Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.21K subscribers
27.9K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
" နိုနီ မန်ဒူကီသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မိနစ် ၂၀၀ နှင့်အထက် ကစားထားသည့် မည်သည့်ကစားသမားထက်မဆို မိနစ် ၉၀ လျှင် Key Passes ၃.၅ ကြိမ် ခန့် ပျမ်းမျှ ပိုမိုများပြားလျက်ရှိနေပါတယ် “

🥇 3.5 - Noni Madueke
🥈 3.4 - Rayan Cherki
🥉 3.3 - Marcus Rashford
❤3
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅

ပေါ်တူဂီဂန္တဝင်ကစားသမားကြီး စီရော်နယ်ဒိုကတော့ နိုင်ငံ့လက်ရွေးစင်အသင်းကနေ တရားဝင်အနားယူပြီဖြစ်ကြောင်းကြေညာသွားပါတယ် 🇵🇹

သူပြန်မလာတော့ပါဘူး . . .
❤7😢4
🚨🔵 ကိုးလ်ပါလ်မာရဲ့ အနှိပ်ခံချိန်ကို ချဲလ်ဆီးဘက်က ကန့်သတ်လိုက်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 😂

ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲနဲ့တောင် နေ့တိုင်း အသင်းရဲ့ ကျန်းမာရေးစင်တာကို သွားရောက်ပြီး ၂ နာရီကြာ အနှိပ်ခံနေတဲ့ ကိုးလ်ပါလ်မာရဲ့ အလေ့အထကို ကန့်သတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် အသင်းရဲ့ ဖိုက်ဇီယိုနဲ့ အနှိပ်ခံကုသမှုတွေမှာ ပါလ်မာ အသုံးပြုနိုင်တဲ့ အချိန်ကို လျှော့ချခဲ့တာပါ။

ဒဏ်ရာမရှိဘဲ နေ့တိုင်း ၂ နာရီတောင် အနှိပ်ခံနေတဲ့ ပါလ်မာကိုတော့ အသင်းဘက်က အချိန်ဇယားနဲ့ ပြန်ထိန်းပေးရတဲ့အခြေအနေပါပဲ။

ပါလ်မာကတော့ ကွင်းထဲမှာ ကစားဖို့ထက် အနှိပ်ခန်းထဲမှာ အချိန်ပိုကုန်နေတာလားဗျာ။ 😁
ဟာလန်းတစ်ဦးတည်းရဲ့ သွင်းဂိုးတွေကို မှီခိုလို့မရဘဲ ကျန်ကစားသမားတွေလည်း ဂိုးသွင်းနိုင်ဖို့ လိုအပ်ကြောင်း မာရက်စကာ ပြောကြား

မန်စီးတီးနည်းပြ မာရက်စကာက အသင်းအနေနဲ့ တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတွေကိုသာ မှီခိုအားထားလို့မရဘဲ ကျန်ကစားသမားတွေလည်း ဂိုးသွင်းနိုင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၁၃ ဂိုးအထိ သွင်းယူထားပေမဲ့ အခြားတိုက်စစ်ကစားသမားတွေထဲမှာ အများဆုံးသွင်းဂိုးက ၆ ဂိုးသာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် မာရက်စကာက အသင်းသားအားလုံး ဂိုးသွင်းနိုင်ဖို့ အရေးကြီးကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ယခုရာသီ မန်စီးတီးအတွက် ဂိုးသွင်းပေးထားတဲ့ ကစားသမား ၁၄ ဦးအထိ ရှိနေပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲက ဘရိုက်တန်ကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတစ်ပွဲသာ ရှိပါတယ်။ ဒါ့အပြင် ယနေ့ည ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် လိုက်ပ်ဇစ်အသင်းဟာ ဟာလန်း ကစားသမားဘဝတစ်လျှောက် သွင်းဂိုးအများဆုံး ရယူထားနိုင်တဲ့အသင်းဖြစ်ပြီး ၁၂ ဂိုးအထိ သွင်းယူထားပါတယ်။
❤1
Aït-Nouri ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ရကြောင်း သိရပါတယ် 🔵⚽️

ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့က သူ့ရဲ့ အပြောင်းအရွှေ့ဈေးကွက်တန်ဖိုးဟာ မြင့်မားနေဆဲဖြစ်တယ်လို့ ယုံကြည်ထားပြီး ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပြည်ပကလပ်အသင်းတွေကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆

ရီးယဲလ်မက်ဒရစ်အသင်းဟာ တင်းနစ်လောကရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ ရာဖေးလ် နာဒယ် ကိုအသင်းရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်တော့မှာဖြစ်ပါတယ်။

နာဒယ်ဟာ တင်းနစ်လောကရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်ပြီး ဂရင်းဆလမ်း ချန်ပီယံဆု ၂၂ ကြိမ်အထိ ရရှိထားပြီး ယခုအခါ ရီးယဲလ်အသင်းရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

နာဒယ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို တစ်သက်တာအားပေးလာသူတစ်ဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာလည်း မာယော့ကာအသင်းမှာ ရှယ်ယာဝင်ရင်းနှီးမြှုပ်နှံခဲ့ဖူးကာ နောက်တစ်နှစ်မှာတော့ သူ့ရဲ့ရှယ်ယာတွေကို ပြန်လည်ရောင်းချခဲ့ပါတယ်။
အာဆင်နယ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ ကိုလံဘီယာ ဂိုးသမားကြီး ဒေးဗစ် အော်စပီနာ ကတော့ အသက် ၃၈ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူတော့မယ့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အော်စပီနာ ဟာ ၂၀၁၄ ခုနှစ်မှာ အီမရိတ်စ်ဆီ ရောက်ရှိလာခဲ့ပြီး နာပိုလီ အသင်းဆီ မပြောင်းရွှေ့မီအချိန်အထိ အာဆင်နယ် အသင်းနဲ့အတူ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အက်ဖ်အေဖလား ချန်ပီယံဆု ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူချိန်မှာ အော်စပီနာ က အခုလို နှုတ်ဆက်စကား ဆိုသွားခဲ့ပါတယ်။

🗣 "ဘောလုံးအားကစားကို ကျွန်တော် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့်အပေါ် လက်မလျှော့ခဲ့တဲ့အတွက်ရောပေါ့... အခုချိန်ကစပြီး အပြုံးတွေ ခေါ်ဆောင်ရာဆီကိုပဲ ကျွန်တော် သွားတော့မှာပါ"

အာဆင်နယ် ပရိသတ်တွေအတွက်တော့ အော်စပီနာ ရဲ့ အရေးပါတဲ့ လက်စွမ်းပြသမှုတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်စေခဲ့တဲ့ အမှတ်တရတွေကို ဘယ်တော့မှ မေ့နိုင်ကြတော့မှာ မဟုတ်ပါဘူး။ အနားယူချိန်မှာ ပျော်ရွှင်ပါစေ အော်စပီနာ... 🙌
ဂန္တဝင်ကြီးရဲ့လက်ရွေးစင်ကစားသမားဘဝအဆုံးသတ်ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြတဲ့ ဘောလုံးလောကအသိုင်းအဝိုင်း ❤️🇵🇹
❤1
ဂိုး ၁,၀၀၀ ပြည့်မယ့် ရော်နယ်ဒိုအတွက် NIKE က အထူးဖိနပ်တစ်ရံ ဖန်တီးနေတယ်လို့ သတင်းထွက်ပေါ်။

