Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.21K subscribers
27.9K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
■ ချန်ပီယံလိဂ် ပွဲစဉ်-၄(ပထမနေ့) Player of the Match ဆုရှင်များ

Shakhtar Donetsk 0-1 Sporting CP
– Maximiliano Araújo (Sporting CP)

Galatasaray 2-0 Stuttgart
– Aleksei Batrakov (Galatasaray)

Atlético de Madrid 0-2 Bayern München
– Konrad Laimer (Bayern München)

Barcelona 3-0 Aston Villa
– Raphinha (Barcelona)

Feyenoord 0-3 Inter
– Djed Spence (Inter)

Bodø/Glimt 0-0 Lille
– Calvin Verdonk (Lille)

LASK 4-0 Slovan Bratislava
– Kasper Jørgensen (LASK)

Manchester United 3-2 Roma
– Bruno Fernandes (Manchester United)

Villarreal 0-6 Paris Saint-Germain
– Fabián Ruiz (Paris Saint-Germain)
👍2
🚨 ပွဲအပြီးမှာ ကူညာနဲ့ ကာရစ်တို့ စကားများခဲ့ကြသလား? 😳

ရိုးမားကို အံ့အားသင့်ဖွယ် Comeback နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မန်ယူတိုက်စစ်မှူး မာသီးယပ်စ် ကူညာဟာ နည်းပြ မိုက်ကယ်ကာရစ်နဲ့ စကားအပြန်အလှန်ဖြစ်ခဲ့ပြီး ဒေါသတကြီးနဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ လီယိုနာဒို ဘာလားဒီကို မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒုတိယအဝါကတ်နဲ့ အနီကတ်ပြသခံခဲ့ရတဲ့ ကူညာဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ ကွင်းထဲပြန်ဝင်လာခဲ့တာပါ။

ဒါပေမဲ့ ကာရစ်နဲ့ စကားအနည်းငယ်ပြောဆိုပြီးနောက် နည်းပြရဲ့ ညွှန်ကြားချက်ကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ထွက်ခွာသွားချိန်မှာလည်း ကာရစ်ဘက်ကို လှည့်ကြည့်ပြီး ဒေါသတကြီး ပြောဆိုနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

သို့သော် ပရိသတ်တွေကိုတော့ လက်ခုပ်တီးနှုတ်ဆက်ခဲ့ပြီး ဒီညမှာ နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကိုလည်း မမေ့နိုင်စရာပါပဲ။

📌 IFAB စည်းမျဉ်းအရ အနီကတ်ပြသခံထားရတဲ့ ကစားသမားဟာ ပွဲပြီးဆုံးတဲ့အထိ အဝတ်လဲခန်း ဒါမှမဟုတ် ပရိသတ်နေရာမှာသာ ရှိနေရမှာဖြစ်ပြီး ကွင်းထဲပြန်ဝင်လာခြင်းဟာ စည်းကမ်းချိုးဖောက်မှု ဖြစ်လာနိုင်ပါတယ်။

🔥 အနိုင်ရခဲ့တဲ့ညမှာတောင် ကူညာနဲ့ ကာရစ်ကြားက ဒီအဖြစ်အပျက်က နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာဦးမလား?
❤1
ချန်ပီယံလိဂ်ပွဲစဉ်တွေ မစတင်မီ မီဂူရယ်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်မြင်ကွင်း 😢🙏
🚨🗣 မားသီးယပ်စ် ကွန်ညာ ရဲ့ အနိုင်ဂိုးအောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်

​"ဒါက တကယ့်ကို ဘရာဇီးစတိုင် စစ်စစ်ပဲလို့ ထင်တယ်။ အမှန်အတိုင်း ပြောရရင် ဒီလိုမျိုး အောင်ပွဲခံဖို့ အမြဲအိပ်မက်ခဲ့တာပါ။

​ပရိသတ်တွေကို မြင်လိုက်တော့ နည်းနည်းတော့ သတိထားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ရိုးမားပရိသတ်တွေရှိတဲ့ ဘက်ဖြစ်နေလို့ပါ။ ရိုးမားပရိသတ်တွေလား၊ ငါတို့ပရိသတ်တွေလားဆိုတာတောင် မသေချာဘူးဖြစ်သွားတယ်။

