ကျောက်ဆည်မြို့၌ စစ်ကောင်စီ အကြီးအကဲ ယာဉ်တန်း လမ်းရှင်းပေးသည့် ယာဉ်ထိန်းရဲများ ဗုံးပစ် တိုက်ခိုက်ခံရ
==================
ဂျာမုန်း
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အတွင်း ဖြတ်သန်းသည့် စစ်ကောင်စီ အကြီးအကဲ ယာဉ်တန်းအား လမ်းကြောင်း ရှင်းပေးနေသည့် ရဲနှင့် ယာဉ်ထိန်းရဲ ငါးဦးကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ယမန်နေ့ မတ်လ ၉ ရက် နံနက် ၉ နာရီတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့က လူကြီး ခရီးစဉ် ရှိတယ်ဗျ။ ကျောက်ဆည်မြို့ကနေ အနောက်ဘက်ကို ဖြတ်သွားတာ။ ရှေ့က ပွိုင့်ကား ရှိမယ်၊ အိမ်စီးကား မှန်လုံကား ခြောက်စီးရှိမယ်။ ဒါကို ရဲနဲ့ ယာဉ်ထိန်းရဲက လမ်းရှင်းပေးတာ။ လမ်းဆုံတွေမှာ တစ်အုပ်စုစီပေါ့။ လူကြီး ခရီးစဉ်ကတော့ သတင်းရတာ နောက်ကျသွားတော့ ကျွန်တော်တို့ လွတ်သွားတယ်” ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင်က မဇ္ဈိမ ကိုပြောသည်။
ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက် လမ်းဆုံတွင် လမ်းကြောင်းရှင်း လုံခြုံရေး ယူနေသည့် ရဲနှစ်ဦးနှင့် ယာဉ်ထိန်းရဲ သုံးဦးအား K.D.D.F က လက်ပစ်ဗုံး တစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
“သူတို့ ငါးယောက်အုပ်စု ရပ်ကွက်ထိပ်က အိမ်နားမှာ ထိုင်နေကြတာ။ အဲ့အိမ်က ထိုင်ခုံတွေ ထုတ်ပေးတယ် ထင်တယ်။ ထိုင်နေကြတုန်း လက်ပစ်နဲ့ လှမ်းထုတာ။ လက်ပစ်က သူတို့နား ကပ်ရက်လောက်ကျတယ်။ အဲ့နေရာက စကစ (စစ်ကောင်စီတပ်) ဂိတ် နှစ်ခုကြားလောက် ဆိုတော့ ကြာကြာ နေမရလို့ ပြန်ဆုတ် လာခဲ့တယ်။ အဲ့တုန်းက လူကြီးလမ်းကြောင်းလည်း ရှိတော့ လမ်းမှာ ပြည်သူ အသွားအလာ မရှိလို့ သေချာ စုံစမ်းမရဘူး ဖြစ်နေတာ။ မသေရင်တောင် ဒဏ်ရာ ပြင်းထန်နိုင်တာကို၊ ခုထိ သူတို့ကို ထိ မထိ ဘာသတင်းမှ မထွက်လာဘူး။ သူတို့ ထိုင်နေတဲ့ အနောက်က အိမ်တော့ နံရံထိပြီး မှန်တွေ ကွဲသွားလို့ မှန်တွေ အသစ်ပြန်လဲ ထားပြီ” ဟု ၎င်းက ဆက်ပြောသည်။
ယင်းတိုက်ခိုက်မှု အပြီး တံစိုးဂိတ် ရပ်ကွက် လမ်းဆုံသို့ စစ်ကားအသေး ၁၀ စီးခန့် ရောက်လာကြောင်း ကျောက်ဆည်မြို့ပေါ် အခြေအနေ ထူးခြားမှု မရှိကြောင်း သိရသည်။
#Mizzima
#ကျောက်ဆည်မြို့
#တံစိုးဂိတ်
#ယာဉ်ထိန်းရဲ
#K.D.D.F
Photo - ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

😁3
ကျောက်ဆည်မြို့နယ် စံပယ်တောရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်စက်များ K.D.D.F ဖျက်ဆီး
==========================
ဂျာမုန်း
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ စံပယ်တောကျေးရွာတောင်ဘက်ရှိ စစ်ကောင်စီ တပ်ပိုင် Mytel တာဝါတိုင်စက်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးက သွားရောက် ဖောက်ခွဲခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)ထံက သိရသည်။