ဘောလုံးသမိုင်းမှာ မကြုံစဖူး မှတ်တိုင်တစ်ခုကို ရောက်ရှိတော့မယ့် GOAT ကြီး ရော်နယ်ဒိုအတွက် NIKE က “LEGACY 1000” လို့ အမည်ပေးထားတဲ့ အထူးဘောလုံးဖိနပ်တစ်ရံ ဖန်တီးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သတင်းတွေအရ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၉၉၉ ဂိုးပြည့်ချိန်မှာ အဲဒီဖိနပ်ကို စတင်စီးနင်းလာပြီး သမိုင်းဝင် ဂိုး ၁,၀၀၀ ပြည့်ဂိုးကိုပါ အဲဒီဖိနပ်နဲ့ သွင်းယူနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဂိုး ၁,၀၀၀၊ သမိုင်းဝင်အောင်မြင်မှုနဲ့ အဲဒီမှတ်တိုင်အတွက် သီးသန့်ဖန်တီးထားတဲ့ ဖိနပ်တစ်ရံ။ တကယ်ဖြစ်လာခဲ့ရင် ဘောလုံးလောကရဲ့ မမေ့နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်လာမှာပါ။

GOAT ကြီးရဲ့ ဂန္ထဝင်ခရီးမှာ နောက်ထပ်သမိုင်းဝင်အခန်းတစ်ခန်း ရေးထိုးတော့မလား။

မှတ်ချက် – ဒီသတင်းဟာ သတင်းထွက်ပေါ်နေဆဲဖြစ်ပြီး NIKE ဘက်က တရားဝင်အတည်ပြုထားခြင်း မရှိသေးပါ။
👍1
ပရီးမီးယားလိဂ်ရဲ့ အောက်တိုဘာလ တစ်လတာအကောင်းဆုံးကစားသမား ဆန်ခါတင်စာရင်း 🗳
ရူဘင် ဒီယက်စ် ရင်ဖွင့်ပြီ… ရော်နယ်ဒိုလို ကစားသမားမျိုးကို ဒီလိုနှုတ်ဆက်ခွင့်မပြုသင့်ဘူး။

ပေါ်တူဂီနောက်ခံလူ ရူဘင် ဒီယက်စ်ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းကြား အဆုံးသတ်သွားတဲ့ပုံစံကို လုံးဝမကျေနပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့စကားအရ ရော်နယ်ဒိုဟာ နှစ်ပေါင်း ၂၀ ကျော် ပေါ်တူဂီအသင်းအတွက် ချွေး၊ သွေးနဲ့ အစွမ်းကုန်ပေးဆပ်ခဲ့သူဖြစ်ပြီး ဒီလိုမျိုး တိတ်တဆိတ် ထွက်ခွာသွားရတာဟာ ရင်နာစရာကောင်းတယ်လို့ ဆိုပါတယ်။

အရိုးကျိုးနေတဲ့အချိန်မှာတောင် အံကြိတ်ကစားပေးခဲ့သလို ပေါ်တူဂီတစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်ကို ထမ်းပိုးပြီး အသင်းကို အမြင့်ဆုံးအဆင့်အထိ ပို့ဆောင်ပေးခဲ့သူဟာ ရော်နယ်ဒိုပဲလို့လည်း ချီးကျူးခဲ့ပါတယ်။

နည်းပြနဲ့ သဘောထားကွဲလွဲမှုတွေ၊ အဖွဲ့ချုပ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့နိုင်ပေမဲ့ အသင်းအပေါ်ထားတဲ့ ရော်နယ်ဒိုရဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုတွေကိုတော့ မမေ့သင့်ဘူးလို့ ရူဘင် ဒီယက်စ်က ဆိုပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ကစားပေးခဲ့သူတစ်ဦးသာမက အသင်းဂျာစီရဲ့ ဂုဏ်သိက္ခာနဲ့ စံနှုန်းအသစ်ကို တည်ဆောက်ပေးခဲ့သူဖြစ်ကြောင်း၊ ပရိသတ်သန်းပေါင်းများစွာရဲ့ လက်ခုပ်သံတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ နှုတ်ဆက်ပွဲတစ်ခုကို ရသင့်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆုံးသတ်ပုံ ဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ ရော်နယ်ဒိုဟာ ပေါ်တူဂီဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။
❤10💯2
"လူးဝစ်အင်းနရစ် က ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးစခန်းမှာ ၈ လတိတိ လာနေခဲ့တာဗျ။ အိမ်တောင် မပြန်ဘူး၊ မနက် ၈ နာရီကနေ ည ၉ နာရီအထိ တောက်လျှောက် အလုပ်လုပ်နေတာ။

