Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကလပ်အသင်းနဲ့ ၂၀၂၈ အထိ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုတဲ့ မန်စီးတီးဆယ်ကျော်သက်နောက်ခံလူ ရီကိုလူးဝစ်

စွယ်စုံရနောက်ခံလူ ရီကိုလူးဝစ်ဟာ မန်ချက်စတာစီးတီးနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

Bury မွေးဖွားတဲ့ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ကစားခဲ့ပြီး ၁၆ ပွဲထိ ပဲထွက်ခဲ့ကာ တစ်ဂိုးသွင်းနိုင်ခဲ့သလို စီးတီးကလည်း ဖလားသုံလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အကယ်ဒမီထွက် ကစားသမားဟာ သူ့ရဲ့လက်ရှိစာချုပ်မှာ တစ်နှစ်ကျန်ရှိတော့ပြီး ၂၀၂၈ အထိ ကလပ်မှာ သူ့ကိုယ်သူ ပုံအပ်ထားလိုက်ပြီဖြစ်ပါတယ်။

Photo: Man City/Twitter

#ricolewis
#mancity
#Mizzima
😁2
2023 UEFA SUPER CUP Champion Manchester City
=================

မန်စီးတီး ၁-၁ ဆီဗီလာ

ပင်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးက ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

#UEFASuperCup
#mancity
#Sevilla
#Mizzima
👍12❤5😁1
​​ပက်ဂွာဒီယိုလာ – မန်ချက်စတာစီးတီးနည်းပြ နောက်ကျော အသေးစား ခွဲစိတ်ကုသမှုခံယူပြီးနောက် လာမယ့်ပွဲစဉ်နှစ်ပွဲကို လွဲချော်ဖို့ ရှိ
===================

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ နောက်ကျောခွဲစိတ်မှုခံယူပြီးနောက် သူ့အသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဂွာဒီယိုလာဟာ "ပြင်းပြင်းထန်ထန်" ခါးနာတာကို ခံစားနေရပြီး "အရေးပေါ်" အခြေအနေအတွက် ဘာစီလိုနာကို သွားရောက်ခဲ့ပေမယ့် "အသေးစား" ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

စီးတီးဟာ တနင်္ဂနွေနေ့မှာ ရှက်ဖီးယူနိုက်တက်ဆီ သွားရောက်မှာဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှာတော့ ဖူလ်ဟမ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံကစားမှာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ နိုင်ငံတကာကြားရက် အပြီးမှာ တာဝန် ပြန်ထမ်းဆောင်ဖို့ မျှော်လင့်နေပါတယ်။

Ref; BBC
Photo: EPA

#PepGuardiola
#mancity
👍9🔥2
​​မန်ချက်စတာစီးတီးအသင်း ချန်ပီယံလိဂ်ဖလားတစ်လုံးသာ ရယူထားရာမှာ ထူးထူးခြားခြား ဘာမှ လုပ်ပြခဲ့ခြင်း မရှိသေး - ပက်ဂွာဒီယိုလာ
=====================

By PKThawn

ပက်ဂွာဒီယိုလာက မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားတစ်လုံးသာ ရရှိထားပြီး ဘာမှ ထူးထူးခြားခြား လုပ်ပြခဲ့ခြင်း မရှိသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပြီးနောက် စီးတီးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၁-၀ ဂိုးနဲ့ အနိုင်လိုက်ချိန်မှာတော့ ဖလားသုံးလုံး ရယူနိုင်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်အသင်းဖြစ်လာခဲ့ပါတယ်။

စီးတီးဟာ အင်္ဂါနေ့မှာ အိမ်ကွင်းမှာ ဘယ်ဂရိတ်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့အခါ သူတို့ဟာ ချန်ပီယံလိဂ်ဖလား ကာကွယ်ရေးကို စတင်မှာဖြစ်ပါတယ်။

"ဒါက ပိုလွယ်ပါလိမ့်မယ်။ အနိုင်ရဖို့ အခက်ဆုံးက ပထမပွဲပါပဲ"လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ကျနော်တို့ကလပ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားရတယ်ဆိုတာက မယုံနိုင်စရာပါပဲ၊ ဒါပေမယ့် တခြားရှုထောင့်အရတော့ ချန်ပီယံလိဂ်ဖလားတစ်လုံးကို ရယူနိုင်တယ်ဆိုတဲ့အသင်း ဘယ်လောက်တောင် များသလဲ?