ဧပြီလ ၂၇ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်က အဆိုပါ Mytel တာဝါတိုင်ရှိ စက်သုံးလုံးအား မိုင်းအကြီးသုံးလုံးကို အသုံးပြု၍ ဖောက်ခွဲခဲ့ကြောင်း K.D.D.F က ထုတ်ပြန်ထားသည်။
“စက်အကြီး သုံးလုံးရှိတာကို ကျွန်တော်တို့က ကားမိုင်းအကြီး သုံးလုံးနဲ့ ဖျက်ဆီးခဲ့တာ။ အကုန်လုံးပျက်စီးသွားတယ်လို့တော့ သတင်းရတယ်။ ကားမိုင်းအကြီးတစ်လုံးကို ပေ ၅၀ အကွာထိ ပျက်စီးအားရှိတယ်။ အဲ့ဒီမှာစောင့်တဲ့ စစ်သားတွေတော့ မရှိဘူး။ ဒါပေမယ့် ဖောက်ခွဲပြီးအပြန် အသံကြားတော့ ရွာသားတွေက ထွက်လာတယ်။ ရွာထိပ်မှာ ရွာသားခြောက်ယောက်လောက်က လမ်းလာပိတ်တယ်ဗျ။ အစိမ်းဘက်က လူတွေလို့တော့သိရတယ်။ ကျွန်တော်တို့ သေနတ်ကိုမောင်းချိန်ပြီးပြလိုက်တော့ သူတို့လည်း ထွက်ပြေးသွားကြတယ်။ စကားတော့ မပြောခဲ့ပါဘူး”ဟု K.D.D.F အဖွဲ့ တပ်စုမှူး ကိုသူရက ပြောသည်။
တာဝါတိုင် စက်သုံးလုံး ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် ပါဝင်သည့် Double Cub ကားတစ်စီးရောက်ရှိလာပြီး ရွာထိပ်ရှိ တံတားတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကိုသူရထံက သိရသည်။
Mytel တာဝါတိုင်ရှိ စက်များပျက်စီးသွားသည့်အတွက် အဆိုပါကျေးရွာနှင့် အနီးတစ်ဝိုက်တွင် Mytel ဖုန်းလိုင်းများပြတ်တောက်လျက်ရှိကြောင်း သိရသည်။
https://youtube.com/shorts/qk1qlkzIb6w?feature=share
#မန္တလေးတိုင်း
#စံပယ်တောကျေးရွာ
#Mytelတာဝါတိုင်စက်များ
#မိုင်းခွဲခံရ
#K.D.D.F
#PhotoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ကျောက်ဆည်မြို့နယ် စံပယ်တောရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်စက်များ K.D.D.F ဖျက်ဆီး
ကျောက်ဆည်မြို့နယ် စံပယ်တောရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်စက်များ K.D.D.F ဖျက်ဆီး==================ဂျာမုန်းမန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ စံပယ်တောကျေးရွ...
👏7👍6
ကျောက်ဆည်မြို့ပေါ်တွင် ဆိုင်ကယ်စီး စစ်ကောင်စီတပ်သား ပစ်သတ်ခံရ
====================
ဂျာမုန်း
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်သားကို ယနေ့ မေလ ၃ ရက် နံနက် ၇ နာရီကျော်ခန့်တွင် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ထုတ်ပြန်သည်။
“အမျိုးသမီး တစ်ဦးနဲ့ စစ်သား တစ်ဦး ဆိုင်ကယ်နဲ့ လာတာဗျ။ မြို့ထဲ အဝင်မှာ ကျွန်တော်တို့ တွေ့တာနဲ့ လိုက်ပစ်တာ။ နေရာက ကျောက်ဆည် ရဲစုအထွက် လမ်းပေါ်မှာ။ အမျိုးသမီး ကတော့ ရှေ့က မောင်းတာဗျ။ စစ်သား ကတော့ ယူနီဖောင်းဝတ်နဲ့ အနောက်ကပဲ ထိုင်လိုက်တာ။ သူတို့လွတ်သွားမှာစိုးတာနဲ့ ပုခုံးပေါ်က အပွင့်တောင် သေချာ မကြည့်လိုက်ရဘူး။ ပစ်တဲ့ လေးချက်လုံး ထိတယ်။ နေရာမှာ ပွဲချင်းပြီးပဲ။ ကျောနဲ့ လည်ပင်း တစ်ဝိုက်ကို ချိန်ပစ်တာ” ဟု K.D.D.F အဖွဲ့ တာဝန်ရှိသူ ကိုရာဇာမင်း ကပြောသည်။
