‼️လီယွန်နယ် မက်ဆီဟာ မေဂျာလိဂ်မှာ ရွှေဖိနပ်ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ဘောလုံးသမား အဖြစ် မှတ်တိုင်တင်လိုက်ပါပြီ။ ၂၀၂၅ ခုနှစ်မှာရော၊ ၂၀၂၆ ခုနှစ်မှာပါ အမေရိကန်မြေရဲ့ ဂိုးအသွင်းအများဆုံး ကစားသမားကြီး ဖြစ်လာခဲ့ပါပြီ။
အသက် ၃၈ နှစ်၊ ၃၉ နှစ်အရွယ်ကြီးနဲ့မှ ဒီလိုစွမ်းဆောင်ရည်မျိုး ပြနိုင်တယ်ဆိုတာ တကယ်ကို ရူးသွပ်စရာပါပဲ။ ဘောလုံးလောကရဲ့ နောက်ဆုံးခရီးလမ်း အပိုင်းအခြားမှာတောင် စံချိန်သစ်တွေနဲ့ မွှေနေတုန်းပါပဲလား။ သူ့မှ သူ့မှ မဟုတ်ရင် ဘယ်သူကများ ဒီလိုလုပ်နိုင်မှာလဲ။ ဘာလို့လဲဆိုတော့... သူ့လိုကစားသမားမျိုးက အရင်ကလည်း မရှိခဲ့ဘူး၊ အခုလည်း မရှိဘူး၊ နောင်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ဘူးလေ။

🔥1
နာပိုလီအသင်းပိုင်ရှင်ဖြစ်တဲ့ အော်ရီလီယို ဒီလော်ရန်းတစ်စ်ဟာ အသင်းရဲ့ ရာသီအစပိုင်း ရလဒ်ဆိုးရွားနေမှုနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ဖို့ စီစဉ်နေပါသည်။
အဆိုပါအစည်းအဝေးမှာ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီအပြင် ၎င်းရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေပါ ပါဝင်လာမှာဖြစ်ပြီး အသင်းရဲ့ ရလဒ်ဆိုးရွားနေမှုနောက်ကွယ်က အကြောင်းရင်းတွေကို အတူတကွဆွေးနွေးရှာဖွေသွားမှာဖြစ်ကြောင်း သိရှိရပါသည်။

🤔1
နယူးကာဆယ်အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ မစ်ဒယ်ဘရော့အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ဝီလ် လန်ရှီးယားကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
လန်ရှီးယားဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့ မစ်ဒယ်ဘရော့အသင်းအတွက် ၁၃ပွဲကစား ၁၃ဂိုးသွင်းယူပေးထားကာ အထူး ခြေစွမ်းပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လန်ရှီးယားကို နယူးကာဆယ်အသင်းအပြင် အခြားပရီးမီးယားလိဂ်ကလပ်များကလည်း စောင့်ကြည့်နေကြကြောင်းသိရှိရပါသည်။

🚨🔵 ချဲလ်ဆီးသာ မရှိခဲ့ရင် ဒီနေ့ ဒီနေရာမှာ ကျွန်တော်
ရှိနေမှာမဟုတ်ဘူးဆိုတဲ့ ဒီယူစ်ဘူရီဟောလ်
လက်ရှိ အဲဗာတန်အသင်းမှာ ကစားနေတဲ့ ကီရန် ဒီယူစ်ဘူရီဟောလ်က ချဲလ်ဆီးအသင်းဟာ သူ့ရဲ့ကစားသမားဘဝအတွက် အရေးပါတဲ့ အခွင့်အရေးတစ်ခု ပေးခဲ့တဲ့အသင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
🗣 ဒီယူစ်ဘူရီဟောလ်
"ပရီးမီးယားလိဂ်မှာ ကစားခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ ချဲလ်ဆီးအသင်းကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။
ချဲလ်ဆီးသာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော် ဘယ်လိုနေရာမျိုးမှာ ရောက်နေမလဲဆိုတာတောင် မသိပါဘူး။ သူတို့က ကျွန်တော့်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့တာပါ။
အခုတော့ အဲဗာတန်မှာ ဘောလုံးကစားရတာ ပျော်ရွှင်နေပြီး ရရှိတဲ့အချိန်တိုင်းကို အကောင်းဆုံး အသုံးချနေပါတယ်။ ချဲလ်ဆီးအသင်းက ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေကိုလည်း အမြဲတမ်း ကျေးဇူးတင်နေမှာပါ။"

