Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
၈ ကြိမ်မြောက် ဘလွန်းဒီအော်ကို ရယူပြီးနောက် နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ 'သံသယမရှိ'တဲ့ လီယွန်နယ်မက်ဆီ
===============

By PKThawn

လီယွန်နယ်မက်ဆီကတော့ ဘလွန်းဒီအော် (Ballon d'Or)ဆုတွေအတွက် သူ့ရဲ့စံချိန်မှတ်တမ်းကို တိုးမြှင့်ပြီးနောက် အင်တာမိုင်ယာမီဟာ နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ သံသယမရှိပါဘူးလို့ သူက ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်ကစားသမားဟာ သူ့နိုင်ငံကို ၂၀၂၂ ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးပြီးနောက် ပြီးခဲ့တဲ့လမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရှစ်ကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ ဇူလိုင်လမှာ မိုင်ယာမီသို့ ပြောင်းရွှေ့ဖို့ PSG အသင်းမှ ထွက်ခွာခဲ့ပြီး MLS ကလပ်ဟာ သြဂုတ်လမှာ ၎င်းတို့ရဲ့ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

“ကျနော်တို့ဟာ ပျော်ရွင်နေပြီး ဆုဖလားတွေ ဆက်လက် ရယူသွားမှာဖြစ်ပါတယ်။"လို့ မက်ဆီက ပြောပါတယ်။

"ကျနော် ဒီနေရာကို ရောက်လာခဲ့ပြီးတဲ့ လတွေတိုင်းမှာ ခင်ဗျားတို့တွေ ကျနော်တို့ကို လိုက်ပါအားပေးခဲ့တဲ့သလို ကျနော်တို့အနဲ့အတူ ဆက်ရှိနေပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

မက်ဆီဟာ ၂၀၂၃ US ရာသီပိတ်သိမ်းမယ့် နယူးယော့ခ်စီးတီးနဲ့ ခြေစမ်းပွဲအဖြစ် မိုင်ယာမီမှာ သူ့ရဲ့ ပထမဆုံးပွဲပြန်မကစားခင် ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ခြေစမ်းပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ သူ့ရဲ့အသင်းကိုတော့ ကူညီမပေးနိုင်ခဲ့ပါဘူး။

ကလပ်အသင်းဟာ DRV PNK ကွင်းမှာ အထူးအခမ်းအနားတရပ်ကျင်းပကာ ပွဲကို 'Noche d'Or'လို့ နာမည်ပေးခြင်းဖြင့် မက်ဆီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။

“ဒီလိုလှပတဲ့ဂုဏ်ပြုမှုအတွက် ဒီမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်”လို့ မက်ဆီက ပြီးခဲ့တဲ့လက ပါရီမှာ ရယူခဲ့တဲ့ ဆုကို ကိုင်မြှောက်ပြီးနောက် ပြောပါတယ်။ “ကျနော် ဒီကို ရောက်လာတာ ဘာမှ မကြာသေးပါဘူး။ ဒါပေမယ့် အချိန်အကြာကြီးလိုပါပဲ။

“ဒီကာလအတွင်းမှာ ကျနော်နဲ့ ကျနော်မိသားစုအပေါ် အရေးတယူဆက်ခံမှုအတွက် ဒီမှာရှိတဲ့သူတွေသာမက မြို့ထဲမှာရှိတဲ့ မိုင်ယာမီက လူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။

"သူတို့က ကျနော့်ကို ချစ်ခင်မှုအများကြီး ပြခဲ့တယ်၊ အိမ်မှာ ရှိနေတဲ့ ခံစားချက်မျိုး ကျနော့်ကို ပေးပါတယ်။"

"ကျနော်တို့တွေအတူ ပျော်ရွင်ရမယ်ဆိုတာ သံသယမရှိခဲ့ပါဘူး၊ နောက်နှစ်မှာ ပိုကောင်းလာမယ်ဆိုတာကို ဒီနေ့မှာ ကျနော် နည်းနည်းမှ သံသယ မရှိပါဘူး"လို့ ၂၀၂၅ နှစ်ကုန်အထိ စာချုပ်ထားတဲ့ မက်ဆီက ပြောပါတယ်။

