ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အမျိုးသမီးသေဆုံး ၈ ဦး ဒဏ်ရာရ
==================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ် တဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် ညောင်လေးပင်ခရိုင်အတွင်း အခြေစိုက်၊ အထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းများ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးခြင်းဖြစ်ကြောင်း KNU က ဆိုသည်။
" တိုက်ပွဲမဖြစ်ပါဘူး၊ ရမ်းသန်းပစ်နေတာ။ ဒီလိုပဲ တနေကုန် ထုနေတာပဲ။ အခုဆို ဈေးတွေမှာလည်း လိုက်ပတ်တယ်။ အဝေးကနေ ဈေးလာဝယ်တဲ့သူဆိုလည်း စစ်တယ်" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ၁၅၅ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့်ကျေးရွာမှ ကလေးငယ် တဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။
" ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာကပါ။ ကလေးရယ်၊ အမေရယ်၊ သူ့အဖေရယ်လို့တော့ သိရပါတယ်။ ကျွန်တော်တို့ရောက်သွားတော့ လူနာတွေကို ဆေးရုံခေါ်သွားပါပြီ။ နွားနှစ်ကောင်သေပြီး တကောင်ဒဏ်ရာရပါတယ်"ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ထိခိုက်ဒဏ်ရာရသူများမှာ ရွာကန့်လန့်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ရှိ စောပွါးစေး၊ အသက် ၃၀ နှစ်အရွယ်ရှိ နော်လားဒူးနှင့် ၎င်းတို့၏ သမီးဖြစ်သူ အသက် နှစ်နှစ်အရွယ်ရှိ နော်ကဲဘလုမူးတို့ဖြစ်သည်။
အဆိုပါနေ့တွင်ပင် မုန်းမြို့နယ်၌လည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇)နှင့် ခမရ (၄၃၉)တို့မှ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံး၍ ဆရာတော်တပါးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်နက်ကြီးထိမှန် သေဆုံးသူမှာ မုန်းမြို့နယ်၊ ကျော်လှကျေးရွာနေ အသက် ၁၄ နှစ်အရွယ်ရှိ မယုရတီနိုင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၇၄ နှစ်ရှိ ကျောင်းတိုက်ဆရာတော် ဦးကောဝိတ၊ နန္ဒမိတ်ကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဦးတင်ထွန်း၊ အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်မြင့်ဌေး၊ အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်မာလာ၊ အသက် နှစ်နှစ်အရွယ်ရှိ မောင်ပြည့်စုံတို့ ဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူများအား KNU ကျေးလက်ဆေးပေးခန်းများမှ ဆေးကုသမှု ပြုလုပ်ပေးထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။
" အိမ်တလုံးထဲကို ကျတာ။ အိမ်လည်း ပျက်စီးတာပဲ။ လက်နက်ကြီးအစတွေ ထိတာပေါ့ လူတွေက ၊ အခု မစိုးရိမ်ရတော့ဘူး ဆေးကုထားပြီလေ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ဒေသခံများ လက်နက်ကြီး ထိမှန်၍ သေဆုံး၊ ထိခိုက်မှု ဖြစ်ပေါ်နေသည့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင်း တည်ရှိသည်။
KNU တပ်မဟာ (၃) နယ်မြေသည် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိရာ နယ်မြေဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#KNLA
#PDF
ပုံအညွှန်း- စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဒဏ်ရာရသူအချို့နှင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍13🤬5🔥2😢2
တနင်္သာရီမြို့အခြေစိုက် (၅၅၈) ခြေမြန်တပ်ရင်းကို KNLAနှင့်PDF ဒရုန်းဖြင့်တိုက်ခိုက်
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီမြို့အခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန် တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) နှင့်တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
