Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.21K subscribers
27.9K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
🔵 အဲဗာတန် ဂိုးသွင်းစက်ရဲ့ စကေးလ်ကိုတော့ လျော့မတွက်စေချင်

ကိုဗင်ထရီအသင်းနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အဲဗာတန်တိုက်စစ်မှူး သီယာနို ဘယ်ရီဟာ ဒီရာသီ ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပါပြီ။

စိတ်ဝင်စားစရာကောင်းတာက ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ သူ့ထက်သွင်းဂိုးပိုများသူဆိုလို့ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်း (၁၄ ဂိုး) တစ်ဦးတည်းသာ ရှိပါတော့တယ်။

ဒါ့အပြင် ဘယ်ရီဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပါ ပြုလုပ်ထားတာပါ။

အဲဗာတန်အတွက် အချိန်တိုအတွင်း အားထားရတဲ့ တိုက်စစ်မှုးတစ်ဦး ဖြစ်လာတဲ့ ဘယ်ရီရဲ့ ခြေစွမ်းကတော့ တကယ်ကို လျော့တွက်ထားလို့မရတော့ပါဘူး။
❤️ညီအစ်ကိုနှစ်ယောက် အင်္ဂလန်အသင်းမှာ အတူတူကစားခွင့်ရတော့မယ့် အိပ်မက်

ဂျုဒ် ဘယ်လင်ဟမ်နဲ့ ဂျိုးဘ် ဘယ်လင်ဟမ်တို့ဟာ လာမယ့်အပတ် ခရိုအေးရှား ဒါမှမဟုတ် စပိန်အသင်းနဲ့ပွဲမှာ အတူတူသာ ပွဲထွက်ကစားခွင့်ရခဲ့မယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းမှာ ခေတ်သစ်ဘောလုံးကာလအတွင်း အတူတူကစားခဲ့ကြတဲ့ ညီအစ်ကိုအတွဲ တတိယမြောက်အဖြစ် မှတ်တမ်းဝင်လာတော့မှာပါ။
အရင်က ဒီလိုမှတ်တမ်းမျိုးကို ပိုင်ဆိုင်ခဲ့ကြသူတွေကတော့...

ဂျက် ချာလ်တန်နဲ့ ဘော်ဘီ ချာလ်တန် (၁၉၆၅-၁၉၇၀)

ဖီးလ် နဗီးလ်နဲ့ ဂယ်ရီ နဗီးလ် (၁၉၉၆-၂၀၀၇)

ဂျုဒ် ဘယ်လင်ဟမ်နဲ့ ဂျိုးဘ် ဘယ်လင်ဟမ် (၂၀၂၆) တို့ဖြစ်ပါတယ်။

ညီအစ်ကိုနှစ်ယောက်စလုံး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ အတူတူ ရွေးချယ်ခံခဲ့ရတာကြောင့် ဂျုဒ်နဲ့ ဂျိုဘီ တို့ဟာ အင်္ဂလန် လက်ရွေးစင်ဂျာစီ အင်္ကျီကို အတူတူဝတ်ဆင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

“ဆုဖလားတွေထက် ပိုတန်ဖိုးရှိတဲ့ အောင်မြင်မှုဆိုတာလည်း ရှိပါတယ်။ အဲဒါက ကိုယ့်ညီနဲ့အတူ နိုင်ငံ့ဂုဏ်ဆောင်ခွင့်ရခြင်းပါပဲ” လို့ ၂၀၂၄ ခုနှစ်တုန်းကဂျုဒ် ဘယ်လင်ဂမ်က ဆိုပါတယ်။ အခုတော့ နှစ်နှစ်အကြာမှာ အဲဒီအိပ်မက်လေး အကောင်အထည်ပေါ်လာတော့မှာပါ။

💔 ဘယ်လင်ဂမ်တို့ ညီအကို တွေက တစ်ကွင်းတည်း တသင်းတည်းမှာ တူတူကစားကြရတော့မှာ ဖြစ်ပေမယ့် ကျွန်တော်တို့ဆီက တချို့ ညီအကိုတွေ ဘော်ဒါတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာသွားကြပြီး ကွင်းအတွင်းမှာ ပြန်စုံ ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့လို့ စိတ်မကောင်း ဖြစ်မိပါတယိ။
🔵 နိုင်ငံတာအသင်းတွက် ကစားပေးဖို့ ဘယ်ကစားသမားကိုမှ ပိတ်ပင်မထားတဲ့ အလွန်ဆို

