Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ဂါဇာပုံစံမျိုး လက်ဘနွန်မှာထပ်မဖြစ်စေရဘူး” ဟု ဂူတာရက်စ် က သတင်းထောက်များကိုပြောသည်။ အမေရိကန်၊ အစ္စရေး နှင့် အီရန် တို့ သုံးပတ်ကျော်တိုက်ခိုက်နေကြမှုများကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ “ထိန်းမနိုင်သိမ်းမရ” ဖြစ်လာသည်ဟုလည်း သူကပြောသွားသည်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇာအဲလ်စမော့တရစ်ချ် (Bezalel Smotrich) က အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟက်ဇ်ဘိုလာတို့၏အမာခံဒေသဖြစ်သော လက်ဘနွန်တောင်ပိုင်းဆင်ခြေဖုံးကို ဂါဇာတွင် စစ်သွေးကြွဟက်ဇ်ဘိုလာအဖွဲ့ကို ဖျက်ဆီးပစ်ခဲ့သလိုမျိုး ဖျက်ဆီးပစ်မည်ဟု မတ်လကခြိမ်းခြောက်ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိုက်ခိုက်မှုများ
#လက်ဘနွန်
#ဒုတိယဂါဇာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤6👍3🤮1
ယူကရိန်းက ဒရုန်းအစင်း ၄၀၀ ဖြင့် အကြီးအကျယ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့်အတွက် ရုရှားနိုင်ငံအနောက်မြောက်ဘက်ရှိ အဓိကဆိပ်ကမ်းတခု မီးလောင်ခဲ့ကြောင်း ရုရှားက ဗုဒ္ဓဟူးနေ့ကပြောသည်။

အမေရိကန်ကြားဝင်စေ့စပ်ပေးသည့် မော်စကိုနှင့်ကိဗ် တို့အကြား စေ့စပ်ဆွေးနွေးပွဲများအရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရပ်ဆိုင်းနေသည့်အချိန်တွင် ထိုသို့တိုက်ခိုက်မှုများအရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှား
#အဓိကဆိပ်ကမ်း
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤4🔥3
👎4🔥1😁1
ရန်ကုန်တွင် ဧည့်စာရင်းရက်ကျော်ပါက သိန်းချီငွေညှစ်ခံနေရပြီး မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်

ဓါတု

မဇ္ဈိမ ။ ။ ရန်ကုန်က မြို့နယ်အချို့တွင် ဧည့်စာရင်းရက်ကျော်လျှင် စစ်အုပ်စုလက်အောက် အုပ်ချုပ်ရေးမှူးများက ငွေညှစ်မှုများရှိနေပြီး၊ ကျပ် ၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ပေးဆောင်ရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူများနှင့် ဒေသတွင်း သတင်းရင်းမြစ်များက မဇ္ဈိမသို့ ပြောသည်။

ဧည့်စာရင်းတိုင်ကြားရန် သတ်မှတ်ထားသည့် ရက်ထက်ကျော်လွန်သွားလျှင် သာကေတ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်စသည့်မြို့နယ်များတွင် ယခုကဲ့သို့တောင်းခံနေခြင်းဖြစ်ပြီး တောင်းခံသည့်ပမာဏမပေးနိုင်လျှင် စစ်မှုထမ်းထဲထည့်မည်ဟုခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဒေသတွင်းကင်းထောက်အဖွဲ့တခုက ဆိုသည်။