အမှတ် (၅၅၈) ခြေမြန်တပ်ရင်းကို အောက်တိုဘာလ ၁၀ ရက် နံနက် ၁၁ နာရီနှင့်ညနေ၃ နာရီခွဲတွင် ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အား ထိမှန်ခဲ့၍ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများရှိနိုင်ကြောင်းတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေး အဖွဲ့ကထုတ်ပြန်ထားသည်။
“စစ်ကောင်စီဘက်က တော်လှန်ရေးနယ်မြေတွေကို ဦးတည်ချက်ထားပြီးစစ်ကြောင်းထိုးတာတွေ လုပ်လာတယ်။ စစ်ကြောင်းထိုးလာတယ်ဆိုရင် သူတို့ရဲ့ ခြေကုပ်တပ်ရင်း တပ်ဖွဲ့တွေကို အသေချာကာကွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်း ရှိလာတယ်ပေါ့။ ဒါကို စမ်းသပ်တဲ့အနေနဲ့ တပ်ရင်းကို ဦးတည်ပြီး တိုက်ခိုက်တာ" ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူစတားက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၁၁)၊ တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့၊ လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း (၂)၊တပ်ခွဲ (၂)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဟုသိရသည်။
စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့ဘက်မှထိခိုက်မှုမရှိကြောင်း စတားကဆိုသည်။
တနင်္သာရီမြို့နယ်အပြင်တိုင်းအတွင်း စစ်ရေးတင်းမာနေသည့် မြို့နယ်များ၌ ပြည်သူများအနေဖြင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာအသိပေးချက်များကို လိုက်နာပေးရန် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။
စာတည်း - အေးချမ်း
#mizzima
#တနင်္သာရီမြို့
#(၅၅၈)ခြေမြန်တပ်ရင်း
#KNLA
#PDF
ဓါတ်ပုံ - လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad) ပုံ

👍8🥱2❤1👏1
ဘီးလင်း ဒေါက်ရပ်ရွာတွင် စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံး
================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာသို့ လာသော စစ်ကောင်စီကင်းပုန်းများ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရ၍ ၁၂ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်ပြီး သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
" မိုင်းက ဆွဲမိုင်းလေ၊ ရန်သူ စက်ကွင်းထဲ ဝင်လာမှ ကိုယ့်စိတ်ကြိုက်အနေအထားရောက်မှ ခွဲရတဲ့မိုင်းပါ။ ကျွန်တော်တို့ဘက်က လုံးဝ အသာစီးရတော့ စစ်ကောင်စီဘက်က အထိအခိုက်တော်တော်များတယ်" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီယာဉ်တန်းအတွက် လုံခြုံရေးယူပေးရန် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကင်းပုန်းများအား တပ်မဟာ (၁) KNLA တပ်ခွဲ(၂)၊ PDF တပ်ခွဲ(၂)၊ တောကျီးကန်းစစ်ကြောင်း ၊ တပင်ရွှေထီးစစ်ကြောင်းနှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းဖြစ်သည်။
အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီတွင် ဒေါက်ရပ်လမ်းဆုံ၌ ကင်းပုန်းလာဝပ်သည့် အင်အား ၃၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ကင်းပုန်းအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီကင်းပုန်းမှာ ပြန်လည်
ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ကင်းပုန်းသည် ရွှေအင်ဒုံဘုရားကုန်းဘက်သို့ ထပ်မံဝင်ရောက်လာသဖြင့် နံနက် ၁၀ နာရီဝန်းကျင်တွင် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်း ၁၀ လုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း၌လည်း စစ်ကောင်စီတပ်ဘက်တွင် ခုနစ်ဦးသေဆုံး၍ ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ဆိုသည်။
ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန်တွင် ဒေါက်ရပ်ကျေးရွာ၊ ရွှေကုက္ကိုလ်ကွေ့တွင် ကင်းပုန်းလာဝပ်သည့် စစ်
ကောင်စီတပ်ကင်းပုန်းကိုလည်း တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံက သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော အဆိုပါ ထိတွေ့မှုဖြစ်စဉ် သုံးခုလုံးတွင် တပ်နဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်၌ အထိအခိုက်မရှိကြောင်း သိရသည်။
" အဲ့ဒီနေ့က ပူးပေါင်းအဖွဲ့က ထိခိုက်မှု မရှိပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကိုအတည်ပြုသည်။
စစ်ကောင်စီကင်းပုန်းများ ဆက်တိုက် တိုက်ခိုက်ခံရမှုကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၄) မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ဒေါက်ရပ်ကျေးရွာဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ လူသူအထိအခိုက် မရှိကြောင်း သိရသည်။
ပုံအညွှန်း- စစ်ဆင်ရေး ပြုလုပ်ရန် ထွက်ခွာလာသည့် ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- တောကျီးကန်းစစ်ကြောင်း)
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ဘီးလင်းမြို့နယ်
#PDF
#KNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤4👏3🔥1
ကော့ကရိတ်မြို့အနှံ့ တိုက်ပွဲပြင်းထန် စစ်ကောင်စီလက်အောက်ခံ ရုံးအချို့ မီးရှို့ဖျက်ဆီးခံထားရ
===============
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သတင်းရရှိသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၅ နာရီအချိန်မှစ၍ ကော့ကရိတ်မြို့နယ်၊ တံတားဦးရပ်ကွက်၊ တောင်ကြာအင်း၊ ဆင်ကုန်း၊ ကိုးတိုင်နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနေရာများအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
" အနှံ့ပဲ တိုက်ပွဲဖြစ်နေတာက။ စုပေါင်းရုံးအထွက် ကိုးတိုင်ဘက်မှာလည်း ဖြစ်တယ်။ ဆင်ကုန်း၊ တံတားဦးဘက်မှာလည်း ဖြစ်နေတာ။ လက်နက်ကြီးတွေလည်း ခေါင်းပေါ်ကနေ တဝှီဝှီနဲ့ ဒလက်သံပါကြားရတယ်။ အခုထိလည်း ပစ်နေတုန်း" ဟု မြေပြင်သတင်းရင်းမြစ်တဦးက နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်က မဇ္ဈိမကိုပြောသည်။
နံနက် ၉ နာရီအချိန်တွင် စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးတို့အား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးထားနိုင်ပြီး ကော့ကရိတ်မြို့တော်ခန်းမနှင့် မြို့နယ်တရားရုံးတို့အား တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
" စကစဘက်ကလည်း နေရာအနှံကနေကို လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတုန်းပဲ။ ရွာတွေထဲ ကျထားတာတွေလည်း ရှိတာပေါ့၊ လူတွေလည်း ထိထားတယ်၊ အိမ်တွေလည်းပျက်စီးတာရှိတယ်" ဟု အခြားသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် နေရာအနှံ့ပစ်ခတ်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးပစ်ခတ်မှုများသည် အမှတ် (၇) ရပ်ကွက်၊ အံဖကြီးကျေးရွာ၊ ရွာတန်းရှည်ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရထားသည့် ဒေသခံများ ရှိနေပြီး နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း စစ်ကောင်စီဘက်သို့ စစ်ကူရန်အတွက် ကော့ကရိတ်မြို့နယ်အတွင်းသို့ အင်အားဆက်လက် ဖြည့်တင်းလျက်ရှိနေပြီး မြို့နယ်အနှံ့ နေရာ ငါးခုထက်မနည်းတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၌ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနှင့် အခြားသော တော်လှန်ရေးအင်အားစုများ ပါဝင်တိုက်ခိုက်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂၀၇) တပ်ရင်းမှူး အပါအဝင် ၁၁ ဦးသေဆုံး၍ တပ်ခွဲမှူးအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုထံက သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကော့ကရိတ်မြို