ချယ်လ်ဆီးနည်းပြ ဇာဘီ အလွန်ဆိုက ကစားသမားတွေကို နိုင်ငံအသင်းအတွက် သွားရောက်ကစားခွင့် မပိတ်ပင်ထားဘူးလို့ ပြောကြားလာပါတယ်။

“ကစားသမားတစ်ယောက် ကြံ့ခိုင်မှုအပြည့်ရှိနေတယ်ဆိုရင် သူ့နိုင်ငံအသင်းအတွက် သွားရောက်ကစားဖို့ ကျွန်တော် ဘယ်တော့မှ တားမြစ်မှာမဟုတ်ပါဘူး။ သူတို့ အဆင်သင့်ဖြစ်နေတယ်ဆိုရင် ရွေးချယ်ခံပြီး ကစားပေးဖို့ အသင့်ရှိနေမှာပါ။

ကိုးလ် ပါလ်မာနဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းမှာရွေးချယ်မခံရတဲ့ အကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့တာ မရှိပါဘူး။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းအတွက် ဘယ်လိုပိုကောင်းအောင် လုပ်မလဲ၊ သူ့ကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။

ကျွန်တော်တို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာတွေ အများကြီး ရှိနေပါသေးတယ်။”

— ဇာဘီ အလွန်ဆို

ပါလ်မာရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရမရထက် လက်ရှိ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ခြေစွမ်းပြန်လည်တည်ငြိမ်လာဖို့ကိုသာ အလွန်ဆိုက ပိုအာရုံစိုက်နေပုံပါပဲ။
🤔3
ဘက်ခမ်း 🗣 ကျနော် ဘောလုံးသမားဘဝ အနားယူတော့မယ်လို့ စိတ်ကူးနေတုန်း အဲဒီအချိန်မှာပဲ ပီအက်စ်ဂျီ ဥက္ကဋ္ဌဆီက ဖုန်းဆက်လာခဲ့တာ ဖြစ်ပါတယ်။

သူက 'ကျနော်တို့ လိဂ်ဖလား မရတာ နှစ်(၂၀) နီးပါး ရှိပြီ၊ အခု ကျနော်တို့ ချန်ပီယံဖြစ်ဖို့ တကယ်ကို နီးစပ်နေပါပြီ။ ခင်ဗျားအနေနဲ့ အနားယူမလို့ လုပ်နေတာ သိပါတယ်၊ ဒါပေမယ့် အသင်းမှာ (၆) လ၊ (၇) လလောက် လာကစားပေးနိုင်မလား?' လို့ မေးခဲ့တာပါ။

ကျနော်လည်း ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ ပြင်သစ် အမှတ်ပေးဖလားကြီးကို ဆွတ်ခူးခဲ့ကြတာပေါ့ဗျာ ❞ လို့ ဘက်ခမ်းက ပြောပြသွားခဲ့တာပါ။

ကစားသမားဘဝ အနားယူတော့မယ့် အချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး (၁၉) နှစ်ကြာမှ ပြန်လည်ရရှိခဲ့တဲ့ လိဂ်ဖလား သမိုင်းဝင် အမှတ်တရလေးအကြောင်း ဒေးဗစ် ဘက်ခမ်းက လှိုက်လှိုက်လှဲလှဲ ရင်ဖွင့်သွားခဲ့တဲ့ မှတ်ချက်လေးပဲ ဖြစ်ပါတယ်ဗျာ။
👍1
ရီးယဲလ်မက်ဒရစ် အသင်းဟာ ဗင်နီဆီးယပ် ရဲ့ခန္ခာကိုယ် ဖွဲ့စည်းပုံ အချိုးအစား ကို လေ့လာဆန်းစစ်နေပြီး ကစားသမား ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲမှု တစုံတရာ ရှိမရှိကို အဓိက စစ်ဆေးကြည့်ရှုနေပါတယ်။ ဗင်နီဆီးယပ် ဟာ ဒီရာသီမှာ ယခင်ကလို အရှိန်အဟုန်ကောင်းကောင်း နဲ့ မပြေးနိုင်တော့ပဲ ပြိုင်ဘက်နောက်ခံလူတွေကို တဦးချင်းကျော်ဖြတ်နိုင်မှုမှာလည်း လုံးဝကို ယုံကြည်မှု လျော့နည်းနေပါတယ်။

