■ ချန်ပီယံလိဂ်ရလဒ်
AEK အေသင် ၂-၃ ရီးယဲလ်
ဖီနာဘာချီ ၃-၂ လီဗာပူးလ်
ဒေါ့မွန် ၂-၁ ဘက်တစ်
ပေါ်တို ၄-၁ နာပိုလီ
လန်းစ် ၁-၉ ကိုမို
PSV ၁-၂ ကလပ်ဘရုဂေး
လိုက်ပ်ဇစ် ၂-၃ မန်စီးတီး
ဆလားဗီးယားပရပ်ဂ် ၁-၂ အာဆင်နယ်
ဗိုက်ကင်း ၄-၁ ဆာဘာ
AEK အေသင် ၂-၃ ရီးယဲလ်
ဖီနာဘာချီ ၃-၂ လီဗာပူးလ်
ဒေါ့မွန် ၂-၁ ဘက်တစ်
ပေါ်တို ၄-၁ နာပိုလီ
လန်းစ် ၁-၉ ကိုမို
PSV ၁-၂ ကလပ်ဘရုဂေး
လိုက်ပ်ဇစ် ၂-၃ မန်စီးတီး
ဆလားဗီးယားပရပ်ဂ် ၁-၂ အာဆင်နယ်
ဗိုက်ကင်း ၄-၁ ဆာဘာ
❤3
ဂိုးသမား ဂျီးဆပ် အိုဝိုနို က ဂျီးဆပ် ဒီ မီဂယ်လ် ဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ဒါဟာ ကျွန်တော့်ဘဝမှာ အခက်ခဲဆုံး ရုပ်ပျက်ဆင်းပျက် နေ့ရက်တွေပါပဲ။ စကားလုံး ရှာဖွေဖို့တောင် ခက်ခဲနေသလို ဖြစ်ပျက်သွားခဲ့တာ မှန်သမျှကို လက်ခံဖို့လည်း အတော်လေး ရုန်းကန်နေရပါတယ်။
ဂျီးဆပ်ကို ဆုံးရှုံးလိုက်ရလို့ ကြီးမားတဲ့ နာကျင်ခံစားမှုကို ခံစားနေရပါတယ်။ ကျွန်တော် သူ့အကြောင်း၊ သူ့မိသားစုနဲ့ သူ့ကို ချစ်ကြတဲ့သူတွေ အားလုံးအကြောင်း စဉ်းစားမိတယ်။
ဖြေရှင်းစရာ မေးခွန်းတွေ မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာမယ်ဆိုတာလည်း သိပါတယ်၊ လာသမျှ အရာအားလုံးကို ထိုက်တန်တဲ့ လေးစားမှုအပြည့်နဲ့ ရင်ဆိုင်သွားပါ့မယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ရိုးရိုးသားသား ပြောရရင် ဂျီးဆပ်အကြောင်းနဲ့ အားလုံး ခံစားနေရတဲ့ ဒီနာကျင်မှုကလွဲလို့ တခြား ဘာကိုမှ မစဉ်းစားနိုင်သေးပါဘူး။ ငြိမ်းချမ်းစွာ အနားယူပါ ဂျီးဆပ်။"

❤1
🔴ဇန်နဝါရီအပြောင်းအရွှေ့မှာ ဟင်ကာပီကို ဘာစီလိုနာ ခေါ်ယူဖို့ စိတ်ဝင်စားနေ!
ဘာစီလိုနာအသင်းဟာ အာဆင်နယ်နောက်ခံလူ ပီယဲရို ဟင်ကာပီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒီကိုက အသက် ၂၄ နှစ်အရွယ် အီကွေဒေါနောက်ခံလူရဲ့ ကိုယ်စားလှယ်တွေနဲ့ ကနဦးဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မယ့် အခြေအနေကို စုံစမ်းနေပါတယ်။
ဟင်ကာပီဟာ ဒီရာသီ အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ခံလူတစ်ဦးအနေနဲ့ ဗဟိုခံစစ်နဲ့ ဘယ်နောက်ခံလူနေရာ နှစ်နေရာစလုံးမှာ ကစားနိုင်တဲ့ အရည်အသွေးရှိတာကြောင့် ဟန်ဆီ ဖလစ်ခ်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။
သို့သော် အာဆင်နယ်နည်းပြ မီကယ် အာတီတာကတော့ ရာသီဝက်မှာ အသင်းရဲ့ လူအင်အားကို လျှော့ချလိုခြင်းမရှိဘဲ ကစားသမားတွေကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိမနေပါဘူး။
လက်ရှိအချိန်မှာတော့ တရားဝင်ကမ်းလှမ်းမှု မရှိသေးဘဲ ကနဦးစုံစမ်းမှုအဆင့်သာ ရှိနေပါတယ်။