မိုင်ယာမီအသင်းဟာ ၂၀၂၃ ရာသီအတွင်း မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဘူးစကွက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကိုလည်း ခေါ်ယူခဲ့ပြီး ၂၀၂၄ ရာသီမတိုင်ခင် ရောက်ရှိလာမယ့် တခြား ဘာကာကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref; AFP, BBC
Photos: EPA

#messi #lionelmessi #BallondOr #InterMiami #မက်ဆီ #အင်တာမိုင်ယာမီ #ဘလွန်းဒီအော် #Mizzima
👍3
၂၀၂၂ ကမ္ဘာ့ဖလားက အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဂျာစီ ၆ ထည်ကို ပေါင် ၆.၁ သန်းနဲ့ ရောင်းချ
=================

By PKThawn

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက လီယွန်နယ် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ ခြောက်ထည်ကို နယူးယောက်ခ်ရှိ Sotheby's လေလံပွဲမှာ စုစုပေါင်း ဒေါ်လာ ၇.၈ သန်း (ပေါင် ၆.၁ သန်း) နဲ့ ရောင်းချခဲ့ပါတယ်။

အာဂျင်တီးနားက ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိမှုနဲ့အတူ မက်ဆီဟာ အသင်းခေါင်းဆောင်အဖြစ် ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိခဲ့တာပါ။

ဂျာစီခြောက်လုံးဟာ ဗိုလ်လုပွဲ ပထမပိုင်း၊ ဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်၊ ၁၆ သင်းရှုံးထွက်အဆင့်နဲ့ အုပ်စုပွဲနှစ်ပွဲတို့မှ ဖြစ်ပါတယ်။

ပွဲအတွင်းဝတ်ဆင်တဲ့ ဘောလုံးဂျာစီတထည်အတွက် စံချိန်မှတ်တမ်းမှာ၂၀၂၂ မှာ ပေါင် ၇.၁ သန်းဖြင့် ရောင်းချခဲ့တဲ့ ဒီယေဂို မာရာဒိုနာရဲ့ 'Hand of God (ဘုရားပေးသော လက်)' ဂျာစီဖြစ်ပါတယ်။

ဘလွန်းဒီအော် ရှစ်ကြိမ်ရှင် မက်ဆီဟာ ကမ္ဘာ့ဖလားသမိုင်းတလျောက် အုပ်စုအဆင့်၊ ၁၆ သင်းရှုံးထွက်အဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဒီပြိုင်ပွဲတခုရဲ့ ဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

သူဟာ အာဂျင်တီးနားအသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခုနစ်ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပေမယ့်လည်း Heart of Midlothian တို့ရဲ့ သြစတြေးလျလက်ရွေးစင် ကမ်မီဒဗလင်ဟာ ပြိုင်ပွဲအတွင်း မက်ဆီနဲ့ အင်္ကျီလဲလှယ်ခဲ့တာကြောင့် အုပ်စုအဆင့်အတွင်း သူဝတ်ဆင်ခဲ့တဲ့ ရှပ်အင်္ကျီသုံးထည်အနက် နှစ်ထည်ကိုသာ လေလံတင်ရောင်းချခဲ့တာပါ။

"လေလံကနေ ရရှိတဲ့ ငွေကြေးထဲက တစိတ်တပိုင်းကို လီယို မက်ဆီ ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုဖြင့် Sant Joan de Deu Barcelona ကလေးဆေးရုံက ဦးဆောင်တဲ့ Unicas ပရောဂျက်သို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီပရောဂျက်က ရှားပါးရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ဖြစ်တယ်"လို့ Sotheby's က ပြောပါတယ်။

Photos: EPA

#မက်ဆီ #lionelmessi #messijersey
👍10
​​မက်ဆီ ပါဝင်မယ့် ဟောင်ကောင် ခြေစမ်းပွဲ လက်မှတ်တွေ တနာရီအတွင်း ရောင်းကုန်