ဗင်နီဆီးယပ် ဘက်ကလည်း မိမိကိုယ်တိုင် အကောင်းဆုံးပုံစံ မှာ ရှိမနေတော့တာကို လက်ခံထားပြီး အရင်လို ပုံစံကောင်း ၊ ခြေစွမ်းမျိုး ပြန်ရအောင်လည်း ပြင်းပြနေပါတယ်။ဂျိုဆေး ဘက်ကတော့ ကိုယ့်အသင်းက အဓိက ကြယ်ပွင့် ကစားသမား ကို အရင်လို ပြန်လည်ကောင်းမွန်လာအောင် အစွမ်းကုန် ကူညီပေးမည် ဖြစ်သော်လည်း အသင်းရဲ့ရလဒ် ကိုသာ အဓိက ဦးစားပေး သွားမယ်လို့လည်း သိရပါတယ်။

အကယ်၍ ဗင်နီဆီးယပ် ဘက်က ဂျိုဆေး ရဲ့တောင်းဆိုချက်များ နဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း မရှိပါက အရံခုံ မှာပဲ ထိုင်နေရမယ်လို့သိရပြီး ဗင်နီ ဘက်က သက်သေပြရန် အချိန်(၁)လ ရရှိထားပါတယ်။အဲတော့ လာမယ့် International-Break ပြီးတာနဲ့ ပွဲပယ်ပြစ်ဒဏ် ကနေ လွတ်လာမယ့် ဗင်နီ အတွက်တော့ ဘယ်လောက် လုပ်ပြနိုင်မလဲ စောင့်ကြည့်ချင်စရာပါ။ အဲလိုမှ မဟုတ်ရင်တော့ Yan Diomande ရဲ့အရံအဖြစ်သာ ကစားရဖို့များနေပါတယ်။လက်ရှိချိန်ထိလည်း ဗင်နီဟာ လာလီဂါ သွင်းဂိုး(၁)ဂိုးပဲ ရထားသေးတာတော့ လွန်ပါတယ်။
ယခုနှစ်ရာသီက အသင်းနှင့်အတူ နောက်ဆုံးရာသီလို့ ရော်နယ်ဒိုကတော့ အယ်လ်နာဆာအသင်းကို အသိပေးအကြောင်းကြားလိုက်ပြီလို့ သိရပါတယ်။

မကြာသေးခင်ကမှ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ တရားဝင် အနားယူလိုက်တဲ့ ရော်နယ်ဒိုက ပရို ကစားသမားဘဝကိုရော အပြီးတိုင် အနားယူတော့မှာလား။

ဂိုး ၁၀၀၀ပြည့်ဖို့ ၁၅ဂိုးလောက်ပဲ လိုတော့တဲ့ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာနှင့်အတူ လက်ကျန် သွင်းဂိုးတွေ ပြည့်မီစွာ ရရှိနိုင်ပါ့မလား ၊ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့မယ်ဆိုရင်ရော ရော်နယ်ဒို ဘယ်အသင်းကို ပြောင်းဖြစ်လောက်မလဲ?

သေချာတာကတော့ အယ်လ်နာဆာအသင်းဖက်က ရော်နယ်ဒိုကို အသင်းမှာ ဆက်ရှိနေဖို့ စည်းရုံးသွားမယ်လို့လည်း သိရသလို အထူး နှုတ်ဆက်ပွဲတစ်ခု လုပ်ပေးထိဖို့အထိလည်း ပြင်ဆင်နေရပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။

ရော်နယ်ဒိုပြောခဲ့တဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ကျွန်တော့် ခြေထောက်တွေက ပင်ပန်းပြီလို့ ပြောတဲ့တနေ့ အနားယူမယ်ဆိုတာ ၊ တကယ်ပဲ ခြေထောက်တွေက အနားယူဖို့ ပြောလာပြီလား?
❤3👏1
ဒါကြီးကတော့ ဂုဏ်ယူစရာဗျာ အာဆီယံနွယ်ဖွား အင်ဒိုနီးရှားလူမျိုး Como ဥက္ကဌ ကြီးပြောတာက