❤13👍8
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး အမျိုးသမီးအပါအဝင် ၆ ဦး ဒဏ်ရာရ
============
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်ကောင်စီ တပ်စခန်းများ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား လေးဦး သေဆုံး၍ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သတင်းရရှိသည်။
ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်တွင် သိမ်ဇရပ်အခြေစိုက် အမြောက်တပ် အမတ(၃၁၀)နှင့် ဝေါမြို့နယ်၊ ဆပ်သွားခြုံဘူတာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျည်ထိမှန်ကာ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ၊ သဲကွင်းလှေဆိပ်အနီးတွင် ရှိနေသည့် ဒေသခံလေးဦး သေဆုံး၍ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
" သိမ်ဇရပ်တဖက်ကမ်းက လှေဆိပ်နားကို ကျတာ ဝေါမြို့နယ်အပိုင်၊ ပစ်တာတော့ အားလုံးပေါင်း သုံးလုံး၊ ရေထဲကျသွားလို့ လူမထိတာလည်း ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ အများစုက ကယ်ရီသမားတွေဗျ၊ အမျိုးသမီးတဦးလည်း ပါတယ်၊ သိမ်ဇရပ်ဘက်ကနေ ပြန်လာတဲ့သူ။ အားလုံး သာမန်လူတွေချည်းပဲ" ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
လက်နက်ကြီးထိမှန်၍ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ၊ သဲကွင်းလှေဆိပ်၊ စစ်တောင်းမြစ်ကမ်းဘေးတွင် ရှိနေသည့် ဦးကျော်မြင့် (အသက် ၆၇ နှစ်)၊ ကိုအောင်ဆန်းဦး (အသက် ၃၅ နှစ်)၊ ကိုအောင်ကို (အသက် ၃၀ နှစ်)၊ ကိုကျော်လင်းထွန်း (အသက် ၃၃ နှစ်)တို့ သေဆုံးခဲ့ပြီး အမျိုးသမီးတဦးအပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ကာ လက်ရှိတွင် ပဲခူးမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
" အဓိကက သူတို့ခံရလို့ ပြည်သူကို ပြန်လုပ်တာပေါ့ဗျာ ဒါပါပဲ" ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အဆိုပါ ဖြစ်ရပ် မဖြစ်ပွားမီ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခလွန်စုသင်္ချိုင်းကုန်းအနီး၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ကင်းပုန်းအား မြေပြင်နှင့် ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး အခမ်းအနားကျင်းပနေသည့် သိမ်ဇရပ်ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခြင်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်ပျက်စီးမှုများအား အသေးစိတ် စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂) ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးထွန်းဝင်း၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မိဝင်း၊ အသက် ၄၀ အရွယ် ဒေါ်ကတုံးမတို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း KNU ၏ အောက်တိုဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဝေါမြို့နယ်
#KNLA
#လက်နက်ကြီး

👍10❤2🤬2😁1
ချောင်းနှစ်ခွသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၁၃ ဦး သေဆုံး
==================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် တောင်ကလေးကျေးရွာရှိ စစ်ကောင်စီစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းသည် ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် ကျောက်ကွဲကျေးရွာကြားတွင် တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
