Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KIO ဒုဥက္ကဋ္ဌ ရှေ့တန်းစစ်မြေပြင်သွားရောက်မှု ကချင်လူထုနှင့် တော်လှန်ရေးအင်အားစုများ အထူးထောက်ခံ
===============

အဂမ်

(မဇ္ဈိမ)။    ။ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် အောင်ဂျာစစ်တပ်စခန်း ရှေ့တန်းစစ်မြေပြင်သို့ KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သွားရောက်ခဲ့ခြင်းကို ကချင်လူထုနှင့် တော်လှန် ရေးအင်အားစုများက အားပေးထောက်ခံကြကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းပိုင်းက စစ်ကောင်စီတပ်စခန်း သုံးခုစလုံးကို ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုစစ်တပ်စခန်း သုံးခုစလုံးကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် သုံးရက်အကြာ အောက်တိုဘာလ ၂၃ ရက်နေ့၌ ကေအိုင်အိုအစိုးရ၏ ထိပ်သီးခေါင်းဆောင်တဦးဖြစ်သော ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က အဆိုပါ ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များထံသွားရောက်ပြီး အားပေးစကားပြောခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အေတပ်ဖွဲ့ဝင် အဆင့်မြင့်ဗျူဟာမှူးတဦးက အတည်ပြုသည်။

 "တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တယောက်၏ ယခုကဲ့သို့သော လုပ်ရပ်က စစ်ပရိယာယ်ကြွယ်ဝပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တခုဖြစ်တယ်" ဟု ကချင်နိုင်ငံရေး လေ့လာသုံသပ်နေသည့် နိုင်ငံရေးသုတေသီတဦးက သုံးသပ်ပြသည်။

" ထိပ်သီးခေါင်းဆောင်တယောက်က ရှေ့တန်းစခန်းတခုကို ခုလိုသွားကြည့်တာက သူ့လက်အောက်ငယ်သားတွေ အားတက်ဖို့အတွက်နဲ့ နိုင်ငံရေးအရ ပုံရိပ်ကောင်းဖေါ်ဆောင်ဖို့အတွက် ဖြစ်လိမ့်မယ်။ ဦးနှောက်ကောင်းတယ်လို့ ပြောရမှာပေါ့။ " ဟုလည်း ကချင်နိုင်ငံရေးသုတေသီက ဆိုသည်။

စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်း သုံးခုစလုံးက မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ အခိုင်အမာတပ်စွဲထားသည့် တပ်စခန်းများဖြစ်ပြီး၊ ကေအိုင်အိုဗဟိုဌာနချုပ်သို့ သွားရောက်နိုင်သည့် အဓိကလမ်းပိုင်းကို ဟန့်တားပိတ်ဆို့ထားသော တပ်စခန်းလည်း ဖြစ်သည်။

ကေအိုင်အေနှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်ထားသော ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကိုယ်တိုင်က ယင်းစစ်မြေပြင်ကိုသွားရောက်ခဲ့ပြီးနောက် သူ့၏လူမူကွန်ရက်စာမျက်နှာအကောင့်မှ "အတွေး"ဆိုသည့် ခေါင်းစဉ်ဖြင့်လည်း စာစုတခုရေးသား ဖော်ပြခဲ့သည်။

၎င်းစာစုထဲတွင် စစ်ကောင်စီသည် သူ၏ရဲဘော်များကို သက်တမ်းကုန်နေသည့် ထမင်းထုပ်ရိက္ခာတွေ ချပေးခဲ့တဲ့အကြောင်းကို ဓာတ်ပုံနှင့်တကွ ထည့်သွင်းဖော်ပြထားသည်။

လက်ရှိ KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားသော အောင်ဂျာတပ်စခန်းကို KIAဘက်က အထိုင်ချတပ်စွဲနေပြီး၊ စစ်တပ်နဲ့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို တဖက်မှာလည်း စစ်ကောင်စီတပ်တွေက အဲဒီအောင်ဂျာစခန်းတွေကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေသည့်အကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Photo- ရှေ့တန်းစစ်မြေပြင်သွားရောက်ခဲ့တဲ့ ဗိုလ်ချုပ်ဂွမ်မော်