"ကျနော့်ဘောလုံးအသင်း DNA ကိုတော့ Barcelona လိုဖြစ်စေချင်တယ်၊ ဘောလုံးကိုင်ပြီး High Pressing ကစားနိုင်ဖို့ ဘောလူံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကို လွှမ်းမိုးဖို့ ကိုပိုအာရုံစိုက်ချင်ပါတယ်၊ ဘာစီလိုနာလို Attractive Football ကစားချင်တာပါ" လို့ ဖွင့်ဟပါတယ်

Barcelona ကလည်း လာမယ့်အနာဂတ်မှာ Como နည်းပြ ဖာဘရီဂတ်စ် ကိုပစ်မှတ်ထားနေပါတယ်

ကိုယ့် အာဆီယံက လူတယောက်ပိုင်တဲ့ကလပ်က ကိုယ်အားပေးတဲ့အသင်းကို အတုယူမှာ တကယ်မိုက်တယ်ဗျာ 🟦🟥
👍4
အင်္ဂလန်နောက်ခံလူဟောင်း ကိုအာဒီ ကစားသမားဘဝမှ အနားယူ

ဝုလ်ဗ်အသင်း၏ ဂန္ထဝင်ကစားသမားဟောင်းနှင့် အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ကိုအာဒီသည် အသက် ၃၃ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်စက်တင်ဘာလက ဝက်ဆမ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်သည်။

လီဗာပူးလ်အကယ်ဒမီထွက် ကိုအာဒီသည် ဝုလ်ဗ်အသင်းတွင် နည်းပြ နူနိုဆန်တို၏ လက်အောက်၌ နောက်ခံလူအဖြစ် ပြောင်းလဲကစားခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ ၎င်းသည် လီဗာပူးလ်အတွက် ၂ ပွဲကစားခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၁၀ ပွဲ ပါဝင်ကစားခဲ့သည်။ ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ ကိုအာဒီသည် အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်လာဖွယ်ရှိနေသည်။
🚨ဗီလာနဲ့ ပွဲကို နိုင်ကိုနိုင်မှဖြစ်တော့မယ့်…မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ဖို့ မဖြစ်မနေ အနိုင်ရလဒ်ရယူဖို့ လိုအပ်နေပါတယ်။

အံ့အားသင့်စရာကောင်းတာကတော့ မန်ယူနိုင်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် အနည်းဆုံး ၉ ပွဲ ကစားပြီးချိန်မှာ တန်းဆင်းဇုန်အတွင်း ရှိနေခဲ့တာဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။

သမိုင်းတစ်လျှောက် အောင်မြင်မှုတွေ အများကြီးရယူခဲ့တဲ့ မန်ယူနိုက်တက်လိုအသင်းကြီးတစ်သင်းအတွက် ဒီအခြေအနေက တကယ်ကို စိုးရိမ်စရာပါပဲ။
❤4
‼️☎️ နောက်ဆုံးရသတင်း - ခရစ္စတီယာနို ရော်နယ်ဒို 🇵🇹 သည် ၎င်း၏သားဖြစ်သူကို အားပေးရန် ပေါ်တူဂီနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ ❤️

ခရစ္စတီယာနို ရော်နယ်ဒိုသည် လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက ပေါ်တူဂီနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး၊ ပေါ်တူဂီ ယူ-၁၇ (U17) အမျိုးသားအသင်းတွင် ပါဝင်ကစားမည့် သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာ (Cristiano Jr.) နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။ 🇵🇹

ခရစ္စတီယာနို ဂျူနီယာသည် ပေါ်တူဂီ အမျိုးသားအသင်း၏ လေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ပွဲစဉ်များလည်း ကစားသွားမည်ဖြစ်သည်။ ထိုအချိန်ကာလအတွင်း ပေါ်တူဂီ လက်ရွေးစင်အသင်းကြီး (Senior Team) သည်လည်း ထိုနေရာ၌ပင် ပြင်ဆင်မှုများ ပြုလုပ်နေမည် ဖြစ်သည်။

👀 ခရစ္စတီယာနို ရော်နယ်ဒို (CR7) သည် ပရိသတ်ထိုင်ခုံတန်းများကြားတွင် ထိုင်ကာ ၎င်း၏သားဖြစ်သူကို အားပေးနေသည်ကို မြင်တွေ့ရနိုင်ခြေ အလွန်များပြားနေသည်။ အထူးသဖြင့် သူသည် ခရစ္စတီယာနို ဂျူနီယာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားသည်ကို ယခင်က တစ်ကြိမ်မျှ ကြည့်ရှုဖူးခြင်း မရှိသေးကြောင်း သိရှိရသောကြောင့် ဖြစ်သည်။

