Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း မြေပြိုလို့ပိတ်တဲ့ ပုံအဟောင်း ပျံ့နှံ့
မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း မြေပြိုလို့ပိတ်တဲ့ ပုံအဟောင်း ပျံ့နှံ့ZZ(မဇ္ဈိမ) ။ ။ မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း ပိတ်သွားတယ်ဆိုတဲ့သတင်းဟာ ပုံ နှစ်ပုံနဲ့အတူ လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။Htain Lin Myo ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ဇူလိုင် ၃ ရက်နေ့မှာ "ယနေ့ မြဝတီ ကော့ကရိတ် တောင်ပေါ်လမ်းဟောင်း လမ်းပိတ်သွားတဲ့ အကြောင်းအရင်းပါ။" လို့ (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဓာတ်ပုံ နှစ်ပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။ ပုံထဲမှာတော့ မိုးကြီးလို့ မြေပြိုပြီး ကားတွေ ရပ်ထားရတဲ့ ပုံတွေပါဝင်ပါတယ်။ ဒီပို့စ်ကို ကြိုက်နှစ်သက်သူ ၆၀၀ နီးပါးနဲ့ ပြန်လည်မျှဝေသူ ၁၂၀၀ ကျော်အထိရှိခဲ့ပါတယ်။ ဒီအကြောင်းအရာကိုပဲ အခြားသော ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ဂရုတွေကနေ ပြန်လည်ကူးယူဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ အချက်အလက် စစ်ဆေးသူတွေက ဒီပုံတွေကို စစ်ဆေးလိုက်တဲ့အခါမှာတော့ ပြီးခဲ့တဲ့ ဇွန်လက ပုံတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ TML logistics ပေ့ချ်က ဇွန်လ ၁၁ ရက်မှာ အဆိုပါပုံတွေနဲ့အတူ မြဝတီလမ်း အဆင်မပြေသေးပါလို့ ရေးသားပြီး ဖော်ပြထားပါတယ်။ လင့် - t.ly/bhswxဇွန်လ ၁၉ ရက်နေ့မှာတော့ မော်ကွန်းမဂ္ဂဇင်းကလည်း “မြဝတီကိုသွားတဲ့လမ်းတွေပျက်နေတာကြောင့် လမ်းစရိတ် နှစ်ဆခန့်မြင့်တက်”ဆိုတဲ့ သတင်းမှာလည်း ဒီပုံတွေကို ဖော်ပြထားပါသေးတယ်။ လင့်- https://ift.tt/ZsSX3zU မြဝတီက ကားမောင်းနေတဲ့သူတစ်ဦးကို မေးမြန်းရာမှာတော့ ကော့ကရိတ် တောင်ခြေမှာလမ်းပိတ်နေပေမယ့် မြေပြိုတဲ့သတင်းတော့မကြားမိဘူးလို့ မဇ္ဈိမကိုပြောပါတယ်။ ဒါ့အပြင် မဇ္ဈိမသတင်းဌာနကနေလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်ရှိ အမှတ်(၃) ဂိတ်မှ ဖြတ်သန်းလာတဲ့ ကားကြီး၊ ကားသေးတွေကို မြဝတီမြို့ကို ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်း မရှိဘူးလို့ ကျားဖြူစစ်ကြောင်းက ပြောတဲ့အကြောင်း သတင်းဖော်ပြထားပါသေးတယ်။ လင့် - https://ift.tt/kCT0Xnq ဒါ့ကြောင့် မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း မြေပြိုလို့ လမ်းပိတ်တယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေပြီး ပြီးခဲ့တဲ့ ဇွန်လက ပုံတွေကို ပြန်လည်အသုံးပြုဖော်ပြထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။#Misinformation_Buster#Fake_News #Myawaddyဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/OuWi5XopJcg------------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3VWb8Qlလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/3Wdbyn2
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOuWi5XopJcg&h=AT1cUJ6kUUG5LzPo4VY3x4OdY9EiSTDdEoXp6VO66qTYkFb6lkSA6EwbH5uJEumI_PumFN4hcGtqVB4uhxuco4k7GlWFe9Le_Z02muHUIFItPykISYMnQxktCAYt_pam&s=1
👍8😁1
မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း မြေပြိုလို့ပိတ်တဲ့ ပုံအဟောင်း ပျံ့နှံ့
မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း မြေပြိုလို့ပိတ်တဲ့ ပုံအဟောင်း ပျံ့နှံ့ZZ(မဇ္ဈိမ) ။ ။ မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း ပိတ်သွားတယ်ဆိုတဲ့သတင်းဟာ ပုံ နှစ်ပုံနဲ့အတူ လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။Htain Lin Myo ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ဇူလိုင် ၃ ရက်နေ့မှာ "ယနေ့ မြဝတီ ကော့ကရိတ် တောင်ပေါ်လမ်းဟောင်း လမ်းပိတ်သွားတဲ့ အကြောင်းအရင်းပါ။" လို့ (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဓာတ်ပုံ နှစ်ပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။ ပုံထဲမှာတော့ မိုးကြီးလို့ မြေပြိုပြီး ကားတွေ ရပ်ထားရတဲ့ ပုံတွေပါဝင်ပါတယ်။ ဒီပို့စ်ကို ကြိုက်နှစ်သက်သူ ၆၀၀ နီးပါးနဲ့ ပြန်လည်မျှဝေသူ ၁၂၀၀ ကျော်အထိရှိခဲ့ပါတယ်။ ဒီအကြောင်းအရာကိုပဲ အခြားသော ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ဂရုတွေကနေ ပြန်လည်ကူးယူဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ အချက်အလက် စစ်ဆေးသူတွေက ဒီပုံတွေကို စစ်ဆေးလိုက်တဲ့အခါမှာတော့ ပြီးခဲ့တဲ့ ဇွန်လက ပုံတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ TML logistics ပေ့ချ်က ဇွန်လ ၁၁ ရက်မှာ အဆိုပါပုံတွေနဲ့အတူ မြဝတီလမ်း အဆင်မပြေသေးပါလို့ ရေးသားပြီး ဖော်ပြထားပါတယ်။ လင့် - t.ly/bhswxဇွန်လ ၁၉ ရက်နေ့မှာတော့ မော်ကွန်းမဂ္ဂဇင်းကလည်း “မြဝတီကိုသွားတဲ့လမ်းတွေပျက်နေတာကြောင့် လမ်းစရိတ် နှစ်ဆခန့်မြင့်တက်”ဆိုတဲ့ သတင်းမှာလည်း ဒီပုံတွေကို ဖော်ပြထားပါသေးတယ်။ လင့်- https://ift.tt/Dxfrk0V မြဝတီက ကားမောင်းနေတဲ့သူတစ်ဦးကို မေးမြန်းရာမှာတော့ ကော့ကရိတ် တောင်ခြေမှာလမ်းပိတ်နေပေမယ့် မြေပြိုတဲ့သတင်းတော့မကြားမိဘူးလို့ မဇ္ဈိမကိုပြောပါတယ်။ ဒါ့အပြင် မဇ္ဈိမသတင်းဌာနကနေလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်ရှိ အမှတ်(၃) ဂိတ်မှ ဖြတ်သန်းလာတဲ့ ကားကြီး၊ ကားသေးတွေကို မြဝတီမြို့ကို ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်း မရှိဘူးလို့ ကျားဖြူစစ်ကြောင်းက ပြောတဲ့အကြောင်း သတင်းဖော်ပြထားပါသေးတယ်။ လင့် - https://ift.tt/OSZkQ5X ဒါ့ကြောင့် မြဝတီ ကော့ကရိတ်တောင်ပေါ်လမ်း မြေပြိုလို့ လမ်းပိတ်တယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေပြီး ပြီးခဲ့တဲ့ ဇွန်လက ပုံတွေကို ပြန်လည်အသုံးပြုဖော်ပြထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။#Misinformation_Buster#Fake_News #Myawaddyဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/OuWi5XopJcg------------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/kPEa7DG
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOuWi5XopJcg&h=AT1GJ99tnkGuxOFi6ZHDC0XhMffTA9iy1wz19mjZRt6U9F2CNUkxv52SPQ4z2GlgoQaiGECh1mPgB5ytJp_5EJeSkFy_SNj2N_1dFXF1-jvwXCWF8QD1f4Aob5vYcLBm&s=1
👍15
#Karen border guard force continues to deny involvement in online #scam #gangs near #Myawaddy

https://eng.mizzima.com/2025/02/11/19082
#Fuel shortages in #Myawaddy lead to more border crossings and black-market sales

https://eng.mizzima.com/2025/02/12/19118
👍5
First group of 200 #trafficked #Chinese nationals repatriated from #Myawaddy

https://eng.mizzima.com/2025/02/22/19429
👍4