦးနဲ့ သဘောတူညီမှု့ ရရှိခဲ့ပါက 𝐏𝐚𝐮𝐥𝐨 𝐅𝐨𝐧𝐬𝐞𝐜𝐚 ကို အသင်းမှ ထွက်ခွါခွင့်ပြုမှာ ဖြစ်ပါတယ်။
❤3
🚨 အပြောင်းအရွှေ့သတင်း

မာတီနက်ဇ်ကိုယ်တိုင် အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီလို့ သတင်းထွက်ပေါ်လာပါတယ်။

သတင်းရင်းမြစ် Roundtable ရဲ့ ဖော်ပြချက်အရ မန်ယူနဲ့ အက်သလက်တီကိုတို့ ချန်ပီယံလိဂ်ပွဲစဉ် ကစားခဲ့စဉ် စပိန်မြို့တော် မက်ဒရစ်မှာ မာတီနက်ဇ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူဟာ ၂၀၂၇ ခုနှစ်မှာ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ ကိုယ်ရေးကိုယ်တာ သဘောတူညီမှု ရရှိထားပြီလို့ ဆိုပါတယ်။

မာတီနက်ဇ်ရဲ့ လက်ရှိစာချုပ်ဟာ လာမယ့် ၂၀၂၇ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ယူဘက်ကတော့ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ကို အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးနဲ့ပွဲမှာ အနီကတ်ရရှိခဲ့ပြီးနောက် ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ကလည်း မာတီနက်ဇ်ရဲ့ ခြေစွမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မန်ယူအတွက်တော့ မာတီနက်ဇ်ကို ဆက်ထိန်းထားသင့်သလား၊ ၂၀၂၇ မှာ ရောင်းချသင့်သလားဆိုတာ ဆုံးဖြတ်ရမယ့်အချိန် ရောက်လာပါပြီ။
❤3