သားဖြစ်သူ၏ အိပ်မက်ကို အားပေးထောက်ကူပေးနေသည့် ဖခင်တစ်ဦး။ ❤️🐐
👍3❤1
🚨 လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ချယ်လ်ဆီးနောက်ခံလူ လီဗိုင်း ကိုးလ်ဝဲလ်

လာမယ့် အပြောင်းအရွှေ့စျေးကွက်မှာ လီဗာပူးနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချယ်လ်ဆီးနောက်ခံလူ လီဗိုင်း ကိုးလ်ဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဘာစီလိုနာအသင်းက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်နိုင်ဖို့ ဆွေးနွေးမှုတွေတောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးဘက်ကတော့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နောက်ခံလူကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ပြီး ၂၀၂၇ ခုနှစ်မှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ဖို့ စီစဉ်ထားပါတယ်။

လက်ရှိမှာ ကိုးလ်ဝဲလ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ကျန်ရှိနေသေးပေမဲ့ ပေါင် ၆၅ သန်းကနေ ၇၅ သန်းကြား ကမ်းလှမ်းမှုမျိုး ရရှိလာခဲ့ရင်တော့ ချဲလ်ဆီးဘက်က စဉ်းစားသွားနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လိုချင်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်ရလာခဲ့ရင် ကိုးလ်ဝဲလ်ကို လက်လွှတ်ဖို့ ချယ်လ်ဆီးတို့ တကယ်ပဲ စဉ်းစားလာမလား။
👍2
🚨 လီဗာပူးလ်အသင်းက အလီဆန်ရဲ့နေရာမှာ ဗာဘရုဂန်ကို အစားထိုးဖို့ စိတ်ဝင်စားနေ

လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဘရိုက်တန်အသင်းရဲ့ နယ်သာလန်လက်ရွေးစင်ဂိုးသမား ဘာ့တ် ဗာဘရုဂန် ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂိုးသမားဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားထားရာမှာ Clean Sheet ၁၁ ပွဲအထိ ရယူထားပြီး အထူးလက်စွမ်းပြသနေသူလည်း ဖြစ်ပါတယ်။

အလီဆန်ရဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် လီဗာပူးလ်ဘက်ကလည်း ဂိုးသမားနေရာအတွက် ရေရှည်အစီအစဉ်တွေ စတင်ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗာဘရုဂန်ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု မရှိသေးဘဲ လက်ရှိမှာ စိတ်ဝင်စားမှုအဆင့်သာ ရှိနေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုလည်း ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အန်ဖီးလ်မှာ နောက်ထပ် နံပါတ်တစ်ဂိုးသမားအဖြစ် ဗာဘရုဂန်ကို မြင်တွေ့ရနိုင်မလား။
ပီအက်စ်ဂျီကို ဘဝထဲကနေ ဆွဲထုတ်ပစ်ထားတဲ့ မက်ဆီ

အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းဆီ လီယွန်နယ် မက်ဆီ သယ်ဆောင်လာတဲ့ ကိုယ်ပိုင်လက်ဆွဲအိတ်လေးတစ်ခုဟာ စိတ်ဝင်စားစရာပါ။

အဲဒီအိတ်ပေါ်မှာ မက်ဆီဟာ သူ့ကစားသမားဘဝတစ်လျှောက် အမြတ်နိုးဆုံးနဲ့ အလေးထားဆုံး ကလပ်အသင်းတွေရဲ့ အမှတ်တံဆိပ် Logo တွေကို ရိုက်နှိပ်ထည့်သွင်းထားတာ တွေ့ရပါတယ်။ အဲဒီထဲမှာ —

• ငယ်ဘဝ ဘောလုံးကစားခြင်း စတင်ခဲ့တဲ့ နယူးဝဲလ်စ် အိုးလ်ဘွိုင်းစ်

• သူ့ကို ကမ္ဘာကျော် ကြယ်ပွင့်အဖြစ် မွေးထုတ်ပေးခဲ့တဲ့ ဘာစီလိုနာ

• ကမ္ဘာ့ဖလားအပါအဝင် အမြင့်ဆုံး အောင်မြင်မှုတွေ ယူဆောင်ပေးခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်း