​အဲဒါနဲ့ ခုန်တက်လိုက်ရင်တော့ ဒုက္ခပဲလို့ စိတ်ထဲတွေးလိုက်မိသေးတယ်။ ဒါပေမဲ့ သူတို့ကပါ ဝိုင်းပြီး အောင်ပွဲခံပေးကြလို့ ဝမ်းသာရပါတယ်။ တကယ့်ကို လှပတဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ..."
🚨🚨🎙| လာမင်း ယာမားလ်၊ ရာဖင်ညာနဲ့ ဘာစီလိုနာအသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ဟန်ဆီ ဖလစ်ခ် ပြောကြားခဲ့တဲ့ မှတ်ချက်🔵🔴

​“ရာဖာမှာ ဂိုးသွင်းချင်တဲ့ ဆာလောင်မှု အပြည့်ရှိတယ်။ သူက အမြဲတမ်း ဖိအားပေးတယ်၊ အမြဲတမ်း တက်တက်ကြွကြွ ရှိနေတယ်။ သူ့ရဲ့ ကစားပုံ ပြင်းအားက တကယ်ကို မြင့်မားလွန်းပါတယ်။

​ယာမားလ်ကတော့ အံ့ဩစရာကောင်းလွန်းပါတယ်။ ပထမဆုံးရတဲ့ အခွင့်အရေးမှာတင် ချက်ချင်း ဂိုးသွင်းယူသွားခဲ့တယ်။ အဲဒါက ငါတို့အတွက် တကယ်ကို အရေးပါခဲ့တာပါ။

​ဒီနေ့အတွက် အရေးကြီးဆုံးကတော့ အသင်းတစ်သင်းလုံးစုစည်းညီညွတ်စွာနဲ့ ခံစစ်ကစားနိုင်ခဲ့တာပါပဲ။ နောက်တန်းက လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကလည်း တကယ်ကို အံ့ဩစရာကောင်းပါတယ်။

​ရာမားနဲ့ ရာဖင်ညာတို့အကြောင်း ထပ်မံမေးမြန်းခဲ့ရာမှာတော့ -
​“ခင်ဗျားတို့ မြင်နေရတဲ့အတိုင်းပါပဲလို့ပဲ ပြောချင်ပါတယ်။”
⚪️ဆယ်မိနစ်လောက်ပဲ ကြည့်ခဲ့ရပေမဲ့ အရည်အချင်းကို ချက်ချင်းသိခဲ့တဲ့ ကင်းထောက်

အာဘီ လိုက်ပ်ဇစ် ကင်းထောက် ရာဖာ ဂွန်ဇာလက်ဇ်က ယန်ဒီယိုမန်ဒီရဲ့ အရည်အချင်းကို ပထမဆုံး သတိပြုမိခဲ့ပုံကို ပြန်လည်ဖွင့်ဟလာခဲ့ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ ယန်ဒီယိုမန်ဒီကို ကွင်းထဲမှာ ဆယ်မိနစ်လောက်သာ ကစားတာကို မြင်တွေ့ခဲ့ရပေမဲ့ အဲဒီအချိန်ကတည်းက ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ချက်ချင်းသိရှိခဲ့တာပါ။