K.D.D.F အဖွဲ့ဝင်နှစ်ဦး ဆိုင်ကယ်စီး၍ နောက်မှ လိုက်ကာ အနီးကပ် ပစ္စတို သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“ခုလုပ်ခဲ့တဲ့ ရဲဘော်တွေက သင်တန်းဆင်း၊ လက်နက်ငယ်တွေနဲ့ ယဉ်ပါးနေပြီ။ ပစ်တဲ့အချိန် အမျိုးသမီး ဖြစ်သူကိုတော့ မထိအောင် ပစ်ခဲ့တယ်။ ဆိုင်ကယ်လည်း လဲသွားတယ်။ သူကတော့ အကူအညီ တောင်းတာတွေ ရှိတယ်လို့ ပတ်ဝန်းကျင်ပြန်ပြောတယ်” ဟု ကိုရာဇာမင်းက ဆိုသည်။
ထိုဖြစ်စဉ် ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက ရဲစုရပ်ကွက်နှင့် နှစ်ဖာလုံခန့် အကွာရှိ ဇရပ်ဖြူရွာသို့ ဝင်ရောက် မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
https://youtube.com/shorts/QSWGoRSiTOs?feature=share
#ကျောက်ဆည်မြို့
#ရဲစုရပ်ကွက်
#K.D.D.F
#ဇရပ်ဖြူရွာ
#VideoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ဂျာမုန်း
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်သားကို ယနေ့ မေလ ၃ ရက် နံနက် ၇ နာရီကျော်ခန့်တွင် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ထုတ်ပြန်သည်။
“အမျိုးသမီး တစ်ဦးနဲ့ စစ်သား တစ်ဦး ဆိုင်ကယ်နဲ့ လာတာဗျ။ မြို့ထဲ အဝင်မှာ ကျွန်တော်တို့ တွေ့တာနဲ့ လိုက်ပစ်တာ။ နေရာက ကျောက်ဆည် ရဲစုအထွက် လမ်းပေါ်မှာ။ အမျိုးသမီး ကတော့ ရှေ့က မောင်းတာဗျ။ စစ်သား ကတော့ ယူနီဖောင်းဝတ်နဲ့ အနောက်ကပဲ ထိုင်လိုက်တာ။ သူတို့လွတ်သွားမှာစိုးတာနဲ့ ပုခုံးပေါ်က အပွင့်တောင် သေချာ မကြည့်လိုက်ရဘူး။ ပစ်တဲ့ လေးချက်လုံး ထိတယ်။ နေရာမှာ ပွဲချင်းပြီးပဲ။ ကျောနဲ့ လည်ပင်း တစ်ဝိုက်ကို ချိန်ပစ်တာ” ဟု K.D.D.F အဖွဲ့ တာဝန်ရှိသူ ကိုရာဇာမင်း ကပြောသည်။
K.D.D.F အဖွဲ့ဝင်နှစ်ဦး ဆိုင်ကယ်စီး၍ နောက်မှ လိုက်ကာ အနီးကပ် ပစ္စတို သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“ခုလုပ်ခဲ့တဲ့ ရဲဘော်တွေက သင်တန်းဆင်း၊ လက်နက်ငယ်တွေနဲ့ ယဉ်ပါးနေပြီ။ ပစ်တဲ့အချိန် အမျိုးသမီး ဖြစ်သူကိုတော့ မထိအောင် ပစ်ခဲ့တယ်။ ဆိုင်ကယ်လည်း လဲသွားတယ်။ သူကတော့ အကူအညီ တောင်းတာတွေ ရှိတယ်လို့ ပတ်ဝန်းကျင်ပြန်ပြောတယ်” ဟု ကိုရာဇာမင်းက ဆိုသည်။
ထိုဖြစ်စဉ် ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက ရဲစုရပ်ကွက်နှင့် နှစ်ဖာလုံခန့် အကွာရှိ ဇရပ်ဖြူရွာသို့ ဝင်ရောက် မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
https://youtube.com/shorts/QSWGoRSiTOs?feature=share
#ကျောက်ဆည်မြို့
#ရဲစုရပ်ကွက်
#K.D.D.F
#ဇရပ်ဖြူရွာ
#VideoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကျောက်ဆည်မြို့ပေါ်တွင် ဆိုင်ကယ်စီး စစ်ကောင်စီတပ်သား ပစ်သတ်ခံရ
ကျောက်ဆည်မြို့ပေါ်တွင် ဆိုင်ကယ်စီး စစ်ကောင်စီတပ်သား ပစ်သတ်ခံရ====================ဂျာမုန်းမန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် စစ်...