​လေညင်းခံထွက်ဖို့၊ ပတ်ဝန်းကျင်ပြောင်းဖို့ ကျွန်တော်တို့က အပြင်ခဏထွက်ခိုင်းပေမဲ့ သူက ဘောလုံးနဲ့ပတ်သက်လာရင်တော့ ရူးသွပ်နေတော့တာပါပဲ။ သူ့ဘဝမှာ ဘောလုံးကလွဲပြီး ဘာမှမရှိတော့ဘူး။ အဲဒီမှာတင်
သူ ရူးသွားတော့မလားလို့တောင် စိုးရိမ်ခဲ့ရတယ်။

​ဒါပေမဲ့ အခုတော့ အဲဒီလို ပင်ပင်ပန်းပန်း ကြိုးစားမှုတွေအတွက် အဆ ၁၀၀ တန်တဲ့ အသီးအပွင့်တွေကို မြင်တွေ့ရပြီဖြစ်လို့ အင်းနရစ်ဟာ သူ့ရဲ့ဘောလုံးသက်တမ်းတစ်လျှောက်မှာ အအောင်မြင်ဆုံးဆိုတဲ့အရာတွေကိုရရှိခဲ့ပါတယ်။

​အရင်တုန်းက PSG ဆိုတာ နာမည်ကြီး ကြယ်ပွင့်တွေ၊ အတ္တကြီးတဲ့ Star တွေ စုရာဌာနလေ။ ဒါပေမဲ့ အင်းနရစ် ရောက်လာတော့ ပုံစံပြောင်းပစ်လိုက်တယ်။

​တစ်ဦးချင်း တောက်ပတာထက် ​စည်းကမ်းတင်းကျပ်မှု ​အသင်းလိုက် စိတ်ဓာတ်​နဲ့အတူတူကစားတာ ​တစ်ယောက်အတွက်
တစ်ယောက် အနစ်နာခံတာတွေကိုပဲ ဦးစားပေး​ေစေ ခဲ့တယ်။

​လူတွေက သူ့ကို ဝေဖန်ကြတယ်၊ မေးခွန်းထုတ်ကြတယ်။ ဒါပေမဲ့ သူ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ ကိုယ်ယုံကြည်တဲ့ လမ်းကြောင်းအတိုင်း တစိုက်မတ်မတ် လျှောက်လှမ်းခဲ့တယ်။

​ ရလဒ်ကတော့ ရှင်းပါတယ်။

PSG အသင်းဟာ UEFA Champions Leagueဖလားတွေရရှိခဲ့တယ်။

​အလွန်မိုက်တာက ၂၀၂၆ UCL ဗိုလ်လုပွဲအပြီး အောင်ပွဲခံပါတီ လုပ်ပေးတော့ အင်းနရစ်ကိုယ်တိုင် ပါတီကို
မတက်ဘူး။ ဘာလို့လဲဆိုတော့ လာမယ့်ပွဲတွေအတွက် ဆက်ပြီး ပြင်ဆင်နေလို့တဲ့လေ။
ဒါပေမဲ့ ပွဲအတွက် ကျသင့်ငွေကိုတော့ သူကိုယ်တိုင် အကုန်ရှင်းပေးခဲ့ပါတယ်။

​တစ်ဦးချင်း ထင်ပေါ်ချင်တဲ့ အသင်းတစ်သင်းကနေ တစ်ယောက်အတွက် တစ်ယောက် အသက်ပေးကစားပေးတဲ့ အသင်းကြီးတစ်သင်းဖြစ်အောင် တည်ဆောက်ပြသွားတဲ့ အင်းနရစ်ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲ ။”

အထက်ပါစကားတွေကတော့ PSGဥက္ကဌက လူးဝစ်အင်းနရစ်နဲ့ပက်သက်ပြီး ပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။
❤2