အထူးသဖြင့် ပြေးနှုန်း၊ ကစားအားပြင်းထန်မှု၊ ရဲရင့်မှု၊ အလုပ်ကြိုးစားမှု၊ ဘောလုံးထိန်းသိမ်းနိုင်စွမ်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ခံစစ်ပိုင်းအထိ ပြန်လည်ကူညီပေးလိုတဲ့ စိတ်ဓာတ်တွေကို အထူးသဘောကျခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယန်ဒီယိုမန်ဒီကို ခေါ်ယူနိုင်ခဲ့တာဟာ သူတစ်ဦးတည်းရဲ့ ကြိုးစားမှုကြောင့်မဟုတ်ဘဲ အားကစားဒါရိုက်တာ ဦးဆောင်တဲ့ အသင်းအဖွဲ့တစ်ခုလုံးရဲ့ စုပေါင်းကြိုးစားမှုဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ယန်ဒီယိုမန်ဒီဟာ ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်လာမယ်ဆိုတာ အပြည့်အဝယုံကြည်ကြောင်း၊ သူ့မှာ လိုအပ်တဲ့ အရည်အချင်း၊ စိတ်ဓာတ်နဲ့ တိုးတက်နိုင်မယ့် အလားအလာတွေ အားလုံးရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ကစားသမားကောင်းတစ်ယောက် skill တွေ ကို မြင်ဖို့ ဆယ်မိနစ်ပဲ လိုခဲ့ပေမဲ့ အဲဒီအရည်အချင်းကို အကောင်အထည်ဖော်ဖို့တော့ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်နေဦးမှာပါ။
❤1👍1
🔴ယူနိုက်တက် ရဲ့ ပစ်မှတ်စာရင်းထဲမှာ မော်ဂန် ဂစ်ဘ်စ်ဝှိုက် ပါဝင်လာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်တိုက်စစ်ကစားသမား မော်ဂန် ဂစ်ဘ်စ်ဝှိုက်ကို လာမယ့်အပြောင်းအရွှေ့ကာလအတွက် လက်တွေ့ကျတဲ့ ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ပစ်မှတ်တစ်ဦးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားကို လီဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ကလည်း စောင့်ကြည့်နေကြပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းဘက်ကတော့ ဂစ်ဘ်စ်ဝှိုက်ဟာ တခြားကွင်းလယ်တိုက်စစ်ပစ်မှတ်အချို့ထက် ခေါ်ယူဖို့ ပိုမိုလက်တွေ့ကျနိုင်တဲ့ ကစားသမားတစ်ဦးလို့ ယူဆထားတာဖြစ်ပါတယ်။
အာတီတာရဲ့ အာဆင်နယ် နဲ့ မော်ရင်ဟိုရဲ့ ရီးရဲလ် UCL မှာ တွေ့ရမယ်ဆိုတာက တကယ်မယုံနိုင်စရာပါပဲ
‼️လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ဟာ ကြည့်ရှုသူ ၇.၉ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး၊ ယခင်က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ Community Shield ပွဲစဉ်မှာ ရှိခဲ့တဲ့  ၆.၂ သန်းဆိုတဲ့ စံချိန်ဟောင်းကိုပါ ဖြိုချနိုင်ခဲ့ပါပြီ။

ဒါဟာ ကြည့်ရှုသူ အရေအတွက် သိသိသာသာ ကြီးမားလာတာဖြစ်ပြီး၊ လီဗာပူးလ် - အာဆင်နယ် ပွဲစဉ်က စံချိန်ဟောင်းထက် ၁.၇ သန်း ပိုမိုများပြားတဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ အလွန်စိတ်ဝင်စားဖို့ကောင်းတာကတော့ အဆိုပါ စံချိန်တင်ပွဲစဉ် နှစ်ခုစလုံးရဲ့ အဓိက အချက်အချာနေရာမှာ အာဆင်နယ်အသင်း ပါဝင်နေတယ် ဆိုတဲ့ အချက်ပါပဲ။

အာဆင်နယ်အသင်းဟာ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အများဆုံးရရှိနေဆဲဖြစ်ပြီး၊ လက်ရှိဘောလုံးလောကရဲ့ အကြီးမားဆုံး ရုပ်သံကြည့်ရှုမှု စံချိန်တွေရဲ့ ဗဟိုချက်မှာ ဆက်လက်ရပ်တည်နေကြောင်း ဒီဂဏန်းအချက်အလက်တွေက ထပ်မံသက်သေပြနေပါတယ်။
🔴 ဦးဆောင်ဂိုးရရင် အနိုင် ၃ မှတ် သေချာနေတဲ့ အာဆင်နယ်

အာတီတာလက်အောက်မှာ ဂိုးအရင်သွင်းနိုင်ရင် အာဆင်နယ်ကို အနိုင်ယူဖို့ မလွယ်တော့ပါဘူး။ မီကယ်လ် အာတီတာရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးအရင်သွင်းနိုင်ခဲ့တဲ့ ၁၆၉ ပွဲအနက် ၁၃၇ ပွဲအထိ အနိုင်ရထားပြီး အနိုင်ရနှုန်း ၈၁.၁ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒီစံချိန်ထက် ပိုကောင်းတဲ့သူတွေကတော့ ဆာအဲလက်စ် ဖာဂူဆန်၊ ပက်ပ် ဂွါဒီယိုလာနဲ့ ဟိုဆေး မော်ရင်ညိုတို့သာ ဖြစ်ပါတယ်။ ပွဲကို ဦးဆောင်နိုင်တဲ့အချိန်မှာ ရလဒ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အာတီတာရဲ့ အာဆင်နယ်ကောင်းကောင်းသိထားပါတယ်။