👍8
သီးသန့်ခန်း သို့ ဟိုင်းခန်းက “ ပျော်ပျက် ” ခုံမင်သူများ
=================
ကီရာ
မဇ္ဈိမ။ ။ညဘက်ဖွင့်သည့် Night Club များတွင် ပျော်ပါးလေ့ရှိသူများကြား ရေပန်းစားနေသည့် အရာရှိသည်။ ထိုသည်မှာ “ သီးသန့်ခန်း သို့မဟုတ် ဟိုင်းခန်း’ ဟူ၍ပင်။
ဟိုင်းသည် High မြင့်တက်ခြင်း ၊ ဆေးသုံးပြီးနောက် စိတ်လွတ်လပ်ပေါ့ပါးခြင်း၊ လစ်ခြင်း အစရှိသည့် အဓိပ္ပာယ်များဖြစ်ပြီး လူငယ်များ၏ ဘန်းစကားတစ်ခုအနေဖြင့် ဟိုက်မှ ဟိုင်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ လူတွေက အယောက် ၂၀ ကျော်လောက် ရှိတယ်။ လူငယ်တွေချည်းပဲ အသက်က ၁၆ နှစ် ၁၇နှစ်ကနေ ၂၀ ဝန်းကျင်လောက်လေးတွေ။ သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့ လာကြတာပေါ့ ။ အခန်းအကျယ်က ၁၀ပေ လောက်ပဲ။ အဲ့မှာ စားပွဲဝိုင်းရှိတယ်။ ထိုင်ဖို့အတွက် ဆိုဖာတွေ ချပေးထားတယ်။ အဲ့ခုံတွေရဲ့အလယ်မှာ ဒီဂျေတီးတဲ့ နေရာရှိတယ်။ ဒီဂျေ သမားနှစ်ယောက်က တစ်လှည့်ဆီ တီးပေးတယ်။ အဲကွန်း နှစ်လုံးဖွင့်ပေးထားတယ်”ဟု ရန်ကုန်မြို့တွင်းရှိ ဟိုင်းခန်းတစ်ခုကို မြင်တွေ့ရပုံကို ကိုမင်းမင်း က ယခုလိုပြန်လည် ပြောပြလာခြင်းဖြစ်သည်။
ဟိုင်းခန်းများကို ဟိုတယ်များ၊ ကေတီဗီများတွင် သီးသန့်အခန်းများ ဌားရမ်းလုပ်ဆောင်ကြပြီး ဗဟန်းမြို့နယ်ရှိ Music Buzz KTV တွင်လည်း ဟိုင်းခန်းများ အလွယ်တကူဌားရမ်းနိုင်ကြောင်း သိရသည်။ ဝင်ကြေးမှာ လူတစ်ယောက်လျှင် ကျပ်၁၀,၀၀၀ မှ ကျပ် ၂၅၀၀၀အထိ ရှိသည်။ ပျော်ပျက်ချင်သူများအတွက် ဟိုင်းခန်းများတွင် စိတ်ကြွဆေးဝါးဖြစ်သည့် ‘ E“ နှင့် “K “ အပြင် “Happy Water “ ဟုခေါ်သည့် မူးယစ်ဆေးဝါးကိုလည်း ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ဟိုင်းခန်းစီစဥ်သူများက စီစဥ်ပေးထားသည့်အပြင် သုံးချင်သည့် ဆေးများကိုလည်း ကြိုတင်မှာယူထားနိုင်သည်။
ခေါင်းခါဆေးဟု နာမည်ကြီးသည့် Ecstasy -MDMA (E) ဆေးပြား၊ မေ့ဆေးအဖြစ် အသုံးပြုနိုင်သည့် Ketamine(K) နှင့် ဓာတ်ပေါင်း ခြောက်မျိုးခန့် ပါဝင်သည့် Happy Water တို့မှာ ဟိုင်းခန်းများတွင် အလွယ်တကူရရှိနိုင်သည်။
E တစ်လုံးလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ရောင်းချကြပြီး ပထမဆုံး စတင်သုံးစွဲမည့်သူများအနေဖြင့် ဆေးလုံးတစ်လုံး၏ သုံးပုံတစ်ပုံ သောက်ရုံဖြင့် လစ် ( စိတ်တက်ကြွ) နိုင်သည်ဟု မူးယစ်ဆေးရောင်းချသူတစ်ဦးက ပြောသည်။ ထို့အပြင် ကတ်တမင်း Kသည် Snow ၊ Crystal နှင့် Diamond ဟူ၍ အမျိုးအစား သုံးမျိုးရှိပြီး Snowသည် တစ်ထုပ် ကျပ်ငွေ ၃၀,၀၀၀နှင့် Crystalသည် ကျပ်ငွေ ၅၀,၀၀၀နှင့် မှာ ကျပ်ငွေ ၆၀,၀၀၀မှ ၇၅,၀၀၀အထိ စျေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#K
#E
#Happy Water
#ဟိုင်းခန်း
#သီးသန့်ခန်း

👍8🔥6🤮3
၆ လအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး အပါအဝင် ၂,၆၃၂ ဦး သေဆုံးဟု KNU ထုတ်ပြန်
===================
