Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ ကလလတတပ် ကြေညာ
================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြိး အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ တောင်ပေါ်မြေပြန့် ဒေသအနှံ့က တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောထားပါတယ်။

ကလလတ တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလ ကနေစပြီး ကရင်နီလူငယ်တွေကို စစ်သင်တန်းပေးတာအပြင် အဖက်ဖက်ကနေ ကူညီပေးခဲ့ပြီး အခုလို တရားဝင်ကြေညာလိုက်တာဟာ ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးရဲ့ အရွေ့ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက်ဖြစ်တယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ယောက် မဇ္ဈိမကို ပြောပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဟာ နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ ပစ်အခတ်ရပ်စဲပြီး တပ်ဖွဲ့ဝင်တချို့ကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့တာပါ။
လက်ရှိမှာတော့ ကလလတဟာ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ပထမဦးဆုံး နယ်ခြားစောင့်တပ်တစ်ခု ဖြစ်လာသလို ဒါဟာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အလားအလာကောင်းတစ်ခုဖြစ်တယ်လို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

https://youtu.be/pRfk5X2IYYs

တည်းဖြတ်/တင်ဆက်= ဂျူချန်း

#ကရင်နီ
#ကလလတ
#BGF
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍5🤣2👏1😁1
Forwarded from Mizzima+ TV Channel
​​တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကို အထိခိုက်ခံမည်မဟုတ်ဟု ကလလတ ပြော
=======================

ဂျူချန်း
(မဇ္ဈိမ)။ ။တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကိုအထိခိုက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း ကလလတ၏ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန် ချက်အပေါ်ဆန့်ကျင်ကြောင်း ကလလတ-ငြိမ်းချမ်းရေးအဖွဲ့ (လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်က ထုတ်ပြန်လာမှုအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်၏လက်မှတ်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဆိုထားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလလတအနေဖြင့် ဇူလိုင် ၁ ရက်နေ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင်နှင့် အရံဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်၏ သဘောထားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော် လော်ရင်းစိုးက ပြောသည်။

ထို့ပြင် ကလလတအနေဖြင့် စစ်ကောင်စီကိုအဆုံးတိုက်ထုတ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ဆိုသည်။

“ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ ပြည်သူလူထု နဲ့ အတူ ရပ်တည်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။ သူတို့လို တဦးတယောက်နဲ့ ဒီကိစ္စကို အထိခိုက်ခံမှာမဟုတ်ဘူး။ ပြီးတော့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ပုဂ္ဂိုလ်မှန်သမျှက ပြည်သူလူထုရဲ့ ရန်သူဖြစ် မှာပဲ။ နောက် ကျနော်တို့ရဲ့ရန်သူဖြစ်မှာပဲ။ ခုသူထုတ်ပြန်တဲ့ဟာက ကလလတရဲ့မူအရ တရားမဝင်ပါဘူး။ ဗဟိုကော်မတီသဘောတူညီချက် မဟုတ်ဘဲနဲ့ သူထုတ်ပြန်တဲ့အတွက် သူ့မှာပစ်မှုရှိပါတယ်” ဟု (ကလ လတ) ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေအတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။

မယ်စဲ့မြို့၌ တိုက်ပွဲမစတင်မီကာလတွင် အဖွဲ့အစည်းအနေဖြင့် ရဲဘော်ထူးကော်ကို အကြိမ်ကြိမ်ဆွေးနွေး ခဲ့သော်လည်း ၎င်း၏ကိုယ်ကျိုးစီးပွားကြောင့် စစ်ကောင်စီ၏ အသုံးချခံနေရခြင်းဟု ကလလတ ဗဟို ကော်မတီမှ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ရဲဘော်ထူးကော်အနေဖြင့် ရန်သူနှင့်ပူးပေါင်းပြီး အဖိနှိပ်ခံပြည်သူများ၊ တော်လှန် ရေးနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ကလလတကို မဆန့်ကျင်မိစေရန်နှင့် ရန်သူ့အကြိုက် လိုက်လုပ်နေ သည့် လုပ်ရပ်များကိုရပ်တန့်စေလိုသည်ဟု သတိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်)ဒုတိယဥက္ကဋ္ဌ ထူးကော်ထံမဇ္ဈိမမှ ဆက်သွယ်ရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ငါးဦး စုစုပေါင်း ၃၅ ဦးရှိပြီး ရဲဘော်ထူးကော်သည် ကလလတ ဗဟိုကော်မတီဝင် ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သည်။

ကလလတ ကို နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှစတင်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေးအသွင်ပြောင်းခံထားရကာ လက်ရှိတွင်မယ်စဲ့နှင့် ရွာသစ်မြို့ရှိ BGF အသွင်ပြောင်း ကလလတ တပ်ရင်းနှစ်ခုသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကလလတ
#KNPLF
#BGF
#တော်လှန်ရေး
#ငြိမ်းချမ်းရေးအဖွဲ့
ဓါတ်ပုံ- ၂၀၂၀၊ ဇွန်လ ၂၆ ရက်နေ့၊ ကလလတ ၄၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏2😁2

👍13🤣1
​​လက်ခတ်တောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ် ၃စီးဖြင့် ဗုံးကြဲ
=====================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ခတ်တောင်စခန်းကုန်းကို ယနေ့ ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က အတည်ပြုပြောကြားသည်။