" မုဒုံကနေ စထွက်လာတာက အင်အား ရာဂဏာန်းရှိပါတယ်။ စစ်ကြောင်းတိုးလာတာက ၁၀၀ နီးပါးပါ။ တိုက်ပွဲက တောင်ကလေးရွာ နဲ့ ကျောက်ကွဲရွာ ကြားမှာ ဖြစ်တာပါ။ update အနေနဲ့ စစ်ကောင်စီဘက်က စုစုပေါင်း ၁၃ ယောက် ကျပါတယ်" ဟု နဂါးနီစစ်ကြောင်း ဒု- စစ်ကြောင်းမှူးက မဇ္ဈိမကိုပြောသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲလေးနာရီကြာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဘက်မှ ဗိုလ်ကြီးတဦး၊ BGF တပ်နယ် (၄)မှ စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် ၁၃ ဦး သေဆုံး၍ စစ်ကောင်စီတပ်စစ်ကြောင်း ပိုင်ဆိုင်သည့် လက်နက် ၁၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းမှ စစ်ကောင်စီတပ်သား လေးဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချ၍ အလင်းဝင်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံက သိရသည်။
စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတွင် စစ်ကောင်စီ တပ်မ (၂၂)၊ တပ်မ (၄၄)တို့မှ စစ်ကောင်စီတပ်သားများ၊ အမှတ် (၂) တန်းမြင့်လေ့ကျင့်ရေးမှ သင်တန်းသားများ၊ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) စသည်တို့ ပါဝင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၆)၊ နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့ တို့ ပါဝင်ကြောင်း သိရသည်။
ချောင်းနှစ်ခွဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၁၈ ရက်ကြာ စစ်ကောင်စီတပ်နှင့် တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးများလည်း ရှိနေကြောင်းသိရသည်။
ထို့ပြင် အဆိုပါ တိုက်ပွဲများအတွင်း အတ္ထရံတံတား (ချောင်းနှစ်ခွ) သည်လည်း ဖျက်ဆီးခံခဲ့ရပြီး တောင်ကလေး၊ ကျောက်ကွဲ၊ လှကဇိုင်း၊ မယ်တရို၊ ဖက်တေးကုန်း၊ ချောင်းနှစ်ခွစသည့် ကျေးရွာများမှ ဒေသခံများ ၁၈ ရက်ကြာသည်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဓါတ်ပုံ- နဂါးနီစစ်ကြောင်း
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အတ္ထရံတံတား
#ကျိုက်မရောမြို့နယ်

Facebook
#mizzima – Explore
explore #mizzima at Facebook
👍10❤1
ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
=====================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်၊ သေဆုံးသူများရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ ဝင်များထံမှ သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစ၍ ဒေါက်ရပ်ကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂)၊ တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့အကြား မိနစ် ၂၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
"ရန်သူနဲ့ ကိုယ်တွေနဲ့ ကိုက် ၅၀ ပဲကွာတယ်၊ ဖြစ်တဲ့နေရာက ဒေါက်ရပ်ရွာနဲ့ နီးတယ်၊ ကားလမ်းဘေးပဲ၊ ကိုယ့်ဘက်က အသာစီးရသွားတော့ သူတို့ အထိနာကုန်တာ၊ သူတို့ ထိသွားတော့ အမတ (၃၁၄) ကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာပါ၊ ကိုယ့်ဘက်က အဲ့မှာ မရှိတော့ အထိအခိုက် မရှိဘူး" ဟု တောကျီးကန်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ၁၀ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်က ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ (၃၁၄) မှ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။