❤2
🚨🔵 ဥရောပကလပ်တွေထဲမှာ ချယ်လ်ဆီးနဲ့ PSG နှစ်သင်းတည်းသာ ၂၀၂၉ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အာမခံချက် ရရှိထားကြပါတယ် ။
ဒီပြိုင်ပွဲအတွက် ဥရောပတိုက်ကနေ လက်ရှိအချိန်အထိ တရားဝင် နေရာရထားတာဆိုလို့ PSG နဲ့အတူ ချယ်လ်ဆီးအသင်းပဲ ရှိပါသေးတယ်။ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီးကို နောက်ထပ်တစ်ကြိမ် ပြန်လည်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

❤5
'ဂရီးလစ်ရှ် ကျရှုံးရတဲ့ အကြောင်းရင်း(၂)ခု'
အက်စတွန်ဗီလာနဲ့အတူ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေပြသခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်တစ်ယောက် ဘောလုံးလောကရဲ့ ဂန္ထဝင်တစ်ဦးဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့အားလုံးမျှော်လင့်ခဲ့တာပါ။
အဆိုပါအချက်ကြောင့်ပဲ မန်ချက်စတာစီးတီးဟာသူ့ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့တာပါ။ တစ်ဘက်မှာ စီးတီးရောက်သွားတဲ့ဂရီးလစ်ရှ်ဟာ မှန်းချက်နဲ့နှမ်းထွက်ကိုက်ညီတဲ့ ခြေစွမ်းမပြသနိုင်ဘဲ သူ့ရဲ့ကစားသမားဘဝကိုဆွဲချခဲ့တဲ့ အကြောင်းရင်း(၂)ခုရှိပါတယ်။
(၁) နည်းပြနဲ့ အတွေးအခေါ်ပိုင်း မကိုက်ညီခြင်း
ပပ်ဂွါဒီယိုလာက ကွင်းထဲမှာသူညွှန်ကြားတဲ့အတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်စေလိုသူပီပီ လွတ်လပ်စွာကစားချင်တဲ့ ဂရီးလစ်ရှ်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့စွမ်းဆောင်ရည်ဟာ သိသိသာသာကျဆင်းသွားရတယ်။
(၂) စည်းကမ်းပိုင်း မလိုက်နာခြင်း
သူဟာကွင်းပြင်ပမှာ စည်းလွတ်ဘောင်လွတ်နေတတ်သူဖြစ်ရာ အရက်အလွန်အကျွံသောက်သုံးပြီး ပါတီပွဲတွေဆင်နွှဲရတာ အရမ်းနှစ်သက်ပါတယ်။ ဒါတွေက သူ့ရဲ့ကွင်းတွင်းခြေစွမ်းအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ရန်သူတော်တွေပါ။
သူဟာပြီးခဲ့တဲ့ရာသီတုန်းက အဲဗာတန်ထံအငှားထွက်ကစားရာ ကနဦးပိုင်းမှာတောက်ပခဲ့ပေမယ့် ဒီရာသီမှာထပ်မံအငှားထွက်ချိန်မှာတော့ night out ထွက်တာတွေများပြားပြီး စည်းကမ်းချိုးဖောက်နေစမြဲပါ။
သူဟာ ပြီးခဲ့တဲ့အောက်တိုဘာ(၁၉)ရက်နေ့နဲ့ (၂၀)ရက်နေ့မှာ နှစ်ညဆက်တိုက် ပါတီပေးခြင်း၊ အရက်သောက်သုံးခြင်းများ ပြုလုပ်ခဲ့တဲ့နောက် အဲအချိန်ကစတင်ပြီး အဲဗာတန်ရဲ့လူစာရင်းကနေ (၄)ပွဲဆက်တိုက်ချန်လှပ်ခံလိုက်ရပါတော့တယ်။

