Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အရှေ့အလယ်ပိုင်းဒေသတခုလုံးကို ထိန်းမနိုင် သိမ်းမရ မတည်မငြိမ်ဖြစ်စေမည့် စစ်ရေး ထိပ်တိုက်တွေ့မှုမျိုး ဖြစ်လာမည်ကို စိုးရိမ်ကြ၍ ရေနံထုတ်လုပ်သည့် ပင်လယ်ကွေ့နိုင်ငံများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ဒေသတာဝန်ရှိသူများက ပြောကြသည်။

အီရန်အနေဖြင့် အမေရိကန်ဘက်က လျှော့လာမည်လားဟု တင်းခံထားခြင်းမှာ အန္တရာယ်ရှိသော အတွက်အချက် အမှား ဖြစ်နေကြောင်း အချို့သော ဒေသတွင်းအရာရှိများကလည်း ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာလည်း ၎င်းကိုယ်တိုင် စစ်အင်အား တိုးချဲ့ထားခြင်းကြောင့် ဆုပ်လည်း စူး၊ စားလည်း ရူး ဖြစ်နေပြီး၊ အီရန်ဘက်မှ နျူကလီးယားလက်နက် ရည်မှန်းချက်ကို စွန့်လွှတ်မည်ဟု ခိုင်မာသော ကတိကဝတ် မရဘဲ စစ်အင်အားကို ပြန်လည် လျှော့ချလိုက်ပါက သိက္ခာကျမည်ဖြစ်ကြောင်းလည်း သုံးသပ်ထားကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82707

#အမေရိကန်
#အီရန်
#စစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁5👍4❤2
ထရမ့်က သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်ချက်သည် "ယမန်နေ့က ထုတ်ပြန်ခဲ့သော ရယ်စရာကောင်းပြီး စာသားအရေးအသား ညံ့ဖျင်းလှသည့်အပြင် အင်မတန် အမေရိကန်ဆန့်ကျင်ရေးဆန်လှသော တရားရုံး၏ အခွန်ဆိုင်ရာ ဆုံးဖြတ်ချက်ကို စေ့စေ့စပ်စပ်၊ အသေးစိတ်ကျကျနှင့် ပြည့်ပြည့်စုံစုံ ပြန်လည်သုံးသပ်မှု" ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာတဝန်းမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် ယာယီအားဖြင့် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမည့် ကြေညာချက်ကို သောကြာနေ့ညက ထရမ့် လက်မှတ်ရေးထိုးခဲ့စဉ် နိုင်ငံအများအပြားက အံ့အားသင့်ခဲ့သည်။ ယင်းအခွန်နှုန်းထားများကို ရက်ပေါင်း ၁၅၀ အထိ ကန့်သတ်ကျင့်သုံးသွားမည် ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82710

#အမေရိကန်
#ထရမ့်
#သွင်းကုန်ခွန်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1
PSHEA မူဝါဒချိုးဖောက်သည့် ဝန်ကြီးချုပ်ရုံးအရာရှိ ဦးညီညီမင်းကို NUG တာဝန်မှရပ်ဆိုင်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ (PSHEA) ကို ဖောက်ဖျက်ကျူးလွန်သူ ဦးညီညီမင်းအား တာဝန်မှ ရပ်ဆိုင်းလိုက်သည်။

ဦးညီညီမင်းသည် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် (ဆိုင်းငံ့) ဒေါ်ကြည်ပြာ၏ ခင်ပွန်း ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး NUG က ပြည်သူ့ထံ အစီရင်ခံခြင်းဆိုကာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက် ) က ပြုလုပ်သည့် Live တွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82714
👍9❤2😁2💩1🤣1
👍9
👍7
👍6❤1
👍7
တရုတ်ကွန်မြူနစ်ပါတီက စီးပွားရေးတိုးတက်ရေးအတွက် ပြည်တွင်းစားသုံးမှု အားကောင်းရေးကို ဦးစားပေးလုပ်ငန်းတရပ်အဖြစ် သတ်မှတ်ထားသည်။ မတ်လတွင် နောက်ထပ် ငါးနှစ်စီမံကိန်းကို ကြေညာရန်ရှိနေသော်လည်း၊ ပါတီ၏ လက်ရှိမက်ခရိုစီးပွားရေးမဟာဗျူဟာများက ယင်းမူဝါဒထိရောက်အားကောင်းရေးကို အဟန့်အတားဖြစ်ဖွယ်ရှိနေသည်။

