Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၁၀ ဦး KNU ထံ လက်နက်ချ

YT

မဇ္ဈိမ။ ။ စစ်ကော်မရှင်တပ်၏ အတင်းအဓမ္မစစ်သားစုဆောင်းခံထားရသူ ၁၀ ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထံသို့ လက်နက်ချအလင်းဝင်လာသည်ဟု KNUက သတင်းထုတ်ပြန်သည်။

၎င်းတို့သည် တဦးချင်းစီ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများဖြစ်သည်ဟု KNU က ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက် ) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၃)နှင့် (၁၅) တို့မှ သင်တန်းဆင်းပြီး ကျောက်ကြီးမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၃၉) တွင် တာဝန်ကျနေသည့် အသက် ၂၄ နှစ်မှ အသက် ၃၄ နှစ်အတွင်း အရွယ်ရှိ တပ်သားလေးဦး KNU တပ်မဟာ (၃) လက်အောက်ခံ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)ထံသို့ လက်နက်ချခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82750
👍10❤1🥴1
သင့်ကိုယ်ခံအားစနစ်၏ တုံ့ပြန်ပုံသည် မိဘထံမှ အမွေရရှိခဲ့သော မျိုးရိုးဗီဇသက်သက် ကြောင့်သာ မဟုတ်ဘဲ သင့်ခန္ဓာကိုယ်က ဖြတ်သန်းရင်ဆိုင်ခဲ့ရသမျှ အရာအားလုံး၏ စုပေါင်းမှတ်တမ်း တခုလည်း ဖြစ်နေပေသည်။

ယင်းတွေ့ရှိချက်များက ကိုယ်ခံအား၏ ကြံ့ခိုင်မှုဆိုသည်မှာ ပုံသေ (သို့မဟုတ်) မျိုးရိုးလိုက်ခြင်းအပေါ် တွင်သာ အဓိကမူတည်သည်ဟူသော အစဉ်အလာအယူအဆကို စိန်ခေါ်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82753

#ဖျားနာ
#သိပ္ပံပညာရှင်များ
#ကျန်းမာရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11
ဓာတ်ရထားတွင် ပါဝင်သော အစိတ်အပိုင်း ၈၀ ရာခိုင်နှုန်းခန့်မှာ ထိုင်းနိုင်ငံထုတ်များဖြစ်ပြီး အယုဒ္ဓယ၊ ချွန်ဘူရီနှင့် စမုပရာကန်စသည့် ဒေသများရှိ စက်ရုံများမှ ရယူထားခြင်းဖြစ်သည်။ အချို့သော အထူးပြု အစိတ်အပိုင်းများကိုသာ ပြည်ပမှ တင်သွင်းပြီး ပြည်တွင်း၌ပင် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ပိုင်ဝမ်က ပြောကြားသည်။

ယင်းရထားဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် စီမံကိန်းအပေါ် ကောင်းမွန်သော တုံ့ပြန်မှုများစွာ ရရှိခဲ့ပြီး ထိုင်းက ကိုယ်ပိုင်ခေတ်မီရထားစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင်လိမ့်မည်ဟု လူအများက မျှော်လင့်နေကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82756

#ပြည်သူများ
#ဓာတ်ရထား
#ပြည်တွင်းထုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11
အောက်ဆီဂျင် ရှားပါးသော ကုန်းမြင့်ဒေသများတွင် နေထိုင်သူများသည် ပင်လယ်ရေမျက်နှာပြင်အနီး နေထိုင်သူများထက် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုနည်းပါးလေ့ရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ထိုအချက်ကို အခိုင်အမာ မှတ်တမ်းတင်နိုင်ခဲ့သော်လည်း နောက်ကွယ်မှ ဇီဝကမ္မဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