Rangoon Scout Network (RSN) မှတာဝန်ရှိသူတဦးက "ဧည့်စာရင်းရက်ကျော်နေရင် ၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ ထိတောင်းပြီး ငွေညစ်တတ်ပါတယ်ဗျ။ မနေ့ညက တာမွေဘက်မှာ ၅၀,၀၀၀ တောင်းတယ်လို့ ကြားပါတယ်။ မတ်လ ၁၃ ရက်နေ့က သာကေတဘက်မှာ စစ်ဆေးတုန်းက ၃၀၀,၀၀၀တောင်းတယ်လို့ သိရပါတယ်။ တခြားမြို့နယ်တွေမှာလည်း သူ့နေရာအလိုက် အကြပ်ကိုင် ပိုက်ဆံတောင်းပါတယ်ဗျ။ မှတ်ပုံတင်တွေ သိမ်းသွားပြီး…
👎7🤬3❤1
ဥရောပမြို့အချို့ရှိ ဂျူးအသိုက်အဝန်းကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် အောက်ခြေအဆင့် တိုက် ခိုက်မှုအချို့နှင့်ပတ်သက်ပြီး လူသိနည်းသောအဖွဲ့တခုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။ သို့သော် အွန်လိုင်းပို့စ်များတွင် မိမိကိုယ်ကိုယ် Harakat Ashab al-Yamin al-Islamiya (HAYI) ဟု ခေါ်ဆိုနေသော ထိုအဖွဲ့သည် အမှန်တကယ် ရှိ၊ မရှိ သို့မဟုတ် အီရန်ထောက်လှမ်းရေး၏ လက်ဝေခံအဖွဲ့မျှသာလားဆိုသည်ကို ကျွမ်းကျင်သူများက သံသယရှိနေကြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ကတည်းက ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် နယ်သာလန်ရှိ ဂျူးအသိုက်အဝန်းများသည် ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

လန်ဒန်တွင် ဂျူးစေတနာ့ဝန်ထမ်းများ မောင်းနှင်သည့် လူနာတင်ယာဉ်များ မီးရှို့ခံရခြင်း၊ အန့်ဝပ်မြို့တွင် ကားတစီး မီးရှို့ခံရခြင်း၊ လီအေ့ချ်နှင့် ရိုတာဒမ်မြို့ရှိ ဂျူးဘုရားကျောင်းများတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့် အမ်စတာဒမ်ရှိ ဂျူးကျောင်းတကျောင်း ပစ်မှတ်ထားခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။ အီရန်လိုလားသော လူမှုကွန်ရက်အကောင့်များက ဗီဒီယိုဖိုင်များတင်ကာ ထိုတိုက်ခိုက်မှုများကို HAYI…
🔥5👍4❤3👎1
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ၂၀၂၇ အာရှဖလား အုပ်စုမဲခွဲပွဲ ရွှေ့ဆိုင်း

AFP

အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲတွေကြောင့် ဆော်ဒီအာရေးဗီးယားမှာ ကျင်းပဖို့ရှိတဲ့ ၂၀၂၇ အာရှဖလားပြိုင်ပွဲအတွက် ရှေ့လမှာပြုလုပ်မယ့် အုပ်စုမဲခွဲပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်လိုက်တဲ့ စစ်ဆင်ရေးနောက်ပိုင်း ဒေသတွင်း ကလပ်အသင်းပြိုင်ပွဲတွေမှာလည်း အနှောင့်အယှက်တွေ ကြုံနေရပြီးနောက် AFC အနေနဲ့ မဲခွဲပွဲလုပ်မယ့် ရက်စွဲအသစ်ကို ချက်ချင်း သတ်မှတ်နိုင်ခြင်း မရှိသေးပါ။

မူလက အဆိုပါ အုပ်စုမဲခွဲမှုကို ဧပြီလ ၁၁ ရက်နေ့မှာ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ “သက်ဆိုင်သူအားလုံး အနှောင့်အယှက်မရှိ တက်ရောက်နိုင်စေဖို့ သေချာစဉ်းစား သုံးသပ်ပြီးနောက်” အခုလို ရွှေ့ဆိုင်းခဲ့တာလို့ AFC က ဆိုပါတယ်။

ဒါ့အပြင် “နောက်ဆုံးအဆင့် မဲခွဲမှုအတွက် အစီအစဉ်သစ်တွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အခြေအနေတွေကို သင့်တော်တဲ့အချိန်မှာ ထပ်ပြီး အသိပေးသွားမယ်” လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

၁၉ ကြိမ်မြောက် အာရ…
👍5🔥3❤1😱1
ထို ဖိနပ် အောက်ခံပြား တခုချင်းစီတွင် ၁ ဒသမ ၅ ဂရမ်စီ ရှိသော TNT ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ရာ ပေါက်ကွဲအားမှာ ဝတ်ဆင်သူ စစ်သား၏ ခြေထောက်ကို ဒဏ်ရာရစေပြီး တိုက်ပွဲမဝင်နိုင်တော့သည်အထိ ခြေထောက်များ ပျက်စီးသွားအောင် လုံလောက်သော ပမာဏ ဖြစ်သည်။