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KIA
#ကချင်လူထု
website link >>> https://www.mizzimaburmese.com/article/134771
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍1🔥1🥰1😁1
​​ဖားကန့်ဒေသရှိ စစ်တပ်စခန်း ၃ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်
======================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကေအိုင်အေနှင့် စစ်တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား ပြင်းထန်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကေအိုင်အေဘက်က သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုသည်။

" ဟုတ်တယ် ၊ ဒီဘက်က သူတို့ရဲ့ ရှေ့တန်းကျတဲ့စခန်းတွေကို သိမ်းလိုက်တာဟုတ်တယ်။ ဒီတိုက်ပွဲတွေမှာ တပ်ဘက်ကနဲ့ ရှမ်း (SNA) ဘက်က ထိခိုက်သေဆုံးတာ များတယ်။ ကျနော်တို့ဘက်ကလည်း ပေးဆပ်ရတာရှိတယ် ။ ခုထိတော့ အဲ့လိုပဲ သိထားပေးပါဦး " ဟု ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်က ကနဦး အတည်ပြုပြောသည်။
ဖ
ားကန့်မြို့နယ် KIA တပ်ရင်း (၂၆ )ဆယ်ဇင်းကျေးရွာဘက်မှာရှိသည့် စစ်တပ်စခန်း သုံးနေရာကို ကေအိုင်အေ ဦးဆောင်သည့် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ သိမ်းပိုက်လိုက်သည့် စစ်တပ်စခန်းက သံယောဇဉ်စခန်းကုန်းဟု လူသိများသည့် စစ်တပ်ရှေ့တန်း စခန်းကုန်းတခုဖြစ်ကာ ကျန်စခန်း နှစ်ခု၏အမည်ကို မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၊ ဆယ်ဇင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် ဟုမ္မလင်းဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင်လည်း စစ်ကိုင်း- ကချင်အစပ်တွေဖြစ်သော ဗန်းမောက် ၊ ထီးချိုင့်၊ အင်းတော်နယ်တွေမှာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖားကန့်ဒေသ
#KIA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤4👏1😁1🥴1
KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ
=====================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယျာဉ် မနော(မနောင်) ကွင်းအတွင်း ယခုရက်ပိုင်း၌ စစ်ကောင်စီထောက်ခံသူများက ရုတ်တရက်လာရောက်ကာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားသည်။

ကချင်တမျိုးသားလုံးကို ကိုယ်စားပြုထားသည့် ကချင်အမျိုးသားဥယာဥ် မနော (မနောင်)ကွင်းအတွင်း ခွင့်ပြုထားခြင်းမရှိဘဲ စစ်ကောင်စီထောက်ခံသူများက ကေအိုင်အို / ကေအိုင်အေ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်ခံသူ လူတစ်စုသည် နိုဝင်ဘာလ ၉ ရက်နေ့မွန်းလွဲက မနောင်ကွင်းအတွင်း၌ “KIA၊ KIO အလိုမရှိ” ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း၊ ထိုဆန္ဒပြသူများကို မနောကွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာ ယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများက လိုက်လံမေးမြန်းစဥ် ကွင်းအတွင်းမှ ဝရုန်းသုန်းကား ထွက်ပြေးသွားကြကြောင်း ကော်မတီဝင်တဦးက အခုလို ပြောပြသည်။

