Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဗိုလ်နဂါးပြောသလို BNRA ဖွဲ့တာ NUG ရဲ့ သဘောတူညီချက်ရခဲ့လား
=====================

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ဗိုလ်နဂါးနှင့် ဘာတွေဆွေးနွေးခဲ့ပါသလဲ၊ ဗိုလ်နဂါးပြောသလို BNRA ဖွဲ့တာ NUG ရဲ့ သဘောတူညီချက်ရခဲ့တာလားတို့ကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောနှင့် မဇ္ဈိမသတင်းဌာနစီမံခန့်ခွဲသူ ဦးစိန်ဝင်း၏ Mizzima Exclusive Interview တွင် ကြည့်ရှု့နိုင်ပါသည်။

https://youtu.be/wyPhZudst0g?si=f16bMme419fMh3xO

#Mizzima Exclusive Interview
#ဒူဝါလရှီးလ
#ဦးရည်မွန်
#ဗိုလ်နဂါး
#BNRA
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
အရာတော်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ရပြီး ၅ ဦး သေဆုံး
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်နှစ်ခုကိုတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) မှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အရာတော်မြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ၅၀၀၄ တင့်ကား တပ်ရင်းအနီးရှိ ကင်းစခန်းနှစ်ခုကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BNRA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဆာန် ကပြောသည်။

“၅၀၀၄ တင့်ကားတပ်ရင်းရဲ့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကင်းစခန်းနဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကင်း စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အနောက်တောင်ခြမ်းမှာရှိတဲ့ ကင်းစခန်းက လက်နက်နဲ့ အလောင်း ၄ လောင်းတွေ့ပါတယ်။ မြောက်ဘက်ဂိတ်ကတလောင်းထပ်ရပြီး၊ စုစုပေါင်း ၅ လောင်းရ ပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း အူဇီ နှစ်လက်၊ MA-1 တလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း BNRA အဖွဲ့ကထုတ်ပြန်ထားသည်။
ယခုတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီဂိတ်တခုစီတွင် အင်အား ငါးဦးမှ ခုနစ်ဦးအထိသာရှိကြောင်းနှင့် တိုက် ခိုက်မှုကို အချိန်ယူစောင့်ကြည့်ပြီးမှ စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဆာန်ကဆိုသည်။

“အခုတိုက်ခိုက်ခဲ့တဲ့ ဂိတ်တွေက အုတ်ကားတွေ အသွားအလာရှိတဲ့လမ်းပေါ်မှာ ရှိတာပါ။ သူတို့က အုတ် ကားတွေကို ဆက်ကြေးတောင်းလေ့ရှိတယ်။ ဂိတ်တွေက တပ်ရင်းအရှေ့ကဂိတ်လို ဘန်ကာတွေ သဲအိတ် တွေမရှိဘူး” ဟု လည်းပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကဘည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး သံချပ်ကာ ကားတစီး နှင့် စစ်ကားတစီးဖြင့် လိုက်လံပစ်ခတ်ခဲ့၍ ရဲဘော်တဦးဒဏ်ရာရရှိခဲ့ကြောင်း BNRA အဖွဲ့က ထုတ်ပြန် ထားသည်။

BNRA သည် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်(MNDA)ကို အမည်ပြောင်းလဲဖွဲ့စည်း ထားသည့်အဖွဲ့ဖြစ်သည်။

စာတည်း။ ။စောဖေ

https://youtu.be/Z-k6MIEHMzg?si=pbCK1QUbPCSAC3XY

#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#BNRA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏1😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၉ ဖေဖော်ဝါရီ ၂၀၂၆ )

ယင်းမာပင်ခရိုင်အတွင်း နေထိုင်နေကြပြီး BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ထားသည့် ရဲဘော်များအနေဖြင့် နေထိုင်ရာ ခရိုင်၊ မြို့နယ် ပကဖ အဖွဲ့များထံ ချိတ်ဆက်၍ ကိုင်ဆောင်သောလက်နက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို အပ်နှံ ကြဖို့အတွက် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ကော်မရှင်
#PDF
#ယင်းမာပင်ခရိုင်
#BNRA
#လက်နက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
❤6👍5