“ကျွန်တော်တို့ ရသလောက် သတင်းတွေအရတော့ အရင် ပို့ခဲ့တဲ့ ဖိနပ်အောက်ခံပြားတွေကတော့ ရုရှားစစ်သားတွေရဲ့ ခြေထောက်တွေဆီ ရောက်သွားပါပြီ၊ FSB အေးဂျင့်တွေက ဒီ ပို့ကုန်တွေရဲ့ ပို့ဆောင်ရေးလမ်းကြောင်းကို လိုက်လံ ဖော်ထုတတော့မှ အခုလို ရှာတွေ့သွားတာပါ၊ ဒါပေမဲ့ တကယ်တမ်း ပြောရရင် အခု မိသွားတဲ့ ပစ္စည်းအနည်းငယ်ဟာ ကျွန်တော်တို့ ပို့လိုက်နိုင်တဲ့ ‘လက်ဆောင်’ တွေရဲ့ အစိတ် အပိုင်း အနည်းငယ်လောလာက်ပဲ ရှိပါတယ်” ဟု ယူကရိန်း ထောက်လှမ်းရေးတပ်တွင်းရှိ သတင်းရင်းမြစ်က ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဗုံးမြုပ်ထားသော
#ဖိနပ်
#အောက်ခံပြားများ
#ရုရှား
#စစ်တပ်ထံ
#ယူကရိန်း
#ပေးပို့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍11🤮2❤1
https://www.youtube.com/watch?v=pXK2GqsYASM
မတ်လ ၂၆ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ
👍3🤮1
အီရန်အပေါ် ထရမ့်၏ တိုက်ခိုက်မှုကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ပြဿနာများသည် ပြင်းထန်လှသကဲ့သို့ ကြိုတင်ခန့်မှန်းနိုင်သည့် အရာများလည်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ၎င်းတို့၏ အဓိက ရည်မှန်းချက်ဖြစ်သော အစိုးရအပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ရုံသာမက ယခုအခါ အီရန်တွင် အာဏာရလာသော အစိုးရသစ်မှာ ယခင်အစိုးရထက်ပင် ပိုမိုအစွန်းရောက်သည့် လမ်းစဉ်ကို ကျင့်သုံးနေသည်ကို တွေ့ရသည်။

သမ္မတ ထရမ့်က အီရန်ကို တိုက်ခိုက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို အောင်ပွဲတခုအဖြစ် ပုံဖော်ရန် ကြိုး ပမ်းနေသော်လည်း အမှန်တကယ်တွင်မူ အောင်ပွဲဟုခေါ်ရန် လုံးဝမဖြစ်နိုင်ပေ။ ဤစစ်ပွဲသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် ရပ်တည်ချက်ကိုသာမက ထောက်လှမ်းရေး အသိုက်အဝန်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုများသာ ဖြစ်လာဖွယ်ရှိနေသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

#အီရန်
#အမေရိကန်
#အရေးယူမှုများ
#နိုင်ငံရေး
#ရည်ရွယ်ချက်
#ထောက်လှမ်းရေး
#အားနည်းချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍7❤1😍1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၆ မတ် ၂၀၂၆ )

အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖြစ်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း မတ် ၂၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

#NLA
#NUG
#ကာကွယ်ရေးဝန်ကြီးဌာန
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-----------------------------------------
👍6❤2🤮1
ထို ရေလမ်းကြောင်း တိုက်ခိုက်မှု၏ အဓိက ရည်ရွယ်ချက်တချက်မှာ ရုရှား၏ လက်နက်မှောင်ခိုကူးမှုကို ကန့်သတ်ရန်ဖြစ်သော်လည်း အစ္စရေးဘက်ကမူ ရုရှားနှင့် ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလို၍ ထိုအချက်ကို လူသိရှင်ကြား ဝန်ခံပြောကြားခြင်း မရှိကြောင်း သတင်းကဆိုသည်။