"ကျနော်တို့က ဖလာတစ်လုံးတည်းနဲ့ ထူးထူးခြားခြား ဘာမှ လုပ်ပြတာမရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့တွေ အရမ်းဂုဏ်စယူပါတယ်။"

အစ္စတန်ဘူလ်မှာ စပိန်ကွင်းလယ်ကစားသမား ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အင်တာမီလန်အနိုင်ရတဲ့ ဗိုလ်လုပွဲကို ပြန်လည်ကြည့်ရှုခဲ့ခြင်းမရှိကြောင်း စီးတီးနည်းပြက ပြောပါတယ်။
“ကျနော် အဲဒီပွဲကို ပြန်မကြည့်ခဲ့ပါဘူး၊ လုံးဝပါပဲ။”လို့ သူက ပြောပါတယ်။

"သူတို့ (အင်တာမီလန်) ဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းလို့ ကျနော် ခံစားမိခဲ့ပါတယ်။ သူတို့ အဲဒါကို သက်သေပြခဲ့ပါတယ်။ ဒါဟာ ကစားရခက်တဲ့ ပွဲတစ်ပွဲ ဖြစ်ပေမဲ့ သူတို့ ဘယ်လောက် သန်မာတယ်ဆိုတာကို ပြသခဲ့ပြီး သူတို့ဟာ နောက်ထပ် စိန်ခေါ်တဲ့အသင်း ဖြစ်လာပြန်ပါတယ်။"

စီးတီးအသင်းဟာ ဆားဘီးယားကလပ် ဘယ်ဂရိတ်၊ ဂျာမန်ကလပ် လိုက်ပ်ဇစ်နဲ့ ဆွစ်ဇာလန်ကလပ် ရမ်းဘွိုင်းအသင်းတို့နဲ့အတူ ချန်ပီယံလိဂ်အုပ်စု G မှာ ပါဝင်နေပါတယ်။

Ref; BBC
Photo: EPA

#mancity #Guardiola #championsleague
🔥3🤬1
​​ပိုင်ရှင်တူ ကလပ်အသင်းတွေကြား ကစားသမား အငှားခေါ်ယူခွင့် ပိတ်ပင်ရေး အဆိုတင်သွင်းမှု ပရီးမီးယားလိဂ် အရေးနိမ့်
==================

By PKThawn

ပရီးမီးယားလိဂ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပိုင်ရှင်တူကလပ်အသင်းတွေကြား ကစားသမားတွေ အငှားပြောင်းရွှေ့ခြင်းကို ပိတ်ပင်ဖို့ အဆိုပြုတင်သွင်းရာမှာ အရေးနိမ့်ခဲ့ကြောင်း အင်္ဂါနေ့က သတင်းတွေအရ သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ ဆော်ဒီအာရေးဗီးယားရဲ့ လူထု ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အစည်း (Public Investment Fund)က ပိုင်ဆိုင်တဲ့ တခြားကလပ်မှ ကစားသမားတဦးကို နယူးကာဆယ်လို အသင်းတွေထံ အငှားချခြင်းကို ပိတ်ပင်လိုကြောင်း သတင်းတွေက ဆိုပါတယ်။

နယူးကာဆယ်ဟာ လက်ရှိ ဆော်ဒီကလပ် အယ်လ်-ဟီလာလ်မှာ ကစားနေတဲ့ ကွင်းလယ်ကစားသမား ရူဘင်နီဗက်စ်ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

တိုနာလီဟာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်မှုအတွက် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ၁၀ လကြာ ကစားခွင့် အပိတ်ခံရအပြီး သူ့ကို လက်လွတ်လိုက်ရတဲ့ နယူးကာဆယ်က နီဗက်စ်ကို ဖြည့်သွင်းမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အင်္ဂါနေ့က လန်ဒန်မှာ ပြုလုပ်တဲ့ ရှယ်ယာရှင်များ အစည်းအဝေးမှာ ဒီပိတ်ပင်တားမြစ်မှုကို မဲပေးထောက်ခံဖို့ ကလပ်အသင်း ၂၀ အနက် ၁၄ သင်း လိုအပ်တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပိတ်ပင်ချက်ကို မဲပေးမှုက ၁၃-၇ နဲ့သာ အဆုံးသတ်ခဲ့တာကြောင့် နယူးကာဆယ်အနေနဲ့ နီဗက်စ်ကို ဇန်နဝါရီ အငှားနဲ့ ခေါ်ယူခွင့်ရခဲ့ပြီလို့ သိရပါတယ်။

PIF ဟာ နယူးကာဆယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဇွန်လက ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်-နာဆာ၊ အယ်လ်-ဟီလာလ်၊ အယ်လ်-အဟ်လီနဲ့ အယ်လ်-အီတီဟဒ်တို့ကိုလည်း လွှဲပြောင်းယူခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံအခြေစိုက် ကစားသမားတွေကို ခေါ်ယူဖို့ ထည့်သွင်းစဉ်းစားမှာလားဟု နယူးကာဆယ်မန်နေဂျာ အက်ဒီဟောင်းကို နိုဝင်ဘာလက မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ “လိုအပ်တဲ့ စံနှုန်းတွေနဲ့ သူတို့တွေ ကိုက်ညီမှုရှိတယ်ဆိုရင် ဘယ်သူကိုမဆို ခေါ်ယူသွားဖို့ ဖွင့်လှစ်ထားတယ်”လို့ သူက ပြောပါတယ်။

အဓိက ဖလားသုံးလုံးရယူခဲ့တဲ့ မန်ချက်စတာစီးတီးဟာ City Football Group ပိုင်ဆိုင်တဲ့ တခြားကလပ်တွေမှ ကစားသမားတွေကို အငှားနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နောက်ထပ်ထိုးနှက်ချက်တခုအနေနဲ့ ကလပ်တွေက 'New Deal' လို့ ခေါ်တဲ့ အင်္ဂလိပ်ဘောလုံးလိဂ်ရှိ ၎င်းနဲ့ ကလပ်အသင်းတွေအကြား ပေါင်သန်း ၉၀၀ ငွေကြေးဆိုင်ရာ ခွဲဝေမှုကို အတည်မပြုနိုင်ခဲ့ပါဘူး။

ပရီးမီးယားလိဂ်က အင်္ဂါနေ့အစည်းအဝေးမှာ ဒီအဆိုပြုမှုကို အတည်ပြုဖို့ မျှော်လင့်ထားပေမယ့် ထောက်ခံမဲ မရခဲ့ဘူးလို့ နားလည်ထားပါတယ်။

သုံးနာရီကြာ ဆွေးနွေးနေပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ EFL လိဂ်နှစ်ခုလုံးရဲ့ကလပ်အသင်းတွေအတွက် ကုန်ကျစရိတ်ထိန်းချုပ်မှု အစီအမံအသစ်တွေနဲ့ ပတ်သက်လို့ အတားအဆီးတခုက ရှိနေဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ အမှီအခိုကင်းတဲ့ ထိန်းကျောင်းမှုအသစ်ကို မထည့်သွင်းခင်မှာ ယင်းကိစ္စကို ဖြေရှင်းလိုတာဖြစ်ပါတယ်။

(AFP)