ယခုအခါ Gladstone Institutes မှ သိပ္ပံပညာရှင်များက ထိုအကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ဆိုသည်။ သုတေသနပြုချက်အရ အောက်ဆီဂျင်နည်းသော ပတ်ဝန်းကျင်ရှိ သွေးနီဥများသည် သွေးတွင်းရှိ ဂလူးကို့စ် (သကြားဓာတ်) အမြောက်အမြားကို စုပ်ယူကြောင်း တွေ့ရှိခဲ့ကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82759

#သိပ္ပံပညာရှင်များ
#ဆီးချို
#ကုန်းမြင့်ဒေသနေထိုင်သူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1
👍7❤2
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ (PSHEA) ကို ဖောက်ဖျက်ကျူးလွန်သူ ဦးညီညီမင်းအား တာဝန်မှ ရပ်ဆိုင်းလိုက်သည်။

အဂတိနှင့် ဆွေမျိုးကောင်းစားရေး စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး "ပြင်းထန်စွာ သတိပေး"ခံရသူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ဖိအားများ မြင့်တက်လာပြီးနောက် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်)တွင် နုတ်ထွက်စာ တင်လိုက်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤2😁1
ဟက်ကာတဦးက PayPal စနစ်ထဲသို့ ဝင်ရောက်ကာ ကိုယ်ရေးအချက်အလက်များကို ရယူသွားကြောင်း၊ ထို့ကြောင့် အချို့အကောင့်များတွင် ခွင့်ပြုချက်မရှိဘဲ ငွေလွှဲပြောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး Password များကို ပြန်လည်သတ်မှတ်လိုက်ရကြောင်း PayPal က အသုံးပြုသူများအား အီးမေးလ်ဖြင့် အကြောင်းကြားထားသည်။

ပေါက်ကြားမှုဆိုင်ရာ အကြောင်းကြားစာအရ ဟက်ကာတဦးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက PayPal စနစ်ထဲသို့ စတင်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ PayPal က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်မှ ယင်းဖြစ်စဉ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ရာ ဟက်ကာသည် ခြောက်လနီးပါးကြာ ဝင်ရောက်ခွင့်ရနေခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကြားမှုသည် PayPal Working Capital (PPWC) ဟုခေါ်သော လုပ်ငန်းသုံးချေးငွေလျှောက်လွှာစနစ်ရှိ အမှားအယွင်းတခုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခင်က ကြုံတွေ့ရလေ့ရှိသည့် အီးမေးလ်အတု သို့မဟုတ် ဖုန်းခေါ်ဆိုမှုအတုများဖြင့် လိမ်လည်သည့် ဖြစ်စဉ်မျိုးမဟုတ်ဘဲ၊ ယခုဖြစ်စဉ်မှာ ဟက်ကာကိုယ်တိုင် ကုမ္ပဏီ၏ စနစ်ထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သောကြောင့် ပိုမိုစိုးရိမ်စရာကောင်းသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82772
👍8
ပီရူးနိုင်ငံ၏ ယာယီသမ္မတ ဟိုဆေး ဟီရီသည် “Chifagate” ဟု ခေါ်ကြသည့် အရှုပ်တော်ပုံအတွင်း တရုတ်နှင့် ဆက်နွှယ်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်တဦးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့မှုနှင့် အခြားသော အဂတိလိုက်စားမှု စွပ်စွဲချက်များကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။ လာမည့် ဧပြီလ ရွေးကောက်ပွဲအထိ နိုင်ငံကို ဦးဆောင်ရန် ဝါရင့်လက်ဝဲယိမ်း လွှတ်တော်အမတ် ဟိုဆေး ဘယ်လ်ကာဇာကို လွှတ်တော်က ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်သဖြင့် ပီရူး၏ အဆက်မပြတ်ပြောင်းလဲနေသော ခေါင်းဆောင်မှုသံသရာမှာ ထပ်မံရှည်ကြာသွားပြန်သည်။

Read more: >> https://bur.mizzima.com/2026/02/22/82775
👍11❤1
👍2
👍2
👍1
👍1
👍1
❤3👍1