• လက်ရှိ ကစားသမားဘဝ နေဝင်ချိန်ကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနေတဲ့ အင်တာမိုင်ယာမီတို့ ဖြစ်ကြပါတယ်။

ဒါပေမဲ့ လူတိုင်း ချက်ချင်း သတိထားမိလိုက်တဲ့ အချက်ကတော့ ပြင်သစ်မြေမှာ ၂ ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တံဆိပ် လုံးဝ ပျောက်ကွယ်နေတာပါပဲ။

ပဲရစ်မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေဟာ သူ့အတွက်ရော သူ့မိသားစုအတွက်ပါ အလွန်ခက်ခဲခဲ့ပြီး ပျော်ရွှင်မှု မရှိခဲ့ဘူးလို့ မက်ဆီကိုယ်တိုင် အရင်ကတည်းက ပွင့်ပွင့်လင်းလင်း ဝန်ခံထားဖူးပါတယ်။ အခုလို ကိုယ်ပိုင် အမှတ်တရ အိတ်လေးပေါ်မှာတောင် ချန်လှပ်ထားခဲ့တာကို ကြည့်ရင် မက်ဆီရဲ့ နှလုံးသားထဲမှာ PSG အသင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဘဝစာမျက်နှာထဲကနေ အပြီးတိုင် ဖျက်ပစ်လိုက်ပြီဆိုတာ ထင်ရှားစေခဲ့ပါတယ်။
ဒဏ်ရာတွေသာမရခဲ့ရင် မက်ဆီနဲ့ရော်နယ်ဒိုကို ယှဥ်နိုင်တယ်လို့ပြောခဲ့တဲ့ ဂါရတ်ဘေးလ်

​"ဒဏ်ရာတွေသာ မရှိခဲ့ရင် ကျွန်တော့်နာမည်ဟာ
ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီ တို့နဲ့အတူ တစ်တန်းတည်း နှိုင်းယှဉ်ဆွေးနွေးခံရမယ့်အထဲမှာ ပါမှာပါ။
​ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးစခန်းမှာဆိုရင် ကျွန်တော်ဟာ Free-kickအကောင်းဆုံး ကန်နိုင်သူဖြစ်သလို အကောင်းဆုံး အဆုံးသတ်နိုင်သူလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ရော်နယ်ဒိုက ဒေါင့်ကန်ဘောကလွဲလို့
ကျန်တဲ့ ပြစ်ဒဏ်ခတ်ကန်ချက်တွေနဲ့ အတည်ဘော (Set-pieces) အားလုံးကို သူပဲ ကန်ချင်ခဲ့တာပါ။

လေ့ကျင့်ရေးကွင်းမှာတော့ ကျွန်တော့်ရဲ့ Free-kick
ဂိုးလ်ဝင်စကေးက သူထက် အမြဲတမ်း ပိုမြင့်ခဲ့ပါတယ်။
​၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးအသင်းနဲ့ ကစားတုန်းက ကျွန်တော် အံ့ဩဖွယ်ရာ ဂိုးလ်တစ်ဂိုးလ် သွင်းယူခဲ့ပေမဲ့ ကျွန်တော့်နာမည်က 'ဂါရက်ဘေးလ်' ဖြစ်နေရုံနဲ့ပဲ အဲဒီဂိုးလ်ကို ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးဂိုးလ်လို့ ဘယ်သူမှ ဝန်မခံချင်ကြတော့ပါဘူး။”

ဒါကတော့ ဂါရတ်ဘေးလ်ပြောခဲ့ဖူးတဲ့ စကားတွေဖြစ်ပါတယ်။

​ဘေးလ်အနေနဲ့ ဒဏ်ရာတွေသာ မကင်းခဲ့ဘူးဆိုရင်တောင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ခြေဖျားကိုမှီအောင် လိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