ကက်စပီယံပင်လယ်ကမ်းခြေ Bandar Anzali ဆိပ်ကမ်းမြို့ရှိ အီရန်ရေတပ်သင်္ဘောများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ အစ္စရေးလေတပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အီရန်ရေတပ်မှ တိုက် ခိုက်ရေးသင်္ဘော တစင်း၊ ဒုံးကျည်တင်သင်္ဘော လေးစင်းနှင့် အခြားအရန်သင်္ဘောများ၊ ကင်းလှည့်သင်္ဘောများအပြင် ကွပ်ကဲရေးစင်တာတခုနှင့် သင်္ဘောကျင်းတခုတို့ ပျက်စီးသွားကြောင်း အစ္စရေးစစ်တပ် (IDF) က ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကက်စပီယံပင်လယ်
#အစ္စရေး
#တိုက်ခိုက်မှုများ
#ရုရှား_အီရန်
#လက်နက်
#မှောင်ခိုလမ်းကြောင်း
#ပြတ်တောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍8❤1🤮1
မြဝတီတောင်ဘက်ခြမ်း စစ်ကော််မရှင်လေကြောင်းက ဗုံးကြဲ

YT

မဇ္ဈိမ။ ။ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မင်းလက်ပံ၊ ဖလူး ဒေသတဝိုက်အား ယနေ့ (မတ်လ ၂၆ ရက်)၌ စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက လေယာဉ်သုံးကြိမ်ခန့် ပတ်ဝဲပြီးနောက် ဖလူး၊ ကျွန်းတောနှင့် ရသေ့ဂူအနီးတဝိုက်အား လေကြောင်းမှ ဗုံးကြဲသွားခြင်းဟု သိရသည်။

“ လေယာဉ်သုံး၊ လေးခေါက် ပတ်ပြီး ဗိုလ်ကလနကုန်းရယ် ရသေ့ဂူဘက်ရယ် အဲ့ဒီဘက်ကိုပဲ ကြဲသွားတယ်။ အဲ့ဒီနေရာတွေက မကြာခဏ အကြဲခံရတယ်။ အဲ့ဒီနားတွေမှာက တိုက်ပွဲတွေ အများဆုံးဖြစ်တာပဲ” ဟု မင်းလက်ပံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်း၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် မြဝတီမြို့နယ်တောင်ဘက်ခြမ်း၊ ဖလူး၊ မင်းလက်ပံဒေသတဝိုက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က ထိုဒေသတကြောကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်ကစ၍…
👎6❤2🤬2
တရုတ်ကွန်မြူနစ်ပါတီအတွင်းရှိ ဝါဒဖြန့်ချိရေး ဗဟိုဌာနနှင့် ပြည်သူ့ရှေ့ဆောင်လုပ်ငန်းဌာနတို့က "ဝါဒမှိုင်းတိုက် စစ်ဆင်ရေး" (Cognitive Warfare) တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဝါဒဖြန့်ချိရေး ဗဟိုဌာနက ဝါဒဖြန့်စာသားများကို ရေးသားထုတ်ဝေပြီး၊ နောက်က ပြည်သူ့ရှေ့ဆောင်လုပ်ငန်းဌာနက ပစ်မှတ်ထားသော လူမှုအဖွဲ့အစည်းများအတွင်း ထောက်ခံသူများစုဆောင်းကာ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်အောင် လုပ်ဆောင်သည်။

အဆင့်မြင့် AI နည်းပညာများဖြင့် ဂျပန်ဘာသာစကားကို ပိုမို တိကျစွာ ရေးသားတင်ပြနိုင်လာခြင်းကြောင့် တရုတ်၏ သတင်းအချက်အလက် ဝါဒဖြန့်နိုင်စွမ်းမှာ လျင်မြန်စွာ တိုးတက်လာနေကြောင်း ကာဝါရှီးမားက သတိပေး စကားပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#ဆိုရှယ်မီဒီယာ
#ဝါဒမှိုင်းတိုက်
#စစ်ဆင်ရေး
#လွှမ်းမိုးရန်
#ကြိုးပမ်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍5❤2👎2🤩1
❤3👍2🔥2
👍4❤2🔥2
👍4❤2🔥2
👍4❤2🔥2