နီကိုလပ်စ် ပီပီ - အာဆင်နယ်တောင်ပံကစားသမား ထရက်ဇွန်စပေါဆီ ပြောင်းရွှေ့
=====================
By PKThawn
အာဆင်နယ်အသင်းရဲ့ ကလပ်စံချိန်တင်ခေါ်ယူခဲ့တဲ့ ကစားသမားဟောင်း နီကိုလပ်စ် ပီပီဟာ တူရကီကလပ် ထရက်စဘွန်စပေါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပူးပေါင်းလိုက်ပြီး အမ်းမရိတ်ကွင်းမှာ သုံးနှစ်ကြာ စိတ်ပျက်စရာအခြေအနေတွေကို အဆုံးသတ်လိုက်ပါတယ်။
ဂန်းနားတို့ဟာ ၂၀၁၉ မှာ လိုင်လီကနေ အိုင်ဗရီကို့စ်တောင်ပံကစားသမားကို ပေါင် ၇၂ သန်းပေးချေပြီး ခေါ်ယူခဲ့တာပါ။
ပီပီဟာ အာဆင်နယ်အတွက် ၁၁၂ ပွဲကစား ၂၇ ဂိုး သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ် နိုက်စ်အသင်းကို အငှားထွက်ကစားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဒီနှစ်ရာသီမှာ အသင်းပွဲစဉ်လူစာရင်းတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပါဘူး။
ပီပီဟာ သူ့ရဲ့အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပြီး ဒီနွေရာသီမှာ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိမလာခင်အထိ သူတို့ရဲ့ စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။
ထရက်ဇွန်စပေါဟာ တူရကီစူပါလိဂ်မှာ အဆင့် ၇ မှာရှိပြီး ကလပ်ရဲ့ Twitter အကောင့် တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပီပီက "ချန်ပီယံဖြစ်ဖို့နဲ့ အောင်မြင်မှုတွေရယူဖို့ ကျနော် ဒီကိုလာခဲ့တာပါ"လို့ ပြောပါတယ်။
Photo: #Trabzonspor/Twitter
#nicolaspepe #Arsenal

🔥2👍1
https://www.youtube.com/watch?v=0YLNwF6c9JQ
အာတီတာ စာချုပ်သစ်၊ မန်ယူနိုက်တက် ကြွေးမြီနဲ့ နေးရှင်းလိဂ်မှာ မြင်တွေ့ရမယ့် နည်းပြသစ်များ

YouTube

Mizzima Weekly Sports အစီအစဉ်မှာ ၂၀၂၇ ဖီဖာ အမျိုးသမီး ချန်ပီယံဖလား နောက်ဆုံးအဆင့်၊ မန်ယူနိုက်တက်ရဲ့ ကြွေးမြီအခြေအနေ၊ ဘရာဇီးနည်းပြ အန်ဆယ်လော့တီရဲ့ မှတ်ချက်၊ နေးရှင်းလိဂ် ပွဲဦးထွက်မယ့် နည်းပြသစ်များ၊ အာတီတာရဲ့ အာဆင်နယ်စာချုပ်သစ်နဲ့ မိုက်ကယ် ကာရစ်အပေါ် မန်ယူနိုက်တက်ရဲ့…
👍7❤2