Photo: AFP

#PremierLeague #loanmoves #ပရီးမီးယားလိဂ် #newcastle #mancity #Mizzima
👍2🔥1
​​ကလပ်အသင်းရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးစွဲချက်တွေဟာ အဲဗာတန် အမှုနဲ့ 'လုံးဝ ကွဲပြားတယ်'လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ အခိုင်အမာပြော
=====================

By PKThawn
မန်ချက်စတာစီးတီး ရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ်ဘဏ္ဍာရေးဆိုင်ရာ စွဲချက် ၁၁၅ ခုနဲ့ အဲဗာတန်ရဲ့ အမှတ်အနုတ်ခံရမှုတို့ဟာ "လုံးဝကွဲပြားတဲ့ အမှုတွေဖြစ်ပြီး နှိုင်းယှဉ်လို့ မရနိုင်""ကြောင်း ပက် ဂွာဒီယိုလာက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း တွေ့ရှိပြီးနောက် တော်ဖီတို့ဟာ ၁၀ မှတ်လျော့ခံခဲ့ရတာပါ။
အဲဗာတန်အသင်း ပြစ်ဒဏ်ချခံရပြီးနောက် စီးတီးမှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သူ့အနေနဲ့ စိုးရိမ်ခဲ့လားလို့ စီးတီးနည်းပြ ဂွာဒီယိုလာကို မေးမြန်းခဲ့ပါတယ်။

"ဒါဟာ ကွဲပြားတဲ့ အမှုနှစ်ခုပါ။ ရိုးရိုးသားသားပြောရရင် မတူညီပါဘူး"လို့ ဂွာဒီယိုလာက ပြောပါတယ်။

“အသင်းက ကျနော့် လူတွေနဲ့ ပြောဆိုခဲ့တယ်၊ အဲဒါက လုံးဝကို ကွဲပြားတယ်လို့ သူတို့က ပြောပါတယ်။"လို့ ဂွာဒီယိုလာက ဆိုပါတယ်။ သူ့ရဲ့ လိဂ်အမှတ်ပေးဇယား ဦးဆောင်သူတွေဟာ ဒုတိယနေရာက လီဗာပူးလ်နဲ့ အန်ဖီးလ်မှာ စနေနေ့ မှာ မတွေ့ဆုံခင် သောကြာနေ့မှာ ပြောခဲ့တာပါ။

"ကောင်းပါပြီ။ ၁၁၅ ခု ချိုးဖောက်တဲ့အတွက် ဒါက ပိုပြီးရှုပ်ထွေးတာကြောင့် [ကျနော်တို့ရဲ့] အဲဒီတခုက ပိုမိုရှည်လျားပါတယ်။ ဆိုတော့ စောင့်ကြည့်ကြတာပေါ့။

“အဲဒီနောက် နှစ်ဖက်ရှေ့နေတွေက သူတို့ရဲ့အမှုတွေကို တရားသူကြီးရှေ့မှာ တင်ပြပြီး စီရင်ချက်ချပါမယ်။

စီးတီးဟာ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်ခံခဲ့ရမယ်ဆိုရင် သူ့အနေနဲ့ စီးတီးမှာ သူ့ရဲ့အနာဂတ်ကို စဉ်းစားမှာလားလို့ ဂွာဒီယိုလာကို မေးမြန်းရာမှာ "ကျနော် စောင့်နေမယ်။ ဒါကို စောင့်ကြည့်မယ်။ ပြီးတော့ ပြစ်ဒဏ်ချပြီးရင်တော့ ကျနော်တို့ ဒီနေရာကို လာပြီး ရှင်းပြသွားမှာပါ။

“ဒါပေမယ့် ဒါက ပရီးမီးယားလိဂ်မှာ ရှိနေမယ် ဒါမှမဟုတ် လိဂ်ဝမ်းမှာရှိနေမယ်ဆိုရင်တောင် ကျနော့်ရဲ့ အနာဂတ်ကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။