By PKThawn

လီယွန်နယ် မက်ဆီ ပါဝင်မယ့် ဟောင်ကောင် ခြေစမ်းပွဲအတွက် လက်မှတ်တွေကို ဝယ်ယူဖို့ အွန်လိုင်းမှာ လူနှစ်သန်းနီးပါး တန်းစီစောင့်ဆိုင်းပြီးနောက် သောကြာနေ့မှာ တနာရီအတွင်း လက်မှတ်တွေ အလျင်အမြန် ရောင်းကုန်သွားခဲ့ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ အာဂျင်တီးနားကစားသမားနဲ့ သူ့ရဲ့ အင်တာမိုင်ယာမီအသင်းဟာ ဖေဖော်ဝါရီ ၄ ရက်မှာ လူ ၄၀,၀၀၀ ဆံ့ ဟောင်ကောင်အားကစားကွင်းမှာ ဟောင်ကောင် XI အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လူဦးရေ ၇.၅ သန်းရှိ ဘဏ္ဍာရေးဆိုင်ရာအချက်အချာ မြို့က ဘောလုံးပရိသတ်တွေဟာ ဟောင်ကောင်ဒေါ်လာ ၈၀၀ မှ ၄,၈၈၀ (ဒေါ်လာ ၁၁၀ မှ ၆၂၅ ဒေါ်လာအထိ) ကုန်ကျမယ့် လက်မှတ်တွေ ဝယ်ယူဖို့အတွက် သောကြာနေ့ မနက်က လက်မှတ်ရောင်းတဲ့ အက်ပ်သို့ အကောင့်ဝင်ရောက်ရာမှာ များပြားလှတဲ့ မှာယူတန်းစီမှုကို ကြုံတွေ့ခဲ့ရပါတယ်။

"ပရိသတ်တွေဆီက တုံ့ပြန်မှုအတွက် ကျနော်တို့ လုံးဝကို ပီတိဖြစ်ရတယ်"လို့ ပွဲဖြစ်မြောက်ရေး ကူညီပေးတဲ့ Tatler Asia ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Michel Lamuniere က ပြောပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က "သုံးစွဲသူ များပြားခြင်း (traffic overload ဖြစ်ခြင်း)"ကို ပြတဲ့ အက်ပ်ဆီက error message တွေကို screenshots ရိုက်တင်ခဲ့ကြပါတယ်။

မက်ဆီဟာ ဟောင်ကောင်မှာ ၂၀၁၄ တုန်းက နောက်ဆုံးကစားခဲ့တာဖြစ်ပြီး ခြေစမ်းပွဲလည်းဖြစ်ပါတယ်။

မိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက MLS ကလပ်ဟာ "သာယာလှပရုံသာမက တက်ကြွပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားပတ်ဝန်းကျင်လည်းရှိတဲ့မြို့"မှာ ကစားဖို့ မျှော်လင့်ထားကြောင်း အရင်က ပြောပါတယ်။ ဘက်ခမ်းဟာ ရီးယဲမက်ဒရစ်ကို ပြောင်းရွှေ့အပြီး မကြာခင် ၂၀၀၃ ဟောင်ကောင်မှာ ခြေစမ်းပွဲကစားခဲ့ဖူးပါတယ်။

ဟောင်ကောင်မှာ ကစားမယ့် မိုင်ယာမီရဲ့ ပွဲထွက်လူစာရင်းမှာ ဂျော်ဒီ အယ်လ်ဘာနဲ့ ဘူးစကွက်စ်တို့လည်း ပါဝင်မှာဖြစ်ကြောင်း ပွဲစီစဉ်သူတွေထံမှ သိရပါတယ်။

ဟောင်ကောင် XI အသင်းဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းလိဂ်မှ ကစားသမားတွေဖြင့် ဖွဲ့စည်းမှာဖြစ်ပါတယ်။

(AFP) Photo: EPA

#LionelMessi #မက်ဆီ #InterMiami #အင်တာမိုင်ယာမီ
👍11🤮1