“နေ့လယ် ၁နာရီ ၂၅မိနစ်လောက်မှာ ပထမဆုံးတလုံး ကြဲတယ်၊ နောက် ငါးမိနစ်မှာ ဒုတိယအလုံး၊ ၁၀မိနစ်လောက်မှာ တတိယအလုံးကြဲတယ်၊ လာကြဲတာက သုံးစီး၊ တိုက်လေယာဉ်လို့ပဲ ခန့်မှန်းလို့ပဲရမယ်၊ အမျိုးအစားမသိသေးဘူး၊ အရင်လို လေယာဉ်သံ အရင်ကြားပြီးမှ ဗုံးကြဲတာမဟုတ်ဘူး၊ ဗုံးကြဲပြီးမှ လေယာဉ်သံကြားတာ” ဟု မဇ္ဈိမသတင်းထောက်က ပြောသည်။

လက်ခတ်တောင်ပေါ်ရှိ စခန်းများကို ဗုံး သုံးလုံးဖြင့် စစ်ကောက်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်း(၁)နှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလိုင်လ၂၁ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်ခံလိုက်ရသည့် လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီမှ ပြန်လည်သိမ်းယူရန် ၁၀ကြိမ်ကျော် စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်အကျဆုံးများကာ တပ်ဆုတ်ခွာခဲ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ် တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများနှင့် ဗိုလ်ချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့မှ မြေပြင်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးရုံမက လေကြောင်းတိုက်ခိုက်မှုကိုပါ ပြုလုပ်ခဲ့သော်လည် သေဆုံးအထိအခိုက်များကာ ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

အဆိုပါနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး၊ ဗိုလ်မှူးတဦး အပါအဝင် ၁၅ဦးသေဆုံး ၂၁ဦးဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#BGF
#ကရင်ပြည်နယ်
#မြဝတီမြို့
#Hardnews
#Ethnic

ပုံစာ - ကော်ဘရာစစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤5👏3🤬1😢1
​​ကျိုက်ထိုတွင် BGF ဗိုလ်ကြီးနှင့် ဇနီးပစ်ခတ်ခံရပြီးသေဆုံး
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည််နယ်ခြားစောင့်တပ်BGFဗိုလ်ကြီးနှင့် ဇနီးဖြစ်သူသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နှင့်ပဲခူးစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့မှ BGFမှ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးဝင်းစိုးကို ဝေါမြို့နယ်ပကဖ နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ ပူးပေါင်း၍ ကျိုက်ထိုမြို့ ကော့ထင်းကျေးရွာနှင့် ဘုရားကြီးကျေးရွာအနီးတွင် ဩဂုတ်လ၂၄ရက် နံနက် ၇နာရီ ၃၀မိနစ်ခန့်က ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

BGF မှ ဗိုလ်ကြီးဝင်းစိုးမောင်းနှင်လာသော Mark II ကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ကားမှာ မြောင်းထဲ ထိုးကျသွားပြီး ဗိုလ်ကြီးဝင်းစိုးနှင့် ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။ ထို့အပြင်သေနတ်နှစ်လက်၊ ဖုန်းတလုံးနှင့် သက်သေခံကတ်ပြားများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"သူက စီးပွားရေးအဓိကလုပ်တာ။ ပိုက်ဆံရ အကုန်လုပ်တယ်” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ဗိုလ်ကြီးဝင်းစိုးသည် ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့ခံအမျိုးသားတဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ၎င်းကိုယ်တိုင်လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်ကာ ရဲများကိုသတင်းပေးဖမ်းခိုင်းပြီး ပေါင်းစားခြင်း၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်း၍ သောင်နုမြေ ဧက ၃၀၀ ကို မတရား သိမ်းယူခြင်း၊ ကျေးရွာသူ/သားများထံမှ လယ်ယာမြေများကို ခြိမ်းခြောက်၍ ဈေးနှိမ်ဝယ်ယူခြင်း၊ ကျေးရွာများကို လျှပ်စစ်မီးကို ဖြတ်တောက်ခြင်း၊ မီတာခ၊ ဆက်ကြေးများ ကောက်ခံ၍ စစ်ကောင်စီထံ ပေးသွင်းခြင်း၊ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် ဖမ်းဆီး ရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ထောက်လှမ်း၍ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများကို ကျူးလွန်လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း KRFနှင့်ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ်အဆင့်ရှိ စောချစ်သူခေါင်းဆောင်သော ကရင်ပြည််နယ်ခြားစောင့်တပ် BGFသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်အဖြစ်ရပ်တည်နေသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

စာတည်း - အေးချမ်း

#mizzima
#ကျိုက်ထိုမြို့
#BGF
#ပဲခူးစစ်ဒေသခွဲ
#KRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2❤1👏1
ကရင်နယ်ခြားစောင့်တပ် BGF ကို ထောက်ပံ့ပေးထားတဲ့ လက်နက်တွေအားလုံး ပြန်အပ်ဖို့ စစ်ကောင်စီပြော
ကရင်နယ်ခြားစောင့်တပ် BGF ကို ထောက်ပံ့ပေးထားတဲ့ လက်နက်တွေအားလုံး ပြန်အပ်ဖို့ စစ်ကောင်စီပြောWatch more detail - https://youtu.be/BFXlhFcezpc#BGF #စစ်ကောင်စီ#VideoNews #shorts #reels-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=_JNc7UwHg08
❤1
Prosecutors decide evidence insufficient for arrest warrants for 3 #BGF leaders

https://eng.mizzima.com/2025/02/14/19175
👍4
#Karen #BGF cracks down on online #scam centres in #ShweKokko, arrests foreign nationals

https://eng.mizzima.com/2025/02/17/19273
😁8🤣2
#JFM urges #Thai government issue arrest #warrants for three #BGF leaders
Read more: https://eng.mizzima.com/2025/02/26/19557
😁5