"သေချာတာပေါ့၊ ကျနော့်တို့တွေ လိဂ်ဝမ်းအထိ ဆင်းခဲ့ရမယ်ဆိုရင်လည်း ကျနော် အရင်ကထက် အသင်းမှာ ဆက်နေသွားဖို့ အခွင့်အလမ်းပိုများသွားမှာပါ။ ချန်ပီယံလိဂ်လို ထိပ်တန်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရဖို့ တခုတည်းကိုသာ အခြေခံတာ မဟုတ်ပါဘူး။"

"ကောင်းပါပြီ၊ စီးတီးက ဘာလို့ [နေရှင်နယ်လိဂ်] ကို မသွားသလဲ"လို့ လူတွေက မေးကြတဲ့ခါ ကျနော် နားလည်ပါတယ်။ [ဆုံးဖြတ်ချက်ချ] ပြီးရင် ဘာတွေပဲဆက်ဖြစ်မလဲဆိုတာ စောင့်ပေးပါ။

စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် ပရီးမီးယားလိဂ်က စွဲချက်တင်ခံရတဲ့ တခုတည်းသော နောက်ထပ်အသင်းဖြစ်ပါတယ်။

သူတို့ဟာ ၂၀၀၉ မှ ၂၀၁၈ အတွင်း အကြိမ် ၁၀၀ ကျော် စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့အတွက် လွတ်လပ်တဲ့ ကော်မရှင်ထံ လွှဲပြောင်းခြင်းခံခဲ့ရပါတယ်။

စီးတီးဟာ အဲဗာတန် မတိုင်ခင် ဖေဖော်ဝါရီက စွဲချက်တင်ခံခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ အမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
“လူတွေ ကျနော်တို့ကို ဘာတွေပဲ စွပ်စွဲပြောဆိုနေပါစေ ဒါကို ကျနော်တို့ သဘောမတူပါဘူး။

"ကျနော်တို့ဟာ [ကျနာ်တို့ကိုယ်တိုင်] ခုခံကာကွယ်သွားမှာဖြစ်ပြီး ဆုံးဖြတ်ချက်ကျပြီးရင် ကျနော်က ကျနော့်ကလပ်အတွက် ပြောခွင့်ရှိသူတယောက်လို ဒီနေရာမှာ ရှိနေမှာပါ"လို့ ဂွာဒီယိုလာက ထပ်မံပြောဆိုသွားခဲ့ပါတယ်။

(BBC)

#mancity #Guardiola #Everton #မန်စီးတီး #အဲဗာတန် #ဂွာဒီယိုလာ #Mizzima
👍8❤1
ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ မန်စီးတီးအသင်း ရေးပန်းအစားဆုံးဖြစ်
==================

By PKThawn

ဥရောပကလပ်ဘောလုံးလောကရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ချန်ပီယံလိဂ်ရဲ့ ဗိုလ်ပွဲအထိ မရောက်မချင်း ခရီးရှည်ကြီး ရှိပါသေးပေမယ့် ဒီဇင်ဘာ ၁၈ ရက်က ရှုံးထွက် ၁၆ သင်းအဆင့်အတွက် ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံးအသင်းအဖြစ် မန်ချက်စတာစီးတီးက ထိပ်ဆုံးမှာ ရပ်နေပါတယ်။

ဒါကတော့ ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးအသင်းတွေကို အချက်အလက်ကုမ္ပဏီ Nielsen's Gracenote က တွက်ချက်ပေးခဲ့တာပါ။

ကွာတားဖိုင်နယ်အဆင့် ရောက်ရှိနိုင်မယ့် အသင်းတွေကို တွက်ချက်ပေးရာမှာလည်း စီးတီးက ၉၇ ရာခိုင်နှုန်းရှိနေပါတယ်။

ဒီရာသီ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဇွန်လ ၁ ရက်နေ့မှာ ဝင်ဘာလေကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။