မဇ္ဈိမ။ ။ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်ရင်းမှူးငါးဦး၊ ဒုရင်းမှူးငါးဦး၊ ဗိုလ်ကြီးကိုးဦးအပါအဝင် စုစုပေါင်း ၂,၆၃၂ ဦးသေဆုံးခဲ့သည်ဟု KNU က တရားဝင် သတင်းထုတ်ပြန်သည်။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လ တာ ကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့ ၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြီးငယ်ပေါင်း၂,၄၉၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်းဆို သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးငါးဦး၊ ဒုရင်းမှူးငါးဦး၊ ဗိုလ်ကြီးကိုးဦး၊ ဗိုလ်လေး ဦး၊ အရာခံဗိုလ်ငါးဦးအပါအဝင် စုစုပေါင်း ၂,၆၃၂ ဦးသေဆုံးပြီး ဒုရင်းမှူးတဦးအပါအဝင် စုစုပေါင်း ၁,၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
ထို့ပြင် စစ်ဆင်ရေးများအတွက် စစ်ကောင်စီတပ်များအသုံးပြုသော မော်တော်ယာဉ် ၉၉ စီး ပျက်စီးခဲ့သည် ဟု KNU က ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် ၇၆ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၂၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ဆိုသည်။
တိုက်ပွဲများ ဆက်တိုက်နီးပါးဖြစ်ပွားသကဲ့သို့ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ဦးရေ ၅၉၉,၄၀၀ ဦး ထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု KNU ကထုတ်ပြန်သည်။
၂၀၂၂ ခုနှစ် ဇူလှိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်ဘေးရှောင် အိမ်ထောင်စု ၅၄,၄၉၄ စုရှိ လူဦးရေ ၂၆၉,၆၃၁ ဦးအတွက်ကူညီထောက်ပံ့ခဲ့ပြီး မိုးရာသီဖြစ်၍ စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင် ခင်းအတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ နေရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည်ဟု KNU ကဆို သည်။
စစ်ကောင်စီဘက်ကလည်း စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျုးလွန်နေ သည်ဟု KNU က တရားဝင်သတင်း ထုတ်ပြန်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကော်သူးလေအုပ်ချုပ်နယ်မြေ
#တိုက်ပွဲ
#စစ်ဘေးရှောင်
#K.N.L.A
#K.N.D.O

👍21😁5❤4👏3
(BREAKING NEWS)
စစ်လေယာဉ်အပျက်အစီးများ တောင်ငူခရိုင်အတွင်း တွေ့ရှိ
==============
ပျက်ကျသွားသော စစ်ကောင်စီတပ် တိုက်လေယာဉ်၏ အစိတ်အပိုင်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ရှာဖွေတွေ့ရှိရကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ပေးပို့လာသည့် ဓာတ်ပုံများအရ သိရသည်။
တရုတ်နိုင်ငံထုတ် K-8 အပေါ့စား တိုက်လေယာဉ်သည် ယမန်နေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပျက်ကျပြီး လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန်ဆင်းကွာ ထွက်ပြေးလွတ်မြောက်သွားသည်။ ၁၁.၁၁ စစ်ဆင်ရေးအတွင်း ပွိုင့်ဖိုက် 0.5 ကျည်ဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်နှစ်စင်းအနက် တစင်းကိုထိမှန်သွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ကြေညာချိန်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်ချို့ယွင်းပျက်ကျသွားသည်ဟုသာပြောသည်။
အခင်းဖြစ်ပွားရာအနီးရောက်ရှိခဲ့သော မဇ္ဈိမသတင်းထောက်ကတော့ "ပေါက်ကွဲသံ" ကြားခဲ့ရသည်ဟုဆိုသည်။ လေသူရဲနှစ်ဦးလုံးခုန်ဆင်းခဲ့သော လေထီးများနှင့် လေယာဉ်ပေါ်ပါပစ္စည်းများ စစ်အုပ်စုတော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရမိထားပြီးဖြစ်ကာ လက်ရှိအချိန်အထိ နှစ်ဘက်တပ်များက လွတ်မြောက်သွားသော လေယာဉ်မှူးများကို ရှာဖွေနေဆဲဖြစ်သည်။