" လူအများကြီး ရောက်လာလို့ မနောကွင်း လုံခြုံရေးအဖွဲ့က ဘာပွဲလုပ်ဖို့ ခွင့်ပြုထားတာရှိလဲဆိုပြီး ဖုန်းဆက်လာလို့၊ အသင်းရုံးဘက်ကလည်း ဘာမှခွင့်ပြုထားတာမရှိတာကြောင့် လိုက်မေးတုန်း ပြေးကုန်တာပဲ" ဟု ကော်မတီဝင် သတင်းရင်းမြစ်က ဆိုသည်။
မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ အခုလို လုပ်ဆောင်မှုမျိုးကို ကချင်တမျိုးသားလုံးက ကန့်ကွက်ပါကြောင်း ဖော်ပြထားသည်။
နောက်နောင်တွင် ယင်းဖြစ်ရပ်နှင့် အလားတူဖြစ်စဉ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေများအရ မည်သည့်အဖွဲ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဆန္ဒပြပွဲများတွင် မည်သူမည်ဝါပါဝင်သည်ကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များနှင့် သတင်းဌာနများက ဓာတ်ပုံများကို ဝေဝေဆာဆာဖော်ပြကာ ဒေသခံများ KIA ကို ဆန္ဒပြဆန့်ကျင်ကြောင်း ရေးသားခဲ့ကြသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်ရှိ အေးမြသာယာရပ်ကွက် အောင်ဇေရန်အောင်ဘုရားအနီးတွင် တကြိမ်၊ မြစ်ကြီးနား လေတပ်စခန်းရှေ့တည့်တည့် မြစ်ကြီးနားမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တကြိမ်၊ မနောကွင်းအတွင်းတွင် တကြိမ်၊ အစိုးရဝန်ကြီးများ အိမ်ယာဘေး ဧရာဝတီမြစ်ကမ်းဘေများတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က KIA ဆန့်ကျင်ရေး ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒပြမှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KIA
#မြစ်ကြီးနားမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍4
​​မိုးညှင်းမြို့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်
=====================

အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ် မိုးညှင်းမြို့တွင်ရှိသည့် လေကြောင်းကာကွယ်ရေးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

မိုးညှင်းနှင့် အင်းတော်ကြီးဒေသ လမ်းပိုင်းတခုဖြစ်သည့် ကပ်ကျော်လမ်းရှိ ရေအားလျှပ်စစ် လုံခြုံရေးဂိတ်ကို KIA တပ်ရင်း(၃၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၅ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း (သန်းခေါင်ယံကျော်)က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။

မိုးညှင်းမြို့နှင့် နန့်မွန်းမြို့နှစ်ခုကြားရှိ နန့်မွန်းသွားရာလမ်းဟောင်း (ဒေသအခေါ် ကပ်ကျော်လမ်း) ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ထက်မနည်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ KIAရှေ့တန်း သတင်းရင်းမြစ်က အခုလိုအတည်ပြုသည်။

“ အဲ့ဒီလမ်းဟောင်းဘက်မှာက ဒီလေကြောင်းရန် ကာကွယ်ရေးတပ်ကပဲ အဓိက လုံခြုံရေးယူပေးနေတာဟုတ်တယ်။ အဲ့တာပြီးရင် နန့်မွန့်တောင်ထိပ်က တာဝါတိုင်ကုန်း ( နန့်မွန်းဗျူးပွိုင့်) မှာပဲ ရှိတာဟုတ်တယ်။ ရတော့မရသေးဘူး။ လေကြောင်းရန်မို့ ကျနော်တို့ခဏနောက်ပြန်ဆုတ်ခဲ့တယ်။ ခုထိတော့ နှစ်ဖက်ငြိမ်နေတုန်းပဲ ”ဟု KIAသတင်းရင်းမြစ်ကပြောသည်။

ကချင်သတင်းရင်းမြစ်များနှင့် ကချင် သတင်းမီဒီယာ အချို့က အဆိုပါတပ်စခန်းကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသော်လည်း မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့် ရေအားလျှပ်စစ်နေရာအနီးရှိ အုန်းစံဆိုင်ရွာဒေသခံသတင်းရင်းမြစ်က ယင်းနေရာမှာ မိုးညှင်း - အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသော လမ်းပိုင်းတခုဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒီနေ့မနက်ပိုင်းမှာ အဆိုပါလမ်းပေါ် သွားလာမှုတွေရပ်တန့်နေတယ်လို့ အခုလိုပြောသည်။