​တစ်ကယ်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူတွေသာ မိမိတို့ရဲ့ ဘဝနဲ့ ကစားသမားဘဝ ကျရှုံးမှုတွေအတွက် အကြောင်းပြချက်အမျိုးမျိုး ရှာတတ်ကြတာပါ။
❤7
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဂျိုဆေး မော်ရင်ဟိုက ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ပတ်သက်၍ “ ဆာအဲလက်စ်ဟာ ကျွန်တော်တို့ နည်းပြတွေအားလုံးရဲ့ အထက်မှာ ရှိနေတဲ့ ဘော့စ်တစ်ဦးပါ။ သေသေချာချာပြောရရင် နည်းပြတိုင်းရဲ့ ဘော့စ်ပေါ့။ ကျွန်တော် ရဲ့အမြင်အရပြောရရင်တော့ ဆာအဲလက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် သူ့ရဲ့ အကြီးမားဆုံး ပံ့ပိုးမှုက ဘာလဲဆိုရင်တော့ သူကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက်အသင်းဖြစ်နေတာပါပဲ။ ဒါ့အပြင့်ဆာအဲလက်စ် ဖာဂူဆန်ဆိုတာ ယူနိုက်တက်ရဲ့ သမိုင်းတစ်စိတ်တစ်ပိုင်းသာမက ယူနိုက်တက်ရဲ့ အမှတ်သညာကိုယ်တိုင်တစ်ခုပါပဲဟု " ဆာအဲလက်စ်နဲ့ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကားပြောကြားသွားခဲ့ပါသည်။
❤5
🚨🔵 ချဲလ်ဆီးနဲ့ ဆန်းဒါးလန်းပွဲက ဒိုင်ဆုံးဖြတ်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန် လိုက်တဲ့ ဂျေမီ ကာရေဂါ 🗣

“ကိုးလ် ပါလ်မာအပေါ် ပြုလုပ်ခဲ့တဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို လုံးဝလျစ်လျူရှုခဲ့ပေမဲ့ ဘရော့ဘီနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှာတော့ ပင်နယ်တီပေးခဲ့တာကို နားမလည်နိုင်ဘူး။
ဒီလို ဆုံးဖြတ်ချက်နှစ်ခု မညီမျှမှူ့ဖြစ်နေတာကို လုံးဝလက်ခံလို့မရဘူး။ သေချာစုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။

အခုနောက်ပိုင်း ဒိုင်လူကြီးတွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ များလာပြီး ပွဲရဲ့စီးမျောမှုနဲ့ တရားမျှတမှုကိုပါ ထိခိုက်လာစေတယ်။

ဖြစ်ရပ်ကို သေချာပြန်ကြည့်ရင် ဘရော့ဘီက ကိုးလ်ဝဲလ်ကို ဆွဲထားတာ တွေ့ရတယ်။ ဒါ့အပြင် အဲဒီဖြစ်ရပ်ကလည်း နှစ်ဖက်အညီအမျှ ယှဉ်လုခဲ့တဲ့ ဘောလုံးလုယူမှုတစ်ခုပါပဲ။

ဒီလို ဆုံးဖြတ်ချက်တွေကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ မကျေနပ်မှုတွေ ပိုပြီးမြင့်တက်လာတာပေါ့။”
💯1
🔴ယူနိုက်တက်ရဲ့ အိမ်မက်ဆိုးက မပြီးဆုံးသေးဘူး…

ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်အထိ မန်ချက်စတာယူနိုက်တက်ဟာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပါတယ်။ အဲဒီတစ်ပွဲကလည်း ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အိမ်ကွင်းမှာ အစ်ပ်ဆွစ်ချ်တောင်းကို အနိုင်ရခဲ့တဲ့ပွဲပါ။

အက်စတွန်ဗီလာနဲ့ပွဲမှာလည်း နောက်ကျဂိုးတွေနဲ့အတူ အရှုံးကနေ အမှတ်တစ်မှတ် ပြန်လည်ရယူနိုင်ခဲ့ပေမဲ့ အိုးထရက်ဖို့ဒ်မှာ ၄ ဂိုးစီဆိုတဲ့ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဆင့် ၁၈ နေရာအထိ ရောက်ရှိနေပြီး တန်းဆင်းဇုန်ထဲမှာပဲ နိုင်ငံတကာပွဲစဉ်နားရက်ကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မိုက်ကယ်ကာရစ်က ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး…

“ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။ ဒီနေ့ပွဲမှာ ပြသနိုင်ခဲ့တဲ့ ကောင်းမွန်တဲ့အချက်တွေကို ဆက်ထိန်းထားပြီး အမှားအယွင်းတချို့ကို ပြင်ဆင်ကာ ပွဲတွေကို အနိုင်ရအောင် ကြိုးစားသွားရမှာပါ။”