ဥရောပဖလားကို ၁၉၅၅-၅၆ မှာ စတင်တည်ထောင်ပြီးနောက်ပိုင်း အင်္ဂလိပ်မြေပေါ်က ယခင်ဗိုလ်လုပွဲ ရှစ်ပွဲအနက် အင်္ဂလိပ်ကလပ်အသင်းတွေ နှစ်ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့ပြီး ၁၉၆၈ မှာ မန်ချက်စတာယူနိုက်တက်နဲ့ ၁၉၇၈ မှာ လီဗာပူးလ်တို့ဖြစ်ပါတယ်။

Nielson's Gracenote မှ ပြုစုထားတဲ့ အချက်အလက်တွေအရ စီးတီးက ဆုဖလားကို ဆက်လက်ထိန်းသိမ်းဖို့ ၃၀ ရာခိုင်နှုန်းနဲ့ အခိုင်အမာ ရပ်တည်နေပြီး သူ့ရဲ့နောက်မှာ ရီးယဲလ်မက်ဒရစ် (၁၈%)နဲ့ ဘိုင်ယန်မြူးနစ် (၁၅%) တို့ ရှိနေပါတယ်။

ပြိုင်ပွဲမှာ ကျန်ရှိနေတဲ့ တခြားအင်္ဂလိပ်အသင်းဖြစ်တဲ့ အာဆင်နယ်က ပထမအကြိမ် ဆုဖလားကို ကိုင်မြှောက်ဖို့နိုင်ဆိုရင် ကျော်ဖြတ်ရမယ့် အတားအဆီးများစွာရှိနေပုံရပါတယ်။

အာဆင်နယ်ရဲ့ နောက်မှာတော့ ဘာစီလိုနာ (၆%)၊ အက်သလက်တီကို (၅%)၊ အင်တာမီလန် (၅%)၊ ပီအက်စ်ဂျီ (၄%)၊ ဒေါ့မွန် (၃%) စတဲ့ အသင်းတွေ အသီးသီး အစဉ်လိုက်ရပ်တည်နေကြပါတယ်။

Photos: EPA/ @GracenoteSports/@Nielsen/X

#championsleague #UCL #mancity #ချန်ပီယံလိဂ် #မန်ချက်စတာစီးတီး
👍1🔥1
၂၀၂၃ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲပြီးရလဒ်

အူရာဝရတ်စ် ဝ-၃ မန်စီးတီး
            Hoibraten 45+1'(OG)
            Kovacic 52'
            Bernardo Silva 59'

မန်စီးတီးအသင်းဟာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းနဲ့ ဗိုလ်လုပွဲကို စနေနေ့မှာ ကစားရမှာဖြစ်ပါတယ်။


#ClubWorldCup #ManCity #urawareds #Mizzima
👍7🔥1
Mizzima Weekly Sports အစီအစဉ် I 9 May 2026

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ်ဖြစ်ပါတယ်။
ဒီတပတ်မှာတော့
- ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဝါရင့်ဂိုးသမား ဖေဘီယို
- ကမ္ဘာ့အကောင်းဆုံးအသင်း ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ပီအက်စ်ဂျီ သက်သေပြ
- အီးမရိတ်စ်ကွင်းကြီး တုန်ဟည်းနေအောင် အားပေးခဲ့တဲ့ ပရိသတ်တွေက ‘စံနှုန်းတွေကို သတ်မှတ်ပေးခဲ့တာပါ’ - အာတီတာ
- ပရီးမီးယားလိဂ်ဖလားက စီးတီး လက်ထဲမရှိတော့ဘူးလို့ ဂွာဒီယိုလာ ဝန်ခံ
- အီတလီချန်ပီယံဆုကို ၆ ရာသီအတွင်း ၃ ကြိမ် ဆွတ်ခူးတဲ့ အင်တာမီလန်
စတဲ့အကြောင်းတွေ အပါအဝင် စိတ်ဝင်စားဖွယ် နောက်ဆုံးရ အားကစားသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

#MizzimaWeeklySports #FootballNewsBurmese #ArsenalUCL #ManCity #InterMilan
👍6❤1🍌1