🚨🤯 ဘောလုံးသမိုင်းမှာ မကြုံစဖူး အနီကတ်ပြသမှု စံချိန်သစ်တစ်ခုကို ဘရာဇီးလ်က ပိုင်ဆိုင်သွားခဲ့ပါပြီ။
မီနက်စ်ဂျရိုင်းစ် ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲက အူဘာလန်ဒီယာနဲ့ မာမိုရေးတို့ရဲ့ ပွဲစဉ်မှာ ဒိုင်လူကြီးဟာ အနီကတ် ၅၁ ကတ်အထိ ပြသခဲ့ရပြီး တစ်ပွဲတည်းမှာ အထုတ်ပယ်ခံရသူ အများဆုံးဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။ 🟥
ပွဲချိန် ၅၄ မိနစ်မှာ စတင်ခဲ့တဲ့ နှစ်ဖက်အသင်းသားတွေရဲ့ ရန်ပွဲဟာ တဖြည်းဖြည်းနဲ့ လူအုပ်စုလိုက် ထိုးကြိတ်မှုကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ကစားသမား ၄၃ ဦးအပြင် နည်းပြအဖွဲ့ဝင် ၈ ဦးပါ အနီကတ်ပြသခံခဲ့ရတာဖြစ်ပြီး ကွင်းဘေးမှာရှိနေတဲ့ ဘောလုံးကောက်ပေးသူ ၆ ဦးတောင် ရန်ပွဲထဲ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ 😱
အခြေအနေက ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ လူနာတင်စင်တွေနဲ့ ကုလားထိုင်တွေကိုပါ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့ကြပြီး ရန်ပွဲကို ငြိမ်သက်အောင် ထိန်းသိမ်းဖို့ မိနစ် ၄၀ နီးပါး ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကွင်းအတွင်း ပျက်စီးမှုတွေကို စစ်ဆေးဖို့ စစ်ရဲတပ်ဖွဲ့အထိ ရောက်လာခဲ့ရပါတယ်။
အရင်က ၂၀၁၁ ခုနှစ်ကတည်းက တည်ရှိနေခဲ့တဲ့ တစ်ပွဲတည်း အနီကတ်အများဆုံးစံချိန်ကိုပါ ကျော်ဖြတ်သွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဘောလုံးပွဲတစ်ပွဲမှာ စည်းကမ်းပိုင်း ဘယ်လောက်အထိ ပျက်စီးသွားနိုင်သလဲဆိုတာကို ပြသနေခဲ့ပါတယ်။ ၅၁ ကတ်ဆိုတာ တကယ်ကို မယုံနိုင်စရာပါပဲ။ 🇧🇷🟥

စကော့ပါကားကို နည်းပြသစ်အဖြစ် ဝက်စ်ဟမ်း ခန့်အပ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆို
ဝက်စ်ဟမ်းအသင်းဟာ နည်းပြ နူနိုဆန်တိုကို ရာထူးမှ ထုတ်ပယ်ပြီးနောက် အသင်းကစားသမားဟောင်း စကော့ပါကားကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၈ ရရှိခဲ့တာကြောင့် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရသလို နောက်ဆုံးခြောက်ပွဲမှာလည်း နှစ်ပွဲသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ပါကားဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဝက်စ်ဟမ်းမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ နည်းပြဘဝမှာ ဖူလ်ဟမ်၊ ဘုန်းမောက်နဲ့ ဘန်လေတို့ကို ပရီးမီးယားလိဂ်တန်းတက်နိုင်အောင် ဦးဆောင်ပေးခဲ့ဖူးတာကြောင့် ဝက်စ်ဟမ်းတာဝန်ရှိသူတွေက ၎င်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပြီး အခွင့်အရေးသစ်အတွက် စိတ်လှုပ်ရှားမိကြောင်း ပါကားက ပြောကြားခဲ့ပါတယ်။