"အခုကတော့ ဒီစကစစစ်ကြောင်းက ပြန်ဆုတ်သွားပြီ၊ ဘယ်မှာ ရှိနေလည်း မသိပေမယ့် ရွာထဲကနေတော့ ပြန်ဆုတ်သွားပြီ" ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီတပ်က ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သဖြင့် ၁ နာရီခန့်ကြာ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့၊ ညပိုင်းကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၉) ကို ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တဖွဲ့က ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ပုံညွှန်း - KNLA စစ်သားတဦးကို တွေ့ရစဉ်
စာတည်း။ ။ နောင်နောင်
#မွန်ပြည်နယ်
#ဘီးလင်း

❤11👍10🔥1
KNLA ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာသွားပြီးနောက် မုန်းအဝင်တံတားဂိတ်တွင် စစ်ကောင်စီတပ် ပြန်လည် နေရာယူ
===================
YT
(မဇ္ဈိမ) ။ ။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ထိန်းချုပ်ခဲ့ သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အဝင်မှ သာစည်တံတားဂိတ်စခန်းတွင် စစ်ကောင်စီတပ်က ပြန်လည်နေရာယူ အထိုင်ချနေကြောင်း ဒေသခံများကပြောသည်။
မုန်းအဝင် သာစည်တံတားဂိတ်စခန်းအား ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းမှစ၍ KNLA ၊ PDF ၊ BPLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုအပါအဝင် ပူးပေါင်းတပ်ဖွဲ့များက အသီးသီး သတင်းထုတ်ပြန်ခဲ့ကြ သည်။
ဒေသခံများ၏ ပြောဆိုချက်အရ KNLA ၊ PDF ၊ BPLA ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ပြီး၍ ပြန်လည်ဆုတ် ခွာသွားချိန်တွင် စစ်ကောင်စီတပ်က ဖြူးမြို့နယ်၊ အုတ်ဖြတ်ဘက်မှတဆင့် စစ်ကြောင်းထိုးပြီး မုန်းမြို့ အဝင် သာစည်တံတားဂိတ်၌ ပြန်လည်နေရာယူနေခြင်းဖြစ်ကြောင်း သိရသည်။
“KNU၊ PDF အဖွဲ့တွေ ပြန်ဆုတ်သွားပြီးကတည်းက မုန်းအဝင်အထွက် သံတံတားမှာ သူတို့ နေရာပြန်ယူ ထားတာ” ဟု KNU နှင့်နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
“ပူးပေါင်းတပ်ဖွဲ့က ပြန်ဆုတ်သွားတယ်။ (စစ်ကောင်စီ)စစ်ကြောင်းကဝင်လာပြီ။ အုတ်ဖြတ်ကနေ မုန်းမြို့ အဝင်တံတားဘက်ကနေ ဝင်လာတာပါ။ မုန်းတံတားကို ပူးပေါင်းအဖွဲ့ မသိမ်းနိုင်ခဲ့ဘူး။ အဲဒါကြောင့် စစ်တပ်ပြန်လာနေတယ်။ မြို့အတွင်းမှာတော့ နေရာမယူရဲဘူး။ တံတားနဲ့ တောင်ငူ-မုပ္ပလင်ကားလမ်း ဘေး၊ ဆေးရုံတို့မှာ နေရာယူထားတယ်” ဟု အခြားဒေသခံတဦးကလည်း မဇ္ဈိမကိုပြောသည်။
မြေပြင်ရဲဘော်တဦး၏ပြောကြားချက်အရ မုန်းအဝင်တံတားဂိတ်အား ပြန်လည်ရယူရန် စစ်ကောင်စီတပ် ကကြိုးပမ်းနေခြင်းဖြစ်ပြီး ဂိတ်အနီးတဝိုက် မကြာခဏ ပစ်ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။
“မုန်းအဝင်တံတား ဂိတ်မှာကတော့ နှစ်ဘက်လုံးတော့ ရှိနေကြတယ်။ သူတို့ဘက်ကလည်း ပြန်ရဖို့ ကြိုစားနေတယ်။ ထိတွေမှုတွေရှိနေတယ်၊ တည့်တည့်တိုးတာမျိုးတော့ မရှိဘူး။ လေကြောင်းကို အဓိကပို အားထားတယ်။ မြေပြင်က ထင်သလောက် မတိုးဘူး” ဟု မြေပြင်ရဲဘော်တဦးက ပြောသည်။
မုန်းမြို့အဝင် သာစည်တံတားဂိတ်စခန်းတွင် စစ်ကောင်စီတပ်က ပြန်လည်နေရာယူနေသည့် အခြေအနေ နှင့်ပတ်သက်၍ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တာဝန်ရှိသူများထံ မဇ္ဈိမကဆက်သွယ် အတည်ပြုနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ မုန်းမြို့ရှိ ခမရ (၅၉၉)၊ (၅၉၀)၊ မုန်းမြို့မရဲစခန်း၊ မုန်းအဝင်တံတား ဂိတ်စခန်း၊ ကော့ပြင်းစခန်းတို့ကို KNLA၊ PDF၊ BPLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် မုန်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း ၉၅ ရွာမှ ဒေသခံ ၇၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်၍ မုန်းဒေသခံအများစုသည် လက်ရှိအချိန်ထိ နေအိမ်ပြန်နိုင်ခြင်း မရှိသေးဘဲ ယခုရက်ပိုင်းအတွင်း မြို့တွင်းရှိ ၎င်းတို့၏နေအိမ်များမှ ပစ္စည်းများကို လာရောက်သယ်ယူ နေကြောင်း မုန်းမြို့တွင်းတွင် နေထိုင်သည့် ဒေသခံတဦးထံက သိရသည်။