🚨 ဆန်းဒါးလန်းအသင်းက ချဲလ်ဆီးအသင်းကို ပယ်နယ်တီ ရရှိခဲ့တဲ့ သီးခြားဖြစ်စဉ်မှာ VAR အမှားအယွင်း ရှိခဲ့ကြောင်းနဲ့ အဲဒီ ဆုံးဖြတ်ချက်အတွက် တောင်းပန်ကြောင်း PGMOL က အသိအမှတ်ပြု ထုတ်ပြန်လိုက်ပါတယ်။ 🔵
အဲဒီ အငြင်းပွားဖွယ် ဖြစ်စဉ်ဟာ ချဲလ်ဆီး ခံစစ်မှူး လီဗိုင်း ကိုဝီလ်နဲ့ ဆန်းဒါးလန်း တိုက်စစ်မှူး ဘရိုင်ယန် ဘရော်ဘီတို့အကြား ဖြစ်ပွားခဲ့တာပါ။
ချဲလ်ဆီးရဲ့ ပယ်နယ်တီ ဧရိယာအတွင်း ဘရော်ဘီ နဲ့ ကိုဝီလ် တို့ ဘောလုံးလုရင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအတွင်း အရှုပ်အထွေး ဖြစ်ပွားခဲ့ပြီးနောက် ဆန်းဒါးလန်း တိုက်စစ်မှူး လဲကျသွားခဲ့ပါတယ်။
ကွင်းလယ်ဒိုင်လူကြီး ဂျားရက် ဂီးလက်က ပယ်နယ်တီအဖြစ် ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပြီး အန်ဇို လီ ဖီးက ပယ်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲကာ ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့တာပါ။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ အတော်လေး အငြင်းပွားဖွယ် ဖြစ်လာခဲ့ပြီး ဘရော်ဘီ ကိုယ်တိုင်က အရင် စတင်ထိတွေ့ခဲ့တာလား၊ ဒါမှမဟုတ် ကစားသမား နှစ်ဦးကြား ရိုးရိုးရှင်းရှင်း ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်မှုတစ်ခု မဟုတ်ဘူးလားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ ပွဲအစပိုင်းမှာ ကိုးလ် ပါးမား ပယ်နယ်တီ ရနိုင်မယ့် ဖြစ်စဉ်ကို VAR စစ်ဆေးပြီး ငြင်းပယ်ခံခဲ့ရပြီးနောက်ပိုင်း ဒီလိုမျိုး ပယ်နယ်တီ ခွင့်ပြုပေးခဲ့တာကြောင့် ပိုပြီး ဒေါသထွက်ခဲ့ရပါတယ်။
Photo credit to owner

🚨 ပီတာ ချက် ရဲ့ ပရီးမီးယားလိဂ် စံချိန်ကြီး စိန်ခေါ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။
ဒေးဗစ် ရာယာ ကတော့ အာဆင်နယ်ရဲ့ ချန်ပီယံဆု ကာကွယ်ရေး ခရီးစဉ်မှာ လိဂ် ၁၀ ပွဲမှာ ၇ ပွဲထိ ပေးဂိုးမရှိပွဲ ရယူပြီး အလန်းစား စတင်နေပါတယ်။
ကျန်တဲ့ ၃၈ ပွဲလုံးမှာသာ ဒီလို ၇၀ ရာခိုင်နှုန်း နှုန်းထားအတိုင်း ဆက်ထိန်းသွားနိုင်ရင် စပိန်ဂိုးသမားအနေနဲ့ စံချိန်တင် ၂၇ ပွဲထိ Clean Sheet ရသွားနိုင်ပါတယ်။
ဒါဟာ ၂၀၀၄/၀၅ ရာသီ ချယ်လ်ဆီးတို့ ချန်ပီယံဖြစ်တုန်းက ပီတာ ချက် တင်ထားခဲ့တဲ့ ၂၄ ပွဲ စံချိန်ကို ကျော်တက်သွားဖို့ လုံလောက်တဲ့ ကိန်းဂဏန်းပါ။
ခရီးကတော့ လိုပါသေးတယ်၊ ဒါပေမဲ့ ရာယာကတော့ သမိုင်းသစ်ရေးထိုးဖို့ အခွင့်အရေးကောင်းကြီး ဖန်တီးထားနိုင်ပါပြီ။
၃ ရာသီဆက် ရွှေလက်အိတ်ဆုကို သိမ်းပိုက်ထားပြီး ခုလည်း ပရီးမီးယားလိဂ် သမိုင်းသစ်တစ်ခု ထပ်စိုက်ထူဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ထားပါတယ် 🧤👑