🚨 ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဇူဘီမန်ဒီ ဇန်နဝါရီမှာ အာဆင်နယ်ကို စွန့်ခွာဖို့ စဉ်းစားနေ
အာဆင်နယ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးလာတာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီလို့ TEAMtalk က ဖော်ပြလာပါတယ်။
အသက် ၂၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့လို ဥရောပထိပ်သီးအသင်းတွေကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်သိရှိထားကြပါတယ်။
အာဆင်နယ်ဟာ ၂၀၂၅ ခုနှစ်မှာ ဇူဘီမန်ဒီကို ပေါင်သန်း ၆၀ အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာဖြစ်ပေမဲ့ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပွဲထွက်ကစားခွင့် မရရှိသေးပါဘူး။ ကွင်းလယ်နေရာအတွက် ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာကလည်း သူ့ရဲ့အခန်းကဏ္ဍကို လျော့နည်းလာစေခဲ့ပါတယ်။
လက်ရှိအခြေအနေအရ ဇန်နဝါရီမှာ အပြီးသတ်ရောင်းချခြင်းအပြင် အငှားနဲ့ ထွက်ခွာခွင့်ပြုဖို့လည်း အာဆင်နယ်ဘက်က စဉ်းစားနိုင်တယ်လို့ သိရပါတယ်။

❤2
‼️နှစ်ပေါင်း (၂၀) ကြာပြီးနောက်မှာ အေစီမီလန်အသင်းဟာ ဂျာမန်အားကစားဝတ်စုံ ကုမ္ပဏီကြီးဖြစ်တဲ့ Adidas ဆီကို တစ်ကျော့ပြန် ပြန်လည်ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ လက်ရှိ Puma အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၈ ခုနှစ်ကစပြီး Adidas က အသင်းရဲ့ တရားဝင် ဂျာစီစပွန်ဆာအဖြစ် ပြန်လည် တာဝန်ယူတော့မှာပါ။
ဒီသဘောတူညီချက်ကတော့ သမိုင်းဝင် တကယ့်ကို ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာပါမယ်။ Adidas ဘက်ကနေ ရာသီ (၁၀) ခုစာအတွက် ယူရို သန်း (၅၀၀) တန်ဖိုးရှိတဲ့ စာချုပ်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ တစ်နှစ်ကို ယူရို သန်း (၅၀) နှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပြီး အီတလီဘောလုံးသမိုင်းတစ်လျှောက်မှာ ဘယ်အသင်းမှ မရဖူးသေးတဲ့ ငွေကြေးအများဆုံးနဲ့ အမြတ်အစွန်းအများဆုံး စပွန်ဆာစာချုပ်ကြီး လည်း ဖြစ်လာမှာပါ။
မီလန်နဲ့ Adidas တို့ရဲ့ ပြန်လည်ဆုံစည်းမှုကတော့ တခြားသော အဆင့်အတန်းတစ်ခုကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။

🚨 ရော်နယ်ဒိုပိုင်ဆိုင်တဲ့ ဘောလုံးအသင်းက ပွဲလက်မှတ်ရောင်းရငွေ အားလုံးကို ကွယ်လွန်သူ ဘောလုံးသမားရဲ့ မိသားစုထံ လှူဒါန်းမည်
စပိန်ဘောလုံးလောကမှာ လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို (CR7) ပိုင်ဆိုင်ထားတဲ့ UD Almería ဘောလုံးအသင်းဟာ ကွယ်လွန်သွားတဲ့ ဘောလုံးသမား Jesús de Miguel ရဲ့ မိသားစုကို ကူညီထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသင်းအနေနဲ့ လာမယ့် CD Tenerife နဲ့ အိမ်ကွင်းပွဲစဉ်မှာ ရောင်းချရရှိမယ့် လက်မှတ်ရောင်းရငွေ အားလုံးကို ကွယ်လွန်သူရဲ့ မိသားစုထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် Jesús de Miguel ဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့သတင်းကြောင့် ဘောလုံးအသိုင်းအဝိုင်းအတွင်း ဝမ်းနည်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရော်နယ်ဒို ပိုင်ဆိုင်ထားတဲ့ အသင်းရဲ့ ဒီလိုကူညီထောက်ပံ့မှုဟာ ဘောလုံးပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။

❤7