တရုတ်စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်အခြေခံတိုးတက်မှုအပေါ် အလွန်အကျွံ မှီခိုနေရခြင်းကိုခေါင်းဆောင်ပိုင်းက ပိုမိုစိုးရိမ်လာကြသည်။

၂၀၀၇ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဝမ်ကျားပေါင်က 'ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှု ဟန်ချက်ညီရေး' ကို ပြောကြားပြီးကတည်းက မူဝါဒချမှတ်သူများသည် ယင်းဟန်ချက်မညီမှုကို ကုစားရန် ပြည်တွင်းသုံးစွဲမှု အားကောင်းရေးကို အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82723


#တရုတ်
#စားသုံးမှုပြဿနာ
#စိန်ခေါ်မှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥4❤2
ရိုမန်ဒီမူချီယက်ဗ်က ဖြတ်တောက်ထားသော လူ့ နားရွက်ပုံများကို အခြား စစ်သားများနှင့် ၎င်း၏ဇနီးဖြစ်သူထံ ပုံမှန်ပေးပို့လေ့ရှိသည်။ ၎င်း၏ဇနီးထံ ပေးပို့သော မက်ဆေ့ချ်အချို့တွင် လူ့နားရွက်များဖြင့် ပန်းကုံးလုပ်မည်ဟု ကြွားဝါခဲ့ပြီး ဇနီးဖြစ်သူကလည်း ထိုနားရွက်ပြတ်များကို "ဘီယာနှင့် မြည်းသည့် ဝက်နားရွက်များ" ဟု ခိုင်းနှိုင်းပြောဆိုသည်။

ထို့ပြင် ရုရှားတပ်ဖွဲ့များက ဖမ်းဆီးထားသော ယူကရိန်းနိုင်ငံသားများကို အသုံးချပြီး ယူကရိန်းရှိ ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးမှုများ ပြုလုပ်ကြောင်းလည်း စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိရသည်။ အခြားဖြစ်ရပ်များတွင်မူ လက်နက်ချသော အကျဉ်းသားများကိုပင် ကွပ်မျက်ခြင်းများ ရှိသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82726

#ရုရှားဗိုလ်ချုပ်ကြီး
#ယူကရိန်းစစ်သုံ့ပန်းများ
#နှိပ်စက်ရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎6🤬4❤1👍1
ဒေါ်ကြည်ပြာ နုတ်ထွက်စာတင်ပြီ

မောင်ခက်နွေ

မဇ္ဈိမ။ ။ အဂတိနှင့် ဆွေမျိုးကောင်းစားရေး စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး "ပြင်းထန်စွာ သတိပေး"ခံရသူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ဖိအားများ မြင့်တက်လာပြီးနောက် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်)တွင် နုတ်ထွက်စာ တင်လိုက်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

“ဝန်ကြီးချုပ်ရုံးကနေ (နုတ်ထွက်စာ) လက်ခံရရှိထားပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း မဇ္ဈိမသို့ အတည်ပြုပြောသည်။

ဒေါ်ကြည်ပြာ၏ နုတ်ထွက်မှုသည် ၎င်းအပေါ် စွပ်စွဲတိုင်ကြားချက်များအပေါ် NUG ၏ ကိုင်တွယ်မှုများအား ဝေဖန်မှုများ ပြင်းထန်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82729
👍7💩4😁1
ဆာရာ အသတ်ခံရပြီး ၄၄ နှစ်နီးပါးအကြာ ဖေဖော်ဝါရီ ၁၃ ရက်တွင်မူ ဂျူရီလူကြီးများက အသက် ၆၄ နှစ်အရွယ် ဂျိမ်းအန်နစ်ဆိုသူကို လူသတ်မှု ကျူးလွန်ခဲ့သူအဖြစ် အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။ တရားခံအား အပြစ်ရှိကြောင်း စီရင်ချက် ချနိုင်သည့် နေ့သည် သေဆုံးသူ မိန်းကလေး သက်ရှိထင်ရှား ရှိပါက ၅၇ နှစ်မြောက် မွေးနေ့ဖြစ်မည်ဟု အစိုးရရှေ့နေရုံးက CNN သို့ ပြောသည်။

၂၀၀၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးသူများက ဆာရာ၏ အတွင်းခံမှ ရရှိထားသော သုတ်ပိုးအပေါ် အခြေခံ၍ DNA ပုံစံတခုကို ဖော်ထုတ်လာနိုင်သည့်အချိန်တွင် အမှုအတွက် ပထမဆုံး အလှည့်အပြောင်း ဖြစ်လာခဲ့သည်။