“ပြန်လာနေတဲ့သူ တချို့လည်းရှိတယ်။ တစ်ချို့လည်း ကျန်နေခဲ့တဲ့ ကုန်ပစ္စည်း၊ အထုတ်အပိုး၊ အိမ်သုံး ပရိဘောဂ ဘာညာတွေ ပြန်လာသယ်ကြတယ်။ ဒီနေ့ထိ သုံးရက်ရှိပြီ ပြန်လာသယ်ကြတာ။
မနေ့က ပြန် လာသယ်တဲ့ သူငယ်ချင်းတယောက်တောင် ဒီနေ့ပြန်ထွက်ဖို့ မနက်အစောကတည်းက သံတံတားအဝင် အထွက်နားမှာ သွားစောင့်နေတာ အခုထိ(စစ်ကောင်စီက)မဖွင့်ပေးဘူး ။ မနက် ၆ နာရီ ကျော်ကတည်းက ကား၊ ဆိုင်ကယ်ဘေးတွဲနဲ့ ပြန်ထွက်ဖို့စောင့်နေကြတာ အများကြီးပဲ” ဟု မုန်းမြို့မှ ဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။
မုန်းမြို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၂၀ ဦးသေဆုံး၍ ၅၀ ဦး ဒဏ်ရာရခဲ့ပြီး ၂၁ ဦး လက်နက်ချအညံ့ခံခဲ့ကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားပြီး KNLA၊ PDF၊ BPLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်ကျဆုံးသူ ၁၀ ဦးကျော်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
စာတည်း။ ။စောဖေ
#မုန်းမြို့
#KNLAပူးပေါင်းတပ်ဖွဲ့

👍13❤1🔥1😁1
မိုလိုကျိုးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ထုတ်ပြန်
==============
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်၏ ပွိုင့် (၉၃၉) မိုလိုကျိုး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ခြင်းဖြစ်သည်။
" မိုလိုကျိုးကို KNU က သိမ်းလိုက်ပြီ။ တော်တော်ထိတယ်တဲ့ စကစဘက်က။ စော်ထာက ကောင်တွေလည်း ပြန်ဆုတ်သွားပြီ" ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ အလောင်း ၇၀ ကို တွေ့ခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်း ရှိကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိကြောင်း KNU က ဖော်ပြထားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
ပူးပေါင်းတပ်ဖွဲ့က မိုလိုကျိုးစခန်းအား နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် ထိုးစစ်ဆင်ခဲ့ခြင်းရှိပြီး ထိုအချိန်မှစ၍ စခန်းအား ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။
မိုလိုကျိုးစစ်ကောင်စီစခန်းသည် ကရင်နီပြည်နယ်နှင့် KNU တပ်မဟာ (၅) နယ်မြေအစပ်၊ သံလွင်မြစ်ကမ်းဘေး၊ ဖဲထာအနီးတွင် နှစ် ၃၀ ကြာ တပ်စွဲထားသည့် စစ်ကောင်စီစခန်း ဖြစ်ပြီး အဆိုပါ စခန်း၏ အနီးတွင် စော်ထာစခန်းနှင့် သီမူထာ စခန်းတို့လည်း တည်ရှိကာ သိမူထာစခန်းကို KNLA က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားခဲ့သည်။
ပွိုင့် (၉၃၉) မိုလိုကျိုးစခန်းကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် အဆိုပါစခန်း၏ တောင်ဘက်၊ သံလွင်မြစ်ကမ်းဘေးရှိ စော်ထာစခန်းမှ စစ်ကောင်စီတပ်သားများကလည်း စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုလိုကျိုးစခန်း
#ကရင်နီပြည်နယ်
#KNU
#KNLA
ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့် စခန်းပုံ (ဓါတ်ပုံ- KNU)

👍28❤3😁2👎1
စစ်ကောင်စီတပ်ကတော့တိုက်ပွဲဖြစ်ရင်တပ်ပျက်တာပါပဲသူတို့မပြေးတာဆိုလို့လာအို ပဲရှိတော့တယ်(Editorial Talk)
မဇ္ဈိမ။ ။ ဒီတပတ် မဇ္ဈိမ Editorial Talk အစီအစဉ်မှာ ...
https://www.youtube.com/watch?v=1MbIVspr1Sk

YouTube
စစ်ကောင်စီတပ်ကတော့တိုက်ပွဲဖြစ်ရင်တပ်ပျက်တာပါပဲသူတို့မပြေးတာဆိုလို့လာအို ပဲရှိတော့တယ်(Editorial Talk)
မဇ္ဈိမ။ ။ ဒီတပတ် မဇ္ဈိမ Editorial Talk အစီအစဉ်မှာ မြန်မာနိုင်ငံတောင်ပိုင်းက အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန…
👍14🔥1