Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရေစကြိုတွင် ရဲစခန်းနှင့် စစ်ကောင်စီကင်းစခန်းများကို တိုက်ခိုက်၊ တပ်သား ၂ ဦးသေဆုံး

MTO
မဇ္ဈိမ။ ။မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် ကပ်ကျော်ဘုန်းကြီး ကျောင်းကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger -MBT အဖွဲ့မှ ထုတ်ပြန်ထားသည်။
မတ်လ ၂၆ ရက် နံနက်ပိုင်းက ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးဒဏ်ရာရရှိသွား ကြောင်း MBT အဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောသည်။
“ ကျနော်တို့သွားပြီးတိုက်ခိုက်ချိန်မှာ သူတို့ဘက်က ကင်းပုန်းနဲ့ အရင်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ ကျနော်တို့လည်း ပြန်ပြီး ပစ်ဆုတ် ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က တစ်ဦး ဒဏ်ရာရရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း ရေစကြိုမြို့၊ မြို့မရဲစခန်းကို ပြောက်ကျားနည်းစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိသွားကြောင်း MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုသည်။
“ ရဲစခန်းမှာက အရင်ဆုံး ဘန်ကာထဲကို လက်ပစ်ဗုံးနဲ့ပစ်ခတ်နိုင်ခဲ့လို့ အထဲက နှစ်ယောက်သေတယ်။ အဲဒီနောက်မှာ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ သူတို့ ဘက်က နောက်ထပ် သုံးယောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။
ယခုတိုက်ခိုက်မှုများသည် Myingyan Black Tiger- MBT အဖွဲ့၏ အမှတ်(၂)စခန်း သိမ်းပိုက်ခံရမှုအပေါ် လက်တုန့် ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။
Myingyan Black Tiger- MBT အဖွဲ့၏ ရေလယ်ကျွန်းဒေသဌာနချုပ်စခန်းနှင့် အမှတ်(၂)စခန်းတို့ကို ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
MBT အဖွဲ့အနေဖြင့် ရေလယ်ကျွန်းဒေသ၊ ဌာနချုပ်စခန်းကိုပြန်လည်ရယူနိုင်ခဲ့သော်လည်း အမှတ် (၂) စခန်းကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရေစကြို
#MBT
#ရေလယ်ကျွန်းဒေသ
#တိုက်ခိုက်
#ရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🥱1🤣1
​​ရေစကြိုမှာ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက် ၁ဦးသေဆုံး

MTO
မဇ္ဈိမ။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၁) ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်ပစ်ခတ်ခဲ့ရာ အရာရှိတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger-MBT အဖွဲ့ က ထုတ်ပြန်ကြေငြာ သည်။
ဘုန်းကြီးကျောင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆံပင်ညှပ်နေသည် ဟု သတင်းပေး၏ သတင်းပေးပို့မှုကြောင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း MBT အဖွဲ့က ဆိုသည်။
“ကျတော်တို့ ပထမဆုံးဝင်ရောက်ပစ်ခတ်ခဲ့တဲ့အချိန်မှာ အရာရှိတစ်ဦးသေတယ်၊ နောက်တစ်ယောက်က တော့ မသေသေးဘဲ သေမလိုဖြစ်နေတယ်လို့ သတင်းပေးက ပြောပါတယ်” ဟု MBTအဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ကပ်ကျော်ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးကျော်လောက်သာရှိပြီး ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လည်းပြန်လည်ပစ်ခထ်ခဲ့ပြီးနောက် ရပ်ကွက် အတွင်းထိ လိုက်လံပစ်ခတ်ခဲ့ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။
၎င်းက “ သူတို့ဘက်က နောက်ကလိုက်ပစ်တယ်၊ ကျတော်တို့သေနတ်က နောက်ထပ် ကျည်ဘောက် တစ်ဘောက်ထည့်ပစ်လို့ မရတဲ့အတွက် ပြန်ပြီး မပစ်ခဲ့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MBT အဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း Myingyan Black Tiger -MBT အဖွဲ့ ကထုတ်ပြန်ထားသည်။
စာတည်း -သန့်ဇော်(သန်လျင်)
#mizzima
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့ဝင်
#MBT
#ကပ်ကျော်ဘုန်းကြီးကျောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🥴2
Media is too big
VIEW IN TELEGRAM
ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

#Mizzima #စစ်ဆင်ရေးစခန်း #MBT #ရေစကြိုမြို့ #စစ်ကောင်စီ
👍11🔥1😁1
“မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို သေချာစနစ်တကျနဲ့ စီစစ်ပြီး ထောက်ပံ့သင့်တာတွေကို ထောက်ပံ့စေချင်တယ်။မောင်းပြန်သေနတ်တွေမထောက်ပံံ့ပေးနိုင်ရင်တောင် လက်နက်ခဲယမ်းလေးတွေ ကူညီပေးစေချင်ပါတယ်” Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲ (အင်တာဗျူး)
============================

မောင်ခက်နွေ (မဇ္ဈိမ) 

တော်လှန်ရေးကို စတင်ချိန်မှာ လူ ၇ ယောက်တည်းနဲ့ စတင် ခဲ့တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ယခုဆိုရင် တပ်ဖွဲ့ဝင်အင်းအား ရာနဲ့ချီရှိနေပါပြီ။ 

လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေးကလဲ ၂ နှစ်ကျော်နေသလို သူတို့ အဖွဲ့ရဲ့ အာဏာရှင်ကို တွန်းလှန်နေတာဟာလဲ တစ်နှစ်ကျော်သက်တမ်းရှိနေပါပြီ။ 

ဒီလို အချိန်ကာလ ကြာမြင့်လာတဲ့ အချိန်ထိ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ ဘယ်လိုတွေ ရပ်တည်နေပါသလဲ၊ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ Myingyan Black Tiger (MBT) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ Mizzima ရဲ့ weekly interview အစီအစဉ်ကနေ မေးမြန်းတင်ဆက်ပေးထားပါတယ်။ 

https://youtu.be/7fWfDWb3PX8

တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ

#Weeklyinterviews
#MBT
#Mizzima
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1
“အဓိကကတော့ သူတို့ရဲ့ဘန်ကာတွေဖြိုဖျက်ဖို့မလွယ်ကူတာပေါ့နော်။ အဲဒါတွေသာ ဖြိုဖျက်နိုင်မယ် ဆို ရင် အချိန်ခဏအတွင်းမှာသူတို့ရဲ့စခန်းကို သိမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် “RPG-7 campaign” တစ်လကမ်ပိန်း၊သိန်း ၄၀၀ ကမ်ပိန်းကို ကျွန်တော်တို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်”ဟုဗိုလ်မိုက်ခဲကဆိုသည်။
Myingyan Black Tiger-MBT တပ်ဖွဲ့သည်ထောက်ပံ့မှုအင်အားနည်းပါးမှု၊ ငွေကြေး တောင့်တောင့်တင်း တင်းမရှိခြင်းများကြောင့်အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများကို မလုပ်နိုင်ဟု သိရသည်။
သို့သော် ယခုကမ်ပိန်းသာအောင်မြင်ခဲ့ပါက စစ်ကောင်စီ၏ တပ်စခန်းများကိုတိုက်ခိုက် သိမ်းပိုက်ကာ ပြည်သူများထံသို့ လက်ဆောင်အနေဖြင့်ပေးမည်ဟုလည်းဗိုလ်မိုက်ခဲမှ ကတိပြုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#MBT
#RPG-7
#မြင်းခြံ
#စခန်းသိမ်း
#လက်နက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🤪2❤1