🏅 ၂၀၂၆ ခုနှစ် 𝐆𝐨𝐥𝐝𝐞𝐧 𝐁𝐨𝐲 ဆုရှင် 𝐏𝐚𝐮 𝐂𝐮𝐛𝐚𝐫𝐬í
𝐆𝐨𝐥𝐝𝐞𝐧 𝐁𝐨𝐲 ဆု စတင်ချီးမြှင့်ခဲ့တဲ့ သက်တမ်းတစ်လျောက်
👉🏻 ကစားသမား နဲ့ မန်ယူနိုက်တက် ကစားသမား 𝐌𝐚𝐭𝐭𝐡𝐢𝐣𝐬 𝐝𝐞 𝐋𝐢𝐠𝐭 တို့
(၂)ဦးသာ နောက်တန်း ခံစစ်မှူး အနေနဲ့ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ဆုံး (၆) နှစ်မှာ ဘာစီလိုနာအသင်းမှ ကစားသမားများက 𝐆𝐨𝐥𝐝𝐞𝐧 𝐁𝐨𝐲 ဆုကို (၄) ကြိမ်အထိ ဆွတ်ခူးထားတာ ဖြစ်ပါတယ်။
✅ 𝐏𝐞𝐝𝐫𝐢 (၂၀၂၁)
✅ 𝐆𝐚𝐯𝐢 (၂၀၂၂)
✅ 𝐋.𝐘𝐚𝐦𝐚𝐥 (၂၀၂၄)
✅ 𝐏.𝐂𝐮𝐛𝐚𝐫𝐬í (၂၀၂၆)

❤3
‼️အသက် ၂၀ ကနေ ၄၀ အတွင်းရှိတဲ့ ရီးရဲလ်မက်ဒရစ် ပရိသတ် Generation တစ်ဆက်လုံးဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား သူတို့အသင်းဂျာစီ ဝတ်ဆင်ကစားတာကို လုံးဝ မခံစားဖူးကြပါဘူး။
ပီရက်ဇ် ဥက္ကဋ္ဌ ဖြစ်လာကတည်းက မက်ဒရစ်ဟာ အကောင်းဆုံးကစားသမားတွေကို စုစည်းဖို့ သန်းပေါင်းများစွာ သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့အထိ ဘာစီလိုနာမှာပဲ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေ ရှိနေခဲ့တာပါ။
•၂၀၀၃-၂၀၀၈: ရော်နယ်ဒင်ညို
•၂၀၀၈-၂၀၂၁: မက်ဆီ
• ၂၀၂၄ မှစ၍: နောက်လာမယ့် ဆယ်စုနှစ်ကို စိုးမိုးဖို့ ရေစက်ပါလာတဲ့ လာမင်း ယာမားလ်
ခင်ဗျားဟာ ဘာစီလိုနာ ပရိသတ်တစ်ယောက်ဆိုရင် ခဏလောက် ရပ်ပြီး ဒီလို အခွင့်အရေးမျိုး ရထားတာကို ကျေနပ်ပီတိဖြစ်သင့်ပါတယ်။ မျိုးဆက်တွေ အလီလီပြောင်းသွားပေမဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခင်ဗျားတို့အသင်းမှာ ကြည့်ရှုခွင့် ရခဲ့တာပါ။
ဘာစီလိုနာဆိုတာ တကယ်ကို ကံထူးတဲ့ ကလပ်အသင်းတစ်ခုပါပဲ။