ဒါ့အပြင်ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်ရဲ့ ခံစစ်စွမ်းဆောင်ရည်က အဆင့်အတန်းမြင့်မားနေပါတယ်။ ပေးဂိုးအနည်းဆုံး (၅ ဂိုး)၊ ပြိုင်ဘက်ရဲ့ ဂိုးပေါက်တည့်ကန်ချက် အခံရဆုံးအနည်းဆုံး (၂၃ ကြိမ်) နဲ့ Big Chances အခွင့်အရေး အပေးရဆုံးအနည်းဆုံး (၁၂ ကြိမ်) ဆိုတဲ့ စာရင်းသုံးခုစလုံးမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

တိုက်စစ်က ဂိုးသွင်းနိုင်သလို ခံစစ်ကလည်း ကျောက်ဆောင်တစ်ခုလို ခိုင်မာနေတဲ့ အာဆင်နယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်တယ် ဆိုတာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက သက်သေပြနေပါတယ်။
❤4👍1
‼️ပွဲစဉ်၁၁ ပွဲ ပြီးသွားတဲ့အချိန်မှာတော့ စပိန်လာလီဂါရဲ့ ထိပ်သီးနေရာတွေအတွက် အကြိတ်အနယ် ယှဉ်ပြိုင်မှုကြီးက ဒီလိုပုံစံ ဖြစ်နေပါပြီ။

ဇယားထိပ်ဆုံးနေရာကိုတော့ ဟန်ဆီ ဖလစ်ရဲ့ ဘာစီလိုနာအသင်းက ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ပေမဲ့ စီမြွန်နီရဲ့ အက်သလက်တီကိုနဲ့ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း အပြင်းအထန် ခြေစုံပစ် ဝင်ရောက်လာနေပါပြီ။

ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာဆီကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ ပယ်လီဂရီနီရဲ့ ဘက်တစ်အသင်းကိုလည်း သတိထားကြည့်ရမှာ ဖြစ်ပါတယ်။

ရှေ့ဆက်လာမယ့် ရူးသွပ်စရာကောင်းတဲ့ တိုက်ပွဲတွေကတော့ စောင့်မျှော်နေပါပြီ။
BREAKING: JJ Gabriel 🏴󠁧󠁢󠁥󠁮󠁧󠁿 ဟာ ရီးရဲလ်မက်ဒရစ်နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 🤍

ကလပ်အသင်းဟာ သူ့ကို ခေါ်ယူဖို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ဘာမှ အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ 👀

JJ Gabriel ဟာ ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ မျှော်လင့်ရပါတယ်။ သူ့ရဲ့ အသင်းသစ်မှာ သူ ရောက်ရှိလာမယ့်အချိန်ဟာ ၂၀၂၇ ခုနှစ်မှာ ဖြစ်နိုင်ပါတယ်။ ဥရောပ နိုင်ငံကူးလက်မှတ် ရရှိဖို့လည်း အရေးကြီးပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ လက်ရှိမှာ ခိုင်မာတဲ့ အနေအထားမှာ ရှိနေပါတယ်။

(Plettigoal)
🔴ပေါင်သန်း ၅၀၀ သုံးထားပေမယ့် ပရိတ်သတ် မျှော်လင့်ထားသလို ဖြစ်မလာသေးတဲ့ လီဗာပူးလ်တိုက်စစ်

ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ရဲ့ တိုက်စစ် အင်အားစုကြီးဟာ တကယ်တမ်ရမှာ လီဗာပူးလ် ပရိတ်သတ်တွေ မျှော်လင့်ထားသလောက် ထိရောက်မှုမရှိသေးဘူးဆိုတာ စာရင်းဇယားတွေက ဖော်ပြနေပါတယ်။