သို့ရာတွင် ထိုအချိန်က ရဲတပ်ဖွဲ့၏ အချက်အလက် မှတ်တမ်းများတွင် ရှိထားသည့် မည်သည့် DNA နှင့်မျှ ဆာရာထံမှ DNA တို့က တူညီတိုက်ဆိုင်မှု မရှိသဖြင့် စုံစမ်းစစ်ဆေးမှုက ထပ်မံ ရပ်တန့်သွားခဲ့သည်။

၂၀၂၁ တွင် ကလိုဗာဒဲလ် ရဲတပ်ဖွဲ့က ဆာရာ၏အမှုကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ခေတ်မီ နည်းပညာသစ်များဖြင့် အမှု၏ အထောက်အထားများကို ပြန်လည် စိစစ်ရာတွင် ပုဂ္ဂလိက စုံစမ်းစစ်ဆေးရေး ကုမ္ပဏီတခုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82732
👍14❤2
အီရန်ရေတပ် (IRIN) ၏ ရေတပ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ရှာရမ် အီရန်နီသည် အိန္ဒိယနိုင်ငံ ဗီရှာခါပတ်နမ်မြို့တွင် ကျင်းပသည့် Milan 2026 နိုင်ငံတကာ ရေတပ်လေ့ကျင့်ခန်းအတွင်း နိုင်ငံအများအပြားမှ ရေတပ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ကြီး အီရန်နီသည် နှစ်နိုင်ငံနှင့် ဘက်စုံရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး သီးခြားစီ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာတွင် မြန်မာစစ်ကော်မရှင် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ရုရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား အလက်ဆီဗစ် မွိုင်ဆေးယက်ဗ် နှင့် ဆော်ဒီအာရေဗျ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဟာမတ် အယ်လ်ဂါရိုင်ဘီတို့နှင့် တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲများအတွင်း ပင်လယ်ဓားပြရန်ကို တားဆီးကာကွယ်ရေး၊ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ လုံခြုံရေးစေရေး၊ ပင်လယ်ပြင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအပြင် ပင်လယ်ပြင်ဆိုင်ရာ အကျပ်အတည်း စီမံခန့်ခွဲမှု နည်းလမ်းများကို အဓိကထားဆွေးနွေးခဲ့သည်ဟု ဆိုသည်။

♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/02/22/82736

#Milan
#…
💩7👎2👍1
K-pop လောကတွင် မိမိ အကြိုက်ဆုံး အနုပညာရှင်နှင့် လူချင်းတွေ့နိုင်ရန်မှာ ထီထိုးရသကဲ့သို့ ဖြစ်ပြီး အယ်လ်ဘမ်များစွာကို အမြောက်အမြား ဝယ်ယူခြင်းဖြင့် တွေ့ဆုံပွဲတွင် ပါဝင်ခွင့်ရရန် ကြိုးစားကြရသည်။ ပရိသတ်များက ပုံမှန်အားဖြင့် အနုပညာရှင်နှင့် စကားပြောရန် စက္ကန့် ၆၀ မှ ၉၀ ခန့်သာ အချိန်ရရှိကြသည်။

K-pop နှင့် ပတ်သက်ပြီး နိုင်ငံရေးပိုင်းတွင်မူ က "ဟယ်လျူ ပိတ်ဆို့မှု" ဆိုသည့် စကားလုံးမှာ တိကျမှုမရှိကြောင်း ဆိုးလ်မြို့က ဧည့်ခံပွဲတခု၌ တရုတ်သံအမတ်ကြီး တိုင်ပင်းက ပြောပြီး ခေါင်းဆောင်များအကြား ရရှိထားသော သဘောတူညီချက်များအရ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေးကို မြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လက သမ္မတ ရှီကျင့်ဖျင်နှင့် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်တို့ တွေ့ဆုံရာတွင် ယဉ်ကျေးမှု ကူးလူးဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့ကြရာ သမ္မတ ရှီက "သုံးပေထူသော ရေခဲက ချက်ချင်း အရည်မပျော်နိုင်" ဟု ပြောကြားခဲ့သဖြင့် ပိတ်ဆို့မှုကို တဖြည်းဖြည်းချင်းသာ ဖြေလျှော့သွားမည့် သဘော ရှိနေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82742

#K-pop
#တရုတ်
#ပရိသတ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤1💩1
❤3👍2🤣2
👍6❤1😁1
👍7