“ စခန်းကတော့ မီးလောင်ထားတဲ့နေရာတွေ ထိခိုက်ထားတဲ့နေရာတွေ မတွေ့ရဘူး။ လမ်းမှာတော့ ဆိုင်ကယ် တစီးမီးလောင်ထားတာရှိတယ်။ စစ်တပ်ကတော့ နန့်မွန်းတာဝါတိုင်ဘက် ပြန်တက်သွားတာပြီ ဟုတ်တယ်။ အသေးစိတ်မသိရသေးဘူး ။ ” ဟု တိုက်ပွဲဖြစ်ပွားသည့် ရွာအနီးရှိ အုန်းစံဆိုင်းရွာသတင်းရင်းမြစ်က ဆိုသည်။
စစ်ကိုင်းတိုင်း ကသာမြို့လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းပြီးရင် ကချင်ပြည်နယ်အတွင်းမှာရှိသည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး(ရေဒါစခန်း)အတွက် သီးသန့်အခိုင်အမာ တည်ဆောက်ထားသည့် တပ်စခန်းတခုလည်း ဖြစ်သည်။

ယင်းတပ်စခန်းတွင် သီးသန့်ရေအားလျှပ်စစ်များရှိကာ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ လုံခြုံရေးကို မိုးညှင်းဒေသခံဌာနေပြည်သူ့စစ်များနှင့် တပ်မ (၃၃) လက်အောက်ခံ ခလရ (၁၅) တပ်ရင်းတို့ပူးပေါင်းလုံခြုံရေးယူထားသည့် တပ်စခန်းကြီး ဖြစ်သည်။

ဤလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မိုးညှင်းခရိုင်အတွင်းမှာ ရှိနေသည့် တခုတည်းသော လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းလည်း ဖြစ်သည်။
ယင်းတပ်စခန်းတိုက်ခိုက်ခံရသည့်အတွက် မိုးညှင်းမြို့နယ် ပင့်သာကျေးရွာမှာ အထိုင်ချထားသော စစ်ကောင်စီအမြောက်တပ်မှ မိုးညှင်းမြို့အဝင်ရှိ ပင်းဟဲရွာအနောက်ဘက်တောင်ကြော KIAတပ်ရင်း (၃၅) နယ်မြေဘက်ရှိ အမြောက်များ တရစပ်ပစ်ခတ်နေခဲ့သည်ဟု မိုးညှင်းဒေသခံသတင်းရင်းမြစ်များက အခိုင်အမာဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုးညှင်းမြို့
#KIA
#လေကြောင်းရန်ကာကွယ်ရေးတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍32👏9❤1🔥1
#KIA claims attack on #Bhamaw #airport and artillery battalion

https://eng.mizzima.com/2025/01/29/18677
👍5😁2
Negotiations underway between #KIA and #TNLA to address territorial disputes in northern #Shan State

https://eng.mizzima.com/2025/01/30/18711
👍2😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၁ ဖေဖော်ဝါရီ ၂၀၂၆ )

KIA အနေဖြင့် ပြည်သူလူထုကို ထိခိုက်နိုင်သည့် ခရီးသည်တင်လေယာဉ်များကို ပစ်မှတ်ထားတိုက် ခိုက်ရန် ပေါ်လစီမရှိကြောင်း၊ စစ်ကော်မရှင်ကို မထောက်ခံသည့် အဖွဲ့အစည်းများစွာရှိနေပြီး ဒရုန်းနှင့် မိုင်းများကိုလည်း နေရာအနှံ့ သုံးစွဲနေကြသဖြင့် မည်သူလုပ်ဆောင်သည်ကို အတည်ပြုရန် ခက်ခဲကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ ပြောကြားသည်။

♦️ သတင်းအပြည့်အစုံ - >> https://bur.mizzima.com/2026/02/21/82685

#မြစ်ကြီးနားလေဆိပ်
#၃လကြာပိတ်သိမ်း
#ကချင်
#KIA
#PDF
#MNAလေကြောင်းလိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍10❤2🥴2