ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး NUG ဆွေးနွေး
နောင်နောင်
မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး AAC မဟာမိတ်အဖွဲ့၊ LPN Foundation တို့နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ကြကြောင်း AAC မဟာမိတ်အဖွဲ့ကို ဦးဆောင်သူ ဦးရဲမင်းက မဇ္ဈိမကို ပြောသည်။
“NUG ဒုဝန်ကြီး ထိုင်းနိုင်ငံကို လာတဲ့အချိန်မှာ AAC မဟာမိတ်အဖွဲ့နဲ့ LPN Foundation ရုံးကို ပထမဆုံးအနေနဲ့ လာရောက်တွေ့ဆုံတာပါ၊ အလုပ်သမားအရေး ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးရဲမင်းက မဇ္ဈိမကို ပြောသည်။
NUG အနေဖြင့် နွေဦးတော်လှန်ရေးတွင် အားကောင်းကောင်းဖြင့် ပူးပေါင်းပါဝင်နေကြသော ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို မေ့မထားဘဲ အခွင့်အလမ်းများပေးရန်နှင့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန် လိုအပ်ကြောင်း AAC မဟာမိတ်အဖွဲ့ကို ဦးဆောင်သူ ဦးရဲမင်းက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#NUG
#နွေဦးတော်လှန်ရေး
#AAC
#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သားမျာ

👍19❤3😁1🤮1
#AAC office handling #migrant worker affairs shut down by #Thai authorities
https://eng.mizzima.com/2025/02/21/19409

👍2