အသင်းအတွက် အစွမ်းကုန်ပေးဆပ်နေတဲ့ ဒီယိုဂို ဒါလော့အပေါ်မှာလည်း ကာရစ်က ချီးကျူးစကားဆိုခဲ့ပါတယ်။

“ဒါလော့ကို ကျွန်တော် သဘောကျပါတယ်။ သူက အသင်းအတွက် အရာအားလုံး ပေးဆပ်နေသူပါ။ နေရာစုံမှာ ကစားပေးနိုင်သလို ဘယ်နောက်ခံလူအဖြစ်လည်း တာဝန်ယူပေးနေပါတယ်။ သူက အသင်းအပေါ် အလေးထားမှုရှိပြီး အစွမ်းကုန် ကြိုးစားပေးနေသူပါ။ အသင်းအတွက် သူယူဆောင်လာပေးတဲ့အရာတွေကို ကျွန်တော် သဘောကျပါတယ်။”

တစ်ပွဲနိုင်၊ တစ်ပွဲသရေဆိုတဲ့ ရလဒ်တွေထက် ပိုပြီး စိုးရိမ်စရာကောင်းတာက ယူနိုက်တက်ရဲ့ လက်ရှိရပ်တည်မှုပါ။ ပွဲစဉ် ၁၀ ပွဲအပြီးမှာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အသင်းတစ်သင်းကို မြင်တွေ့နေရတာက ပရိသတ်တွေအတွက်တော့ လက်ခံရခက်တဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။
❤4
‎'တင်းမာမှု မြင့်တက်နေတဲ့ မန်စီးတီး'
‎
‎နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး မန်ချက်စတာစီးတီးအသင်းဖော်တွေ ကတောက်ကဆဖြစ်နေကြတယ်။
‎
‎အထူးသဖြင့် တိုက်စစ်မှူးအာလင်းဟာလန်းနဲ့ ကွင်းလယ်လူအန်ဇိုဖာနန်ဒက်စ်ကြား ဆက်ဆံရေးဟာ အကြီးအကျယ်ပြိုကွဲပျက်စီးသွားပါတယ်။ ပွဲသိမ်းခရာမှုတ်ချိန်မှာ ဟာလန်းဟာ အန်ဇိုလက်ဆွဲနှုတ်ဆက်ဖို့ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပါတယ်။
‎
‎သတင်းရင်းမြစ်တချို့ရဲ့အဆိုအရ အဝတ်လဲခန်းထဲမှာ နော်ဝေးကြယ်ပွင့်ဟာ အာဂျင်တီးနားသားကို "မင်းကဘာလို့ ဖိနပ်မှာကွန်ကရစ်လောင်းထားသလို ပြေး‌နေရတာလဲ"ဆိုပြီး ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။
‎
‎ဟာလန်းပါးစပ်ကနေ အဆိုပါစကားလုံးတွေ ထွက်ပေါ်လာတဲ့အပေါ် အသင်းဖော်အများစုဟာ အံ့ဩမင်သက်ကုန်ပြီး မန်စီးတီးသမိုင်းမှာ ကစားသမားတွေကြားတင်းမာမှုဟာ အခုလောက်ဘယ်သောအခါမှ မမြင့်တက်ဖူးပါဘူး။
‎
‎ရာသီအစ(၇)ပွဲဆက် အနိုင်ရရှိပြီး တာထွက်လှပခဲ့တဲ့မန်စီးတီးဟာ နောက်ဆုံး(၃)ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့(၆)မှတ်ပြတ်သွားတဲ့ကိစ္စဟာ ဟာလန်းဦးဆောင်တဲ့ကစားသမားတွေကို စိတ်ပျက်စေတာအမှန်ပါ။
❤2
ခရစ္စတယ်ပဲလေ့စ်၊ လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ဟာ စပါးအသင်းရဲ့ အသက် ၂၆နှစ်အရွယ် ကွင်းလယ်ကစားသမား ကော်နာ ဂယ်လာဂါးကို ခေါ်ယူရန်စိတ်ဝင်စားနေကြပေမယ့် နည်းပြ ရောဘတ်တို ဒီဇာဘီက ဂယ်လာဂါကို အသင်းရဲ့ အစီအစဉ်တွေထဲမှာ ဆက်လက်ထည့်သွင်းထားတာကြောင့်လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာခွင့်ပြုသွားမှာမဟုတ်ကြောင်း သိရှိရပါသည်။