ဓာတ်ပုံ- ဒေသခံတဦး
#စစ်ကောင်စီ
#K-8
#တိုက်လေယာဉ်
#ကရင်နီ
#KNU
#BREAKING NEWS

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤15👍10🔥1👏1
ပျက်ကျသွားသော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများရှာဖွေနေသည့် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်
================
မဇ္ဈိမ
ပျက်ကျသွားခဲ့သော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများကို ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နေပြည်တော် PDF တို့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရရှိရသည်။
အင်္ဂါနေ့က တနာရီခန့်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ဒဏ်ရာရသလို နေပြည်တော် PDF တပ်ဖွဲ့ဝင်တဦး စိုးရိမ်ဖွယ်ရာမရှိသော ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း လေယာဥ်မှူးအားရှာဖွေနေသည့် စစ်ရဟတ်ယာဥ်သုံးစီးနှင့် အပြိုင်အဆိုင်ရှာဖွေမှု ပြုလုပ်နေသော နေပြည်တော်စစ်ကြောင်း PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။ PDFတပ်ဖွဲ့များကို စစ်ကောင်စီတိုက်ခိုက်ရေး ရဟတ်ယာဥ်များက ဒုံးကျည်များ၊ စက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး PDF ဘက်ကလည်း စနိုက်ပါရိုင်ဖယ်၊ ငါးကျင်းမြီးစက်လတ်နှင့် AK-47တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။.
နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီဒေသတိုက်ပွဲများတွင် လေကြောင်းမှပစ်ခတ်နေခဲ့သော တရုတ်နိုင်ငံထုတ် အပေါ့စား လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးလေယာဉ် K -8 သည် တိုက်ပွဲအတွင်းပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့ကာ လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန် လွတ်မြောက်သွားခဲ့သည်။
အဆိုပါ တိုက်လေယာဉ်ပျက်က ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ (၂) နယ်မြေထဲတွင် ကျသွားခဲ့ပြီး လေယာဉ်မှူးတဦးမှာ ဖရူဆိုမြို့နယ်အတွင်းနှင့် နောက်ထပ်တဦးမှာ အခြားအရပ်သို့ ခုန်ဆင်းရောက်ရှိသွားခဲ့သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ထုတ်ပြန်ချက်တွင် ကရင်နီပြည်နယ် လွိုင်ကော်အနီးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုဘက်က ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်ပျက်ကျရခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်ချို့ယွင်းပျက်ကျခဲ့သည်ဟု ဆိုသည်။
KNDF ၏ပစ်ခတ်မှုခံရပြီးနောက် ခပ်နိမ့်နိမ့်အရှိန်နှေးနှေးဖြင့်ပျံသန်းလာသော လေယာဉ်အား နေပြည်တော် PDF တို့ကလည်း လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သေးသည်။