တိုက်စစ်ပိုင်းအတွက် ပေါင်သန်း ၅၀၀ ဝန်းကျင်အထိ ရင်းနှီးမြှုပ်နှံထားပေမဲ့ သွင်းဂိုး ၁၁ ဂိုးသာ ရရှိထားပြီး ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အဆင့် ၉ နေရာမှာသာ ရပ်တည်နေပါတယ်။ Bug Chances အခွင့်အရေးတွေ ဖန်တီးနိုင်မှုမှာလည်း ၇ ကြိမ်နဲ့ အဆင့် ၁၉၊ Expected Goals (xG) ၁၃.၁၇ နဲ့ အဆင့် ၁၁၊ Expected Assists (xA) ၈.၂၇ နဲ့ အဆင့် ၁၀ တို့မှာသာ ရှိနေပါတယ်။

တစ်နည်းအားဖြင့် ကြယ်ပွင့်ကစားသမားတွေ အများကြီးရှိနေခြင်းနဲ့ တကယ်တမ်း ထိရောက်တဲ့တိုက်စစ် တစ်ခု ပိုင်ဆိုင်ထားခြင်းဟာ မတူညီပါဘူး။

ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတဲ့ လီဗာပူးလ်အတွက်တော့ ဒီကိန်းဂဏန်းတွေဟာ ပြန်လည်သုံးသပ်စရာ ဖြစ်လာနေပါတယ်။ နာမည်နဲ့ တန်ကြေးက ကြီးမားပေမဲ့ ကွင်းထဲက ရလဒ်တွေကတော့ ပရိတ်သတ် မျှော်လင့်ထားသလောက်အတိုင်းအတာ အထိ ရောက်မလာသေးပါဘူး။
အက်စတေဗောင်းကို ယူရိုသန်း ( ၁၀၀ ) နဲ့ ကမ်းလှမ်းခဲ့တဲ့ မန်ယူနိုက်တက်
------------------

♦️ မန်ယူနိုက်တက်အသင်းဟာ အသက် ( ၁၉ ) နှစ်အရွယ် ဘရာဇီးလ် ညာတောင်ပံ ကစားသမား အက်စတေဗောင်း ဝီလီယမ်ကို လာမယ့် ဇန်နဝါရီ မတိုင်ခင် ပြောင်းရွှေ့ကြေး ယူရိုသန်း ( ၁၀၀ ) နဲ့ ချယ်လ်ဆီးအသင်းထံ အကြို ကမ်းလှမ်းခဲ့တယ်လို့ သတင်းထောက် Lewis Oldham ရဲ့ အဆိုအရ သိရပါတယ်။

🔷 သို့သော်...ချယ်လ်ဆီးအသင်းကတော့ အက်စတေဗောင်း ဝီလီယမ်အတွက် မန်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။
👏1
🚨 ပြောင်းရွှေ့ကြေး များတာကြောင့် Mo Salah နဲ့ နှိုင်းယှဉ်ခံနေရတာနဲ့ ပတ်သက်ပြီး Bradley Barcola က 🗣💬

“ပြောင်းရွှေ့ကြေးကို သတ်မှတ်ဆုံးဖြတ်ခဲ့တာ ကျွန်တော် မဟုတ်ပါဘူး။ ဒါကြောင့် ဒါက ကျွန်တော့်အတွက် ဘယ်တုန်းကမှ ပြဿနာ တစ်ခု မဖြစ်ခဲ့ပါဘူး။

Mohamed Salah က ဒီမှာတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး တစ်ယောက်ပါ။ အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ အများကြီး လုပ်ပြပေးခဲ့သူဖြစ်လို့ သူ့ကို အများကြီး လေးစားပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် ဖိအားတစ်ခုတော့ လုံးဝ မဖြစ်စေပါဘူး။ ကျွန်တော်က Mohamed Salah မှ မဟုတ်တာဗျာ” 🇫🇷🤝⚽️
ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲသာရရှိထားပြီး အဆင့်၁၉ နေရာမှာရပ်တည်နေသည့်တိုင် နောတင်ဟမ်ဖောရပ်စ်အသင်းဟာ ဖိအားများနေတဲ့ အသင်းနည်းပြ အိုလီဗာ ဂလက်စ်နာကို ဆက်လက်ထောက်ခံနေဆဲဖြစ်သလို ဂလက်စ်နာဟာ အသင်းသားများရဲ့ ထောက်ခံမှုကိုဆက်လက်ရရှိနေကြောင်း သိရှိရပါသည်။
❤5
ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆ်ုရန် မသေချာသေးတဲ့ အသက် ၂၇ နှစ်အရွယ် နော်ဝေအသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းနှင့်ကစားသမားရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းသိရှိရပါသည်။