ပျက်ကျမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြေပြင်တွင် စစ်ကြောင်းများဖြန့်ခွဲ၍သော်လည်းကောင်း၊ ဝေဟင်မှ ဒရုန်းများ၊ ရဟတ်ယာဉ်များနှင့် လေယာဉ်များအသုံးပြု၍လည်းကောင်း လေယာဉ်အပျက်အစီးနှင့် လေသူရဲများကို လိုက်လံရှာဖွေနေခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများက တိုက်လေယာဉ်ပါပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သလို ဖရူဆိုမြို့နယ်အတွင်း ခုန်ဆင်းခဲ့သော လေယာဉ်မှူးတဦးပိုင်ပစ္စည်းများကိုလည်း ကရင်နီတော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီတပ်များရော တော်လှန်ရေးတပ်ဖွဲ့များကပါ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသော လေယာဉ်မှူးနှစ်ဦးအနက် တဦးမှာ အရေးပေါ်စားနပ်ရိက္ခာ ပါသွားဟန်ရှိပြီး တခြားတဦးမှာ လူချည်းသက်သက်ဖြစ်သည်ဟုယုံကြည်ရသည်ဟု လေယာဉ်ပျက်ကျမှုသတင်းကို ပထမဆုံးသတင်းပေးပို့ခဲ့သူ မဇ္ဈိမစစ်မြေပြင်သတင်းထောက်က ပြောသည်။
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
#မြန်မာသတင်း
#ဂျက်တိုက်လေယာဉ်
#K-8
#ကရင်နီ
#နေပြည်တော် PDF

👍18😁3
K-pop လောကတွင် မိမိ အကြိုက်ဆုံး အနုပညာရှင်နှင့် လူချင်းတွေ့နိုင်ရန်မှာ ထီထိုးရသကဲ့သို့ ဖြစ်ပြီး အယ်လ်ဘမ်များစွာကို အမြောက်အမြား ဝယ်ယူခြင်းဖြင့် တွေ့ဆုံပွဲတွင် ပါဝင်ခွင့်ရရန် ကြိုးစားကြရသည်။ ပရိသတ်များက ပုံမှန်အားဖြင့် အနုပညာရှင်နှင့် စကားပြောရန် စက္ကန့် ၆၀ မှ ၉၀ ခန့်သာ အချိန်ရရှိကြသည်။
K-pop နှင့် ပတ်သက်ပြီး နိုင်ငံရေးပိုင်းတွင်မူ က "ဟယ်လျူ ပိတ်ဆို့မှု" ဆိုသည့် စကားလုံးမှာ တိကျမှုမရှိကြောင်း ဆိုးလ်မြို့က ဧည့်ခံပွဲတခု၌ တရုတ်သံအမတ်ကြီး တိုင်ပင်းက ပြောပြီး ခေါင်းဆောင်များအကြား ရရှိထားသော သဘောတူညီချက်များအရ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေးကို မြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် လက သမ္မတ ရှီကျင့်ဖျင်နှင့် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်တို့ တွေ့ဆုံရာတွင် ယဉ်ကျေးမှု ကူးလူးဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့ကြရာ သမ္မတ ရှီက "သုံးပေထူသော ရေခဲက ချက်ချင်း အရည်မပျော်နိုင်" ဟု ပြောကြားခဲ့သဖြင့် ပိတ်ဆို့မှုကို တဖြည်းဖြည်းချင်းသာ ဖြေလျှော့သွားမည့် သဘော ရှိနေသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82742
#K-pop
#တရုတ်
#ပရိသတ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍9❤1💩1
🌐 K-pop မှသည် K-glow ဆီသို့ – လှိုင်းသဖွယ် ဖြစ်လာသည့် ကိုရီးယား အလှအပ ကုထုံး
📰 Summary of the published web article: ဓာတ်ပုံ – တောင်ကိုရီးယားတွင် အရေပြားထိန်းသိမ်းမှု ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းပေါင်း ၁၅,၀၀၀ ခန့်ရှိပြီး အများစုမှာ အရေပြား အထူးကုဆရာဝန်များထက် အထွေထွေရောဂါကု ဆရာဝန်များက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ကိုရီးယား အရေပြားအထူးကု ဆရာဝန်များအသင်းက ပြောထားသည်။ Reuters မက္ကဆီကို…
The post K-pop မှသည် K-glow ဆီသို့ – လှိုင်းသဖွယ် ဖြစ်လာသည့် ကိုရီးယား အလှအပ ကုထုံး appeared first on BUR.MIZZIMA.COM.
🔗 Find more details at the link below:
Open Web Article
မူရင်း: Mizzima News (Burmese)
#ကျန်းမာရေး #နိုင်ငံတကာသတင်း #သတင်း #K_glow #K_pop #MizzimaBurmeseNews #ကိုရီးယားအလှအပကုထုံး #မဇ္ဈိမသတင်းဌာန

👍5❤2